Subscribe to our RSS Feed

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး နှင့်အဖွဲ့  ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောဒေသများ သို့ ကွင်းဆင်းစစ်ဆေး ကုလသမဂ္ဂ အဖွဲ့အစည်း


နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့ စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးသည် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အစ္စလာမ် ဘာသာရေးခေါင်းဆောင် များနှင့် တာဝန်ရှိ ဌာနဆိုင်ရာ အကြီးအကဲ များလိုက်ပါ၍ ယနေ့ နံနက်ပိုင်း တွင် စစ်တွေမြို့မှ တစ်ဆင့် မောင်တောမြို့ သို့ ရောက်ရှိပြီး လတ်တလော မတည်ငြိမ်မှုကြောင့် ပြောင်းရွှေ့ရောက်ရှိနေသော ကျေးရွာသူ၊ ကျေးရွာ သားများ အခြေအနေနှင့် ပျက်စီးသွားသော ကျေးရွာများသို့ ကွင်းဆင်း စစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာသို့ ရောက်ရှိကာ အဆိုပါ ကျေးရွာရှိ ပျက်စီးသွားသော နေအိမ် ၄၉ လုံးကို ကြည့်ရှု စစ်ဆေးပြီး ကျေးရွာသူ၊ ကျေးရွာသား များအား တွေ့ဆုံ အားပေး စကားပြောကြားသည်။

ထို့နောက်ကျေးရွာ များပြန်လည် ထူထောင်ရေး အတွက်လတ် တလော ဆောင်ရွက်ပေး ရမည့်လုပ်ငန်း များနှင့် ရေရှည်ဆောင် ရွက်ရမည့်လုပ်ငန်း များ၊ ဒေသအေး ချမ်းတည်ငြိမ်ရေး အတွက် ပူးပေါင်းဆောင်ရွက်မည့် အစီ အမံများကို ညှိနှိုင်းဆွေးနွေးကြသည်။ ပြည်ထောင်စုဝန်ကြီးက ကျေးရွာသူ၊ ကျေးရွာ သားများအား နေအိမ်များ အမြန် ဆုံးပြန်လည် တည်ဆောက်ပေး မည့် အစီအစဉ်၊ နေထိုင် စားသောက်မှု များကို ရေရှည်ထောက် ပံ့ပေးမည့် အစီအစဉ်နှင့် နယ်မြေ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ယခုထက်ပိုမို ဆောင်ရွက်နိုင်ရေး အကောင် အထည်ဖော်ပေးမည့် အစီအမံများ နှင့်စပ်လျဉ်း၍ ဆွေးနွေး မှာကြားသည်။

ဆက်လက်၍ မောင်တောမြို့သို့ ရောက်ရှိပြီး မောင်တော ခရိုင် အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမ၌ နယ်စပ်ဒေသ လူဝင်မှုစစ် ဆေးရေး ကွပ်ကဲမှုဌာနချုပ် ကွပ်ကဲရေး မှူး၏ မောင်တောမြို့နယ်၌ (၈-၆- ၂ဝ၁၂)ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့ သော ဆူပူအကြမ်းဖက် ဖျက်ဆီးမှုများ ကြောင့် မောင်တောမြို့ပေါ်နှင့် မြို့ နယ်အတွင်းရှိ တိုင်းရင်းသားကျေးရွာ များ၌ ထိခိုက် ပျက်စီးသေဆုံးဒဏ်ရာ ရရှိမှု အခြေအနေများနှင့် ကယ်ဆယ် ရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်ထား ရှိမှုအခြေအနေများ တင်ပြချက်အပေါ် သိရှိလိုသည်များကို ကုလသမဂ္ဂအဖွဲ့ဝင် ကိုယ်စားလှယ်များနှင့်အတူ မေးမြန်း ဆွေးနွေးခဲ့သည်။

ယင်းနောက် မောင်တောမြို့နယ် အတွင်း လတ်တလောပြောင်းရွှေ့ လာသည့် မိသားစုများအတွက် ဖွင့် လှစ်ဆောင် ရွက်လျက်ရှိသော အင်အား ၃၅၃ ဦးရှိ ဗဟိုကျောင်း ကယ်ဆယ် ရေးစခန်း၊ အင်အား ၅ဝ၄ ဦးရှိ အောင် မြေဗောဓိကျောင်း ကယ်ဆယ်ရေးစခန်း၊ အင်အား ၁၈၁ ဦးရှိ အလိုတော်ပြည့်ပရ ဟိတကျောင်း ကယ်ဆယ်ရေးစခန်း၊ အင်အား ၂၂၃၆ ဦးရှိ (၄)မိုင်ကယ် ဆယ်ရေးစခန်းများသို့ သွားရောက် ကြည့်ရှု အားပေး၍ နယ်စပ်ရေးရာဝန် ကြီးဌာနမှ ထောက်ပံ့ငွေ ကျပ်သိန်း ၃ဝဝ၊ ခေါက်ဆွဲခြောက်ထုပ် ၃ဝဝဝ၊ ကျောင်း ဝတ်စုံ (ဖြူ /စိမ်း) အစုံ ၁၂ဝဝ ၊ ဗလာ စာအုပ် ဒါဇင် ၁၅ဝဝ ၊ ခဲတံ/ ဘော ပင် အစုံ ၁၅ဝဝ နှင့် Bridge Asia Japan မှ လှူဒါန်းသော ငွေကျပ်သိန်း ၁ဝဝ တန်ဖိုးရှိ စားသောက် ဖွယ်ရာတို့ကို ပေးအပ်လှူ ဒါန်းခဲ့ပြီး အဖွဲ့နှင့်ပါရှိသော ကုလသမဂ္ဂ အဖွဲ့အစည်းများမှ တာဝန် ရှိသူများနှင့်အတူ ဖြစ်စဉ်များအား မေးမြန်းခြင်း၊ အားပေးခြင်း၊ လတ်တလော နှင့်ရေရှည်ထောက် ပံ့ပေးမည့် အစီအစဉ် များကို ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့သည်။

