Subscribe to our RSS Feed

အကြံပေးများ ခန့်ထားပြီးဖြစ်

နိုင်ငံတော် သမ္မတက ခုမှအကြံပေးတွေခန့်နေတာပါ.. NLD အကြံပေးတွေခန့်ထားတာ ကြာပါပြီ။ NLD ရဲ့ ဝါရင့်အကြံပေးတွေကတော့

ကဲ.. ရုံးရောက်ပြီ... တစ်ရေးအိပ်ပြီး အကြံထုတ်လိုက်မယ်

တစ်ရေးနိုးသော် အကြံပေါ်.. ပေါ်သောအကြံ ပြန်အိပ်ရန်

အကောင်းဆုံးအကြံကတော့ ရုံးထဲက ချိတ်ထားတဲ့ ဓာတ်ပုံအဟောင်းတွေကို မုန့်နဲ့လဲစားတာပဲ

အကျန်တွေပေးပါ...

အကြံကောင်းကောင်းပေးနိုင်အောင် ကောင်းကောင်းစားထားမှ

နိုင်ငံရေး ဝါရင့် အကြံပေး တွေဆိုတာ ဒီလိုနေရတယ်

အကြံမပေးခင် အသက်ကြီးသူများ ကြမ်းပြင်မှ ထစေချင်

ကျုပ်ကတော့ အမြဲခေါင်းငြိမ့်ပြီးသားပဲ... ထောက်ခံတယ်

ထူးဆန်းသော အတိုက်အခံများ - ၆

အသိမှတ်ပြုပါတယ်၊ ဒါပေမယ့်မပြုပါဘူး၊ ဒါပေမယ့်ပြုတော့ပြုပါတယ်၊ အာ မသိဘူးဗျာ

“အခု အစိုးရသစ်တခု ရှိနေတယ် ဆိုတာကို အရှိ အရှိအတိုင်းပဲ အသိအမှတ်ပြုပါတယ်။ တကယ့်ကို ပြည်သူတွေရဲ့ဆန္ဒကို လေးစားပြီး ပြည်သူတွေနဲ့ တိုင်းပြည်အတွက် အကျိုးရှိစေမယ့် အစိုးရမျိုး ဖြစ်မဖြစ် ဆိုတာကိုတော့ နည်းနည်းတော့ စောင့်ကြည့်ရအုံးမှာပါ”

လို့

ဒေါ်စုကြည်က RFA သောကြာနေ့ ညတိုင်း ထုတ်လွှင့်နေတဲ့ “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အမေးအဖြေ အစီအစဉ်အတွက် ဖြေကြားချက်တွေကို ကြိုတင်ရယူခဲ့ရာမှာ ထိုင်းနိုင်ငံက မေးမြန်းသူတဦးက “လက်ရှိ အစိုးရကို အသိအမှတ်ပြုပါသလား လို့ မေးမြန်းခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

တစ်ခါ ဦးဥာဏ်ဝင်းက

“အစိုးရအဖွဲ့တရပ် ရှိနေတယ်။ အရှိကို အရှိအတိုင်း ရှိတယ်လို့ ဒါ ပြောရမှာပဲ။ အနှစ် ၂၀ ကာလ တလျှောက်လုံးမှာလည်း နအဖ၊ န၀တ ကို ကျနော်တို့ တောင်းဆိုမှုတွေ လုပ်ခဲ့တယ်။ တောင်းဆိုမှုတွေ လုပ်ခဲ့တဲ့ အဲဒီအုပ်ချုပ်နေတာ ဒီအစိုးရ ဆိုတာရှိတယ်။ လက်ရှိမှာလည်း အစိုးရသစ်တရပ် ရှိတယ်။ ဒါကို အရှိအတိုင်း လက်ခံတာပဲ။ ဒါနဲ့ပတ်သက်ပြီး သူ အဲဒီလို မှတ်ချက်ပြောတယ်။ ကျနော် နားလည်တာပြောရရင် acknowledgement ပဲ။ recognize မဟုတ်ဘူး။ တရားဝင်မှု ရှိမရှိကို ဘာမှမပြောဘူး။ အုပ်ချုပ်တဲ့ အစိုးရ တရပ် ပြည်သူ့လွှတ်တော်ကနေ ပေါ်ပေါက်လာတယ်။ ဒါကိုပဲပြောတာ။” လို့ အူလည်လည် ပြောပြန်ပါတယ်။

ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် ဒေါ်စုကြည်ရဲ့ NLD အပေါ် စိုးမိုးမှုက အရင်လိုပဲ ရာနှုံးပြည့်ရှိနေတယ် ဆိုတာ သိသာပါတယ်။ ဒေါ်စုကြည်ရဲ့ သဘောထားအားလုံးကို NLD က သူတို့သဘောထားလို့ ပြောရပါတယ်။ ဒါပေမယ့် သူတို့သဘေားထား ဆိုတာကို သူတို့ကိုယ်တိုင် ကောင်းကောင်းနားမလည်ကြတာ သနားစရာကောင်းလွန်းပါတယ်။

ဘယ်သူနဲ့မှမတိုင်ပင် ဘယ်သူနဲ့မှ မဆွေးနွေးပဲ ဒေါ်စုကြည်က လုပ်ချင်တာလုပ် ပြောချင်တာ ပြောပါတယ်။ အဲ့ဒါတွေကို နောက်က NLD တစ်ဖွဲ့လုံးက ဟုတ်တယ်၊ မှတ်တယ်ထောက်ခံကြပါတယ်။ သေသေချာချာ မေးကြည့်ရင်တော့ ရှေ့နေတွေ၊ ပြောရေးဆိုခွင့်ရှိသူတွေတောင် အူလည်လည်တိုင်ပတ်နေကြပါတယ်။

ဘာမှနားမလည် အောက်ခြေ ပါတီဝင်သူတွေကိုလည်း တစ်နေ့ကို ဆန်တစ်တင်းခွဲချက်လောက် နေ့စဉ် ကျွေးထားပြီး ရုံးတတ်ခိုင်းနေတာပါပဲ။ နေ့စဉ် ရုံးလာ ထမင်းစား ပြန်အိပ် နေကြတဲ့လူတွေချည်းပါပဲ။ ဘာနိုင်ငံရေးဗဟုသုတမှလည်း မရှိသလို ဘာခေါင်းဆောင်မှု ပညာမှလည်း မရှိကြပါဘူး။ ပေါ့ပေါ့နေ ပေါ့ပေါ့စားတွေပါ လို့ လေ့လာသူတစ်ဦး ပြောပါတယ်။ NLD ဥက္ကဌလည်း ဘယ်မှန်းမသိ၊ ဒုဥက္ကဌဦးတင်ဦးလည်း ပေကြောင်ပေကြောင်နဲ့ ဒေါ်စုကြည် ကြိုး ကိုင်သမျှပဲ ခံနေရပါတယ်။


မြန်မာ ဂျက်စ်ပဲရိုး မဟုတ်ဘူးနော် NLD ဒုဥက္ကဌ


ကြိုးကိုင်ရတိုင်း ကောင်းတာမဟုတ်ဘူး


ဝမ်းနည်းခြင်းအထိမ်းအမှတ် သံချပ်


ဂျပန်ဆူနာမီနဲ့ နူကလီးယားကြောင့် မြန်မာတို့အပါအ၀င် တစ်ကမ္ဘာ လုံးစိုးရိမ်စိတ်ပူနေချိန်၊ တြိဂံဒေသ တာလေငလျှင်ကြောင့် မြန်မာတွေ သေဆုံးကြေကွဲနေချိန်တွေကြောင့် နှစ်စဉ် ခမ်းခမ်းနားနားကျင်းပမြဲဖြစ်တဲ့ တပ်မတော်နေ့ ကိုတောင် နိုင်ငံတော် အကြီးအကဲများက ခမ်းခမ်းနားနား မကျင်းပပဲ နေခဲ့ပါတယ်။ ဒါပေမယ့် အိန္ဒိယ ရောက် မြန်မာအတိုက်အခံများက ဒိုးပတ်များတီးပြီး သံချပ်များကို သီဆိုဖြန့်ဝေနေပါတယ်။ အခြေအနေနဲ့ အချိန်အခါကို နားမလည်တာလား၊ အထောက်အပံ့တွေရဖို့ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုပြီး လုပ်တာလားဆိုတာကိုတော့ သူတို့တွေ ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ နှစ်စဉ် ပေါချာချာ စာသားတွေကို တောင်အော်မြောက်အော် အော်ရင်း သံချပ်ပါ လို့ နာမည်တပ်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့ဒီ နှစ်စဉ် သံချပ်သီဆိုမှုက မြန်မာပြည်သူ ဘယ်တစ်ဦး တစ်ယောက်ကိုမှ ခုချိန်ထိ အကျိုးမပြုခဲ့ပါဘူး။ အကျိုးပြုတဲ့လူ တချို့တော့ရှိပါယယ်။ အဲ့ဒါကတော့ ပိုစ့်ရှာနေတဲ့ အတိုက်အခံ ပညာမဲ့ ဘလော့ဂါတွေပါပဲ။ အိုးပဲ့နှင့် စလောင်းပဲ့နဲ့ကတော့ တည့်နေတာပါပဲ။ သူတို့ကိုယ်သူတို့တော့ ဟုတ်လှပြီထင်နေကြတာပါ။ သူတို့တွေ ပဲ့နေတာကို ဘေးက ပြည်သူတွေအားလုံးက ကြည့်ရင်း စိတ်ပျက်နေကြပါပြီ။

ငလျင်နှင့် ဆူနာမီကြောင့် ကြေကွဲရသူများ


တာလေငလျင်ကြောင့် ပျက်ဆီးရမှုများ

ဝမ်းနည်းခြင်းအထိမ်းအမှတ် သံချပ်ဆိုကြသူများ


လက်စားချေတဲ့ ကဗျာ

၁၉၉၀ ခုနှစ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၊ ဒုတိယ ပင်လုံ၊ တိုင်းပြည်အတွက် ကောင်းစားမည်ဆိုလျှင် (ကြံ့ဖွံ့ပါတီ) ကိုတောင် လက်တွဲနိုင်ပါတယ် ဆိုသောစကားများ ပြောကြားထုတ်ဖော်ခဲ့သောကိစ္စ တခုမျှ မအောင်မြင်ခဲ့သည့် ဒေါ်စုကြည်တစ်ယောက် အကျယ်ချုပ်ကျခံစဉ်က ဂျပန်နိုင်ငံရောက်မြန်မာများနှင့် ဂျပန်အချို့က ဒေါ်စုကြည် လွတ်အောင်ကိုယ်ထိလက်ရောက် ဘာမှမလုပ်ပေးနိုင်တဲ့အပြင် သူတို့ဘာပြောပြောလုပ်မပေးမှန်းသိလျှက်နှင့် မြန်မာသံရုံးရှေ့တွင် ချက်ချင်းလွှတ် ချက်ချင်းလွှတ် ဟူ၍ သွားအော်ခဲ့ကြသည်။ ၎င်းကဲ့သို့ အဓိပ္ပါယ်မရှိသော လုပ်ရပ်များဖြင့် ဒေါ်စုကို နာမည်တပ်သည့် ဂျပန်မှ မြန်မာနှင့် ဂျပန်များကို ဒေါ်စု မကျေနပ်သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်ရာ ယခုတစ်ကြိမ် စူနာမီနှင့် ငလျင်ကြောင့် ထိုသူများ ဒုက္ခရောက်နေချိန်တွင် တန်ပြန်သင်ခန်းစာအနေဖြင့် ဒေါ်စုမှ လက်စားချေခဲ့သည်။ လက်စားချေပုံမှာ မြန်မာနိုင်ငံတွင်းနေအိမ်အကျယ်ချုပ်မှ ဒေါ်စုလွတ်မြောက်ဖို့ ဘာမှ အကျိုးမရှိသည့် ဂျပန်နိုင်ငံ လမ်းပေါ်မှ အော်ဟစ်ကြိုးစားသူများအတွက် ဒေါ်စုကြည်ကလည်း ဂျပန်နိုင်ငံတွင်းမှ စိုးရိမ်ကြောင့်ကျနေကြသော လူများအတွက် မြန်မာနိုင်ငံတွင်းမှ ဘာမှအကျိုးမရှိသည့် ကဗျာများ ရေးစပ်သည့် ပြိုင်ပွဲကို ကျင်းပခဲ့သည်။

အကျယ်ချုပ်ကျခံစဉ်က မြန်မာနိုင်ငံတွင်းမှ ဒေါ်စုအတွက် ဂျပန်နိုင်ငံက လမ်းပေါ်မှ အော်သံများက ဘာမှအကျိုးမရှိသလို၊ ဂျပန်မှ ဒုက္ခသည်များအတွက် ကဗျာပြိုင်ပွဲမှ ကဗျာများကလည်း ဘာအထောက်အကူမှ မဖြစ်တာတော့ အသိသာပါပဲ။


