Subscribe to our RSS Feed

ရဟန်းရှင်လူ ပြည်သူအများ စိတ်ပျက်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ ခရီးစဉ်


အဓိကအရေးအကြီးဆုံးအစီအစဉ်ဖြစ်သည့်၊ မြန်မာနိုင်ငံတော်ကြီးနှင့်တကွ ဒေါ်အောင်ဆန်းစုကြည်အပြင် မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ တိုင်းရင်းသား ညီအကို၊ မောင်နှမများအားလုံး ရင်ဆိုင်နေရသော ဘေးအန္တရယ် အသွယ်သွယ်နှင့် အထွေထွေကျန်းမာရေးများ အထူးကောင်းမွန် ပါစေရန်၊ မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက် ပါစေရန် ဗြိတိန်နိုင်ငံရှိ ထေရဝါရ သက်ကြီးဝါကြီး သိက္ခာရ ဆရာတော်ကြီးများ အားလုံး ဆုမွန်ကောင်းတောင်းပေးမည့် မင်္ဂလာဆုတောင်းရွတ်ဆိုပွဲ အစီအစဉ် ဖြစ်ပါသည်။

သို့ပါသော်လည်း ထိုအစီအစဉ်ပြုလုပ်ရမည့် အချိန်တွင် မတ်တပ်ရပ် လိုက်သော မြောင်းမြ ဆရာတော်ကြီး၊ ဆရာတော်ဦးဥတ္တရကို မျက်လုံးချင်းဆုံ၍ လျှပ်တပျက်စိုက်ကြည့်လိုက်သော အထက်ပါဆရာကြီးနှစ်ဦးလည်းဖြစ်၊ အခမ်းအနား တာဝန်ကိုလည်း ယူထားသူ ဇာဂနာနှင့် ပန်းချီထိန်လင်းတို့သည် တရားဝင် လက်ကမ်း အစီအစဉ် စာရွက်ဝေထားသော အစီအစဉ်ပါ အရေးအကြီးဆုံး ထိုကဏ္ဍကို မျက်နှာပြောင်ပြောင် ကျော်ချသွားခဲ့သည်။ အင်္ဂလိပ်ဘာသာဖြင့် ဝေထားသော အစီအစဉ်စာရွက် ဖြစ်သည့်အပြင် ဤဗြိတိန်နိုင်ငံတွင် အစီအစဉ် စာရွက်ဝေပေးထားလျှင် ဤအစီအစဉ်အတိုင်း စံနစ်တကျသာ တိတိကျကျအောင်မြင်အောင် ပြုလုပ်လေ့ ရှိသဖြင့် ဗြိတိန်နိုင်ငံသားများ အပါအဝင် ဖိတ်ကြားထားသော၊ ကြွရောက်လာသော အခြားလာအားပေးသော နိုင်ငံခြားသားများမှာ အံ့သြတကြီးဖြစ်ခဲ့ကြသည်။

အထိကရဖိတ်ကြားထားသော ဆရာတော် ဘုရားကြီးများနှင့် မေတ္တာ ဆုတောင်းပွဲကို မျှော်လင့်စောင့်စားနေကြသော မြန်မာနိုင်ငံသူနိုင်ငံသား တိုင်းရင်းသူ တိုင်းရင်းသား ညီအကိုမောင်နှမများမှာ ဆိုဖွယ်ရာစကားမရှိ၊ အလွန်အရှက်ရ သိက္ခာကျပြီး၊ ဆရာတော် ဘုရားကြီးများ ပြန်ထိုင်ချတာ တွေ့မြင်ခဲ့ကြရပြီး၊

၎င်း အခမ်းအနားမှူး နှစ်ယောက်နှင့် အထက်ခေါင်းစဉ်ပါ ဆရာကြီး လေးယောက်၏ ပိပိရိရိ သီတင်းပတ်ပေါင်းများစွာ၊ အတူတကွ ပူးပေါင်းကြံစည်ခဲ့ကြသည့် ဆရာတော် ဘုရားကြီးများကိုသာမက၊ ကြွရောက်လာသော မင်းပရိသာတ် ၂၅၀၀၊ မြန်မာနိုင်ငံသူနိုင်ငံသား တိုင်းရင်းသား ညီအကိုမောင်နှမများ အများစုကို၊ အရှက်မဲ့စွာ နောက်ကျော ဓားနှင့် နက်နက်ထိုးလိုက်သည့် အဖြစ်ကို မျက်ဝါးထင်ထင်၊ သမိုင်းဝင်၊ သက်သေများစွာနှင့်တကွ တွေ့မြင်လိုက်ရသော နေ့တနေ့ဖြစ်ပါသည်။

၎င်းအပြင် ဆရာကြီးဇာဂနာသည် အခြားသော မျက်လှည့်များကိုလည်း မျက်နှာပြောင်ပြောင် စင်မြင့်ပေါ်မှာ ပရိသာတ်ကို ပြသွားခဲ့သေးသည်။ ကိုအောင် (၈၈) ကလည်း အလုပ်အထူးကြိုးစားပေးနေသယောင်ယောင်နှင့် ဟိုပြေးဒီပြေးဖြင့် ရံပုံငွေပစ္စည်းများ ရောင်းချ၍ အမြတ်ရရှိရေးကို ၄င်းနှင့် ပါတနာများဖြစ်သောသူများနှင့် ကြိုးစားပန်းစား ရောင်းစားရေးကို လုပ်နေသည်ကို မျက်လုံးရှိသူတိုင်း မြင်ခဲ့ကြရသလို၊ ဤဇတ်လမ်း အစအဆုံးမှာ သူက ဆရာကြီးတဆူအဖြစ် ပါဝင်ခဲ့သူကို လူတိုင်းသိရှိခဲ့ကြပါသည်။