ကယ်ဆယ်ရေး စခန်းများ၌ ပြည်ထောင်စုဝန်ကြီးက ကျေးရွာများ တွင် ဖြစ်ပွား ခဲ့သော ဖြစ်စဉ် အတွက် စိတ်မကောင်းပါကြောင်း၊ အိုးအိမ်များ ယခင် အတိုင်းဖြစ်အောင် ပြန်လည် တည်ဆောက်ပေး မည်ဖြစ်ကြောင်း၊ အေးချမ်း တည်ငြိမ်အောင်ဆောင်ရွက် ပေးပြီး လုပ်ကိုင် စားသောက် နိုင်အောင် ဖန်တီးပေး မည်ဖြစ်ကြောင်း၊ လုံလုံခြုံခြုံ နှင့် ကိုယ့်ရွာကို ပြန်လည် ထူထောင် နိုင်အောင် ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊ အစိုးရသာမက တိုင်းရင်းသား ပြည်သူများမှပါ ဝိုင်းဝန်းကူညီကြည့်ရှု စောင့်ရှောက်ပေး မည်ဖြစ်ကြောင်း၊ အကြမ်းဖက် သူများအား တရားဥပဒေနှင့်အညီ အရေးယူဆောင် ရွက်မည် ဖြစ်ကြောင်း၊ သည်းခံစိတ်နှင့်မေတ္တာ တရားကိုလည်း ထားရှိရန် လိုကြောင်း၊ လတ်တလော စားရေးသောက်ရေး အခြေအနေ အဆင်ပြေအောင် ညှိနှိုင်း ပေါင်းစပ်ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း၊ အချိန်ယူလုပ်ပေးရမည့် ကိစ္စရပ်များကို လည်း ဆက်လက်ဆောင် ရွက်ပေးမည် ဖြစ်ကြောင်းပြောကြား၍ ကျေးရွာသူ၊ ကျေးရွာသားများ၏ အခက်အခဲများကို မေးမြန်းသည်။