ငါ(မှား)လား မင်း(မှန်)လား

နောက်တစ်ခုရှိပါသေးတယ်။ ဘီဘီစီ၊ ဗွီအိုအေ၊ ဒီဗွီဘီ၊ အာအက်ဖ်အေ တို့ကို နေ့စဉ်နဲ့အမျှ နားထောင်ပြီး ပြောသမျှ အမှန်ထင်၊ မြှောက်ပေးသမျှ မြောက်နေတဲ့ဒေါ်စုကြည်မှာ ခုဆိုရင် ဘာဆို ဘာတစ်ခုမှ မလုပ်တတ်မကိုင်တတ်ဖြစ်နေတာ အားလုံး သိနေကြပါပြီ။ ဒေါ်စုကြည်ကလည်း သူနားထောင်ခဲ့စဉ်က ဒေါ်စုကြည်အတွက်ဆိုပြီး ခေါင်းစဉ်တပ် လုပ်စားနေသူများကို အတော်လေး ရွံ့မုန်းနေခဲ့တယ်ဆိုတာကို ဂျပန်ဆူနာမီအတွက် ကဗျာရေးတာကို ကြည့်ပြီး သိနိုင်ပါတယ်။ နောက်ထပ် အသိသာဆုံးတစ်ချက်ကတော့ ဒေါ်စုမလွတ်ချင်က ပြည်သူ့လက်နက် ကြက်ခြေခက် ဆိုပြီ အမှားခြစ် ခြစ်နေသူအားလုံးကို ဒေါ်စုကြည်က လွတ်လွတ်ချင်း ဆန့်ကျင်ခဲ့ပါတယ်။ သူမရဲ့ ပထမဆုံး စကားပြောပွဲမှာ ဘာမဆိုင်ညာမဆိုင် (ဘာဆို ဘာမှမဆိုင်ပဲ) အမှန်ခြစ်ကြီး တစ်ခု ခြစ်ပြခဲ့ပါတယ်။

ဘာမှတော့ မဆိုင်ဘူး၊ အမှန်ခြစ်တယ် - ပုံ ဒေါ် အောင်ဆန်းစုကြည်
(အမှန်ခြစ်အကြောင်း NLD မှ ပြောရေးဆိုခွင့်ရှိသူများကို သွားမေးပြီး ဒုက္ခမပေးကြနဲ့အုံး)

ဘာပဲဖြစ်ဖြစ် အမှားခြစ်တယ် - ပုံ ဒေါ် လာစားအတိုက်အခံများ


လွတ်လပ်မှုအတွက် ခုံ ချ

အံ့ဖွယ်လုပ်ရပ် တစ်ခုကို အတိုက်အခံတစ်ဦးဖြစ်တဲ့ ဘားမားကန်ပိမ်း ယူကေ မှ ဝေနှင်းပွင့်သုန် က လုပ်ပြသွားပြီးတဲ့နောက်မှာ ကျွန်တော်လည်း ဝေနှင်းပွင့်သုန်ရဲ့ ဘာမှန်းမသိတဲ့ သမိုင်းဝင် လုပ်ရပ်ကို လေးစားအားကျလို့ လွတ်လပ်မှုအတွက် ခုံ (၃) လုံးကို အိမ်အပေါ်ထပ်ကနေ ပစ်ချခဲ့ပါတယ်...။ ပစ်မချခင်ထိ အောက်မှာ ထုံးစံအတိုင်း ကိုယ့်အချင်းချင်း သတင်းထောက်တွေ စောင့်နေကြပြီး ခုံ တစ်လုံးပြီး တစ်လုံး ပစ်ချမှုကို ရင်သတ်ရှုမော ကြည့်ခဲ့ကြပါတယ်။ ပြီးသွားချိန်မှာတော့ တစ်ချို့က အပေါ်ကို ပြေးတတ်လာကြပြီး ကျွန်တော့ကို အင်တာဗျူးကြပါတယ်။ တစ်ချို့ကတော့ မကျိုးသေးတဲ့ ခုံ ကို ပြေးပြီး လုကြပါတယ်။





မေးသူ။ ။´ခုလို ခုံ ချရတော့ ဘယ်လိုခံစားရပါလဲ´

ကျွန်တော်။ ။´အရမ်းကို ကျေနပ်ပါတယ်၊ ခုံမချခင်မှာ အောက်ကို မကြည့်ဖို့မှာထားလို့ မကြည့်ပါဘူး။ ဘယ်သူ့ပေါ် ပြုတ်ကျကျ ကျပစေဆိုပြီး သရီး.. တူး...၀မ်း.. ဇီးရိုး... ဆိုတာနဲ့ ပထမ တစ်လုံးကျပစ်ချတော့တာပါပဲ။ အဲ့ဒီနောက် နောက်နှစ်လုံး ပစ်ချလိုက်ပါတယ်။ အရမ်းပျော်ပါတယ်... ခုံတွေက အဖေ့ UNHCR ရုံးက အဖေယူလာတဲ့ ခုံတွေပါ... နောက်တစ်ကြိမ် အိမ်ခေါင်မိုးပေါ်ထိတက်ပြီး ၁၀ လုံးလောက် ပစ်ချဖို့ အဆင်သင့်ပါပဲ..... ´


ဂိမ်မန်ဦးမှာ ရှော့မရှိဘူး

အံ့ဖွယ်လုပ်ရပ် နောက်တစ်ခုဖြစ်ပြီး မြန်မာပြည်သူတစ်ဦးတစ်ယောက်အတွက်မှ အကျိုးမရှိတဲ့အပြင် မှတ်သားစရာ၊ သမိုင်းတွေ၊ ဗဟုသုတတွေ တစ်ခုမှ မပါဝင်တဲ့ ´အာရုံဦးမှာ လျှော့ရှိတယ် ဆိုတဲ့´ ပေါချာချာ ဗွီဒီယိုဖိုင် တစ်ချို့ကို ဘီဒီစီ က အဖွဲ့တွေ က ထုတ်လွှင့်ခဲ့ပါတယ်။ ကြည့်ရှုသူတွေရဲ့ မကောင်းတဲ့ တုန့်ပြန်ချက် ဆိုးဆိုးဝါးဝါးတွေကို ခံရပေမယ့်လည်း ဆန္ဒပြစရာ အကြောင်းအချက်ကလည်းမရှိ၊ ရွေးကောက်ပွဲလုပ်ပေးဖို့ကလည်း ပြောလို့မရ၊ ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးဖို့ကလည်း ပြောလို့မရ၊ ဘာမှ ခေါင်းစဉ်တပ်မရပဲ အထောက်အပံတွေကို အလကားထိုင်စားနေလို့ မဖြစ်တာကြောင့် နောက်တစ်ခု လုပ်ကွက်ပြဖို့ ´ဟေမန်ဦးမှာ လျှော့ရှိတယ်´ ဆိုတဲ့ ဇတ်ကားကို အရင် အူကြောင်ကြောင်လူတွေနဲ့ပဲ ထပ်ရိုက်ခဲ့ပါတယ်။ ထုံးစံအတိုင်း ကြည့်ရှုသူတွေအတွက် ဘာရလဒ်မှမပေးနိုင်ပါဘူး။ မြန်မာအတိုက်အခံတို့က အစိုးရကို ဆန့်ကျင်ဖို့ ရိုက်တဲ့ နိုင်ငံရေး (သို့) တော်လှန်ရေးဇတ်ကားဆိုတာ ဒါမျိုးပါလား ဆိုပြီး မကောင်းတဲ့ သမိုင်းပဲ ကျန်ခဲ့ပြီး နောင်လာနောက်သားတို့ ပြန်ကြည့်ရင်း လှောင်ရယ်နေကြမယ့် ရလဒ်ဆိုးတစ်ခုပဲ ပေးပါလိမ့်မယ်။ အဲ့လို နိုင်ငံရေး (သို့) တော်လှန်ရေး ဇတ်လမ်းဆိုတာ ဘာအနှစ်သာရမှမလို၊ ဘာဗဟုသုတမှ မလို၊ ဝတ္ထုမလို၊ သမိုင်းမလို ပဲ ပြောချင်တာပြော၊ လုပ်ချင်ရာလုပ်ပြီး ရိုက်လို့ရမှန်း သိချိန်မှာ ကျွန်တော်တို့ Myanmar Express Group မှ မင်းသားချော မင်းသမီး ချော လေးနဲ့ နိုင်ငံရေး ဇတ်လမ်းတစ်ခုကို ရိုက်နေပါပြီ ဇတ်လမ်းနာမည်ကတော့ ဂိမ်မန်ဦးမှာ ရှော့မရှိဘူး ပဲ ဖြစ်ပါတယ်။ မကြာမှီ လာမည် မျှော်.....။


အာရုံဦးမှာ လျှော့ရှိတယ် သမိုင်ဝင်မည့် နိုင်ငံရေး ဇတ်ကားကြီးမှ ဇတ်ဝင်ခန်းများ


ဂိမ်မန်ဦးမှာ လျှော့မရှိဘူး ဇတ်ကားမှ ဇတ်ဝင်ခန်းတစ်ခု



Myanmar Express

ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘာမှ မဟုတ်ပါဘူး



(၂၀) ရက်နေ့ နေ့လည် ၁၁ နာရီက City Star ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ဗမာ့နိုင်ငံရေးမိတ်ဆွေပါတီများရဲ့ ရွေးကောက်ပွဲအတွေ့အကြုံရှင်းလင်းပွဲမှာ မြန်မာအမျိုးသားကွန်ဂရက်ပါတီက ဦးကောင်းမင်းထွဋ်က ဒေါ်အောင်ဆန်းစုကြည်ဆိုတာ သူမရဲ့ ဖခင်လို အမျိုးသားခေါင်းဆောင်ကြီး မဟုတ်ကြောင်းအောက်ပါအတိုင်း ပြောကြားသွားခဲ့ပါတယ် - 


““ဒေါ်စုကို နိုင်ငံရေးမှာပြန်ပါဖို့၊ ၉၀ ရလဒ်ကိုစွန့်လွှတ်ဖို့ ပါတီမှတ်ပုံတင်ဖို့ တိုက်တွန်းခဲ့တာ ကျနော် ပထမဆုံးဖြစ်နိုင်ပါတယ်””

““၈၈မှာ ကျောင်းသူတွေ သွေးထွက်သံယိုဖြစ်နေတဲ့အချိန် ဒေါ်စုကို လမ်းပေါ်မှာ တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး””

““ဒေါ်စုဟာ အမျိုးသားခေါင်းဆောင်မဟုတ်ပါဘူး။ ဒီမိုကရေစီခေါင်းဆောင်တွေအများကြီးထဲက တစ်ဦးသာဖြစ်ပါတယ်။ ဒေါ်စုဟာ ၈၈ ကျောင်းသားတွေကို မွေးဖွားပေးခဲ့တာမဟုတ်ပါဘူး။
ဒေါ်စုဟာ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းကြောင်း ကြေငြာမှ လမ်းပေါ်ထွက်လာတာဖြစ်ပါတယ်””

““အန်အယ်လ်ဒီဟာ ၉၀ မှာ အင်အားကြီးကြီးနဲ့ အနိုင်ရခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အဖျားရှုးသွားပါတယ်””

““အန်အယ်လ်ဒီက ဘာလို့ ကျနော့်ကိုအနိုင်ယူတာလဲ။ ကျနော့်ကိုအနိုင်ယူရင်ကော အရသာရှိသွားသလား။ အန်အယ်လ်ဒီအတွက် ငါးသိန်းကလွယ်ချင်လွယ်မယ်။ ကျနော်တို့အတွက် ငါးသိန်းက ရှိတာရောင်းပြီးလုပ်ရတာ။ ကျနော်လေယာဉ်ပျံနဲ့ စည်းရုံးရေးမဆင်းနိုင်ပါဘူး””

““နိုင်ငံရေးအရ မှားယွင်းတဲ့အပြတွေ ပြတယ်။ ရှုပ်ထွေးအောင်လုပ်ပစ်တယ်။ ဂျာနယ်တွေက ၀ိုင်းပြီး Lobby လုပ်ပေးတယ်။ အဲဒါနဲ့ နိုင်သွားတော့ ပျော်ကြပြန်ရော””    ဟုပြောကြားသွားခဲ့သည်။ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လွတ်လပ်ရေးဖခင်ကြီးရဲ့ သမီးဆိုသော အရှိန်ဖြင့် ဈေးရောင်းပွဲတော်တွေလုပ်၊ရရှိလာသော ပိုက်ဆံများဖြင့် ရွေးကောက်ပွဲမတိုင်ခင် စည်းရုံးရေးဆင်းတဲ့နေရာ အရပ်ဒေသတွေမှာ ပေါပေါသီသီ သုံးနိုင်ပေမယ့်လည်း အခုလိုဖွဲ့စည်း ပါတီသစ် တွေမှာ အခက်အခဲ တော်တော်များများ ရှိနေကြောင်းတွေ့ရှိရသည်။မီဒီယာတွေဘက်မှ ပြန်လည်ကြည့်ရူလျှင်လည်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်သည့် ခရီးစဉ်တိုင်း ဒေါ်စု အိမ်ကနေထွက်တာ၊လမ်းမှာထမင်းစားတာ၊အိမ်သာတက်တာ၊သေးပေါက်တာက အစ  သတင်းအနေနဲ့ထုတ်ပြနေကြောင်းလည်း တွေ့ရှိရပါသည်။ကျန်ပါတီများစည်းရုံးရေးဆင်းတာ၊ပြည်
သူ့အတွက်လုပ်ဆောင်ပေးတဲ့ အရာမျိုးတွေကို တော့ ချန်လှပ်ထားကြောင်းကိုတော့ အများပြည်သူများ တွေ့ရှိကြမှာဖြစ်ပါသည်။ 


Myanmar Express 

ဒေါ်အောင်ဆန်းစုကြည်သို့ နောက်ဆုံး ပေးစာ


ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား ...

