Subscribe to our RSS Feed

အသုံးမကျ (၅) လ

မနက်ဖြန်ဆိုရင် ဒေါ်စုကြည် (ခေါ်) မြန်မာထဲက မြန်မာတစ်ယောက်၊ လူသားထဲက လူသားတစ်ယောက်၊ အမျိုးသမီးထဲက အမျိုးသမီးတစ်ယောက် ဂျွန်ယက်တောကို တစ်ညလုံး တစ်အိမ်ထည်းမှာ ဘယ်သူ့ကိုမှ အသိမပေးပဲ အတူရှိနေခဲ့တဲ့ ပြစ်မှုနဲ့ အကျယ်ချုပ် သက်တမ်းတိုးလာရာမှ ပြန်လွတ်တဲ့ ၅ လမြောက်နေ့ပါ။

၅ လ တင်းတင်းပြည့်ခဲ့ပါပြီ။ ဘာတွေထူးခြားပြောင်းလဲအောင် လုပ်ခဲ့ပါသလဲ? ဘာတွေ ထူးခြားပြောင်းလဲ လာပါသလဲ? ဘာမှ မပြောင်းလဲလာပါဘူး။ ဒုံရင်း ဒုံရင်းပါပဲ။ ထိုင်နေတာ အကောင်းသား၊ ထသွားမှ ကျိုးမှန်းသိဆိုသလိုပဲ။ အကျယ်ချုပ်ထဲမှာ လူထင်ကြီးခံနေရတာက ခုလို ဘာမှမလုပ်တတ်မကိုင်တတ် ထိုင်နေရတာထက် ပိုကောင်းပါလိမ့်အုံးမယ်။ လွန်ခဲ့တဲ့ ၅ လ ကျော်တုန်းက ထွက်ခဲ့တဲ့ အသံတွေဖြစ်တဲ့ ´ဒေါ်အောင်ဆန်းစုကြည် ကို ချက်ချင်းလွှတ်´´ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင် အားလုံးပြောင်းလဲသွားမယ်´´ ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘာမှ မလုပ်နိုင်အောင် ထိန်းချုပ်ထားလို့သာ အကျယ်ချုပ်ကလွှတ်လိုက်ရင် အားလုံး ပြောင်းလဲအောင်လုပ်နိုင်တယ် ´ စတဲ့ အသံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘာမှမသိပဲ ယုံကြည် အထင်ကြီးနေသူတွေလည်း ခုဆိုရင် အတော်လေး စိတ်ပျက်နေကြပါပြီ။

အမှန်တော့ ဒေါ်စုကြည်ဆိုတာကလည်း အပေါ်မှာ ပြောခဲ့သလိုပဲ လူထဲကလူတစ်ယောက်ပါပဲ။ မိုးကျရွှေကိုယ် မဟုတ်ပါဘူး။ ခုချိန်မှာ ၁၃ ရက်နေ့က ဒေါ်စုကြည် လွတ်တာ ၅ လ မြောက်နေ့ဆိုတာကို ဘယ်သူမှ စိတ်မ၀င်စားပါဘူး။ သင်္ကြန်အကြိုနေ့ကိုပဲ စိတ်ဝင်စားကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ မြန်မာ့နိုင်ငံရေးလောကမှာ နာမည်ကြီး ပြီး ဘာမှ မလုပ်တတ်မကိုင်တတ် အရည်အချင်းမရှိသူအဖြစ် ချန်ထားခဲ့ကြပါပြီ။

