Subscribe to our RSS Feed

ဟိန္ဒူဘာသာဝင်တွေကို ရိုဟင်ဂျာ လူမျိုးလို ၀တ်ဆင်ခိုင်းပြီး မီးရှို့ခိုင်းနေ


From : မင်းဝေ



ဆစ်ဒနီတက္ကသိုလ်က ရိုဟင်ဂျာလူမျိုးဆိုသူ ဒေါက်တာလှမြင့်မှ ရခိုင်ပြည်နယ်တွင်းက ဟိန္နူ ဘာသာဝင်တွေကို အာဏာပိုင်တွေဟာ ရိုဟင်ဂျာလူမျိုးလို ဝတ်ဆင်ခိုင်းပြီး မိမိအိမ်ကို ပြန်ပြီး မီးရှို့ထွက်ပြေးတာမျိုး လုပ်ခိုင်းနေတယ်လို့ ရေဒီယိုသြစတြေးလျကို ပြောကြားလိုက် ပါတယ်။
ဒေါက်တာ လှမြင့်က ခုလို ပြောဆိုတာကို ဒီတပတ်အတွင်းမှာ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သတင်းမှာ ပြောဆိုပါတယ်။

စစ်တွေမြို့မှာ ဗုဒ္ဓဟူးနေ့ ညပိုင်းနဲ့ မနေ့နေလည်ပိုင်းတုန်းက ရခိုင်အိမ်တွေအများစုရှိတဲ့နေရာမှာ အကြမ်းဖက်လိုသူတွေက သူတို့အိမ် သူတို့မီးရှို့ပြီး ထွက်ပြေးတာမျိုးတွေရှိနေတယ်လို့ ပြည်နယ်အမတ် ဦးအောင်မြကျော်က ပြောပါတယ်။

ရခိုင်မှာ ပျောက်ဆုံးသူတွေရဲ့ အလောင်းတွေ တွေ့ပြီ ခေါင်းစဉ်နဲ့ ရေဒီယို သြစတြေးလျ မြန်မာပိုင်းက ရေးသားထားတဲ့ အဲဒီ သတင်းမှာ ခုလို ဒေါက်တာ လှမြင့် ပြောကြားချက်ကို ဖေါ်ပြထားပေမယ့် ဟိန္ဒူလူမျိုးတွေရဲ့ တုန့်ပြန်မူကိုတော့ ဖေါ်ပြထားတာ မတွေ့ရပါဘူး။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်