ဒီစာကို လေးလေးစားစားဖြင့် ရေးသားလိုက်ပါတယ်။ ယခုစာရေးချိန် ထိ လေးစားလျက်ပါ။ အောက်ပါမေးခွန်းများကို သေသေချာချာ စဉ် စားပြီး ဖြေစေလိုပါတယ်။

(၁) ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် တိုက်တွန်းမိန့်ကြားခဲ့လို့ မဲ မပေးဘဲနေခဲ့သူများအတွက် ဘာလုပ်ပေးခဲ့ပြီးပြီလဲ၊ ပြင်ဆင်ထားပြီ လား။

(၂) VOA, RFA, BBC, DVB အသံလွှင့်ဌာနများက ဒေါ်စုနဲ့ အန်အယ် လ်ဒီကို အမွှန်းတင်လွန်းတဲ့ အရှိန်ကို မီအောင် ဒေါ်စု လိုက်မလုပ် နိုင်ခြင်းကို ပြည်သူလူထုက နားလည်ပေးနေတာ သိပါရဲ့လား။

(၃) ဒေါ်စုအနေနဲ့ ပြည်သူလူထုရဲ့လေးစားကြည်ညိုမှုကိုသာ ခံယူတတ်ပြီး ပြည်သူလူထုအတွက် ဘာမျှလုပ်မ ပေးနိုင်တာကို သတိပြုမိပါရဲ့လား။

(၄) လယ်ယာမြေကိစ္စ၊ မတရားဥပဒေမဲ့အနိုင်ကျင့်ခံရသောကိစ္စများကို အောက်ခြေအရောက် ကိုယ်တိုင်ဆင်း ပြီး သွားရောက်ကူညီဆောင်ရွက်ပေးခြင်း ရှိခဲ့ပါသလား (ဒီအချက်ဟာ အဓိက နိုင်ငံရေးတိုက်ကွက်ဆိုတာ သိစေချင်တယ်)။

(၅) ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဆန့်ကျင်ရေး၊ ၁၉၉၀ ခုနှစ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၊ ပင်လုံညီလာခံ၊ တိုင်းပြည်အတွက် ကောင်းစားမည်ဆိုလျှင် (ကြံ့ဖွံ့ပါတီ) ကိုတောင် လက်တွဲနိုင်ပါတယ် ဆိုသောစကားများ ပြောကြားထုတ်ဖော်ခဲ့သောကိစ္စ တခုမျှ မအောင်မြင်ခဲ့သည်ကို ပြန် လည်သုံးသပ်မိပါသလား။

(၆) ယခု ဒေါ်စုနဲ့ အန်အယ်လ်ဒီပါတီ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တာ မအောင်မြင်ဘူး၊ အစိုးသစ်ပေါ် လာပြီိ။ မိမိမကြိုက်တဲ့ အစိုးရသစ်ကို ဘာလုပ်မလဲ။

(ရ) မြင့်သောနေရာမှနေသော ဒေါ်စုက အခြားနိုင်ငံရေးသမားများကို စတင်ဖိတ်ခေါ် ဆွေးနွေးရမည့်အစား ဒေါ်စုကို တွေ့ခွင့်တောင်းနေရခြင်းသည် နိုင်ငံရေးဆုံးရှုံးမှုတရပ်ဖြစ်ခဲ့သည်ကို သတိထားမိပါသလား။


ဦးအေးမြင့် (လမ်းပြကြယ်)



Myanmar Express

Foreign Media သြော် နိုင်ငံခြားမီဒီယာ

နေ့တော့ ဖုန်းလာတာနဲ့ ကောက်ကိုင်လိုက်တော့ ဂျပန်သတင်းထောက် တယောက်က ခေါ်တာဖြစ်နေတယ်။ အဲဒီ ဂျပန် သတင်းထောက်ရဲ့ သတင်းဌာနက ဘန်ကောက်မှာ အခြေစိုက်ထားတာ။ ကိုယ်ကလည်း ဘန်ကောက် မှာ နေတာဆိုတော့ တခါတရံ မြို့ထဲမှာ သူနဲ့ ဆုံတဲ့အခါလည်း ဆုံဖြစ်ပါတယ်။ လူချင်း မျက်မှန်းတန်းမိနေတယ် ဆိုပါတော့။ အဲဒီ ဂျပန်က တွေ့လိုက်ရင် ခပ်ပြုံးပြုံးနဲ့ သဘောကောင်းတဲ့ ပုံပါပဲ။ သူကမေးတယ် သူမြန်မာပြည်က ရိုက်လာတဲ့ ဗွီဒီယို အခွေကို အင်္ဂလိပ်လို ဘာသာပြန်ချင်ပါတယ်တဲ့။ အဲတာ ကျနော်များ ဘာသာပြန်ပေး နိုင် မလားဆိုပြီး မေးပါတယ်။ ကျနော်ကလည်း ဘာသာပြန်တဲ့ အလုပ်ကို လုပ်နေတာဆိုတော့ ကောင်းပြီပေါ့လေ
ပြ န်နိုင် ပါတယ်လို့ ဖြေလိုက်တယ်။

အဲတာနဲ့ နောက်နေ့ကျတော့ သူတို့ ရုံးကိုသွားလိုက်တယ်။ ဂျပန်သတင်းထောက်က သူမြန်မာပြည်က ရိုက်လာတဲ့ အခွေကို ပြပါတယ်။ တခြားအကြာင်းတော့ မဟုတ်ပါဖူး။ မြန်မာတိုင်းရင်းဆေး၊ ဘယဆေးတွေနဲ့ ပတ်သက်တဲ့ အကြောင်းပါပဲ။ တိုင်းရင်းဆေး ဖေါ်စပ်တဲ့ လူတွေအကြောင်း ပါသလို တိုင်းရင်းဆေး ရောင်းချတဲ့ ဆိုင်ပိုင်ရှင်တွေနဲ့ အင်တာဗျူးတာတွေလည်း ပါပါတယ်။ နောက်ပြီးတော့ တိုင်းရင်းဆေး ဆရာကြီးတွေ လူနာတွေကို ဘယ်လိုဘယ်ပုံ ကုသတယ် ဆိုတဲ့ ဇာတ်လမ်းသဘော မျိုးလေးတွေလဲ ပါသေးတယ်။ အဲတာ အပြင် မန္တလေးက တိုင်းရင်းဆေးကောလိပ်မှာ ဆရာတွေ၊ ကျောင်းသားတွေနဲ့ အင်တာဗျူး ထားတာတွေလဲ ရှိသေးတယ်။ ပြောမယ်ဆိုရင် အခွေက စုစုပေါင်း တနာရီခွဲစာလောက် ရှိတယ်။

ဂျပန်သတင်းထောက်က ကျနော့်ကို ရှင်းပြပါတယ်။ အင်္ဂလိပ်လို ပြန်ပြီးရင် သူတို့က ဂျပန်လို ဘာသာ ဆက်ပြန် ပြီး ဂျပန်နိုင်ငံမှာ ပြဖို့ ရှိတယ်လို့ ဆိုပါတယ်။ ကျနော့်အနေနဲ့ ကတော့ ကိုယ့်ရဲ့ မြန်မာ့ရိုးရာ တိုင်းရင်းဆေးအကြောင်း ဘာပဲပြောပြော နိုင်ငံတကာက သိတယ်ဆိုရင် အမြတ်ပဲလို့ တွက်မိပါတယ်။ ကိုယ့်ရဲ့ ရိုးရာတိုင်းရင်းဆေးကို ကြော်ငြာသလိုတောင် ဖြစ်သေးတာမို့ ကောင်းတယ်လို့ ဆိုလိုတာပါ။

သို့သော်လည်း ဂျပန်သတင်းထောက်က ကျနော့်ကို ဒီတရက်ထဲနဲ့ အပြီးဘာသာပြန်လို့ ရမလားဆိုပြီး မေး လာပါတယ်။ အဲတော့ ကျနော်က ဗွီဒီယိုခွေတွေ အသံဖိုင်တွေကို ဘာသာပြန်ရတာ အချိန်အလွန်ယူ ရကြောင်း ပြောပြပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ အသံမကောင်းတာ၊ မကြည်လင်တာ၊ ဒေသခံ အသုံးအနှုန်း ဖြစ်နေလို့ ချက်ခြင်းနားမလည်ရင် ပြန်ရစ်ပြီး ပြန်နားထောင်ရတာ အစရှိတဲ့ အခက်အခဲတွေကြောင့်လို့ ရှင်းပြပါတယ်။ ကျနော့် အတွေ့အကြုံအရ ဆယ့်ငါးမိနစ်စာ အသံဖိုင်တခုဟာ အစကတည်းက ပြောတာလည်းမရှင်း အကြောင်းအရာကိုလည်း တိုက်ရိုက် နားလည်အောင် မပြောနိုင်ရင် တနေကုန်အောင် ပြန်ယူရပါတယ်။ ဒါကြောင့် ကျနော် နဲနဲလောက်တော့ ကြည့်ပါရစေလို့ ဂျပန် သတင်းထောက်ကို ရှင်းပြပါတယ်။ အဲတော့ သူကလည်း အိုကေပေါ့လေ။

အဲဒီအခွေကို ဆယ့်ငါးမိနစ်လောက် ကြည့်ပြီးတော့မှ ကျနော်က ဘာသာစပြန်မယ်လို့ ဆိုတော့ သူက ကွန်ပြူတာ ထုတ်ပေး ပါတယ်။ ဘာသာပြန်ရင်း ပြန်ရင်းနဲ့ နေ့လည် ထမင်းစာချိန်ရောက်တော့ ကျနော်ထမင်း ထွက်စားတယ်။ စားပြီးပြီးချင်း ပြန်လာပြီး ဆက်ပြန်တယ်။ ညနေ ငါးနာရီခွဲ လောက်ရှိတော့ ဂျပန်သတင်းထောက် ကျနော့်စားပွဲကို ပေါက်ချလာပြီး ဘယ်နှမိနစ်စာ ပြန်ပြီးပလဲဆိုတာ လာကြည့်တော့ ငနဲသား စိတ်ပျက်သွားဟန် တူတယ်။ မိနစ် ၂ဝ စာပဲပြီးသေးတာကိုး။ ဆိုတော့ကာ နောက်ထပ် တနာရီနဲ့ ဆယ်မိနစ်စာ ကျန်နေသေးလို့ပါ။ သူ့စိတ်ထဲမှာ တရက်ထဲနဲ့ ပြီးရင် အချိန်ကုန် သက်သာတယ် ကျနော့်ကိုပေးရမယ့် ဘာသာပြန်ခကလည်း တရက်စာပဲ ပေးရမယ်။ နောက်ရက်မှာ သူက အင်္ဂလိပ်ကနေ ဂျပန်လို ဘာသာပြန်မယ်လို့ မှန်းထားပုံ ရပါတယ်။ ခြောက်နာရီ ထိုးခါနီးတော့ ကျနော်က ဘာသာပြန်တာကို ရပ်လိုက်ပြီး ပြန်တော့ မယ် နောက်နေ့ မနက်မှာ ပြန်လာပြီး ဆက်လုပ်မယ်လို့ သူ့ကိုပြောလိုက်တယ်။

ကိုရွှေဂျပန်လည်း ကျနော့်ကို တရက်စာ လုပ်အားခ ထုတ်ပေးရင်း နောက်နေ့မှာ စောစောလာဖို့ မှာပါတယ်။ ပြီးတော့ တဆက်ထဲ မျိုးဆက်သစ်နဲ့ မျိုးဆက်ဟောင်း ကွာတယ်ဆိုတာ ဒါမျိုးကိုပြောတာ ထင်ပါရဲ့လို့ ငြီးတွားသလိုလို ပြောပါတယ်။ သူ့စိတ်ထဲမှာ ဖြစ်နေတာကို ကျနော်ဖြတ်ကနဲ သဘောပေါက်ပါတယ်။ အသက်နှစ်ဆယ်ကျော် သုံးဆယ် အရွယ်မျိုးဆိုရင် အလုပ်လုပ်တာ မြန်တယ်။ ကျနော့်လို အသက်လေးဆယ်ကျော်က နှေးသွားပြီဆိုတဲ့ သဘောကို ဆိုလိုချင်မှန်း ကျနော် နားလည် လိုက်ပါတယ်။ ကျနော့်စိတ်ထဲမှာတော့ ဒီဂျပန်ကို မနက်ဖြန်ကျရင် ဘာသာပြန်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပညာပေးရမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

