Subscribe to our RSS Feed

ပြည်ထောင်စု လွှတ်တော် နာယက အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ လာအိုနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံများသို့ ချစ်ကြည


ပြည်ထောင်စု လွှတ်တော်နာယက အမျိုး သားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့ သည် လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ အမျိုး သားလွှတ်တော် ဥက္ကဌ H.E. Madame Pany YHTHOTOUS နှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတ နိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဌ H.E. Mr. Nguyen Sinh Hung
တို့၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံနှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံများသို့ ချစ်ကြည်ရေး ခရီးသွားရောက်ရန် ပြီးခဲ့တဲ့ ၁၆ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၂ဝ တွင် ရန်ကုန်မြို့မှ လေကြောင်း ခရီးဖြင့် ထွက်ခွာသွားရာ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးမြညိမ်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ အမျိုး သားလွှတ်တော်ကော် မတီများမှ ဥက္ကဌ ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးစိန်တင်ဝင်း၊ ဒုတိယဥက္ကဌ ဦးတင်အောင်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Nilahath SHYARATH နှင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီး H. E. Mr. Chu Cong Phung နှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် ၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

အဆိုပါ မြန်မာကိုယ်စားလှယ်အဖွဲ့ တွင် အဖွဲ့ဝင် များအဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် များဖြစ်ကြသော တိုင်းရင်းသားရေးရာ ကော်မတီဥက္ကဌ ဦးဆိုင်ပေါင်းနပ်၊ ပြည်သူ့ငွေစာရင်း ကော်မတီအဖွဲ့ဝင် ဦးဘရန်ရှောင်၊ လွှတ်တော်အခွင့်အရေးကော်မတီအဖွဲ့ ဝင်များဖြစ်ကြသော ဦးဆန်းရယ်နှင့် ဦးစောတော်ပလဲ၊ ငွေရေးကြေးရေးနှင့် အခွန်အကောက်ဆိုင်ရာ ကော်မတီ အဖွဲ့ဝင် ဦးဟာရှိန်းဘွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကော်မတီအဖွဲ့ ဝင် ဦးဌေးဝင်း၊ ပညာရေး၊ ကျန်းမာရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ ဝင် ဦးလှသိန်းနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ လိုက်ပါသွားကြ ကြောင်း သတင်းရရှိသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်