Subscribe to our RSS Feed

ထူးဆန်းသော အတိုက်အခံများ - ၆

အသိမှတ်ပြုပါတယ်၊ ဒါပေမယ့်မပြုပါဘူး၊ ဒါပေမယ့်ပြုတော့ပြုပါတယ်၊ အာ မသိဘူးဗျာ

“အခု အစိုးရသစ်တခု ရှိနေတယ် ဆိုတာကို အရှိ အရှိအတိုင်းပဲ အသိအမှတ်ပြုပါတယ်။ တကယ့်ကို ပြည်သူတွေရဲ့ဆန္ဒကို လေးစားပြီး ပြည်သူတွေနဲ့ တိုင်းပြည်အတွက် အကျိုးရှိစေမယ့် အစိုးရမျိုး ဖြစ်မဖြစ် ဆိုတာကိုတော့ နည်းနည်းတော့ စောင့်ကြည့်ရအုံးမှာပါ”

လို့

ဒေါ်စုကြည်က RFA သောကြာနေ့ ညတိုင်း ထုတ်လွှင့်နေတဲ့ “လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်” အမေးအဖြေ အစီအစဉ်အတွက် ဖြေကြားချက်တွေကို ကြိုတင်ရယူခဲ့ရာမှာ ထိုင်းနိုင်ငံက မေးမြန်းသူတဦးက “လက်ရှိ အစိုးရကို အသိအမှတ်ပြုပါသလား လို့ မေးမြန်းခဲ့တာကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

တစ်ခါ ဦးဥာဏ်ဝင်းက

“အစိုးရအဖွဲ့တရပ် ရှိနေတယ်။ အရှိကို အရှိအတိုင်း ရှိတယ်လို့ ဒါ ပြောရမှာပဲ။ အနှစ် ၂၀ ကာလ တလျှောက်လုံးမှာလည်း နအဖ၊ န၀တ ကို ကျနော်တို့ တောင်းဆိုမှုတွေ လုပ်ခဲ့တယ်။ တောင်းဆိုမှုတွေ လုပ်ခဲ့တဲ့ အဲဒီအုပ်ချုပ်နေတာ ဒီအစိုးရ ဆိုတာရှိတယ်။ လက်ရှိမှာလည်း အစိုးရသစ်တရပ် ရှိတယ်။ ဒါကို အရှိအတိုင်း လက်ခံတာပဲ။ ဒါနဲ့ပတ်သက်ပြီး သူ အဲဒီလို မှတ်ချက်ပြောတယ်။ ကျနော် နားလည်တာပြောရရင် acknowledgement ပဲ။ recognize မဟုတ်ဘူး။ တရားဝင်မှု ရှိမရှိကို ဘာမှမပြောဘူး။ အုပ်ချုပ်တဲ့ အစိုးရ တရပ် ပြည်သူ့လွှတ်တော်ကနေ ပေါ်ပေါက်လာတယ်။ ဒါကိုပဲပြောတာ။” လို့ အူလည်လည် ပြောပြန်ပါတယ်။

ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် ဒေါ်စုကြည်ရဲ့ NLD အပေါ် စိုးမိုးမှုက အရင်လိုပဲ ရာနှုံးပြည့်ရှိနေတယ် ဆိုတာ သိသာပါတယ်။ ဒေါ်စုကြည်ရဲ့ သဘောထားအားလုံးကို NLD က သူတို့သဘောထားလို့ ပြောရပါတယ်။ ဒါပေမယ့် သူတို့သဘေားထား ဆိုတာကို သူတို့ကိုယ်တိုင် ကောင်းကောင်းနားမလည်ကြတာ သနားစရာကောင်းလွန်းပါတယ်။

ဘယ်သူနဲ့မှမတိုင်ပင် ဘယ်သူနဲ့မှ မဆွေးနွေးပဲ ဒေါ်စုကြည်က လုပ်ချင်တာလုပ် ပြောချင်တာ ပြောပါတယ်။ အဲ့ဒါတွေကို နောက်က NLD တစ်ဖွဲ့လုံးက ဟုတ်တယ်၊ မှတ်တယ်ထောက်ခံကြပါတယ်။ သေသေချာချာ မေးကြည့်ရင်တော့ ရှေ့နေတွေ၊ ပြောရေးဆိုခွင့်ရှိသူတွေတောင် အူလည်လည်တိုင်ပတ်နေကြပါတယ်။

