Subscribe to our RSS Feed

တစ်နေ့လျှင် နှစ်ရာကျပ်ဖြင့် ဖုန်းများတွင် G-mailကို ၂၄ နာရီ အသုံးပြုနိုင်မည်



တစ်နေ့ ကျပ်နှစ်ရာဖြင့် အင် တာနက်ဝန်ဆောင်မှု အသုံးပြုထား သည့် ဖုန်းများအားလုံး G-mail 24

နာရီ အသုံးပြုနိုင်မည့်စနစ်ကို အသုံး ပြုနိုင်မည်ဖြစ်ကြောင်း အဆိုပါစနစ် ပြုလုပ်သည့် ရတနာပုံ Call Center မှ သိရသည်။

" အခုပြုလုပ်နေတာက mobile ဖုန်းထဲကနေ E-mail ပို့တဲ့စနစ်ပါ။ G-mail နဲ့ အသုံးပြုရမှာပါ။ သာမန် အင်တာနက် အသုံးပြုတဲ့သူတွေအ တွက်က ဖုန်းနဲ့ အင်တာနက် ဖွင့် ထားရင် တစ်မိနစ်ကို နှစ်ကျပ်၊ လေး ကျပ် ပေးနေရတဲ့အတွက် ကုန်ကျစ ရိတ်များမှာပါ။ ဒါ့ကြောင့် ကျွန်တော် တို့အနေနဲ့ တစ်ရက်ကို နှစ်ရာသာ ကောက်ခံပြီး ဖုန်းနဲ့မေးလ်ပို့နိုင်၊ မေးလ် လက်ခံနိုင်တဲ့စနစ်ကို ပြုလုပ်ခဲ့တာပါ။E-mail ဘယ်နှစောင်ပဲလာလာ၊ ဘယ်နှစောင်ပဲပို့ပို့ ရပါတယ်။ ဒီစနစ် ကို အသုံးပြုဖို့အတွက် အင်တာ နက်အသုံးပြုနိုင်တဲ့ Dataဖွင့်ထားတဲ့ ဖုန်းတွေ လိုအပ်ပါတယ် "ဟု Call Center မှ တာဝန်ရှိသူတစ်ဦးက ဆို သည်။

အဆိုပါ မိုဘိုင်း Call Center ကို အသုံပြုပါက G-mail Application တစ်ခုတည်းသာ အသုံးပြု ခွင့်ရမည်ဖြစ်ပြီး Face bookနှင့် အခြားApplication များကို အသုံး ပြုလိုပါက အင်တာနက် အသုံးပြုခ နှုန်းထား ထပ်မံကောက်ခံသွားမည် ဟု သိရသည်။ " ကျွန်တော်တို့ဆီက အသုံးပြုခွင့်ပေးထားတဲ့ E-mailတစ် ခုတည်းကို သုံးရင်တော့ အင်တာနက် Charges မကောက်ပါဘူး" ဟု ယင်းက ပြောသည်။ ယခု မိုဘိုင်းဖြင့် G-mail အသုံး ပြုသည့် စနစ်အတွက် Call Center မှ Filter လက်ခံထားခြင်း မရှိဘဲ နိုင်ငံတကာမှာ အသုံးပြုသည့် အတိုင်း ကိုယ့်ရဲ့ G-mail password ကို မိုဘိုင်းဖုန်းထဲတွင် တိုက်ရိုက်ထည့်ရ မည်ဖြစ်သည်။

အဆိုပါမိုဘိုင်းအင် တာနက်ဖြင့် G-mail အသုံးပြုသည့် စနစ်ကို ၁၆-၆-၂၀၁၂ မှစ၍ ဇွန်လ လကုန်အထိ Call Center တွင် အခမဲ့ သုံးစွဲခွင့်ပေးထားပြီး အင်တာနက်လိုင်း ရရှိပြီး အင်တာနက် အသုံးပြုနိုင်သည့် Data ရှိသည့် ဖုန်းများဖြင့် စမ်းသပ်သုံး စွဲနိုင်ကြောင်း သိရသည်။


Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်