Subscribe to our RSS Feed

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးနှင့် ဇနီးဒေါ်ခင်စောနှင်း သီတဂူ ကမ္ဘာဗုဒ္ဓတက္ကသိုလ်(ရန်ကုန်) ကျောင်းဆောင်သစ် ဖွင့်ပွဲအခ


From : သမ္မတရုံး

ရန်ကုန် ဇွန် ၁၇

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်( ရန်ကုန် ) ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် ( မြောက်ပိုင်း) မြို့နယ်ရှိ အဆိုပါ
တက္ကသိုလ်၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့်ဇနီး​ဒေါ်ခင်စောနှင်း တို့ တက်ရောက်ကြပြီး ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးက ဘွဲ့နှင်းသဘင် ခန်းမဆောင်အတွင်းရှိ မြတ်စွာဘုရားကျောင်းတော်၏ ​ရွှေကန့်လန့်ကာကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေး သည်။

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ သီတဂူ
ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ (Ph.D, D.Litt )၊ ပါမောက္ခချုပ် ဆရာတော်၊ မော်ကွန်းထိန်းဆရာတော်၊ အုပ်ချုပ်ရေးမှူး ဆရာတော်နှင့် စာချဆရာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး၊ ပြန်ကြားရေးဝန်ကြီးဌာန နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၊ သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးဝင်းထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်၊ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြအေး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေ သက်ခင်၊ သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်ဦးမြင့်ဆွေနှင့် ၎င်းတို့၏ဇနီးများ၊ ဒုတိယ ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ ရန်ကုန်မြို့ ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် ဇနီးများ၊ သံရုံးများမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ အလှူရှင်များနှင့် သီတဂူသာသနာပြုအဖွဲ့ဝင်များ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ သီတဂူ
ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ကျောင်းဆောင်၏ မုခ်ဦး မီးရောင်စုံဆိုင်းဘုတ်နှင့် စိန်ကန့်လန့်ကာကိုသာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်ကစက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် ခြောက်ရောင်စုံခြယ် လေပူဖောင်းများ သီတွဲထားသော ဖဲကြိုးကို ရန်ကုန်မြို့တော်ဝန်၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးလှမြင့်နှင့် သီတဂူ အထွေထွေအတွင်းရေးမှူး မဟာသဒ္ဓမ ဇောတိကဓဇ ဦးဟန်တို့က ကောင်းကင်ယံသို့ လွှင့်တင်ပေးကြပြီး သီတဂူ ဂီတဉဇလီအဖွဲ့က မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ် မဂင်ဗိမာန် ဆရာတော် ရေးသားပူဇော်အပ်သောမဂင်(၈ဝ)ပေါ် တေးထပ်ကို သီကျူးပူဇော်ကြသည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် သီတဂူ
ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်အဓိပတိ ဆရာတော် နှင့်အတူ ကျောင်းဆောင်သစ်ရှိ အစည်းအဝေးခန်းနှင့် အထူးသင်တန်းခန်းမတို့ကို လှည့်လည်ကြည့်ရှု ကြသည်။

ဆက်လက်၍ ကျောင်းဆောင်သစ်၏ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ အခမ်းအနား အစီအစဉ်များကို ဆက်လက်ကျင်းပရာ ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးက မြတ်စွာဘုရားကျောင်းတော်၏ ရွှေကန့်လန့်ကာကိုစက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီးမြတ်စွာဘုရားအား ဆီမီးထွန်းညှိပူဇော်သည်။

ထို့နောက် သီတဂူ
ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပါမောက္ခများ၊ ကထိကများစသည့် သံဃာတော်များက ''ဇယောဟိဗုဒ္ဓ'' အစချီသည့် ဇယမင်္ဂလာဆုတောင်းဂါထာများကို ရွတ်ဆိုပူဇော်ကြပြီး ဒေါ်ရီရီသန့် အမှူးပြုသောသီတဂူ ဂီတဉဇလီအဖွဲ့က ''တုမနှိုင်းသာပွဲကြီးပါဘုရား'' ဓမ္ဓတးထပ်ဖြင့် ပူဇော်သည်။

ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များ၊ ဧည့်ပရိသတ်များသည်သီတဂူ ကမ္ဘာဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ ( Ph.D,D.Litt ) ထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြသည်။

ဆက်လက်၍ ဒုတိယသမ္မတသီဟသူရဦးတင်အောင်မြင့်ဦးနှင့်ဇနီးဒေါ်ခင်စောနှင်းတို့က သီတဂူ ကမ္ဘာဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော်အားလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ထို့နောက် သီတဂူ
ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော်ကသီတဂူ သနဒသကထာ အနုမောဒနာစကား မိန့်ကြား သည်။ဆက်လက်၍ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်က ဝမ်းမြောက်စကား လျှောက်ထားသည်။

ထို့နောက်မြန်မာမှုပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ဘွဲ့နှင်းသဘင်ခန်းမဆောင်အတွင်း ထည့်သွင်းတည်ဆောက်ထားသည့် မြန်မာ့ရိုးရာပန်းချီ၊ ပန်းပု၊ ပန်းတမော့၊ ပန်းတော့၊ပန်းယွန်း အနုပညာလက်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြလျှောက်ထားသည်။

ဆက်လက်၍ မန္တလးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ် မင်္ဂလဗိမာန်ဆရာတော် ရေးသားပူဇော် အပ်သောထုတိမင်္ဂလာဂါထာများကို အရှင်ပညာနန္ဒ(သီတဂူ ကြယ်တစ်ပွင့်) က ရွတ်ဖတ်ပူဇော်သည်။

ထို့နောက်သီတဂူ
ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ကဒုတိယသမ္မတနှင့်ဇနီးတို့အား သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များအတွက်အလှူငွေ လှူဒါန်းခဲ့မှုများနှင့်စပ်လျဉ်း၍ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

ယင်းနောက် သီတဂူ
ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ကရေစက်ချ အနုမောဒနာတရားတော် ကိုချီးမြှင့်ရာ ဒုတိယသမ္မတ၊ ဇနီးနှင့် အဖွဲ့ဝင်များ၊ ဧည့်ပရိသတ်များက လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ယင်းနောက်
ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်က ဒုတိယသမ္မတ သီဟသူရဦးတင် အောင်မြင့်ဦး၊ဇနီးဒေါ်ခင်စောနှင်းနှင့် အဖွဲ့ဝင်များ၊ ဧည့်ပရိသတ်များအား ဖွင့်ပွဲအထိမ်းအမှတ် အလံနှင့် ဓမ္မလက်ဆောင်များကိုပေးအပ်ပြီး ဖွင့်ပွဲအခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

သီတဂူ
ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၌ ဇွန် ၂၁ ရက်မှစ၍ ဗုဒ္ဓဓမ္မ B.A (Buddhism) ဘွဲ့သင်တန်းတို့ကို သင်တန်းကာလရှစ်လဖြင့် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီးရဟန်း၊ သီလရှင်နှင့် လူပုဂ္ဂိုလ် စုစုပေါင်း၂၈၈ ဦး တက်ရောက်သင်ကြားကြမည်ဖြစ်သည်။

ဗုဒ္ဓဝါဒ အခြေခံသဘောတရားသင်တန်းကိုလည်း နံနက် ၈ နာရီမှ ၁ဝနာရီခွဲအထိ ဖွင့်လှစ်ပြီး စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Myanmar Express

1 comments:

i though he off road from the post ?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်