Subscribe to our RSS Feed

မြန်မာဒုက္ခသည်တွေကို လက်တွေ့ကျကျ ကူညီသူ ဦးအောင်မင်း

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့်အဖွဲ့သည် နံနက် ၇ နာရီကထိုင်း-မြန်မာနယ်စပ်မဲဆောက်ရှိမယ်တော်ဆေး ခန်းသို့ရောက်ရှိလာပြီးဆေးခန်းအတွက်
ထိုင်းဘတ်ငွေ ၁၅၀,၀၀၀ လှူဒါန်းခဲ့သည်။ ၀န်ကြီးဦးအောင်မင်းက မယ်တော်ဆေးခန်းနှင့်ဆက်စပ်၍ ကျန်းမာရေးစောင့်ရှောက်မှုများဆိုင်ရာလုပ်ငန်းများ ဆောင် ရွက်သွားရန်ရှိသည်ဟုပြောသည်။ ဒေါက်တာစင်သီယာမောင်က"မဲဆောက်ဒေသမှာရွှေ့ပြောင်းမြန်မာ ၂ သိန်းကျော်ရှိတယ် ဒီလူတွေနေရပ်ပြန်ဘို့ကတော့ ရေရှည်စိတ်ချရတဲ့အာမခံချက်ရှိဘို့လိုတယ် စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဘို့လိုတယ် လက်ရှိပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်က စစ်တပ်ကိုအခြေခံတာများတယ်"ဟုပြောသည်။ ၀န်ကြီးနှင့်အဖွဲ့သည် ဆေးခန်းအတွင်းလိုက်လံကြည့်ရှုပြီး လူနာများကိုအလှူငွေများပေးအပ်ခဲ့ကာ လုပ်ငန်းဆက်စပ်လုပ်ကိုင်နိုင်အတွက် မြန်မာဆရာဝန်အဖွဲ့တဖွဲ့ မကြာမီလာရောက်ရန်ရှိသည်ဟုလည်းဝန်ကြီးကပြောသည်။ မယ်တော်ဆေးခန်းသို့ နိုင်ငံတကာမှအကြီးအကဲများ မကြာခဏလာရောက်လေ့လာမှုများရှိသော်လည်း ယခုကဲ့သို့မြန်မာအစိုးရအဖွဲ့ဝင်များ လာရောက်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်။ သက်တမ်း ၂၄ နှစ်ရှိပြီးဖြစ်သည့်မယ်တော်ဆေးခန်းသည် ဒေသတွင်းရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ ကိုတနှစ်လျှင်လူဦးရေ ၁၃၀,၀၀၀ကျော်ကို အခမဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးလျှက်ရှိသည်။ ၀န်ကြီးနှင့်အဖွဲ့သည်နံနက် ၇ နာရီခွဲတွင် ဆေးခန်းမှတဆင့်ဘန်ကောက် သို့ပြန်လည်ထွက်ခွာသွားသည်။


Myanmar Express

1 comments:

အလွန်ကောင်းပါတယ်
ဖြစ်သင့်ပါတယ်
ဆက်လက်ဆောင်ရွက်ဖို့လည်းအားပေးပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်