Subscribe to our RSS Feed

မောင်တောမြို့ နယ်အတွင်း ကယ်ဆယ်ရေးစခန်းများမှ ဒေသခံပြည်သူများ နေရပ်သို့ ပြန်လည်နေထိုင်


မောင်တောမြို့နယ် (၄) မိုင် ကယ်ဆယ်ရေးစခန်းတွင် တိမ်း ရှောင်ရောက်ရှိနေသည့် ဒေသခံ ပြည်သူများအနက်မှ ၂ဝ၁၂ ခုနှစ် ဇွန် ၁၇ ရက်က သာယာကုန်းကျေး ရွာမှ ၂ဝ၅ ဦး၊ ကန်သာယာ (အထက်ကျေးရွာ)မှ ၄ဝ၃ ဦး၊ ငွေတောင်ကျေးရွာမှ ၂ဝ၈ ဦး၊ မောရဝတီကျေးရွာနှင့် မကျီးကုန်း ကျေးရွာများမှ ၆၃ ဦး၊ ကံပြင် သာစည်ရွာမှ ၁၄၈ ဦး၊ ဝေသာလီ ရွာ မှ၁၃၁ ဦး စုစုပေါက်း အိမ်ထောင်စု ၂၁၃ စု၊ မိသားစု ၉၈၁ ဦးနှင့် အောင်မြေဗောဓိ လိုတော်ပြည့် ကျောင်းတိုက် ကယ်ဆယ်ရေးစခန်း တွင် ရောက်ရှိနေသူများအနက်မှ ၂ဝ၁၂ ခုနှစ် ဇွန် ၁၈ ရက်က ကိုင်းကြီးကျေးရွာမှ မိသားစု ၇ဝ ဦးတို့သည် နယ်မြေဒေသမျာ အေးချမ်းတည်ငြိမ်ပြီးဖြစ်၍ မိမိနေရပ် အသီးသီးသို့ပြန်လည်ထွက်ခွာသွားကြ သည်။ အဆိုပါအိမ်ထောင်စုများအား သက်ဆိုင်ရာ နယ်မြေခံတပ်မတော်သား
များ၊ နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်မှ တပ်ဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သတ်တပ်ဖွဲ့ဝင်
များမှ ပစ္စည်းများ ကူညီသယ်ယူခြင်း၊ မော်တော်ယာဉ်များဖြင့် လိုက်ပါပို့ဆောင် ပေးခြင်း၊ နေအိမ်များပြုပြင်ပေးခြင်း၊ ယာယီအဆောက်အအုံများ ဆောက် လုပ်ပေးခြင်း၊ လုံခြုံရေးလိုက်ပါဆောင် ရွက်ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။ မောင်တောမြို့ နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ဆက်လက်ရှိစေ ရေးနှင့်လုံခြုံရေးအတွက် နယ်မြေခံတပ် ရင်း/တပ်ဖွဲ့များ၊ နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်၊နယ်မြေ/ စခန်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်