Subscribe to our RSS Feed

ဝန်ကြီးဦးအောင်မင်းနှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဒုတိယအကြိမ်တွေ့ဆုံ


From : The Voice

မြန်မာနိုင်ငံ၏ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရန် ပြည်တွင်း၊ ပြည်ပရှိနိုင်ငံရေး အင်အားစုများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေသော ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ခေါင်းဆောင်များ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယနေ့ ဒုတိယ အကြိမ် တွေ့ဆုံ ဆွေးနွေးကြကြောင်း ယင်းပါတီ၏ ထုတ်ပြန်ပြောကြားချက် အရသိရသည်။

ယခုဒုတိယအကြိမ်တွေ့ဆုံမှုတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက တရားဝင်နိုင်ငံရေးပါတီတစ်ရပ် အဖြစ်ရပ်တည်၍ တိုင်းပြည်၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စသည့် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပူပေါင်း ဆောင်ရွက်နိုင်ရန် အဓိကထား ဆွေးနွေး ခဲ့ကြောင်း၊ တင်ပြချက်များ အပေါ် အစိုးရကိုယ်စားလှယ်အဖွဲ့က လက်မခံတာမရှိသဖြင့် ရလဒ်ကောင်းများရရှိမည်ဟုမျှော်
လင့်ကြောင်း ယင်းပါတီဥက္ကဌဦးအောင်မိုးဇော်ကပြောကြားသည်။

အဆိုပါတွေ့ဆုံမှုတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ လည်းဖြစ်သူ ဦးအောင်မင်းဦးဆောင်သည့် အဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံ အမတ်ကြီး ဦးတင်ဝင်း၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များဖြစ်သော ဦးလှမောင်ရွှေ၊ ဒေါက်တာ ကျော်ရင်လှိုင်နှင့် ဦးညိုအုန်းမြင့် တို့ပါဝင်ပြီး လူ့ဘောင်သစ်ဒီမို ကရက် တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့တွင် ပါတီဥက္ကဌ ဦးအောင်မိုးဇော် ဦးဆောင်ပြီး အထွေထွေအတွင်းရေးမှူးဦး ငွေလင်း၊ ဗဟိုကော်မတီဝင် ဦးဇော်ဇော်ထွန်းနှင့် ဦးတိုးတိုးထွန်းတို့ ပါဝင်ကြောင်း အဆိုပါ ပါတီ၏ ထုတ်ပြန် ချက်အရသိရသည်။

လူ့ဘောင်သစ်ဒီမို ကရက် တစ်ပါတီကို ဗကသများအဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူး ဦးမိုးသီးဇွန် ခေါင်း ဆောင်ပြီး ကျောင်းသားခေါင်းဆောင်များနှင့် ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံအပြီးတွင် ထူထောင်ခဲ့ခြင်းဖြစ်ပြီး၊ ၁၉၉၁ ခုနှစ်တွင်ပါတီ အဖျက်သိမ်းခံခဲ့ရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်