နောက်တရက် မရောက်ခင်မှာ ကျနော် ဘာသာပြန်ရတဲ့ အင်တာဗျူးတွေကို စာဖတ်တွေသိအောင် နဲနဲလောက်တော့ ထည့်ပြောမှ ဖြစ်မယ်။ မြို့ကြီးတမြို့က မြန်မာတိုင်းရင်းဆေး ရောင်းတဲ့ဆိုင်က ဆိုင်ပိုင်ရှင်ရဲ့ သားဖြစ်သူနဲ့ အဲဒီဂျပန် အင်တာဗျူး ထားတာကို နမူနာ ပြောပြရဦးမယ်။ အဲဒီတုန်းကလည်း ကြားမှာ ဗွီဒီယို ရိုက်နေရင်း အင်္ဂလိပ်မြန်မာ နှစ်ဘာသာနဲ့ ဘာသာပြန်ပေးတဲ့သူ တယောက် ရှိနေပါတယ်။

ဂျပန်သတင်းထောက်က “အခုခေတ်မှာ မြန်မာတွေအနေနဲ့ တိုင်းရင်းဆေးကို ပိုပြီး အသုံးပြုလာကြတယ် လို့ ပြောနေကြတာ ဟုတ်ပါသလား။ ဟုတ်တယ်ဆိုရင်လည်း ဘာကြောင့် တိုင်းရင်းဆေးကို ပိုပြီး အသုံးပြုလာကြ သလဲဆိုတာ ပြောပြပေးပါ ” ဆိုပြီး မေးပါတယ်။ ဆိုင်ရှင်ရဲ့ သားဖြစ်သူ လူငယ်က ဒီလိုပြန်ဖြေ ပါတယ်။ “သြော် ဟုတ်ကဲ့။ ဒီလိုပါခင်ဗျာ။ တိုင်းရင်းဆေး ဆိုတာကတော့ ဒီမှာ လူတိုင်းသုံးနေကြတာပဲ။ ကျနော်တို့ဆီမှာတော့ လူတိုင်းသုံးကြပါတယ်။ နောက်တချက်ကလည်း အဟွာပေါ့လေ၊ တိုင်းရင်းဆေးဆိုတာ ရှေးတုန်းကလည်း သုံးနေတာဆိုတော့။ ကျနော်တို့ ဆိုင်မှာတင် ရောင်းတဲ့ ဆေးတွေဟာ ကျနော်တို့ အဖိုးလက်ထက်က အတိုင်း မူမပြောင်းပဲ ဖော်ထားတာခင်ဗျ။ နောက် လူတွေကလည်း ဟိုဒင်း ဖြစ်ကြပါတယ်။ သုံးကြပါတယ်၊ သုံးကြပါတယ်။ ဟိုဟာဖြစ်တာလည်း ပါတာပေါ့။”

နောက်တနေရာမှာလည်း ဆိုင်ရှင့်သားလေးက ကြားထဲက ဘာသာပြန်ပေးနေတဲ့ သူကို “အကိုရာ အကိုပဲ အဲဒီဂျပန်ကို ပြောလိုက်စမ်းပါ။ တိုင်းရင်းဆေးဆိုတာက ရှေးဗမာမင်းတွေ လက်ထက်ကထဲက သုံးလာတာ။ ဘုရင်တွေတောင် သုံးတာဆိုတော့ ဆေးကစွမ်းလို့ပေါ့ မဟုတ်ဖူးလား။ အဟွာဖြစ်ရင် လူတွေက သုံးပါ့မလား။ တချို့ဟာတွေ ကတော့ ဟိုဒင်းဖြစ်တာလည်း ရှိတာပေါ့။ ဒီခေတ်ကြီးထဲမှာ လူတွေကလည်း အဲသလိုပေါ့လေ ကျနော်တို့ ထင်သလို မဟုတ်တာမျိုးလဲ ရှိသေးတယ်။ နောက် ကျနော်တို့ဆိုင်က ဆေးတွေက ဟိုဒင်းမဖြစ်ပါဖူး။ တချို့ကလည်း တိုင်းရင်းဆေးဆိုတာ ဘာညာပေါ့လေ။ ဒါပေမယ့် ကျနော်တို့ဆိုင်က ဖောက်သည်တွေကတော့ တိုင်းရင်းဆေးမှ တိုင်းရင်းဆေးပဲ”။

အဲတာမျိုးကို ကျနော်က ဘာသာပြန်ရတာ ဆိုတော့ အတော်လေး ခေါင်းကိုက်ပါတယ်။ မေးတဲ့သူ လိုချင်တဲ့ အဖြေ မဟုတ်မှန်းလည်း ကျနော်က ကြားထဲကသိနေတယ်။ အဲတာကို ကျနော်က တတ်နိုင်သမျှ ဆီလျှော်အောင် ဘာသာပြန် ပေးပါတယ်။ ဒါကို ဂျပန်ကတွေ့တော့ ဆိုင်ရှင့်သားလေး ဖြေတာ အဲသလို ဟုတ်ရဲ့လားလို့ ကျနော့်ကို မေးပြန်ပါရော။ ဘယ်နှယ့် လုပ်ကြမလဲ။ မြန်မာပြည်က ဗျူးခဲ့တဲ့ သူတွေကို ဒီကိုခေါ်ပြီး ထပ်မေးမြန်းဖို့ ဆိုတာကလည်း ဖြစ်မှမဖြစ်နိုင်တာ။ နောက်တော့ ဂျပန်က ကျနော့်ကို ဒီလိုလုပ်ပါလား ဆိုပြီး အဆိုတင်လာ တယ်။ တခြားတော့ မဟုတ်ဖူး။ အင်တာဗျူးခံရတဲ့သူ ပြောတာမှန်သမျှကို ကျနော်က တလုံးမကျန် အင်္ဂလိပ်လိုပြန်၊ ပြီးမှသူက အဲတာကို ဂျပန်လို ပြန်မယ်ပေါ့။ ဆိုလိုတာက ကျနော် ဆီလျှော်အောင် ပြန်ပေးနေ တာကို ငနဲသားက မသင်္ကာသလိုလို မပြည့်စုံသလိုလို ထင်နေတာကိုး။ ဒါနဲ့ ကျနော်လည်း အိုကေ ကောင်းပြီလေဆိုပြီး သဘောတူလိုက်တယ်။ ကျနော့်အကြိုက် ဖြစ်သွားတာပေါ့။ လူတဖက်သား လွယ်လွယ် နားမလည်အောင် ပြောထားတဲ့ စကားကို ဆီလျှော်အောင် ဘာသာပြန်ရတာက ပိုခက်တယ်။ ဘာသာပြန်သူက ဘာကိုမှ တာဝန်ယူစရာမလိုဘဲ တဖက်က ပြောသမျှကို အင်းတွေ၊ အဲတွေ၊ ဟိုဒင်းတွေ၊ အဟွာတွေ၊ ပေါ့နော်တွေ၊ အဲသလိုပဲပေါ့တွေ ကိုပါ ထည့်ပြန်ရမယ်ဆိုတော့ လွယ်သမှ သိပ်လွယ်တာပေါ့။

နောက်တချက်ကလည်း အင်တာဗျူးခံရတဲ့ ဆိုင်ရှင်ရဲ့ သားလေးဟာ သူမိသားစု ရိုးရာစီးပွားရေး အလုပ်ကို လုပ်နေတဲ့သူသာ ဖြစ်ပါတယ်။ မီဒီယာတွေနဲ့ ရင်ဆိုင်တွေ့ရရင် ဘယ်လိုဘယ်ပုံ လှလှပပ ပြန်ဖြေမယ် ဆိုပြီး လေ့ကျင့်ပေးထားတဲ့သူ မဟုတ်တော့၊ သူသဘော ပေါက်သလို သူတတ်သလိုပဲ ဖြေမှာပြောမှာပေါ့။ သူ့မှာ အပြစ်မရှိပါဖူး။ အပြစ်ရှိတာက ဘာသာပြန်တယ်ဆိုတာ စက်ကနေလှည့် ထုတ်သလို ကွက်တိဖြစ်ရမယ်၊ အချိန်မြန်မြန်အတွင်းမှာ များများထွက်ရမယ်လို့ တွက်ထားတဲ့ ဂျပန်ငနဲသာ ဖြစ်ပါတယ်။

နောက်တရက်ကြတော့ နှစ်ဦးနှစ်ဖက် သဘောတူထားတဲ့ အတိုင်း ကျနော်က ဘာသာဆက်ပြန် တော့တာပေါ့။ ဆိုင်ရှင့်သားလေးလို ဘာပြောမှန်း မသိနိုင်အောင် နားမလည်အောင် ဖြေတဲ့သူတွေ အင်တာဗျူးထဲမှာ အများကြီးပါ။ ရပ်ကွက်ထဲက တိုင်းရင်းဆေးဆရာတွေ၊ လူနောတွေ၊ လူနာမဟုတ်သူတွေ၊ ကျောင်းသားတွေ စတဲ့သူတွေရဲ့ အင်တာဗျူးတွေလည်း မနည်းပါဖူး။ တိုင်းရင်းဆေး တက္ကသိုလ်က စီနီယာဆရာကြီး တယောက်ပဲ ဂျပန်မေးသမျှကို လိုရင်းတိုရှင်း ဖြေပါတယ်။ လိုအပ်ရင်လည်း ဥပမာလေးတွေနဲ့ တွဲဖက်ပြီး ဖြေပေးရှာပါတယ်။ သူပြောတဲ့အတိုင်း လူပေါင်းစုံကို ဗျူးထားသမျှ ကျနော် ဘာသာပြန်ထား တာတွေကို လိုက်ဖတ်ရင်း ကိုရွှေဂျပန် တယောက် တော်တော်လေး စိတ်ဓာတ် ကျသွားဟန် ရှိပါတယ်။ အချိန်က သူထင်ထားသလို မဟုတ်ဘဲ ပိုပြီး လိုနေတာကိုး။

လေးရက်မြောက်တဲ့ နေ့မှာတော့ ဘာသာပြန်တာ အကုန်လုံးပြီးသွားတယ်။ ဂျပန်လည်း ကျနော့်ကို လေးရက်စာ ဘာသာပြန်ခ ပေးလိုက်ရလို့ မျက်နှာတောင် ကောင်းကောင်း မပြုံးနိုင်တော့ဖူး။ သူက တရက်နဲ့ပြီးမယ်လို့ မှန်းထားတာကိုး။ နောက်တချက် ကတော့ သူရဲ့ ဗွီဒီယို အခွေကို လေးရက်အတွင်း ဘာသာပြန်ရင်း ကျနော်သွားတွေ့တာ တခု ရှိလာပါတယ်။ အဲတာက ဘာတုန်းဆိုတော့ သူလုပ်ချင်တဲ့ ရည်ရွယ်ချက် က မြန်မာပြည်က တိုင်းရင်းဆေးဟာ သူ့နေရာ သူ့ကာလနဲ့ ထိုက်သင့်တဲ့ ဆေးစွမ်းရှိတယ် အဲတာကြောင့် ရိုးရာအရ မြန်မာနိုင်ငံသားတွေ အားကိုးကြတယ်ဆိုတဲ့ ရည်ရွယ်ချက် မဟုတ်ကြောင်း ကျနော် သိလိုက်ရပါ တယ်။ ဒီအခွေထဲမှာ ဂျပန်သတင်းထောက် ပေးခြင်တဲ့ မက်ဆေ့ခ်ျ (သတင်း) က ဒီလိုပါ။ မြန်ပြည်ဟာ ချွတ်ခြုံကျ နေပြီ။ လူတွေကလည်း မွဲငတ်နေတယ်။ မကျန်းမာတဲ့အခါမှာ လူအများစုဟာ ငွေကုန်များလွန်းတဲ့ အနောက်တိုင်း ခေတ်မီဆေးဝါးတွေနဲ့ မကုသ နိုင်တော့ဖူး (မွဲတာတွေ၊ ငတ်တာတွေ၊ အနောက်တိုင်း ဆေး ဝါးတွေကို မသုံးနိုင်တာတွေ ကတော့ ဟုတ်ပါတယ်)။ အဲတာကြောင့် စိတ်၏ဖြေရာ ဆိုသလို အစွမ်းမထက်မှန်း သိရဲ့သားနဲ့ မြန်မာတိုင်းရင်းဆေးကိုပဲ ဈေးချိုချိုနဲ့ ဝယ်သုံးနေ ကြရတယ်လို့ ဆိုလိုတဲ့ သဘောပါပဲ။ မြန်မာ တိုင်းရင်းဆေး ဘယဆေး ဆိုတာ အလကားပါ။ အဆင့်အတန်း မရှိဖူးလို့လည်း သူ့အခွေရဲ့ သဘောက သက်ရောက်နေပါတယ်။ မြန်မာတိုင်းရင်းဆေး မစွမ်းဖူးလို့ ဆိုလိုချင်တာကတော့ မဟုတ်သေးပါဖူး။ သူ့နေရာနဲ့သူ စွမ်းတာကတော့ ရှိပါသေးတယ်။

