Subscribe to our RSS Feed

အားလုံး သတိရှိဖို့ လိုအပ်လာပြီ


From : မောင်စေတနာ
ရခိုင်ပြည်နယ်က မြို့နယ်အချို့မှာ ဖြစ်ပွားခဲ့တဲ့ ဆူပူ အကြမ်းဖက်မှုတွေဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အတွက် လွန်စွာမှ ရတက် မအေးစရာ ကိစ္စတစ်ခု ဖြစ်လာပါတယ်။ လူတွေကို ကြက်ကလေး ငှက်ကလေးလို သတ်ပြီး နေအိမ် အဆောက်အဦတွေကို မီးတင်ရှို့တဲ့ လုပ်ရပ်ဟာ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားတွေ အတွက် အတော်ကို ခံပြင်းစရာ ကိစ္စလည်း ဖြစ်လာပါတယ်။ ဒီလို ရခိုင် ပြည်နယ်ဖက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူပူ သောင်းကြမ်းမှု၊ အကြမ်းဖက်မှုတွေနဲ့ မင်းမဲ့ စရိုက်ဆန်ဆန် ပြုမူမှုတွေရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေသလဲဆိုတဲ့ ကိစ္စဟာ တကယ့်ကို မေးခွန်းထုတ် အဖြေရှာကြရမယ့် ကိစ္စတစ်ခုလည်း ဖြစ်လာပါတယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံ့အရေး အမျိုးသားရေးလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒီ ရခိုင်ပြည်နယ် အရေးကိစ္စနဲ့ ပတ်သက်လို့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး မျက်နှာနဲ့ အခြေအနေ တွေကို မထောက်ထားဘဲ ကိုယ်အဆင်ပြေပြီးရော ပြောဆို ထုတ်လွှင့်နေကြတဲ့ ပြည်ပက သတင်း မီဒီယာတွေကိုလည်း ပြည်တွင်းက မျိုးချစ်စိတ် ရှိသူ နိုင်ငံ ချစ်စိတ်ရှိသူတွေက နည်းလမ်း မျိုးစုံနဲ့ ကန့်ကွက်မှုတွေ ရှုတ်ချမှုတွေ လုပ်လာတာကိုလည်း အားလုံး မြင်တွေ့ ကြားသိကြရမှာ ဖြစ်ပါတယ်။ ယခုတော့ အင်တာနက် စာမျက်နှာတွေပေါ်မှာ VOA ညာနေသည် BBC သွေးထိုးနေသည် DVB လိမ်နေသည်..RFA ရန်တိုက် ပေးနေသည်..လို့ အရင်က တပ်မတော် အစိုးရ ပြောတုန်းက မယုံခဲ့ဘူး...ခုတော့ ယုံပြီဆိုတဲ့ စာသားတွေ ကာတွန်းတွေ ထင်မြင် ယူဆချက်တွေ ပလူပျံအောင် တွေ့လာ နေရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အခု ဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ် ကိစ္စဟာ နောက်ကွယ်က အယ်လ်ကိုင်ဒါတွေ ပါဝင် ပတ်သက်နေတယ် ကြိုးကိုင်နေတယ်လို့ သတင်းတွေ ဟိုမှသည်မှ တစ်စွန်း တစ်စ ထွက်လာတာကို အားလုံး ကြားကြ ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ မီးဟုန်းဟုန်း တောက်ပြီး ဖျက်ဆီးမှုတွေ ပြင်းထန် နေတဲ့ အချိန်နဲ့ ချိန်သားကိုက်ပြီး အယ်လ်ကိုင်ဒါတွေရဲ့ မြန်မာအစိုးရအပေါ် ရာဇသံပေးချက် လည်း အင်တာနက်မှ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ သမာရိုးကျ ပုံမှန် ဖြစ်ရိုး ဖြစ်စဉ်မျိုးတော့ မဟုတ်တာ သေချာပါတယ်။

ယနေ့ ကမ္ဘာ အခြေအနေတွေကို ဖြန့်ကျက် သုံးသပ် ကြည့်ကြမယ် ဆိုရင် အယ်လ်ကိုင်ဒါတွေရဲ့ လူမဆန်မှုတွေ ရက်စက် ကြမ်းကြုတ်မှုတွေ သွေးဆာတဲ့ လုပ်ရပ်တွေကို အထင်အရှား မြင်တွေ့ ကြားသိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ လူသတ် ဖျက်ဆီးလိုမှု ရည်ရွယ်ချက်တွေကို လူသားဗုံးတွေ အသုံးပြုပြီး အသေခံ ဆောင်ရွက် လာမှုတွေကိုလည်း သိကြ မြင်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူမဆန်တဲ့ အယ်လ်ကိုင်ဒါတွေ ကျွန်တော်တို့ နိုင်ငံကို ပါတ်သက် ဆက်နွယ် ၀င်ရောက် မွှေနှောက်နေပြီလား ဆိုတဲ့ အတွေးတွေ ခေါင်းထဲကို ရောက်လာပါတယ်။ ဒါဟာ ဟုတ်ဟုတ် မဟုတ်ဟုတ် ထည့်ပြီး စဉ်းစားရမယ့် အချက်တစ်ချက် ဖြစ်လာပါတယ်။