အချိန်ကာလ ၅ လ ဆိုတာ နည်းတဲ့အချိန်မဟုတ်ပါဘူး။ အဲ့ဒီ အချိန်အတွင်းမှာ အလုပ်လုပ်သူများနဲ့ အရည်အချင်းရှိသူများက လွှတ်တော်တွေခေါ်တယ်၊ ပါတီတွေ ဆွေးနွေးတယ်၊ နိုင်ငံတစ်ခုရဲ့ အမြင့်ဆုံးရာထူးဖြစ်တဲ့ သမ္မတ၊ ဒုသမ္မတ တွေရွေးလိုက်တယ်၊ နိုင်ငံတော် အာဏာတွေ လွှဲပြောင်းယူတယ်၊ အရေးပါတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပြင် အခြား ရာထူးတွေ၊ ၀န်ကြီး ဒုဝန်ကြီးတွေ တွေခန့်ထားလိုက်နိုင်ခဲ့ပါတယ်။ အလုပ်မလုပ်သူများနှင့် အရည်အချင်းမရှိသူများကတော့ ၅ လ အတွင်းမှာ ဒုတိယ ပင်လုံလိုလို၊ နာရေးကူညီမှုအသင်းလိုလို၊ ဈေးရောင်းပွဲလိုလိုနဲ့ ကုန်ဆုံးသွားပါတယ်။ နောက်ဆုံး ဘာမှ အလုံးအထည်မပြနိုင်တဲ့ အပတ်စဉ် အပ်ကြောင်းထပ်နေတဲ့ မေးခွန်းတွေကို အပ်ကြောင်းထပ်နေတဲ့ အဖြေတွေ ဖြေရင်းနဲ့ နှစ်ဝက်လောက်ကို အချိန်ဖြုန်းပစ်လိုက်တာ ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်း အစွမ်းကုန်ပါပဲ။

ချက်ချင်းလွှတ်၊ ချက်ချင်းလွှတ်
(လွှတ်လိုက်တော့လည်း ချက်ချင်းလည်း ဘာမှ မထူး၊ ၅ လ ကြာလည်း ဘာမှမထူးပါလား....)


အကယ်၍သာ ခုချိန်မှာ အကျယ်ချုပ်ကြနေသေးရင် ဒေါ်စုကြည်ရဲ့ ဂုဏ်ရောင်က ဘာမှ မသိသူများကြားမှာ ထွန်းပြောင်နေအုံးမှာ သေချာပါတယ်။ ခုတော့ နိုင်ငံတော် အစိုးရနဲ့ အစိုးရအဖွဲ့အစည်းကလည်း ဒေါ်စုကြည်ကို ရှိတယ်လို့ကို မထင်သလို၊ တရားဝင် နိုင်ငံရေးပါတီတွေကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးစီးလုပ်ဆောင်တဲ့ ဒုတိယပင်လုံညီလာခံကို ကန့်ကွက်ခဲ့ကြပြီး၊ ဒေါ်အောင်ဆန်းစုကြည် ဦးစီးကန့်ကွက်တဲ့ စီးပွားရေး ပြန်ဖွင့်ရေးနဲ့ ပတ်သက်ပြီး ဦးဌေးဦးရဲ့ အဆိုပြုချက်ကို တရားဝင်နိုင်ငံရေးပါတီများက သောက်သောက်လဲ ထောက်ခံခဲ့ကြပါတယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်သင့်သလဲ။ အထုတ်ပိုက်ပြီး အလက်စန္ဒားအဲရစ်တို့၊ ကင်အဲရစ် တို့ရှိတဲ့ အင်္ဂလန်ကို သွားပြီး မြန်မာစကားမတတ်တဲ့ ချွေးမတွေ၊ မြေးတွေနဲ့ပဲ ဒေါ်စုကြည် အရမ်းပြောချင်နေတဲ့ အင်္ဂလိပ်စကားတွေကို ပြောရင်း အရိုးထုတ်တာ အကောင်းဆုံးပါပဲ။ ဒါမှ မဟုတ်ရင်လည်း အကျယ်ချုပ်ကျအောင် နောက်ထပ် အပြစ်တစ်ခုခု ကျုးလွန်ပြီး အထဲမှာပဲ လူတွေ အထင်ကြီးတာ ပြန်ခံရုံပဲ ရှိပါတော့တယ်။

