Subscribe to our RSS Feed

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်များ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေ၍ နယ်မြေခံတပ်မတော်သားများ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်



From : ခေတ်လူငယ်


ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်ရှိ မြို့သစ်ကြီးရပ်ကွက် ကြက်ပေါင်ခြံရပ်ကွက်နှင့် ရမ်ပူရပ်ကွက်တို့တွင် ဇွန် ၂၅ ရက် နံနက်ပိုင်းမှစ၍ ရေလျှံရေကြီးမှု ဖြစ်ပေါ်ခဲ့ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး ကော်မတီဥက္ကဋ္ဌ ဒုတိယတိုင်းမှူး ဦးစီး၍ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များမှ တပ်မတော်သားများဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ ရှေးဦးစွာ တိုင်းစစ်ဌာနချုပ် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး ကော်မတီဥက္ကဋ္ဌ ဒုတိယတိုင်းမှူး ဦးစီး၍ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များမှ တပ်မတော်သား ၁၅၀ ဦးပါဝင်၍ ကယ်ဆယ်ရေး အထောက်အကူပြုလှေများ၊ မော်တော်ယာဉ်များဖြင့် မြို့သစ်ကြီးရပ်ကွက်၊ ကြက်ပေါင်ခြံရပ်ကွက်နှင့် ရမ်ပူရပ်ကွက်များရှိ ရေဘေးသင့်ဒုက္ခသည် အိမ်ထောင်စု ၇၁ စု၊ လူဦးရေ ၃၄၉ ဦးအား ကယ်ဆယ်ရေး ဆောင်ရွက်ကာ အောင်ဇေရန်အောင် ဘုန်းကြီးကျောင်းရှိ ဓမ္မာရုံများတွင် နေရာချထား ဆောင်ရွက်ပြီး နယ်မြေခံတပ်မတော် ဆေးရုံမှ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များဖြင့် ကျန်းမာရေးအခြေအနေများကို စစ်ဆေးပေးပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ ဇွန် ၂၆ ရက်တွင်လည်း သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး ကော်မတီဥက္ကဋ္ဌ ဒုတိယတိုင်းမှူး ဦးစီး၍ နယ်မြေခံတပ်ရင်း/ တပ်ဖွဲ့များမှ တပ်မတော်သား ၁၆၀ ဦးပါဝင်၍ ကယ်ဆယ်ရေး အထောက်အကူပြုလှေများ၊ မော်တော်ယာဉ်များဖြင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်များမှ ရေဘေးဒုက္ခသည် အိမ်ထောင်စု ၄၂၃ စု၊ လူဦးရေ ၂၅၃၃ ဦးတို့အား ကယ်ဆယ်ရေးလုပ်ငန်းများ ထပ်မံဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ ဒုတိယတိုင်းမှူးနှင့် အဖွဲ့သည် နံနက်ပိုင်းတွင် ဇီးလွန်ရပ်ကွက် ရေကြီးရေလျှံမှုတို့အား ကြည့်ရှုပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးကာ ဇီးလွန်အထက်တန်းကျောင်းရှိ ရေဘေးဒုက္ခသည်များ နေရာချထားပေးမှု ဆောင်ရွက်ပေးခြင်း၊ လယ်ကုန်းရပ်ကွက်ရှိ ပေါ်ဦးတောရကျောင်းတွင် ရေဘေးဒုက္ခသည်များ နေရာချထားမှုတို့အား ဆောင်ရွက်ပေးခဲ့ပြီး မွန်းလွဲပိုင်းတွင် စီတာပူရပ်ကွက်အတွင်း ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးကာ သီတာရပ်ကွက်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် ရေဘေးဒုက္ခသည်များ နေရာချထား ဆောင်ရွက်ပေးခြင်းနှင့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များဖြင့် ကျန်းမာရေးအခြေအနေများကို စစ်ဆေးကုသ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်