Subscribe to our RSS Feed

မျက်လုံးတော် ကျောက်စိမ်းနက်စစ်စစ်ဖြင့် တည်ထားသည့် မိုးညှင်းအင်းဖို၊ အင်းမတောင်မှ လေးကျွန်းစကြာ အောင်ချမ်းသာ လေးကျွန်းဗျာဒိတ်ပေး လျောင်းတော်မူဘုရားကြီး

From : ပန်းရွှေစင် (မိုးညှင်း)
အတွဲ ၂၉ ၊ အမှတ် ၅၇၄ (၂၂ - ၂၈ ၊ ၆ ၊ ၂၀၁၂)

တည်ဆောက်နေဆဲ လေးကျွန်းဗျာဒိတ်ပေး လျောင်းတော်မူ
ဘုရားကြီးကို ဖူးမြင်ရစဉ်။
ဓာတ်ပုံ - ပန်းရွှေစင် (မိုးညှင်း)

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာ၊ ကျောက်သွေးတောင်ပေါ်၌ သာသနာ ပြုလျက်ရှိသော ဆရာတော် ဦးခန္တီက မိုးညှင်းမြို့ အရှေ့ဘက် အင်းဖို၊ အင်းမ တောင်ပေါ်တွင် လေးကျွန်းစကြာ အောင်ချမ်းသာ၊ လေးကျွန်းဗျာဒိတ်ပေး လျောင်းတော်မူဘုရားကြီးကို မိုးညှင်းမြို့ပေါ်ရှိ ဒုတိယအကြီးဆုံး လျောင်းတော်ဘုရားကြီးအဖြစ် တည်ထားကိုးကွယ် လျက်ရှိသည်။

၎င်းဗျာဒိတ်ပေး လျောင်းတော်မူ ဘုရားကြီး၏ ဉာဏ်တော်အရှည်မှာ ၁၆၂ ပေခွဲဖြစ်ပြီး ဦးခေါင်းလုံးပတ်တော် ၆၄ ပေ၊ ပလ္လင်မှ ဦးခေါင်း တော်အထိ အမြင့် ၄၂ ပေ၊ မျက်ခုံးတော်အလျား ခြောက်ပေခွဲ၊ မျက်လုံး တော်အလျား ငါးပေ၊ မျက်ဆံအနက် အချင်း ၁ ဒသမ ၁၀ ပေခွဲ ရှိသည်။

မျက်ဆံတော်အနက် မှာ ကျောက်စိမ်းမျိုးနွယ်ထဲမှထွက်သည့် ကျောက်စိမ်းနက် Black Jade မျိုးဖြစ်သည်။

ယင်း Black Jade ထွက် အချိန် ၃၀ ကို မိုးညှင်းမြို့မရပ်ကွက်မှ အလှူရှင် ဦးမောင်ဖြူ၊ မ၀ါ မိသားစုက လှူဒါန်း ထားကြောင်း သိရသည်။

ယခုနှစ် မေလ ၅ ရက်နေ့ ကဆုန် လပြည့်နေ ဗုဒ္ဓနေ့တွင် မျက်လုံးတော် အလှူရှင်မိသားစုက အလှူငွေ ၁၀ သိန်း မတည်ကာ မျက်လုံးတော်ဖွင့်ပွဲတွင် ဆရာတော် ဦးခန္တီထံ ရေစက်ချ လှူဒါန်းခဲ့ကြောင်း သိရသည်။

၎င်းဗျာဒိတ်ပေး လျောင်းတော်မူ ဘုရားကြီးမှာ ယခုအခါ တည်ဆောက်နေဆဲဖြစ်ပြီး အလှူရှင်များ လှူဒါန်းလိုပါက ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာ၊ ကျောက်သွေးတောင်ပေါ်ရှိ ဆရာတော် ဦးခန္တီထံတွင် လှူဒါန်းနိုင်ကြောင်း သိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်