အရင်ဘ၀တွေက မကောင်းမှုတွေများစွာလုပ်ခဲ့လို့၊ အကုသိုလ်တွေ များခဲ့လို့ ဒီဘ၀ မှာ အကျိုးပေး မကောင်းရှာပဲ လင်ကသေ၊ သား ကပြားလေးတွေ၊ ချွေးမလေးတွေနဲ့ မြေးလေးတွေက ကိုယ့်မိခင်ဘာသာ နားမလည်၊ အကျယ်ချုပ်က ကျ၊ စတဲ့ ရလဒ်တွေနဲ့ ကံတူအကျိုးပေးတွေကို ခံစားနေရတာကို သံဝေဂရပြီး နိုင်ငံသူနိုင်ငံသားတို့ ချမ်းသာစေမယ့် ပိတ်ဆို့မှုတွေကို ရပ်တန့်ပြီး မသေခင် ၀န်ကြီး တစ်နေရာတော့ ရရမယ် ဆိုတဲ့ အာဏာရူးနေတာတွေကို ရပ်တန့်သင့်ပါတယ်။ ဒီဘ၀ မှာ ဆက်ပြီး ခုလို မက်မောရင်း ဘယ်သူသေသေမသေသေ ငတေမာ ပြီးရော လုပ်နေရင်တော့ နောက်နောင်ဘ၀ တွေမှာလည်း ဒီထက် ဆိုးတဲ့ လင်နဲ့ သေကွဲ၊ သားမြေးတွေနဲ့ ရှင်ကွဲ ထက် ဆိုးတဲ့ ရလဒ်တွေ ရနေမှာ မလွဲမသွေပါပဲ။ ဗုဒ္ဓဘာသာ ရဲ့ အနှစ်သာရဖြစ်တဲ့ ကံ၊ ကံ၏ အကျိုးကို နားလည်အောင်ကျိုးစားပြီး ဒီရလဒ်တွေက သူ့ဘာသူ ရလာတဲ့ ရလဒ်တွေမဟုတ်ပဲ ရှေးဘ၀က မကောင်းမှု အစုစုနဲ့ ဒီဘ၀ မှာ စိတ်ဓာတ်ညံ့ဖျင်းမှုတွေကြောင့်ဆိုတာ ကို အမြန်ဆုံးနားလည်ပြီး ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကျိုးပြီး ကောင်းကျိုးတွေ သယ်ပိုးကာ ၅ ယောက်ကို မဲဖောက် ရဟန်းခံပေးမယ့်အစား သီလရှင်သာ တသက်လုံးဝတ် ရင်း အရင်ဘ၀နဲ့ ဒီဘ၀ က အကုသိုလ်တွေ ဆေးကြော သင့်ပါတော့တယ်ခင်ဗျား.....။

"မြန်မာ အတိုက်အခံများအားလုံး မလွတ်တမ်း ဆုတ်ကိုင်ထားတဲ့ အယူမှားတွေနဲ့ အညစ်အကြေးတွေကို သင်္ကြန်ရေနဲ့ ဆေးကြောနိုင်ကြပါစေ...."

Myanmar Express Group




10 comments:

ကောင်းလိုက်တဲ့စာသားဗျာ...သူ့ဘ၀ကလည်း တကယ်ကို ဆိုးလွန်းပါတယ် သနားစရာလည်းကောင်းပါတယ် ဒီချိန်ဆို မြေးလေးတွေနဲ့ ဇိမ်ကျနေရမဲ့အရွယ်မှာ သူ့မှာတော့ အဲလိုမနေရရှာဘူးဗျာ..အင်းလေ ဒါကလည်း သူ့ ချွေးမ သူ့မြေးတွေက လူမျိုးချင်းမှမတူတာ ဘယ်ရမလဲ သွားကပ်နေလို့...ခုလိုလေး မြန်မာနိင်ငံကို ချစ်တာလိုလို မြန်မာပြည်သူတွေသူမကယ်ရင် သေဖွယ်ရှိတာလိုလိုနဲ့ ...တကယ်တော့ သူလုပ်လို့ စီးပွားရေးတွေပိတ်ခံထားရတာ ရင်နာတယ် ...နောက်ဘ၀မှပဲ ငရဲပြည်မှာ ဆုံကြမယ် ဒေါ်စုရေ (ပုံ ဒေါ်လာစား တစ်ယောက်)

တကယ်ကို မှန်တယ် ဗျာ...ဒီလိုကြောင်တောင်တောင် လုပ်ရက်တွေကို လုပ်နေရင်တော့ ဘယ်တော့ မှလည်းနေ၇ာ တစ်ခု ရမှာ မဟုတ်သလို သေရင်တောင် ဘဝကူးကောင်းဖို့ မမြင်ဘူး ကလောင်ရှင်တို့လိုမျိုး ကျွန်တော်တို့ လူမျိုးမှာ ဒီလိုအသိဥာဏ်မျိုးတွေ ရှိရင် အ၇မ်းကောင်းမှာပဲဗျာ... ဝမ်းနည်းဖို့ကောင်းတာက သူများယောင်ရင် လိုက်ယောင်တတ်တဲ့ အသိဥာဏ်နည်းတဲ့ လူတွေ ရှိနေသေးတာ အရမ်းဝမ်းနည်းဖို့ ကောင်းတာပဲ......