ဘာမှနားမလည် အောက်ခြေ ပါတီဝင်သူတွေကိုလည်း တစ်နေ့ကို ဆန်တစ်တင်းခွဲချက်လောက် နေ့စဉ် ကျွေးထားပြီး ရုံးတတ်ခိုင်းနေတာပါပဲ။ နေ့စဉ် ရုံးလာ ထမင်းစား ပြန်အိပ် နေကြတဲ့လူတွေချည်းပါပဲ။ ဘာနိုင်ငံရေးဗဟုသုတမှလည်း မရှိသလို ဘာခေါင်းဆောင်မှု ပညာမှလည်း မရှိကြပါဘူး။ ပေါ့ပေါ့နေ ပေါ့ပေါ့စားတွေပါ လို့ လေ့လာသူတစ်ဦး ပြောပါတယ်။ NLD ဥက္ကဌလည်း ဘယ်မှန်းမသိ၊ ဒုဥက္ကဌဦးတင်ဦးလည်း ပေကြောင်ပေကြောင်နဲ့ ဒေါ်စုကြည် ကြိုး ကိုင်သမျှပဲ ခံနေရပါတယ်။


မြန်မာ ဂျက်စ်ပဲရိုး မဟုတ်ဘူးနော် NLD ဒုဥက္ကဌ


ကြိုးကိုင်ရတိုင်း ကောင်းတာမဟုတ်ဘူး


ဝမ်းနည်းခြင်းအထိမ်းအမှတ် သံချပ်


ဂျပန်ဆူနာမီနဲ့ နူကလီးယားကြောင့် မြန်မာတို့အပါအ၀င် တစ်ကမ္ဘာ လုံးစိုးရိမ်စိတ်ပူနေချိန်၊ တြိဂံဒေသ တာလေငလျှင်ကြောင့် မြန်မာတွေ သေဆုံးကြေကွဲနေချိန်တွေကြောင့် နှစ်စဉ် ခမ်းခမ်းနားနားကျင်းပမြဲဖြစ်တဲ့ တပ်မတော်နေ့ ကိုတောင် နိုင်ငံတော် အကြီးအကဲများက ခမ်းခမ်းနားနား မကျင်းပပဲ နေခဲ့ပါတယ်။ ဒါပေမယ့် အိန္ဒိယ ရောက် မြန်မာအတိုက်အခံများက ဒိုးပတ်များတီးပြီး သံချပ်များကို သီဆိုဖြန့်ဝေနေပါတယ်။ အခြေအနေနဲ့ အချိန်အခါကို နားမလည်တာလား၊ အထောက်အပံ့တွေရဖို့ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုပြီး လုပ်တာလားဆိုတာကိုတော့ သူတို့တွေ ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ နှစ်စဉ် ပေါချာချာ စာသားတွေကို တောင်အော်မြောက်အော် အော်ရင်း သံချပ်ပါ လို့ နာမည်တပ်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့ဒီ နှစ်စဉ် သံချပ်သီဆိုမှုက မြန်မာပြည်သူ ဘယ်တစ်ဦး တစ်ယောက်ကိုမှ ခုချိန်ထိ အကျိုးမပြုခဲ့ပါဘူး။ အကျိုးပြုတဲ့လူ တချို့တော့ရှိပါယယ်။ အဲ့ဒါကတော့ ပိုစ့်ရှာနေတဲ့ အတိုက်အခံ ပညာမဲ့ ဘလော့ဂါတွေပါပဲ။ အိုးပဲ့နှင့် စလောင်းပဲ့နဲ့ကတော့ တည့်နေတာပါပဲ။ သူတို့ကိုယ်သူတို့တော့ ဟုတ်လှပြီထင်နေကြတာပါ။ သူတို့တွေ ပဲ့နေတာကို ဘေးက ပြည်သူတွေအားလုံးက ကြည့်ရင်း စိတ်ပျက်နေကြပါပြီ။

