Subscribe to our RSS Feed

နိုင်ငံတော်၏အမည်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်း ထားသည့်အတိုင်း ရေးသား၊ ပြောဆို အသုံးပြုရေး အမျိုးသားဒီမိ

နိုင်ငံတော်၏အမည်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်း ထားသည့်အတိုင်း ရေးသား၊ ပြောဆို အသုံးပြုရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ အသိပေးအကြောင်းကြားထားခြင်း သတင်းထုတ်ပြန်ချက်


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၁)၊ ပုဒ်မ ၂ တွင် "နိုင်ငံတော်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည် (The state shall be known as The Republic of the Union of Myanmar) "ဟု ပြဌာန်း ထားပါသည်။

နိုင်ငံရေး ပါတီများနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၀၅(ခ)တွင် နိုင်ငံရေးပါတီ တစ်ရပ်သည် ဤဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် တည်ဆဲ ဥပေဒများကို လေးစားလိုက်နာ ရမည်ဟု ပြဌာန်းထားပါသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ အနေဖြင့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆ (ဂ) ပါ"ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေးစား လိုက်နာရေး" ဆိုသည့်အချက်ကို ပါတီမှတ်ပုံတင် လျှောက်ထားစဉ်ကပင် ဝန်ခံချက် ပြ။ုထားပြီး ဖြစ်ပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ဗဟိုအလုပ် အမှုဆောင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) သည် ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေး ညီလာခံ၌ ၁-၆-၂၀၁၂ ရက်နေ့က မိန့်ခွန်း ပြောကြားရာတွင် မြန်မာနိုင်ငံကို Burma ဟု သုံးနှုန်း ပြောဆိုသွားကြောင်း မီဒီယာများမှ တွေ့မြင် ကြားသိရပါသည်။

နိုင်ငံတော် အမည်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် "နိုင်ငံတော်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည် (The state shall be known as The Republic of the Union of Myanmar) " ဟု ပြဌာန်းထားပြီး ဖြစ်၍ Burma ဟု သုံးနှုန်း ပြောဆိုခွင့် မရှိပါ။ နိုင်ငံတော်၏ အမည်ကို ရေးသားရာ၌ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါအတိုင်း "ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် (The Republic of the Union of Myanmar) " ဟု အသုံပြုကြရန်နှင့် ပြောဆိုရာတွင် မြန်မာ(Myanmar) ဟုသာ သုံးနှုန်း ပြောဆိုသွားရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၁-၆-၂၀၁၂ ရက်စွဲပါ စာအမှတ်၊ ၄/နငရ-မပတ (၁)/ကမရ ဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသို့ အသိပေး အကြောင်းကြားထားပြီး ဖြစ်ပါသည်။

သို့ရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ဗဟိုအလုပ် အမှုဆောင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) သည် ဥရောပ ခရီးစဉ်အတွင်း မိန့်ခွန်းများ ပြောကြားရာ၌လည်း မြန်မာနိုင်ငံကို Burma ဟုသာ သုံးနှုန်း ပြောဆိုနေကြောင်း မီဒီယာများမှ ကြားသိရပြန်ပါသည်။

သို့ဖြစ်ပါ၍ တရားဥပဒေ စိုးမိုးရေးနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေးစား လိုက်နာရေး အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ပုဒ်မ ၁၀(ဌ)နှင့်အညီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သို့ ၂၈-၆-၂၀၁၂ ရက်စွဲပါ စာအမှတ်၊ ၄/နငရ-မပတ (၁)/ကမရ ဖြင့် နိုင်ငံတော်၏ အမည်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါအတိုင်း သုံးနှုန်း ရေးသား/ပြောဆိုရန် ထပ်မံအသိပေး အကြောင်းကြား လိုက်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်