သူ့ရုံးကနေ ကျနော်ပြန်မထွက်ခင်မှာ ဂျပန်သတင်းထောက်ကို ကျနော် ရိပြီးပြောခဲ့ပါတယ်။ ဘာတုန်းဆိုတော့ လူတွေရဲ့ ခံစားချက်၊ လူတွေရဲ့ အမြင်၊ လူတွေရဲ့ သဘော မနောကနေ ထင်ဟတ်တဲ့ အကြောင်းအရာမျိုးကို ဘာသာပြန်ရတာ မင်းတို့ ဂျပန်နိုင်ငံက တိုယိုတာ မော်တော်ကား စက်ရုံကနေ ကားတွေထုတ်သလို အဆင်သင့် ထုတ်လို့ မရဖူးကွ။ ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်လာရင် လူငယ်ပိုင်းကိုပဲ ဘာသာပြန်ခိုင်းပြန်ခိုင်း၊ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းကိုပဲ ဘာသာပြန်ခိုင်းပြန်ခိုင်း၊ အနည်းနဲ့ အများတော့ အချိန်ယူရတယ်ကွ လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။

နောက်တချက်ကလည်း နိုင်ငံခြား မီဒီယာတွေ ကိုယ့်တိုင်းပြည်အကြောင်း ဘာအကြောင်းပဲ ဖြစ်ဖြစ် ဗွီဒီယို မှတ်တမ်းတွေ ရိုက်ကူးမယ်ဆိုတာ ကောင်းပါတယ်။ နိုင်ငံတကာက ပိုသိလာတာပေါ့။ သို့သော်လည်း အထက်ကလို နိဂုံးချုပ်တော့ ကိုယ့်အကြောင်း ရိုက်ပြတာ မကောင်းတဲ့ အမြင်ဖက်က ဖြစ်နေ တာမျိုးတွေ လည်း တွေ့နိုင်ပါသေးတယ်။ မီဒီယာတိုင်း ကိုယ့်မိတ်ဆွေလို့ မမှတ်လင့်။


ဇော်မင်း
၈ ရက်၊ ဧပြီလ၊ ၂ဝ၁၁ ခုနှစ်


It surely does difficult when the respondents don't give the straight answers.


blueskyforest said...

သဘောတူပါတယ်ခင်ဗျား။ နိုင်ငံခြားမီဒီယာမှ မဟုတ်ပါ။ မြန်မာတွေလုပ်ကြတဲ့ ပြည်တွင်းပြည်ပမီဒီယာများမှာ လည်း လူထုနိမ့်ကျမှုကို အခွင့်ကောင်းယူပြီး သတင်း လုပ်နေသူများလည်း ရှိနေပါကြောင်း။



Myanmar Express

အစဉ်အလာမပျက် မဟာသင်္ကြန် နှင့် အစဉ်အလာမပျက် NLD သက်ကြီးပူဇော်ပွဲ၊ မိုးကျရွှေကို ဒေါ်စု နှင့် မီးမီးစု


ပြည်သူတို့ရဲ့ ခမ်းနားတဲ့ သင်္ကြန်

စည်ကား ခမ်းနားစွာနဲ့ပဲ ၁၃၇၂ ခုနှစ် မဟာသင်္ကြန်ပွဲကြီး အောင်အောင်မြင်မြင် ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးသွားပါတယ်။ မနှစ်က သင်္ကြန်မှာ ဗုံးပေါက်ကွဲမှုနဲ့ သေဆုံးမှုတွေကြောင့် ဒီနှစ်မှာ အရင်နှစ်တွေလောက် စည်ကားမှာ မဟုတ်ဘူးလို့ လူအများ ထင်မြင်ယူဆထားကြပေမယ့် ထင်ထားတဲ့အတိုင်း မဟုတ်ခဲ့ပါဘူး....။

ကားတွေ ကြိတ်ကြိတ်တိုး

လူတွေ ကြိတ်ကြိတ်တိုး

ကားတွေရော လူတွေရော ကြိတ်ကြိတ်တိုးပြီး ခမ်းခမ်းနားနား စည်းစည်ကားကားနဲ့ပဲ နိုင်ငံအဝှမ်းမှာ သင်္ကြန်ပွဲကြီးကို မြန်မာပြည်သူတို့ ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ကြပါတယ်။ ဒါပေမယ့်လည်း မြန်မာလူထုတစ်ရပ်လုံးနဲ့ ဆန့်ကျင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ NLD အဖွဲ့လေး ကတော့ လူတောမတိုးနိုင်ပဲ သင်္ကြန်ပွဲလေး တစ်ခုကို ကိုယ့်ဘာကိုယ်ပဲ ကျင်းပဲခဲ့ရပါတယ်။


ပြည်သူတို့နဲ့ ခွဲထွက်သူတို့ရဲ့ ခြောက်ကပ်တဲ့ သင်္ကြန်

ဘူမှလည်း ငါတို့ကို အဖက်မလုပ်ကြဘူး....


ဘယ်သူမှ မသောက်လည်း ကိုယ့်ဘာကို သောက်ကြမယ်ဟေ့


စည်ကား ကခုန်ကြတဲ့ သင်္ကြန်

မြန်မာ့ရိုးရာအကတွေသာမက ခေတ်ပျော်အကများ နဲ့ပါ မြူးမြူးကြွကြွ ကခုန်ပြီး မြန်မာပြည်သူတို့ ပျော်ပါးခဲ့ကြပါတယ်။

မြို့တော်ဝန် ဦးစီးတဲ့ သင်္ကြန်မဏ္ဍပ်တွေကတော့ ထုံးစံအတိုင်း အခမ်းနား ဆုံးနဲ့ မြန်မာမှုအပြုနိုင်ဆုံးပါပဲ။


ဝါးလုံးခေါင်းထဲ လ သာတဲ့ သင်္ကြန်

မြန်ပြည်သူတို့နဲ့ တစ်သားထဲမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ NLD ကလည်း အားကြမခံ အခုလို ခမ်းနားခြောက်ကပ်စွာ ကျင်းပခဲ့ပါတယ်။


နိုင်ငံအကြီးအကဲတွေလည်း ပြည်သူတွေနဲ့တစ်သားတည်း


တိုင်းမှူးတွေလည်း ပြည်သူတို့နဲ့ တစ်သားတည်း ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲခဲ့ကြပါသေးတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ရဲ့ NLD က သက်ကျားအိုတွေနဲ့ ဒေါ်စု ကိုယ်တိုင်ကတော့ သင်္ကြန်ပွဲမှာ ပြည်သူတို့နဲ့ ရင်းရင်းနီးနီး ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲတာ မရှိခဲ့ပါဘူး။


မိုးကျရွှေကို ဒေါ်စု

မြန်မာပြည်သူတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မေ့လျှော့နေကြပါပြီ။ အကျယ်ချုပ်ကြခံနေစဉ်က အထင်ကြီးနေသူများကလည်း အကျယ်ချုပ်က လွတ်မြောက်ပြီး ၅ လ ကျော်ကြာတာတောင် ဘာတစ်ခုမှ မလုပ်နိုင်ခဲ့တာကြောင့် မြန်မာ့နိုင်ငံရေးလောကကနေ ဒေါ်အောင်ဆန်းစုကြည်ကို ဒိုင်ယာရီထဲမှာပဲ ထားခဲ့ကြပါပြီ။ တစ်ချို့တွေကဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို သေသွားပြီ၊ မြန်မာစကားမတတ်တဲ့ သူ့သားတွေ၊ သူ့မြေးတွေ၊ သူ့ချွေးမတွေဆီ လိုက်သွားပြီလို့တောင် ပြောနေကြပါတယ်။ ဒါကို သတိထားမိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း သူမသေသေးကြောင်း၊ သူ အနှစ် ၃၀ လောက် ကြာအောင် နေခဲ့တဲ့ နိုင်ငံခြားကို လိုက်မသွားကြောင်း သက်သေပြဖို့အတွက် အတက်နေ့ညနေမှာ ဂမူးရှူးတူးနဲ့ လမ်းပေါ်ထွက်လာခဲ့ပါတယ်။ ရုတ်တရက် အပြင်ထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို NLD အဖွဲ့သားများက ဝိုင်းဝန်းတားဆီးခဲ့ကြပါတယ်။


သူများတွေ မတားဆီးရဘူး သူ့ကို ထိန်းရတာက ပိုဒုက္ခရောက်တယ်


နှစ်ဆန်း (၁) ရက်နေ့ မှာ သူတော်ကောင်းတွေ ဘာတွေလုပ်ကြ

နှစ်ဆန်းတစ်ရက်နေ့ မှာလည်း မြန်မာပြည်သူတို့အနေနဲ့ ကောင်းမှုကုသိုလ်တွေ အများကြီး စုပေါင်းလုပ်ခဲ့ပါတယ်။ ဘုရားတွေမှာဆို လူတွေ ကြိတ်ကြိတ်တိုးနေခဲ့ပါတယ်။ သွေးလှူပွဲတွေ အပါအဝင် အခြား ကုသိုလ်ယူပွဲတွေ ကို ကျင်းပခဲ့ကြပါတယ်။


ကြိတ်ကြိတ်တိုး ကုသိုလ်ယူ


နှစ်ဆန်း (၁) ရက်နေ့မှာ ဒီလူတွေ ဘာတွေလုပ်ကြ

နှစ်ဆန်းတစ်ရက်နေ့မှာလို မြန်မာဗုဒ္ဓဘာသာတို့အတွက် အထွဋ်အမြတ် အထားရဆုံးနေ့မှာတောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကတော့ ဘုရားတွေ၊ ကျောင်းတွေနဲ့ မြင့်မြတ်တဲ့နေရာတွေကိုမသွားခဲ့ကြပါဘူး။ သွေးမလှူခဲ့ကြပါဘူး။ ထုံးစံအတိုင်း မြန်မာပြည်သူလူထုနဲ့ ခွဲထွက်ဆန့်ကျင်ပြီး ဝါးလုံးခေါင်းထဲ လသာပြီး ဘာမှန်းမသိတဲ့ ဆုပေးပွဲတွေ ကျင်းပ နေခဲ့ပါတယ်။

ဘဘ ရှေ့နည်းနည်းတိုးပါအုံး

မိန်းမချင်းတော့ ခပ်ပါးပါးပဲ၊ ဝေးလေ ကောင်းလေ


ထုံးစံအတိုင်း သက်ကြီးပူဇော်ပွဲ

အဲ့ဒီနောက်မှာတော့ NLD ရဲ့ မရိုးနိုင်တဲ့ ပွဲဖြစ်တဲ့ သက်ကြီးပူဇော် ပွဲကို ကျင်းပခဲ့ပါတယ်။

မြန်မာ့ အသက်အကြီးဆုံးပုဂ္ဂိုလ်များ စုစည်းထားသည့်အဖွဲ့ကြီး

ကမ္ဘာ့အံ့ဖွယ် အသက်ကြီးသူ အများဆုံး နိုင်ငံရေး အဖွဲ့ကြီး

ဦးတို့ကို မီးမီး ကန်တော့ပါတယ်။ မီးမီးက အသက် ၆၅ နှစ်ပါ။
(အသက် ၆၅ နှစ် ပုဂ္ဂိုလ် ကန်တော့ခံရတဲ့ သူများရဲ့ အသက်ကတော့ ခန့်မှန်းသာကြည့်တော့)

သက်ကြီးသူများကို ကန်တော့နေတဲ့လူတွေက ဆံပင်တွေ ဖြူ၊ ထိပ်တွေပြောင်၊ ဒူးတုတ်တောင် မထိုင်နိုင်တော့


