Subscribe to our RSS Feed

အောင်ဘာလေ သိန်းဆု ဌာနခွဲ ထီဆိုင်များမှ မူရင်းဈေး ငွေကျပ် ၂၀၀ ဖြင့် ၀ယ်ယူ နိုင်


From : MRTV4



အောင်ဘာလေ သိန်းဆု ဌာနခွဲမှ တစ်စောင်ကို ငွေကျပ် ၂၀၀ နဲ့ ရောင်းချလျက် ရှိတဲ့ ထီလက်မှတ် တွေကို မူရင်းဈေး အတိုင်း ရောင်းချ ပေးမယ့် အောင်ဘာလေ

သိန်းဆု ဌာနခွဲရဲ့ ထီဆိုင်ကို ဇူလိုင်လ ထဲမှာ ဖွင့်လှစ် သွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး အခွန် ဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ထီဆိုင်ကို အမှတ် ၁၇၆ ၊ မဟာဗန္ဓုလလမ်း ၅၃ လမ်းထိပ်၊ ပုဇွန်တောင် မြို့နယ်မှာ ဖွင့်လှစ် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ထီဆိုင် မှာတော့ ထီလက်မှတ်များ ရောင်းချမှုကို ပြည်တွင်း အခွန်များ ဦးစီးဌာန တိုင်းရုံးရှိ ၀န်ထမ်းများက ဆောင်ရွက သွားမှာ ဖြစ်ပါတယ်။



အဆိုပါ ထီဆိုင်ကို ဖွင့်လှစ်ရတာ ကတော့ ပြည်သူ လူထုများ ထီကို ဈေးနှုန်း သက်သာစွာနဲ့ ၀ယ်ယူ ကံစမ်းနိုင်ဖို့ အတွက် ဖွင့်လှစ်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အခု လက်ရှိမှာ ပုဂ္ဂလိက ထီဆိုင်တွေမှာ ထီတစ်စောင်ကို ၂၀၀ ကျပ်နဲ့ ရောင်းချဖို့ ပြောထား ပေမယ့်လည်း ထီဆိုင် အများစုမှာ ၂၀၀ ကျပ်ထက် ပိုမိုရောင်းချ လျက်ရှိ နေပါတယ်။ အဲ့ဒီလို ပုဂ္ဂလိက ထီဆိုင် တွေဟာ ၂၀၀ ကျပ်ထက် ပိုမိုရောင်းချမှုများ ရှိနေတာကြောင့် ထီဆိုင် ပိုင်ရှင်တွေကို ခေါ်ယူပြီး သတိပေးမှုတွေ ပြုလုပ်နေပြီး လတ်တလော မှာတော့ အရေးယူမှုတွေ ကိုတော့ ပြုလုပ်မှု မရှိသေးဘူးလို့ သတင်း ရရှိပါတယ်။


Myanmar Express


1 comments:

ထိ နှစ်ရာကျပ်နဲ့ ဆိုင်တိုင်းရောင်းချပေးနိုင် အောင်လုပ်ကြပါ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်