Subscribe to our RSS Feed

ကယ်ဆယ်ရေးစခန်း များအတွက် ထောက်ပံ့ပစ္စည်းများရောက်ရှိ


ရခိုင်ပြည်နယ် မြို့ နယ်အချို့ ၌ ဖွင့်လှစ်ထားသည့်ကယ်ဆယ်ရေးစခန်း ရောက်ရှိသူများ၏ စားသောက်ရေး၊ နေထိုင်ရေး၊ ကျန်းမာရေးစသည့် လိုအပ်ချက်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တို့ကအချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ကယ်ဆယ်ရေးစခန်းများ၌ အသုံး ပြုရန် တစ်နာရီ လီတာတစ်သောင်းကျ ရေသန့်စက်တစ်စုံ၊ မိုးကာတဲများ၊ မြန်မာနိုင်ငံအရပ်ရပ်မှ လှူဒါန်းသော အဝတ်အထည်များ၊ ဓာတ်ဆားထုပ် များ၊ ကြက်သွန်နီ၊ အာလူး၊ မာမီးခေါက်ဆွဲ၊ နှစ်ပြန်ကြော်၊ ငါးခြောက် များအပါအဝင် လိုအပ်သည့် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများမှာ တပ်မတော်လေယာဉ်များဖြင့် ရန်ကုန်မြို့မှ စစ်တွေလေဆိပ်သို့ ရောက် ရှိလာရာ တပ်မတော်သားများ၊ မြန်မာနိုင်ငံကြက်ခြေနီနှင့် မီးသတ် တပ်ဖွဲ့ဝင်များက သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေး သည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်