မီးမီးစု

ဒေါ်အောင်ဆန်းစုကြည် သူ့မြေးတွေဆီ မပြန်ရခြင်းရဲ့ အကြောင်းပြချက် တစ်ခုကတော့ NLD မှာ သူ့ထက် အသက်ကြီးသူတွေ များနေခြင်းကြောင့်လည်း ပါပါတယ်။ ခုချိန်မှာ သူ့မြေးတွေဆီသွားရင် သူ့အနေနဲ့ ဖွားဖွား အခေါ်ခံနေရပါပြီး။ မကြာခင်မှာ မြစ်တောင် ရတော့မှာပါ။ ၆၅ နှစ်အရွယ် သူ့အတွက် ဘုရားနဲ့ တရားနဲ့ပဲ နေရတော့မှာပါ။ ဒါပေမယ့် သူမ အနေနဲ့ ဘာသာရေးမှာ မမွေ့လျှော်နိုင်သလို အရင်ဘဝတွေတုန်းက မကောင်းမှုတွေ လုပ်ခဲ့တာ များလို့ လင်နဲ့ သေကွဲ၊ သားမြေးတွေနဲ့ ရှင်ကွဲကွဲနေရတာကို သံဝေဂ မယူနိုင်သေးပါဘူး။ သက်ကျားအို တွေ စုစည်းထားတဲ့ NLD မှာပဲ အားလုံးရဲ့ မစု မစု ဆိုပြီး ခေါ်သံလေး ကြားရတာကို သာယာ ပျော်ရွှင် နေပါတယ်။


မစု (သို့) လေဒီ (သို့) အန်တီစု (သို့) ဖွားဖွားစု အတွက် Myanmar Express Group မှ နှစ်ကူး လက်ဆောင် သီချင်း တစ်ပုဒ်


ဟိတ်!!!! မပြေးနဲ့ သိတယ်နော်

အသုံးမကျ (၅) လ

မနက်ဖြန်ဆိုရင် ဒေါ်စုကြည် (ခေါ်) မြန်မာထဲက မြန်မာတစ်ယောက်၊ လူသားထဲက လူသားတစ်ယောက်၊ အမျိုးသမီးထဲက အမျိုးသမီးတစ်ယောက် ဂျွန်ယက်တောကို တစ်ညလုံး တစ်အိမ်ထည်းမှာ ဘယ်သူ့ကိုမှ အသိမပေးပဲ အတူရှိနေခဲ့တဲ့ ပြစ်မှုနဲ့ အကျယ်ချုပ် သက်တမ်းတိုးလာရာမှ ပြန်လွတ်တဲ့ ၅ လမြောက်နေ့ပါ။

၅ လ တင်းတင်းပြည့်ခဲ့ပါပြီ။ ဘာတွေထူးခြားပြောင်းလဲအောင် လုပ်ခဲ့ပါသလဲ? ဘာတွေ ထူးခြားပြောင်းလဲ လာပါသလဲ? ဘာမှ မပြောင်းလဲလာပါဘူး။ ဒုံရင်း ဒုံရင်းပါပဲ။ ထိုင်နေတာ အကောင်းသား၊ ထသွားမှ ကျိုးမှန်းသိဆိုသလိုပဲ။ အကျယ်ချုပ်ထဲမှာ လူထင်ကြီးခံနေရတာက ခုလို ဘာမှမလုပ်တတ်မကိုင်တတ် ထိုင်နေရတာထက် ပိုကောင်းပါလိမ့်အုံးမယ်။ လွန်ခဲ့တဲ့ ၅ လ ကျော်တုန်းက ထွက်ခဲ့တဲ့ အသံတွေဖြစ်တဲ့ ´ဒေါ်အောင်ဆန်းစုကြည် ကို ချက်ချင်းလွှတ်´´ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင် အားလုံးပြောင်းလဲသွားမယ်´´ ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘာမှ မလုပ်နိုင်အောင် ထိန်းချုပ်ထားလို့သာ အကျယ်ချုပ်ကလွှတ်လိုက်ရင် အားလုံး ပြောင်းလဲအောင်လုပ်နိုင်တယ် ´ စတဲ့ အသံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘာမှမသိပဲ ယုံကြည် အထင်ကြီးနေသူတွေလည်း ခုဆိုရင် အတော်လေး စိတ်ပျက်နေကြပါပြီ။

အမှန်တော့ ဒေါ်စုကြည်ဆိုတာကလည်း အပေါ်မှာ ပြောခဲ့သလိုပဲ လူထဲကလူတစ်ယောက်ပါပဲ။ မိုးကျရွှေကိုယ် မဟုတ်ပါဘူး။ ခုချိန်မှာ ၁၃ ရက်နေ့က ဒေါ်စုကြည် လွတ်တာ ၅ လ မြောက်နေ့ဆိုတာကို ဘယ်သူမှ စိတ်မ၀င်စားပါဘူး။ သင်္ကြန်အကြိုနေ့ကိုပဲ စိတ်ဝင်စားကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ မြန်မာ့နိုင်ငံရေးလောကမှာ နာမည်ကြီး ပြီး ဘာမှ မလုပ်တတ်မကိုင်တတ် အရည်အချင်းမရှိသူအဖြစ် ချန်ထားခဲ့ကြပါပြီ။

အချိန်ကာလ ၅ လ ဆိုတာ နည်းတဲ့အချိန်မဟုတ်ပါဘူး။ အဲ့ဒီ အချိန်အတွင်းမှာ အလုပ်လုပ်သူများနဲ့ အရည်အချင်းရှိသူများက လွှတ်တော်တွေခေါ်တယ်၊ ပါတီတွေ ဆွေးနွေးတယ်၊ နိုင်ငံတစ်ခုရဲ့ အမြင့်ဆုံးရာထူးဖြစ်တဲ့ သမ္မတ၊ ဒုသမ္မတ တွေရွေးလိုက်တယ်၊ နိုင်ငံတော် အာဏာတွေ လွှဲပြောင်းယူတယ်၊ အရေးပါတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပြင် အခြား ရာထူးတွေ၊ ၀န်ကြီး ဒုဝန်ကြီးတွေ တွေခန့်ထားလိုက်နိုင်ခဲ့ပါတယ်။ အလုပ်မလုပ်သူများနှင့် အရည်အချင်းမရှိသူများကတော့ ၅ လ အတွင်းမှာ ဒုတိယ ပင်လုံလိုလို၊ နာရေးကူညီမှုအသင်းလိုလို၊ ဈေးရောင်းပွဲလိုလိုနဲ့ ကုန်ဆုံးသွားပါတယ်။ နောက်ဆုံး ဘာမှ အလုံးအထည်မပြနိုင်တဲ့ အပတ်စဉ် အပ်ကြောင်းထပ်နေတဲ့ မေးခွန်းတွေကို အပ်ကြောင်းထပ်နေတဲ့ အဖြေတွေ ဖြေရင်းနဲ့ နှစ်ဝက်လောက်ကို အချိန်ဖြုန်းပစ်လိုက်တာ ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်း အစွမ်းကုန်ပါပဲ။

ချက်ချင်းလွှတ်၊ ချက်ချင်းလွှတ်
(လွှတ်လိုက်တော့လည်း ချက်ချင်းလည်း ဘာမှ မထူး၊ ၅ လ ကြာလည်း ဘာမှမထူးပါလား....)


အကယ်၍သာ ခုချိန်မှာ အကျယ်ချုပ်ကြနေသေးရင် ဒေါ်စုကြည်ရဲ့ ဂုဏ်ရောင်က ဘာမှ မသိသူများကြားမှာ ထွန်းပြောင်နေအုံးမှာ သေချာပါတယ်။ ခုတော့ နိုင်ငံတော် အစိုးရနဲ့ အစိုးရအဖွဲ့အစည်းကလည်း ဒေါ်စုကြည်ကို ရှိတယ်လို့ကို မထင်သလို၊ တရားဝင် နိုင်ငံရေးပါတီတွေကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးစီးလုပ်ဆောင်တဲ့ ဒုတိယပင်လုံညီလာခံကို ကန့်ကွက်ခဲ့ကြပြီး၊ ဒေါ်အောင်ဆန်းစုကြည် ဦးစီးကန့်ကွက်တဲ့ စီးပွားရေး ပြန်ဖွင့်ရေးနဲ့ ပတ်သက်ပြီး ဦးဌေးဦးရဲ့ အဆိုပြုချက်ကို တရားဝင်နိုင်ငံရေးပါတီများက သောက်သောက်လဲ ထောက်ခံခဲ့ကြပါတယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်သင့်သလဲ။ အထုတ်ပိုက်ပြီး အလက်စန္ဒားအဲရစ်တို့၊ ကင်အဲရစ် တို့ရှိတဲ့ အင်္ဂလန်ကို သွားပြီး မြန်မာစကားမတတ်တဲ့ ချွေးမတွေ၊ မြေးတွေနဲ့ပဲ ဒေါ်စုကြည် အရမ်းပြောချင်နေတဲ့ အင်္ဂလိပ်စကားတွေကို ပြောရင်း အရိုးထုတ်တာ အကောင်းဆုံးပါပဲ။ ဒါမှ မဟုတ်ရင်လည်း အကျယ်ချုပ်ကျအောင် နောက်ထပ် အပြစ်တစ်ခုခု ကျုးလွန်ပြီး အထဲမှာပဲ လူတွေ အထင်ကြီးတာ ပြန်ခံရုံပဲ ရှိပါတော့တယ်။

အရင်ဘ၀တွေက မကောင်းမှုတွေများစွာလုပ်ခဲ့လို့၊ အကုသိုလ်တွေ များခဲ့လို့ ဒီဘ၀ မှာ အကျိုးပေး မကောင်းရှာပဲ လင်ကသေ၊ သား ကပြားလေးတွေ၊ ချွေးမလေးတွေနဲ့ မြေးလေးတွေက ကိုယ့်မိခင်ဘာသာ နားမလည်၊ အကျယ်ချုပ်က ကျ၊ စတဲ့ ရလဒ်တွေနဲ့ ကံတူအကျိုးပေးတွေကို ခံစားနေရတာကို သံဝေဂရပြီး နိုင်ငံသူနိုင်ငံသားတို့ ချမ်းသာစေမယ့် ပိတ်ဆို့မှုတွေကို ရပ်တန့်ပြီး မသေခင် ၀န်ကြီး တစ်နေရာတော့ ရရမယ် ဆိုတဲ့ အာဏာရူးနေတာတွေကို ရပ်တန့်သင့်ပါတယ်။ ဒီဘ၀ မှာ ဆက်ပြီး ခုလို မက်မောရင်း ဘယ်သူသေသေမသေသေ ငတေမာ ပြီးရော လုပ်နေရင်တော့ နောက်နောင်ဘ၀ တွေမှာလည်း ဒီထက် ဆိုးတဲ့ လင်နဲ့ သေကွဲ၊ သားမြေးတွေနဲ့ ရှင်ကွဲ ထက် ဆိုးတဲ့ ရလဒ်တွေ ရနေမှာ မလွဲမသွေပါပဲ။ ဗုဒ္ဓဘာသာ ရဲ့ အနှစ်သာရဖြစ်တဲ့ ကံ၊ ကံ၏ အကျိုးကို နားလည်အောင်ကျိုးစားပြီး ဒီရလဒ်တွေက သူ့ဘာသူ ရလာတဲ့ ရလဒ်တွေမဟုတ်ပဲ ရှေးဘ၀က မကောင်းမှု အစုစုနဲ့ ဒီဘ၀ မှာ စိတ်ဓာတ်ညံ့ဖျင်းမှုတွေကြောင့်ဆိုတာ ကို အမြန်ဆုံးနားလည်ပြီး ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကျိုးပြီး ကောင်းကျိုးတွေ သယ်ပိုးကာ ၅ ယောက်ကို မဲဖောက် ရဟန်းခံပေးမယ့်အစား သီလရှင်သာ တသက်လုံးဝတ် ရင်း အရင်ဘ၀နဲ့ ဒီဘ၀ က အကုသိုလ်တွေ ဆေးကြော သင့်ပါတော့တယ်ခင်ဗျား.....။

"မြန်မာ အတိုက်အခံများအားလုံး မလွတ်တမ်း ဆုတ်ကိုင်ထားတဲ့ အယူမှားတွေနဲ့ အညစ်အကြေးတွေကို သင်္ကြန်ရေနဲ့ ဆေးကြောနိုင်ကြပါစေ...."