၎င်းတို့ကတော့ ထင်မည်။ သူတို့၏ ပိပိရိရိ လုပ်ကြံမှုကြီး အထူးအောင်မြင်သည် ဟု။

သူတို့ မသိလိုက်သည်ကား (သို့) သူတို့ ဂရုလည်း မစိုက်သလို၊ သိလည်း မသိလိုသော အချက်မှာကား ဆရာတော်ဘုရားကြီးများနှင့် အနယ်နယ် အရပ်ရပ်မှ ကြိုးစားပမ်းစား၊ အလုပ်ဖျက်၊ ကျောင်းဖျက် လာရောက် ခဲ့ကြသော၊ ဗြိတိန်နိုင်ငံတွင် အနေကြာပြီဖြစ်သော ဆရာဝန်ကြီးများ မိသားစုများ၊ ကျောင်းသား လူငယ် ပညာတတ်များ၊ အခြားသော အထွေထွေ မေတ္တာတရားကြီးမားသူများအားလုံးနှင့်တကွ အချို့သော ထိုဆရာတော်ကြီးများကို ကိုးကွယ်နေသည့်၊ ထေရဝါရတရားကို ၄င်း ဘုန်းကြီးကျောင်းအသီးသီးတွင် တရားသွားအားထုတ်နေကြသော နိုင်ငံခြားသား ပရိတ်သာတ်များပါ မကျန် ပါးစပ်မှထုတ်မေးသည် အထိ၊ အဘယ့်ကြောင့် တိုင်းသိပြည်သိ ကြော်ငြာထားသော-
ထိုနေ့၏ အရေးအပါဆုံး “မြန်မာ့ရိုးရာ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ မင်္ဂလာဆုတောင်းပွဲ အစီအစဉ်” ကို သိသိသာသာ ကျော်ချသွားခဲ့ရသနည်း ဟု ဖြစ်ခဲ့ကြရပါသည်။

ကဲ ဤလုပ်ကြံမှုကြီးအတွက် မည်သူတာဝန်ခံသနည်း။ ရှေ့ရှောက် ၄င်းတို့နှင့် မည်သူက အလုပ်ဆက်၍ လက်တွဲပြီး လုပ်ချင်ပါဦး မည်နည်း။

ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချခဲ့သလို၊ နိုင်ငံကျော်ထေရဝါရ သိက္ခာရ ဆရာတော်ကြီးများကိုလည်း အသုံးချ၍ ပွဲလုပ်ပြီး နောက်ကျော ဓါးနှင့်ထိုးသော သစ္စာမဲ့ပွဲကြီးကို လုပ်နေကြဖြစ်သော ကိုအောင်(၈၈) နှင့် ထိန်လင်း၊ ဦးဝင်းနိုင်၊ ဗြိတိန်နိုင်ငံ အထိရောက်အောင်လာ၍ ပူးပေါင်းလုပ်ကြံခဲ့သော ဇာဂနာ၏ မျက်နှာကို ပွဲလာသူအများစုမှာ ကြည့်တောင် မကြည့်ချင်တော့ပါဟု တရားဝင်ပြောကြားခဲ့ကြောင်း ဝေမျှလိုက်ရပါသည်။

Myanmar Express

4 comments:

ပ ညာ တတ် တွေ ကြား မှာ တော် တော် ရုတ် ဆိုး တဲ့ ကိ စ စ
ကြီး ဘဲ။ အူ ကြောင် ကြား တွေ။

ဒီပွဲလေးတောင်ဖြစ်မြောက်အောင် မလုပ်နိုင်ဘူး
တိုင်းပြည်ကိုဘယ်လိုများ ဦးဆောင်ကြမှာပါလိမ့်
မြန်မာပွဲမှန်သမျှလည်း တရုန်းရုန်းပါပဲလား
မျက်စိကိုနောက်နေတာပဲ
ဖင်မငြိမ်၊ ပျာပြ၊ လူရှေ့မှ အလုပ်တွေစွတ်လုပ်ပြ
ဟိုပြေးဒီပြေး အိနြေ္ဒမရ မြန်မာပွဲများသာတည်း။

ပြောလိုက်ရတဲ့ rule of law
အနားမှာပြာနေတဲ့လူတွေက ခင်ဗျားပြောတဲ့
rule of law ကို လိုက်နာသူတွေမဟုတ်ဘူးနော်ဒေါ်စု

“ မသိလိုက်လို့ပါဗျာ..ရမလားလို့ လုပ်ကြည့်တာ မရတော့လည်း နောက်မလုပ်တော့ဘူးပေါ့နော်။ မြန်မာမှာဆို လိမ်လို အရမ်းကောင်းတာ..ကျနော်ပြောသမျှ လက်ခုတ်တီးကြလို့ ဒီမှာလည်း ရမလားလို့ပါနော်။”
ဒီလိုပြောပြီး အခု မူစလင်ဘာသာထဲ ပြောင်းပြီး ရိုဟင်ဂျာ အရေး ကုလားတွေဆီက ဂွင်ဖန်ဖို့ ပြန်လာနေပါပြီ။ ဒါကြောင့်
“လူလိမ်များအား သတိထားကြပါ။”

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်