ကုလ သမဂ္ဂ အတွင်းရေးမှူး ချုပ်၏ အထူးကိုယ်စားလှယ် Mr. Vijay Nambiar က မိမိသည် ပြည်ထောင်စု ဝန်ကြီး၏ ဖိတ်ကြားချက်အရ ကိုယ်တိုင် ကိုယ်ကျ လာရောက်လေ့လာခြင်းဖြစ် ကြောင်း၊ ဥပဒေမဲ့ အကြမ်းဖက်ခံရသော ပြည်သူများ၏ လက်ရှိခံစားမှုကို နားလည်သဘောပေါက်ပါကြောင်း၊ ပစ္စည်းဥစ္စာ နှင့် အခြားဆုံးရှုံးမှု များထက် စိတ်ပိုင်းဆိုင်ရာခံစားမှုဒဏ် ဖြစ်ပေါ်မှုကို ဖြေဖျောက်နိုင်ရန် ခက်ခဲပါကြောင်း၊ နိုင်ငံ တော် သမ္မတကြီးက ယခု အဖြစ်အပျက် ပေါ် အရေးပေါ်အခြေ အနေကြေညာပြီး တရား ဥပဒေ စိုးမိုးရေးအတွက် ဆောင် ရွက်မှုများလုပ်နေသည်ကို တွေ့ရှိရပါ ကြောင်း၊ ဒေသရှိပြည်သူ များ၏ ပြန် လည် ထူထောင်ရေးကို အချိန်ယူ၍ ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ နှစ် ရှည်လများ အတူနေထိုင်ခဲ့ကြသည့် သူများကြားမှာ စည်းလုံး ချစ်ကြည်စွာ နေထိုင်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ လာရောက်သည့် ရည်ရွယ်ချက်မှာ အကြမ်းဖက် မှုခံစားရခြင်းကို ကိုယ်ချင်း စာနာကြောင်း ဖော်ပြ၍ နိုင်ငံတော် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ပေးလို၍ဖြစ်ကြောင်း၊ ကုလသမဂ္ဂအနေဖြင့် ပြည်သူနှင့် အစိုးရဘက်မှ အမြဲရပ်တည် နေပါကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ ဌာနေကိုယ်စား လှယ် Mr. Vijay Nambiar က ကုလ သမဂ္ဂအဖွဲ့အစည်းများအနေဖြင့် ယခင် က ဤဒေသကို ကူညီပေးခဲ့ရာ ကြာမြင့် ခဲ့ပြီဖြစ်ပါကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေ
သောကိစ္စရပ်အပေါ် အထူးအရေးပေါ် လိုအပ်ချက် အဖြစ်လက်ခံပြီး လိုအပ် ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း၊ အစိုးရနှင့် ကုလ သမဂ္ဂပူးပေါင်းပြီး ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော် အနေဖြင့် အတိ ဒုက္ခရောက်ရှိ နေသူများကို လုံခြုံမှုပေးထားပြီး မိမိ ရပ်ရွာသို့ လုံခြုံစွာပြန်နိုင်ရေး ဆောင် ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ဆောင်ရွက်ပေး ရန်ရှိသည့် လုပ်ငန်း များအား လုံးအနက် အဓိကကျသည့် လုပ်ငန်းများကို ဦးစားပေးရွေး ချယ်ပြီး ဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ဌာနေ ကိုယ်စားလှယ် Mr. Johannes TenFeld က
UNHCR အနေဖြင့် လူမျိုး ဘာသာ မခွဲခြားဘဲ လူသားချင်း စာနာသည့် အထောက် အကူများပေးနေပါကြောင်း၊ ဤဒေသရှိ ပြည်သူ များ ငြိမ်းချမ်းစွာနေ ထိုင်သည်ကို မြင် လိုပါကြောင်း၊ မကြာမီပြေလည်သွား မည်ဟု ထင်ပါကြောင်း၊ တရားခံများကို လည်း ဥပဒေနှင့်အညီ စီမံနိုင်လိမ့် မည်ဟု မျှော်လင့်ပါကြောင်း၊ လိုအပ် ချက်များအပေါ် ရေရှည်ဖြည့်ဆည်း ပေးနိုင်ရန် လိုအပ်သည်ကို တွေ့ရှိရပါ ကြောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ ပြန်လည် ဝင်ရောက် လုပ်ကိုင်နိုင်အောင် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပိုမို သည်းခံနိုင်စွမ်းရှိသည့် လူမှုအသိုင်း အဝိုင်းတစ်ခုကို ထူထောင်နိုင်လိမ့်မည် ဟုလည်း မျှော်လင့်ပါကြောင်းပြော ကြားသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဝေသာလီစံပြ ကျေးရွာ ပျက်စီးမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ ၎င်း ကျေးရွာအနီးရှိ သောင်ပိုင်ညာကျေးရွာ၌ ကျေးရွာသားများနှင့်တွေ့ဆုံသည်။ ကုလသမဂ္ဂအဖွဲ့အစည်းများဖြစ်ကြသောUNDP ၊ UNHCR ၊ WFP ၊ OCHA အဖွဲ့များအနေဖြင့် အကြမ်းဖက်မှု ကြောင့် ရွှေ့ပြောင်းနေထိုင်ရသော တိုင်းရင်းသားကျေးရွာ (၁၂)ရွာနှင့် မောင်တောမြို့ ရပ်ကွက်(၃)နှင့်(၅)မှ ပြည်သူများအတွက် လိုအပ်သော အထောက် အပံ့များရရှိရေးကို အမြန် ဆုံးအရေး ယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

အလားတူ ရန်ကုန်မြို့မှ လိုက်ပါ လာခဲ့သော အစ္စလာမ်ဘာသာရေး ခေါင်းဆောင် ၁၅ ဦးတို့ကလည်း နံနက် ၁၁ နာရီတွင် မောင်တောမြို့ မြို့မိမြို့ဖ များ၊ အစ္စလာမ် ဘာသာရေးခေါင်း ဆောင်များနှင့်တွေ့ဆုံ၍ အစ္စလာမ် ဘာသာရေး တရားတော်နှင့် အညီ ငြိမ်း ချမ်းစွာ နေထိုင်ရေး ကိစ္စများကို ဆွေးနွေး မှာကြားခဲ့ကြသည်။ ပြည်ထောင် စုဝန်ကြီးနှင့် အတူ လိုက်ပါလာသော ကျန်းမာရေး ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် နှင့်အဖွဲ့သည် မောင်တောမြို့ ကယ်ဆယ်ရေး စခန်းများရှိ ပြည်သူများ၏ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက် ပေးခေဲ့ ကြာင်း သတင်း ရရှိသည်။

Myanmar Express

1 comments:

Deport all illegal Bangladesh Muslims to Bangladesh.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်