Subscribe to our RSS Feed

လမ်းသွား လမ်းလာ များနှင့် လမ်းဘေး ဈေးသည်များ အတွက် ၂၄၀ လီတာဆံ့ အမှိုက်ပုံးများ ထားရှိသွားရန် ရှိ


From : MRTV

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှူးရဲ့ ပြောကြားချက် အရ လမ်းသွား၊ လမ်းလာနဲ့ လမ်းဘေး

ဈေးသည်တွေ အမှိုက် စွန့်ပစ်ဖို့ အတွက် ၂၄၀ လီတာဆံ့ အမှိုက်ပုံး အလတ်များကို လာမယ့် ဇွန်လ ၂၇ ရက်နေ့မှာ စတင် ထားရှိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၂၄၀ လီတာဆံ့ အမှိုက်ပုံး များကို ရန်ကုန် မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်မှာ ရှိတဲ့ လူစည်ကားရာ နေရာများ၊ ဈေးရှိတဲ့ နေရာများနဲ့ လူအသွားအလာ များတဲ့ နေရာတွေမှာ ထားရှိ သွားမှာ ဖြစ်ပါတယ်။

အဲ့ဒီလို ထားရှိပေး ရာမှာ အမှိုက်ပုံး အလုံး ၂၅၀ ကို ထားရှိပေးမှာ ပါတယ်။ အခု လက်ရှိ မှာလည်း ၆၆၀ လီတာဆံ့ အမှိုက်ပုံးကြီး ၅၆၀ ကို ရန်ကုန်မြို့တွင်း မြို့နယ်များရှိ လမ်းဆုံ လမ်းခွများ၊ အမှိုက်ကန် များနဲ့ ဝေးတဲ့ နေရာများမှာ ထားရှိ ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့တွင်း မြို့နယ်များ မှာလည်း အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြား စွန့်ပစ်တဲ့ အရောင် အမှိုက်ပုံး များကိုလည်း ထားရှိထားပြီး အခုလာမယ့် ဇွန်လ ၂၇ ရက်နေ့မှာ ထားရှိမယ့် အမှိုက်ပုံများ မှာတော့ ပလတ်စတစ်အိတ် များနဲ့ သေချာ ချည်နှောင် စွန့်ပစ်ဖို့ မလိုဘဲ အမှိုက်များကို တိုက်ရိုက် အမှိုက်ပုံး ထဲသို့ စွန့်ပစ် နိုင်တယ်လို့ သတင်း ရရှိပါတယ်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်