အခုတော့ သတင်း တချို့သဲ့သဲ့ ကြားလိုက်ရတော့ အပေါ်က ကျွန်တော် စဉ်းစားသလို လူမဆန်တဲ့ အပြုအမူတွေနဲ့ ကျော်ကြားတဲ့ အယ်လ်ကိုင်ဒါတွေရဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ အတွင်း စိမ့်ဝင် ပျံ့နှံ့နေမလား ဆိုတဲ့ သံသယဟာ ပိုမို ကြီးထွား မြင့်မား လာစေပါတယ်။ အဲဒါကတော့ UNHCR က ဒေါက်တာ ထွန်းအောင်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ပြည်ပက အယ်လ်ကိုင်ဒါတွေနဲ့ ဆက်သွယ်ပြီး ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ ယခုလို ဆူပူမှုတွေ အကြမ်းဖက်မှုတွေကို လှုံ့ဆော်တယ် ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ ဒီလို လူမျိုးတွေ ကျွန်တော်တို့ နိုင်ငံထဲမှာ ဘယ်လောက် ရှိနေပြီလဲ။ အဲဒီလူတွေကရော ဘာအကြံအစည်တွေ ဘယ်လိုစီမံချက် တွေ ချမှတ် လုပ်ဆောင် နေကြပြီလဲ။ အယ်လ်ကိုင်ဒါ တွေရဲ့ လုပ်ရိုး လုပ်စဉ် ဖြစ်တဲ့ အပြစ်မဲ့ ပြည်သူတွေနဲ့ လူစည်ကားရာ နေရာတွေမှာ ဖောက်ခွဲ ဖျက်ဆီးမှုတွေ ဖြစ်ပေါ်လာမှာ ကျွန်တော်တို့ စိုးရိမ်ရမယ့် အခြေအနေကို ရောက်နေပါပြီ။

ဒါကြောင့် ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံ အတွင်းမှာ နေထိုင်ကြတဲ့ နိုင်ငံသူ နိုင်ငံသာများကို စေတနာကောင်းနဲ့ ရိုးရိုး သားသား တိုက်တွန်း လိုတာကတော့ ယခုလို အခြေအနေ အချိန်အခါမျိုး မှာ လူစည်ကားရာ နေရာတွေ ပွဲလမ်း သဘင်တွေကို ရှောင်သင့်ပါတယ်။ မဖြစ်မနေ သွားကြရမယ် ဆိုရင်လည်း လုံခြုံရေး အသိ လုံခြုံရေး သတိ အထူးရှိဘို့ လိုအပ်လာပြီ ဖြစ်ပါတယ်။ သူတို့ရဲ့ Target တွေအဖြစ် လုပ်လာ နိုင်တာကတော့ မြို့ကြီး ပြကြီးတွေ လူစည်ကားရာ နေရာတွေနဲ့ သာသနာ့ အဆောက် အဦတွေကို ရည်ရွယ်ချက်ထား ဆောင်ရွက် လာနိုင်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ ပြည်သူတွေ အနေနဲ့ မျက်စိဖွင့် နားစွင့်ပြီး အားလုံး သတိရှိကြဖို့ လိုအပ်လာပြီလို့ ဆိုချင်ပါတယ်။ မိမိ ပတ်ဝန်းကျင်နဲ့ မိမိရဲ့ နေရာဒေသမှ မသင်္ကာဖွယ်ရာ အခြေအနေတွေ လူတွေ ပစ္စည်းတွေကို တွေ့ကြမယ် ဆိုရင် ချက်ချင်း အချိန်မဆိုင်းဘဲ သက်ဆိုင်ရာ တာဝန်ရှိသူတွေ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ နီးစပ်ရာ အချင်းချင်း အသိပေး အကြောင်းကြားပြီး ကိုယ့်ရဲ့ လုံခြုံရေးကို ကြိုတင် ကာကွယ် တားဆီးကြရမယ့် အချိန်ကို ရောက်လာပါပြီ။ အယ်လ်ကိုင်ဒါတွေရဲ့ ကောက်ကျစ်မှု ယုတ်မာမှုနဲ့ လူမဆန်မှုတွေကို ကျွန်တော်တို့အားလုံး ရုပ်မြင်သံကြား သတင်းတွေ ရေဒီယို သတင်းတွေ အင်တာနက် စာမျက်နှာ်တွေနဲ့ သတင်းစာ ဂျာနယ်တွေမှာ မသိချင်မှ အဆုံး ကြားသိ မြင်တွေ့နေရတာ ဖြစ်တယ်။ ဒါကြောင့် လူအချင်းချင်း တန်ဖိုးမထား ရက်စက်တတ်တဲ့ ဒီအယ်လ်ကိုင်ဒါတွေရဲ့ ရန်က ရှောင်ရှားနိုင်ဖို့ နိုင်ငံသား အားလုံး သတိတရားကို လက်ကိုင်ထားပြီး အချင်းချင်း ညီညွတ်ကြဖို့ တိုက်တွန်း တင်ပြလိုက်ရပါတယ်။

Myanmar Express

6 comments:

ထောင် ထွက် ပါ တီ NLD

မှန်လိုက်လေ

မှန်မှားမပြောခြင်ဘူး ? စီးပွားရေးသမားတွေကွ

ရခိုင်တိုင်းရင်းသားတွေအပေါ့် ရက်စက် ယုတ်မာမှုအတွက် ဘယ်သူတာဝန်ယူ ကိုင်တွယိဖြေရှင်း ပေးမှာလည်း နိုင်ငံသားမဟုတ်သူတွေကို ဘာကြောင့် မရှင်းထုတ်နိုင် ရတာလဲ။အစိုးရကရှင်းမှာလား ပြည်သူ/တိုင်းရင်းသားတွေက ရှင်းရမှာလား။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်