Myanmar Express Group




ကမ္ဘာတစ်လွှား လူ့စွမ်းအား


ကမ္ဘာပျက်တဲ့နေ့ (dooms day) ဆိုတာ တကယ် ရောက်လာတော့မှာလား။ ငလျင်ကြီးတွေ လှုပ်လိုက်၊ ဆူနာမီ ဖြစ်လိုက်၊ အခုနောက်ဆုံး နျူကလီးယား ဓာတ်ပေါင်းဖိုကြီးတွေ မီးလောင်ပေါက်ကွဲလိုက်နဲ့ ဒီအတိုင်း လက်ပိုက်ကြည့်ရုံကလွဲပြီး ဘာ မှ မတတ်နိုင်ကြဘူးလား။


ချောက်ချားစရာတွေ

အခုတလော လာသမျှလူတိုင်းက ဒီမေးခွန်းကိုချည်း မေးကြတယ်။ လစ်ဗျားနဲ့ အရှေ့အလယ်ပိုင်း ကိစ္စတွေကိုတောင် သိပ်စိတ်မ၀င်စားနိုင်ကြဘူး။ ဂျပန်ငလျင်ကြီး ပြီးတာနဲ့ ရှမ်းပြည်နယ်အတွင်းက ငလျင်ကြီးက ဆက်တိုက်ဆိုသလို ၀င်လာတော့ လူတိုင်း စိတ်ထိခိုက်ကြရတယ်။ ဒီကြားထဲ ချောက်ချားစရာ သတင်းတွေကလည်း တစ်မျိုးပြီးတစ်မျိုး ထွက်လာသေးတယ်။ ၁၉၃၀ ခုနှစ်များအတွင်းက လှုပ်ခဲ့တဲ့ပဂိုး (ပဲခူး)ငလျင်ကြီးမျိုး ဒုတိယအကြိမ် လာနိုင်သေးတယ်ဆိုတဲ့ ဟောကိန်းကြောင့် ထိတ်ထိတ်လန့်လန့် ဖြစ်နေချိန်မှာ စစ်ကိုင်းပြတ်ရွေ့ကြောကြီးကလည်း အချိန်မရွေး အန္တရာယ်ပေးနိုင်တယ်ဆိုတဲ့ သတိပေးချက်တွေ ကြားရပြန်တယ်။


အသက်စွန့် တားဆီးကာကွယ်

ဂျပန်က နျူကလီးယား ဓာတ်ပေါင်းဖိုတွေ ပေါက်ကွဲမှုကလည်း ထိန်းချုပ်စရာ နည်းလမ်း မရှိတော့ဘူး ထင်ရတယ်။ ဓာတ်ငွေ့ပျံ့နှံ့မှုပမာဏ ကြီးသထက် ကြီးလာတာကို ဒီအတိုင်း ကြည့်နေရတယ်။ ဓာတ်ပေါင်းဖိုက စီးထွက်လာတဲ့ ရေတွေ ပင်လယ်ထဲ မရောက်အောင်တော့ အစွမ်းကုန် ကြိုးစားနေကြတာ တွေ့ရတယ်။ ဂျပန် အလုပ်သမားတချို့က ဓာတ်ရောင်ခြည် အန္တရာယ်ကို ရင်ဆိုင်ပြီး ကြိုးစားနေကြတယ်။ သူတို့အသက်ကို စွန့်ပြီး အစွမ်းကုန် တားဆီးကာကွယ် သွားမယ်လို့ သူတို့အားလုံး သန္နိဋ္ဌာန် အခိုင်အမာ ချထားကြောင်း ကြားသိရတယ်။ ချီးကျူးစရာ ကောင်းလိုက်တာ။ တကယ့် သူရဲကောင်းတွေပါပဲ။ ဦးညွှတ် အလေးပြုလိုက်ပါတယ်။


စိတ်ပျက်တာကြာပြီ

ကမ္ဘာပေါ်မှာ ဆက်ဒမ်ဟူစိန်လို၊ ကဒါဖီလို လူတွေချည်း မဟုတ်ဘဲ အများအတွက် အသက်စွန့် ဆောင်ရွက်တဲ့ ဂျပန် နျူကလီးယား စက်ရုံက အလုပ်သမားတွေလို လူကောင်းသူကောင်းတွေလည်း ရှိကြပါသေးလား ဆိုပြီး အားတက်ရတယ်။ မှန်တဲ့အတိုင်း ၀န်ခံရရင် လူတွေကို စိတ်ပျက်နေတာ ကြာပြီ။ ကမ္ဘာကြီးကိုလည်း နေချင်စရာ မကောင်းတော့တဲ့ ပစ္စန္တရစ်အရပ်ကြီး အဖြစ် ရှုမြင်ထားခဲ့တယ်။ ဆုတ်ကပ်ကြီးထဲ ရောက်နေပြီလို့ မကြာခဏ စိတ်ပျက်လက်ပျက် ရေးခဲ့ဖူးတယ်။ တစ် ခါတလေများဆိုရင် စိတ်ကုန်လွန်းလို့ အားလုံးပျက်သွားလည်း ကောင်းတာပဲ။ အသစ်က ပြန်စနိုင်တာပေါ့လို့တောင် အရွဲ့တိုက် ပြောမိတယ်။


စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေ

ကြည့်လေ။ ကမ္ဘာကြီးရဲ့ ဘယ်ထောင့် ဘယ်နေရာမှာများ စိတ်ချမ်းသာစရာ ကောင်းတာ၊ မျှော်လင့်ချက်တွေနဲ့ အားတက်ရွှင်မြူးစရာ ကောင်းတာ တွေ့ရမြင်ရကြားရလို့လဲ။ ရုပ်မြင်သံကြား ကြည့်လိုက်တာနဲ့ အာဖဂန်နစ္စတန်နဲ့ အီရတ်က စစ်ပွဲသတင်းတွေ၊ ဆူဒန်က လူမျိုးပြုတ်အောင် တိုက်ခိုက်နေတဲ့ စစ်ပွဲတွေ၊ ကမ္ဘာအနှံ့က အကြမ်းဖက် တိုက်ခိုက်မှုတွေ၊ အသေခံ ဗုံးခွဲတိုက်ခိုက်တာတွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေ၊ ကြက်ငှက်တုပ်ကွေး၊ ၀က်တုပ်ကွေးနဲ့ နွားရူးရောဂါ ဆိုတာတွေချည်းပဲ။ အခု လာပြန်ပြီ ၀က်နားရွက်ပြာ ရောဂါတဲ့။ ဘယ်တုန်းကမှ မကြားဖူးခဲ့တဲ့ ရောဂါ အသစ်အဆန်းတွေက များလိုက်တာ။ ဘယ်မှာလဲ ပျော်စရာကောင်းတာ။ အဲဒါတွေကြောင့် ကမ္ဘာကြီးနဲ့ လူတွေကိုပါ စိတ်ပျက်နေတာ ဖြစ်တယ်။


လောကကိုပြန်လည်တွယ်တာ

ဓာတ်ရောင်ခြည် သင့်ရုံမကလို့ ချက်ချင်းသေသွားလည်း ကိစ္စမရှိဘူး။ လူသားတွေ အန္တရာယ် မကျရောက်စေဖို့အတွက် အစွမ်းကုန် တားဆီးကာကွယ်သွားမယ်ဆိုတဲ့ ဂျပန် အလုပ်သမားတွေအကြောင်း ကြားလိုက်ရတော့ စိတ်ပျက်နေတာတွေ ပျောက်သွားတယ်။ လေးစားကြည်ညိုစရာ လူကောင်းသူကောင်းတွေ ရှိနေသေးတာပဲဆိုပြီး အားတက်လာတယ်။ လူ့ဘောင်လောကကို တွယ်တာစိတ်တွေ ပြန်ဝင်လာတယ်။

လူတွေနဲ့ကမ္ဘာကြီးကို အကောင်းမြင်စိတ်တွေ ပြန်ဝင်လာတာနဲ့ တစ်ပြိုင်နက် ကမ္ဘာကြီးကို မပျက်စေချင်တော့ဘူး။ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ချင်လာတယ်။ ဒီအတိုင်း လက်ပိုက်ကြည့်ရုံကလွဲပြီး ဘာမှမတတ်နိုင်ကြဘူးလားလို့ မေးလာတဲ့ လူတွေကိုလည်း ပြန်ပြောစရာ အဖြေ ရှိလာတယ်။


အဆိုးထဲကအကောင်း

ကမ္ဘာကြီး ပျက်မသွားအောင် ကာကွယ်ချင်တဲ့စိတ် အမှန်တကယ်ရှိရင် ကာကွယ်နိုင်ပါတယ်။ လက်ပိုက်ကြည့်ရုံ ကြည့်နေရမယ့် အခြေအနေ မရောက်သေးပါဘူး။ ကျွန်တော်တို့မှာ ကယ်တင်နိုင်တဲ့ စွမ်းအားတွေ ရှိတယ်။ တကယ်ထုတ်သုံးရင် တကယ်ကို ကယ်တင်နိုင်တယ်။ ဂျပန်ငလျင်ကြီးနဲ့ ဆူနာမီကြီးဟာ အဆိုးထဲကအကောင်းရ (blessing in disguise)ဆိုတဲ့ သဘောဖြစ်တယ်။ ဒါကို သင်ခန်းစာ ထုတ်ယူပြီး ကောင်းကောင်း အသုံးချနိုင်ရင် နျူကလီးယား လက်နက်အားလုံး ဖျက်သိမ်းရေးအထိ ဦးတည် ရောက်ရှိသွားနိုင်တယ်။


မိုးရေထဲဓာတ်ရောင်ခြည်ပါ

ဆူနာမီကြောင့် ဂျပန် နျူကလီးယားဓာတ်ပေါင်းဖို မီးလောင်ပေါက်ကွဲတော့ ဂျပန်လူမျိုးတွေ သာမက၊ ကမ္ဘာတစ်ခုလုံးက လူသားအားလုံး ထိတ်လန့် တုန်လှုပ်သွားကြတယ်။ အာရှနိုင်ငံတွေသာမက ဥရောပနိုင်ငံများကပါ ဂျပန်က စားသောက်ကုန်တွေထဲမှာ ဓာတ်ရောင်ခြည်တွေ ပါဝင်လာမှာကို စိုးရိမ်ပြီး ၀င်မလာအောင် ပိတ်ပင်တားဆီးမှုတွေ ပြုလုပ်ကြတယ်။ အမေရိကန် ဒေသတချို့မှာ ရွာတဲ့မိုးရေထဲ ဓာတ်ရောင်ခြည် ပါလာတာ တွေ့ရတယ်လို့ ကြေညာတာလည်း ကြားလိုက်ရတယ်။ နိုင်ငံတချို့က ပြည်သူများကတော့ သူတို့နိုင်ငံမှာရှိတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေ ပိတ်ပစ်ဖို့ ဆန္ဒပြ တောင်းဆိုလာကြတယ်။


ပြည်သူကိုလှုံ့ဆော်စည်းရုံး

ဂျာမနီနိုင်ငံက ဒေသ ရွေးကောက်ပွဲတွေမှာ နျူကလီးယားလက်နက် ဆန့်ကျင်တဲ့ ဂရင်းပါတီက နေရာအများအပြား အနိုင်ရခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။ ၀န်ကြီးချုပ် အင်ဂျလာမာကဲလ်ရဲ့ အာဏာရပါတီ မျက်နှာပန်း မလှခဲ့ဘူး။ ဒီလို အချိန်မှာ ဒီလို အခြေအနေကို အခွင့်အလမ်းတစ်ခု အဖြစ် မိမိရရ ဆုပ်ကိုင်ဆောင်ရွက်နိုင်ရင် အထက်မှာပြောခဲ့သလို နျူကလီးယား လက်နက်များ လုံးဝ ဖျက်သိမ်းရေး အထိ ဦးတည် ရောက်ရှိသွားနိုင်တယ်။ လုပ်ရမှာက ကမ္ဘာတစ်ခုလုံးရှိ ပြည်သူများကို လှုံ့ဆော်စည်းရုံးရမှာ ဖြစ်တယ်။ ပြည်သူ့စွမ်းအားနဲ့ ကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက်ရမယ်။


ဘာတစ်ခုမှ မအောင်မြင်ခဲ့

ကမ္ဘာကြီး ငြိမ်းချမ်းသာယာဖို့၊ စစ်ပွဲတွေ ချုပ်ငြိမ်းဖို့၊ နျူကလီးယား လက်နက် အပါအ၀င် လူသတ်လက်နက်တွေ အားလုံး ဖျက်သိမ်းဖို့၊ ဆင်းရဲမွဲတေမှု ပပျောက်ဖို့၊ ကြောက်မက်ဖွယ်ရာ ရောဂါဆိုးကြီးတွေ ပျောက်ကွယ်သွားအောင် တိုက်ဖျက်ဖို့ စတဲ့ လုပ်ငန်းမျိုးစုံကို ကမ္ဘာ့ကုလသမဂ္ဂကြီးက ဆောင်ရွက်လာခဲ့တာ နှစ်ပေါင်း ခြောက်ဆယ်ကျော်ခဲ့ပြီ။ ဘာတစ်ခုမှ အောင်မြင်တယ်လို့ မရှိခဲ့ဘူး။ အမေရိကန်၊ ဥရောပနဲ့ ကမ္ဘာ့ ချမ်းသာနိုင်ငံကြီးတွေ အားလုံးကလည်း တစ်နိုင်ငံချင်း ဆောင်ရွက်ခဲ့ကြသလို ဂျီအိတ်တို့ ဂျီတွမ်တီး ဆိုတဲ့ အဖွဲ့တွေ ဖွဲ့ပြီးလည်း ဆောင်ရွက်ခဲ့ကြတယ်။ ဒါပေမယ့် ဘာတစ်ခုမှ မအောင်မြင်ခဲ့ဘူး။ ချမ်းသာတဲ့ နိုင်ငံတွေပဲ ပိုပိုပြီး ချမ်းသာသွားကြပြီး ဆင်းရဲတဲ့ နိုင်ငံတွေကတော့ ဒုံရင်း ဒုံရင်းပါပဲ။