ကောင်းတယ်ကွာ။ကြိုက်တယ်။

VERY GOOD TO READ ABOUT IT .LAST TIME I WAS A DAW SU CRAY BUT I DON'T LIKE HER ANYMORE BECAUSE SHE JUST CAN SAY TO ENCOURAGE ECONOMIC SANCTION WHICH DIRECTLY AFFECTED TO US .OUR FAMILY JUST AN ORDINARY MYANMAR CITIZEN AND WORKING AND STAYING IN SINGAPORE BECAUSE WE LOST OUR BUSINESS SCOPE IN MYANMAR SINCE AFTER 1998~1999 . I WORKED AT ONE OF THE FORWARDING COMPANY AND HANDLED USA & EU ACCOUNT , I HIT MY PROSPECT WHEN US DID THGHTEN ON MYANMAR AT 1999.THAT TIME I WAS A MARKETING EXECUTIVE .SANCTION IS DEFINITELY AFFECT TO ORDINARY CITIZEN , AFTER SANCTION ARMY OFFICERS AND SOME BUSINESS MEN GETTING MORE AND MORE RICH BY ILLEGAL TRADE .I AM A LADY , SO I CAN'T TRY TO DO SUCH ILLEGAL THINGS SOMETHING LIKE DRAW THE CONTAINERS FROM THAILAND BORDERS BECAUSE IT NEEDS TO GET AGREMENT WITH DKBA .BUT MY PREVIOUS COMPANY CAN DO IT , BECAUSE THEY ARE MEN AND KNOW HOW TO APPROACH ILLEGAL BETWEEN ARMY & REBELS .

ACTUALLY I DON'T HAPPY TO STAY AWAY WITH MY MOTHERLAND BUT WE HAVE NO CHOICE NOW .OUR COUNTRY IS LESS OPPORTUNITY BETWEEN FIGHTING OF NLD & MYANMAR GOVERMENT .NOW , MYANMAR GOVERMENT CAN STEP UP, SO WE WILL BACK THEM ANYWAY ANYHOW .BECAUSE THEY CAN RUN WELL TO GET THEIR GOAL .

သူများကို အပုတ်ချပြီး
ကိုယ့်ကိုကိုယ် ဂုဏ်တင်တဲ့အကျင့်ကို
အခုထိ မရှက်တတ်သေးပါလား
နှစ်ပေါင်များစွာ မတရား အတရားလုပ်
အတင်းဆို့ပြီးကာမှ
စားလို့သောက်လို့ ဝတော့
နံမည်ကောင်းယူတော့မယ်ပေါ့
မြန်မြန်မာလူမျိုးတော်တော်များများကလည်း
အရင်က ဘယ်လောက်မကောင်းမကောင်း
ခုကောင်းတော့မယ်ဆို သင်ပုန်းချေ တတ်တော့
အခွင့်ရေးယူကြပြီပေါ့ ...

မြန်မာနိုင်ငံ သမတ နိုင်ငံဖြစ်ပြီတဲ့
အဲလိုဖြစ်တော့ ပြည်သူတွေက
ဘာဖြစ်လာမှာလဲ
ထူးခြားမလာတဲ့သမတ
ဘာသမတ လည်း
သမတ လုပ်ပြီး
ကိုယ့်အတွက်ပဲ အပင်းဆို့နေလို့
ဘာမှ ထူးမလာဘူး

ဒေါ်စုက ၅လ နဲ့ မထူးခြားသေးဘူးဆိုရအောင် မင်းတို့အမေလင်တွေ အုပ်ချုပ်တာအနှစ်နှစ်ဆယ်ကျော်တယ်။ ထူးခြားသလားမေးရင် တောတွေလဲပြုန်းပြီ။ ကျောက်လဲကုန်ပြီ။ မြစ်ဆုံလဲကောပြီ။GASလဲကုန်မှာပဲ။ အဆင်းရဲဆုံးနိုင်ငံဖြစ်ဖို့နဲနဲပဲလိုတော့တယ်။ မင်းတို့အမေလင်တွေ အရင်အပြစ်သွားပြော။

အ သုံး မ ကျ လို့ နို ဘယ် ဆု ရ တာ လေ
အ သုံး များ ကျ ရင် နင် တို့ တွေ သေ နေ တာ ကြာ ပေါ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်