Subscribe to our RSS Feed

နိုင်ငံတော် သမ္မတ ရုံး အဖွဲ့ဝင်များ ဝါရှင်တန် ဆွေးနွေးပွဲ တက်ရောက်


From : အေးမောင်


နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်း အရာရှိကြီး အချို့သည် အမေရိကန် ပြည်ထောင်စု၏ ဗဟို အစိုးရအဖွဲ့ မှ တာဝန်ရှိ သူ များနှင့် ဆွေးနွေးပွဲ တက်ရောက်ရန် ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်မြို့မှ အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီ သို့ ထွက်ခွာ သွားကြောင်း သမ္မတရုံးမှ တာဝန်ရှိ သူ အချို့ထံမှ သိရှိရသည်။

အမေရိကန်ပြည်ထောင်စု တွင် မြန်မာအစိုးရ သမ္မတရုံးမှ တာဝန်ရှိ သူများ သည် တရားဥပဒေ စိုးမိုးရေး နှင့် ကောင်းမွန်သော အုပ်ချုပ်မှု စနစ်တို့နှင့် ဆက်လျှင်း၍ ဆွေးနွေးမှုများ ပြုလုပ်ကြမည် ဖြစ်ကြောင်း ၎င်းတို့ထံမှ သတင်းများ ရရှိ သည်။ အနောက်တိုင်းဆန်တဲ့ ဒီမိုကရေစီ ပုံစံဟာ မြန်မာနိုင်ငံအတွက် အန္တရာယ် ကြီးမားတယ် ဆိုပြီးမြန်မာနိုင်ငံနှင့် အိမ်နီးခြင်း တရုပ် နိုင်ငံပိုင် သတင်းစာက သတိပေး ရေးသားထားပါပြီ အလျှင်စလို ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်တာဟာ အစွန်းရောက်သူတွေကို အားပေးသကဲ့သို့ ဖြစ်နိုင်သည် ဟူ၍ဖော်ပြထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၏ ခရီးစဉ်အပြီး မြန်မာနိုင်ငံနှင့် အမေရိကန် နိုင်ငံ ကြား သံတမန် ဆက်သွယ်မှုများ နီးနီးကပ်ကပ် ပြုလုပ်လျှက်ရှိ ပြီး နှစ်နိုင်ငံ သံအမတ်ကြီးများထားရှိ ဆက်သွယ်မှု ပြုလုပ်ရန် သဘောတူထားပြီး ဖြစ် သည်။

Myanmar Express


1 comments:

မော်ဒန်မြင့်ကားသစ်များတန်းစီထိုးထားရာ လားရိုးမြို့ပေါ်ရှိ KTVများနှင့် အနိပ်ခန်းများတွင် မြန်မာအမျိုးသမီးငယ်များဝင်ရောက် လုပ်ကိုင်လျှက်ရှိကြောင်း ဆိုင်းမည်က မူံ့ဝါနှင့်ခန်းရှိုးနှင့်ရွှေမေတ္တာ အနိပ်ခန်းထဲမှာ မြန်မာအမျိုးသမီးငယ် တစ်ဦးကပြောပြခဲ့သည် အသက်နဲ့အရှက်ကို ချိန်ညိုပြီး ဝမ်းစာရေးအတွက် လုပ်ကိုင်နေရာတာပါလို့ ဆိုပါတယ် အနိပ်ခန်းများနှင့်KTVများသည် ကျောင်းလမ်း ရပ်ကွက်(၁)တို့တွင်ဖွင့်လှစ်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း တိုင်ကြားအပ်ပါသည် ညစဉ်အချိန်ညဉ့်နက်စွာအထိ ကားများနှင့် ဆိုင်ကယ်များဆူညံဝင်ထွက်သွားလာလျှက်ရှိကြောင်း အချို့အနိပ်ခန်းနှင့်KTV များတွင် ကျောင်းသူ/ကျောင်းသားများ ဝင်ထွက်သွားလာမြင့်တွေနေပါတယ် အနီးဝန်းကျင်ရှိဒေသခံပြည်သူများ ကျောင်းသူ/ကျောင်းသားများမက တက္ကသိုလ်ကျောင်းသား/ကျောင်းသူများမှာ ယဉ်ကျေးမူဓလေ့ထုံးစံများနှင့်မလျောကန်သည့်အတွက်ကြောင်းများစွာ စိတ်အနှောက်အယှက်ဖြစ်ခဲ့ရပါတယ် သမ္မတကြီးထံရိုသေစွာတိုင်ကြားအပ်ပါကြောင်း အနီးရှိ တက္ကသိုလ်ကျောင်းသား မိဘတစ်ဦးပြောကြားခဲ့သည်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်