ဝါရင်းဘတ်ဖက်ရဲ့ စကား

ဘာကြောင့် ဒီလိုဖြစ်ပြီး ကမ္ဘာကြီးတစ်ခုလုံး ဒီအခြေအနေထိ ဘာကြောင့် ရောက်ရသလဲ ဆိုတော့ ချမ်းသာတဲ့ နိုင်ငံကြီးတွေအားလုံးက ကူညီတယ်၊ ကယ်ဆယ်တယ် ဆိုတဲ့ စကားလုံး လှလှလေးတွေ တွင်တွင်သုံးပြီး သူတို့ အကျိုးစီးပွားအတွက်သာ အထူးအလေးထား လုပ်ကိုင်နေကြလို့ ဖြစ်တယ်။ နိုင်ငံလေးတွေမှာ စစ်ပွဲတွေ များများဖြစ်လေ သူတို့ရဲ့လက်နက်တွေ ရောင်းရလေပဲ။ ကပ်ရောဂါဆိုးကြီးတွေ ကျရောက်လေ သူတို့ဆေးကုမ္ပဏီကြီးတွေ ရောင်းရလေ ဖြစ်တယ်။ ဂျပန်ငလျင်ကြီး လှုပ်ပြီး သုံးရက်အကြာမှာ အမေရိကန်သူဌေးကြီး '၀ါရင်းဘတ်ဖက်'(Warren Buffet) တောင်ကိုရီးယားနိုင်ငံကို ရောက်လာပြီး ဂျပန်ငလျင်ကြီးကြောင့် ဂျပန်နိုင်ငံဟာ အကြီးဆုံး ဈေးကွက်ကြီး ဖြစ်လာလိမ့်မယ်လို့ ဟောကိန်း ထုတ်လိုက်တယ်။ သူများတွေ ဒုက္ခအကြီးအကျယ် ရောက်နေချိန်မှာ ကူညီဖို့၊ ကယ်ဆယ်ဖို့ မပြောနဲ့ ကုန်ပစ္စည်းတွေ ရောင်းရဖို့နဲ့ ငွေလုံးငွေရင်း ရင်းနှီးမြှုပ်နှံဖို့ပဲ စဉ်းစားရုံမက မအောင့်နိုင်ဘဲ ထုတ်တောင်ပြောလိုက်သေးတယ်။ ရက်စက်လိုက်တာ။


မီးလောင်အိမ်ဝင်လု

ရက်စက်တာ မဟုတ်ဘူး။ ဒါ စီးပွားရေး သမားများရဲ့ သဘာဝပဲ။ Fishing in the troubled water ဆိုတဲ့ သူတို့ အနောက်နိုင်ငံသားတွေရဲ့ စကား ရှိတယ် မဟုတ်လား။ မြန်မာတွေကတော့ ပွဲလန့်တုန်း ဖျာဝင်ခင်းတယ်။ မီးလောင်နေတဲ့ အိမ်ဝင်လုတယ် စသဖြင့် ပြောလေ့ရှိတယ်။ မီးလန့်တုန်း ဖျာဝင်ခင်းတာထက် ဆိုးတာ ရှိသေးတယ်။ တမင်တကာ မီးလှန့်ပြီး ဖျာဝင်ခင်းတာ ဖြစ်တယ်။ ကမ္ဘာ့နေရာ အနှံ့အပြားမှာ စစ်ပွဲကြီး၊ စစ်ပွဲငယ်တွေ အဆက်မပြတ် ဖြစ်နေတဲ့ အကြောင်းရင်းဟာ စီးပွားရေးသမားတွေက ပွဲလှန့်ပြီး ဖျာဝင်ခင်းနေကြလို့ ဖြစ်တယ်။ ကမ္ဘာသူ ကမ္ဘာသားအားလုံး ညီညီညွတ်ညွတ် လက်ချင်းတွဲပြီး ဒီလို လုပ်ရပ်အားလုံးကို တားဆီး ကာကွယ်ရပါလိမ့်မယ်။


ဥစ္စာလိုဥစ္စာရင်ခဲ

ကမ္ဘာသူ ကမ္ဘာသားတွေအားလုံး လက်တွဲပြီး ညီညီညွတ်ညွတ်နဲ့ 'ကမ္ဘာတစ်လွှား လူ့စွမ်းအား'(People Power World Wide PPWW) ဆိုတဲ့ အဖွဲ့ကြီးမျိုး ပေါ်ပေါက်လာစေချင်တယ်။ ဒီလို လူထုအဖွဲ့အစည်းမျိုးကသာ စစ်ရပ်စဲရေးနဲ့ ကမ္ဘာငြိမ်းချမ်းရေး တို့၊ နျူကလီးယားလက်နက် ဖျက်သိမ်းရေးတို့၊ ဆင်းရဲမွဲတေမှု ပပျောက်ရေးတို့ အမှန်တကယ် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။ ကိုယ်နေတဲ့ ကမ္ဘာကြီးကို ကာကွယ်စောင့်ရှောက်ဖို့ ကျွန်တော်တို့ကိုယ်တိုင် လုပ်မှပဲ ဖြစ်တော့မှာပါ။ ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုတဲ့ စကား အရှိသား မဟုတ်လား။


လူထုစိန်ဝင်း

မြန်မာ အတိုက်အခံတို့အတွက် အမြင်မရှင်းသည့်မေးခွန်းများ (၃)

၁။ မြန်မာစစ်တပ်က ဘုန်းကြီးတွေကို တကယ်ပဲ သတ်ခဲ့ပါသလား?? ဘယ်လိုသတ်ခဲ့ပါသလဲ?? သေနတ်နဲ့ပစ်ခဲ့ရင် ပစ်နေစဉ် ဓာတ်ပုံ (သို့) ဗွီဒီယိုဖိုင် တစ်ခုလောက် ပြပေးပါ

၂။ သင်္ဃန်းဝတ်ထားတဲ့ ပုဂ္ဂိုလ်တိုင်း ရဟန်းမြည်ပါသလား??

၃။ အဖွဲ့အစည်းတိုင်းမှာ လူကောင်းတွေချည်းမရှိပဲ လူဆိုးတွေပါ တွဲပြီး ရှိနေတတ်ရာ ဘုန်းကြီးတွေထဲမှာရော သင်္ဃန်းဝတ်နဲ့ မလျှော်ညီ မထိုက်တန်တဲ့ ဘုန်းကြီးတွေ မရှိတော့ဘူးလား?? ရှိခဲ့ရင် အဲ့ဒီဘုန်းကြီးတွေကို ဘယ်သူတွေက ပြောဆိုဆုံးမမှာလဲ?? ပြောဆိုဆုံးမ တားမြစ်နေတဲ့ သံဃာအကြီးအကဲတွေရဲ့ စကားကို နားမထောင် ဆန့်ကျင်နေရင်ရော ဘယ်သူတွေက ထိန်းမှာ လဲ ??

၎။ သင်္ဃန်းဝတ်ထားတဲ့ ပုဂ္ဂိုလ် တွေ ကိုယ်တိုင်က သာသနာကို အရောင်တောက်အောင်မလုပ်တဲ့အပြင် ငြိုးးမှိန်အောင်လုပ်နေရင် ဘယ်သူက သာသနာကို အရောင်တောက်အောင်လုပ်မှာလဲ??

၅။ သင်္ဃန်းဝတ်ထားတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်တိုင်က သက်တော်၊ ၀ါတော်ကြီးသော ဆရာတော်ကြီးများရဲ့ စကားကို ဆန့်ကျင် ပြီးလုပ်ချင်တာလုပ်နေရင် ဘယ်သူတွေက တားဆီးနိုင်အုံးမှာလဲ??


၆။ မာတုကာမဓာတ်ပုံကိုင်ပြီး ဆန္ဒပြတာ သံဃာတဲ့လား
??


၇။ စိတ်ပုတီးမစွတ်ပဲ လက်ထိပ်စွတ်တာ သံဃာလား??


၈။ သာသနာအလံဆိုတာ ဆန္ဒပြချိန်မှာ လွှင့်ထူဖို့လား??


၉။ သပိတ်နဲ့ ယက်တောင်အစား မာတုကာမ နာမည်သာကိုင်
ပြီး စီတန်းလမ်းလျှောက်တာ သံဃာလား??


၁၀။ စိပ်ပုတီးနဲ့ တရားစာ အစား မာတုကာမ နာမည်ကိုင်ပြီး လူတွေနဲ့ တန်းတူထိုင်တာ သံဃာလား??


၁၁။ ဒါက သာသနာပြန့်ပွားအောင်လုပ်တာလား??၊ သာသနာငြိုးမှိန်အောင်လုပ်တာလား??


၁၂။ ထေရ၀ါဒ ဗုဒ္ဓဘာသာ မြန်မာဘုန်းကြီးဆိုတာ ဒါမျိုးလား??

၁၂။ ထေရ၀ါဒ ဗုဒ္ဓဘာသာ မြန်မာဘုန်းကြီးဆိုတာ ဒါမျိုးလား??



၁၃။ သံဃာအသုံးဆောင်ပစ္စည်းတွေထဲမှာ နှာခေါင်းစီးနဲ့ ၀ါးရင်းတုတ်ပါလား??

၁၄။ ကားမှန်တွေ ခွဲပြီးထွက်ပြေး သူများက ဘုန်းကြီးတဲ့လား??

၁၅။ ဒီဘုန်းကြီးက ပျက်ဆီး လောင်ကျွမ်းခြင်း တရားသဘောကို ကျင့်နေတာလား??


၁၆။ ဆန္ဒပြသူတွေနဲ့ တိုင်ပင်တာလား?? တရားဟောနေတာလား??


၁၇။ လက်သီးလက်မောင်းတန်းပြီး အော်ဟစ်တာ ဘုန်းကြီးလား??


၁၈။ ဒီလို လူတလှည့် ဘုန်းကြီးတလှည့် နဲ့ သာသနာကို ဖျက်ဆီးနေတဲ့ လူတွေကို တားဆီးဖို့ ဘယ်သူ့မှာ တာဝန်ရှိသလဲ?? ဘယ်သူတွေက ဘယ်လို ၀င်ရောက်ထိမ်းသိမ်းသင့်သလဲ??


၁၉။ ဒီနေရာနဲ့ ဘုန်းကြီးနဲ့ ဘယ်လိုသက်ဆိုင်တာလဲ?? ဒီဘုန်းကြီးက မသက်ဆိုင်ပဲလားတာလား?? ကျန်တဲ့ဘုန်းကြီးတွေအားလုံးက သက်ဆိုင်ရက်သားနဲ့ မလာကြတာလား??

၁၉။ ဒီနေရာနဲ့ ဘုန်းကြီးနဲ့ ဘယ်လိုသက်ဆိုင်တာလဲ?? ဒီဘုန်းကြီးက မသက်ဆိုင်ပဲလားတာလား?? ကျန်တဲ့ဘုန်းကြီးတွေအားလုံးက သက်ဆိုင်ရက်သားနဲ့ မလာကြတာလား??

၂၀။ မာတုကာမကို ဦးချတာတော့ မလွန်လွန်းဘူးလား??

၂၁။ အဲ့ဒီ ဘုန်းကြီးတွေ အထက်ကနေ ဦးချခံရတဲ့ မာတုကာမဆိုတာ တိုင်တပါးသားတွေရဲ့ ပေါင်အထက်မှာ ထိုင်လာတာဆိုတာ မသိကြလို့လား??

၂၂။ တိုင်းတပါးသားတွေရဲ့ ပေါင်ပေါ်မှာ ထိုင်လာတဲ့ မာတုကာမ က ကော်ဇောပေါ်ထိုင်ပြီး ဗုဒ္ဓဘာသာ သီလရှင်တွေကို ကြမ်းပြင်မှာထိုင်ခိုင်းထားတာ အမြင်တော်ရဲ့လား ??

၂၃။ တိုင်းတပါးသားတွေရဲ့ ပေါင်ပေါ်မှာ ထိုင်လာတဲ့ မာတုကာမကို ဘုန်းကြီးတွေရော လူတွေရော ၀ိုင်းကန်တော့ကြတာ အမြင်တော်ရဲ့လား??

နိုင်ငံရေးသမားတို့အတွက် အမြင်မရှင်းသည့်မေးခွန်းများ (၁)

မြန်မာ အတိုက်အခံတို့အတွက် အမြင်မရှင်းသည့်မေးခွန်းများ (၂)

အမြင်မရှင်းသည့် မေးခွန်းများ (၄)

ဒေါ်အောင်ဆန်းစုကြည်အတွက် မေးခွန်း (၅၅) ခု