ငလျင်နှင့် ဆူနာမီကြောင့် ကြေကွဲရသူများ


တာလေငလျင်ကြောင့် ပျက်ဆီးရမှုများ

ဝမ်းနည်းခြင်းအထိမ်းအမှတ် သံချပ်ဆိုကြသူများ


လက်စားချေတဲ့ ကဗျာ

၁၉၉၀ ခုနှစ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၊ ဒုတိယ ပင်လုံ၊ တိုင်းပြည်အတွက် ကောင်းစားမည်ဆိုလျှင် (ကြံ့ဖွံ့ပါတီ) ကိုတောင် လက်တွဲနိုင်ပါတယ် ဆိုသောစကားများ ပြောကြားထုတ်ဖော်ခဲ့သောကိစ္စ တခုမျှ မအောင်မြင်ခဲ့သည့် ဒေါ်စုကြည်တစ်ယောက် အကျယ်ချုပ်ကျခံစဉ်က ဂျပန်နိုင်ငံရောက်မြန်မာများနှင့် ဂျပန်အချို့က ဒေါ်စုကြည် လွတ်အောင်ကိုယ်ထိလက်ရောက် ဘာမှမလုပ်ပေးနိုင်တဲ့အပြင် သူတို့ဘာပြောပြောလုပ်မပေးမှန်းသိလျှက်နှင့် မြန်မာသံရုံးရှေ့တွင် ချက်ချင်းလွှတ် ချက်ချင်းလွှတ် ဟူ၍ သွားအော်ခဲ့ကြသည်။ ၎င်းကဲ့သို့ အဓိပ္ပါယ်မရှိသော လုပ်ရပ်များဖြင့် ဒေါ်စုကို နာမည်တပ်သည့် ဂျပန်မှ မြန်မာနှင့် ဂျပန်များကို ဒေါ်စု မကျေနပ်သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်ရာ ယခုတစ်ကြိမ် စူနာမီနှင့် ငလျင်ကြောင့် ထိုသူများ ဒုက္ခရောက်နေချိန်တွင် တန်ပြန်သင်ခန်းစာအနေဖြင့် ဒေါ်စုမှ လက်စားချေခဲ့သည်။ လက်စားချေပုံမှာ မြန်မာနိုင်ငံတွင်းနေအိမ်အကျယ်ချုပ်မှ ဒေါ်စုလွတ်မြောက်ဖို့ ဘာမှ အကျိုးမရှိသည့် ဂျပန်နိုင်ငံ လမ်းပေါ်မှ အော်ဟစ်ကြိုးစားသူများအတွက် ဒေါ်စုကြည်ကလည်း ဂျပန်နိုင်ငံတွင်းမှ စိုးရိမ်ကြောင့်ကျနေကြသော လူများအတွက် မြန်မာနိုင်ငံတွင်းမှ ဘာမှအကျိုးမရှိသည့် ကဗျာများ ရေးစပ်သည့် ပြိုင်ပွဲကို ကျင်းပခဲ့သည်။

အကျယ်ချုပ်ကျခံစဉ်က မြန်မာနိုင်ငံတွင်းမှ ဒေါ်စုအတွက် ဂျပန်နိုင်ငံက လမ်းပေါ်မှ အော်သံများက ဘာမှအကျိုးမရှိသလို၊ ဂျပန်မှ ဒုက္ခသည်များအတွက် ကဗျာပြိုင်ပွဲမှ ကဗျာများကလည်း ဘာအထောက်အကူမှ မဖြစ်တာတော့ အသိသာပါပဲ။


ငါ(မှား)လား မင်း(မှန်)လား

နောက်တစ်ခုရှိပါသေးတယ်။ ဘီဘီစီ၊ ဗွီအိုအေ၊ ဒီဗွီဘီ၊ အာအက်ဖ်အေ တို့ကို နေ့စဉ်နဲ့အမျှ နားထောင်ပြီး ပြောသမျှ အမှန်ထင်၊ မြှောက်ပေးသမျှ မြောက်နေတဲ့ဒေါ်စုကြည်မှာ ခုဆိုရင် ဘာဆို ဘာတစ်ခုမှ မလုပ်တတ်မကိုင်တတ်ဖြစ်နေတာ အားလုံး သိနေကြပါပြီ။ ဒေါ်စုကြည်ကလည်း သူနားထောင်ခဲ့စဉ်က ဒေါ်စုကြည်အတွက်ဆိုပြီး ခေါင်းစဉ်တပ် လုပ်စားနေသူများကို အတော်လေး ရွံ့မုန်းနေခဲ့တယ်ဆိုတာကို ဂျပန်ဆူနာမီအတွက် ကဗျာရေးတာကို ကြည့်ပြီး သိနိုင်ပါတယ်။ နောက်ထပ် အသိသာဆုံးတစ်ချက်ကတော့ ဒေါ်စုမလွတ်ချင်က ပြည်သူ့လက်နက် ကြက်ခြေခက် ဆိုပြီ အမှားခြစ် ခြစ်နေသူအားလုံးကို ဒေါ်စုကြည်က လွတ်လွတ်ချင်း ဆန့်ကျင်ခဲ့ပါတယ်။ သူမရဲ့ ပထမဆုံး စကားပြောပွဲမှာ ဘာမဆိုင်ညာမဆိုင် (ဘာဆို ဘာမှမဆိုင်ပဲ) အမှန်ခြစ်ကြီး တစ်ခု ခြစ်ပြခဲ့ပါတယ်။

ဘာမှတော့ မဆိုင်ဘူး၊ အမှန်ခြစ်တယ် - ပုံ ဒေါ် အောင်ဆန်းစုကြည်
(အမှန်ခြစ်အကြောင်း NLD မှ ပြောရေးဆိုခွင့်ရှိသူများကို သွားမေးပြီး ဒုက္ခမပေးကြနဲ့အုံး)

ဘာပဲဖြစ်ဖြစ် အမှားခြစ်တယ် - ပုံ ဒေါ် လာစားအတိုက်အခံများ


လွတ်လပ်မှုအတွက် ခုံ ချ

အံ့ဖွယ်လုပ်ရပ် တစ်ခုကို အတိုက်အခံတစ်ဦးဖြစ်တဲ့ ဘားမားကန်ပိမ်း ယူကေ မှ ဝေနှင်းပွင့်သုန် က လုပ်ပြသွားပြီးတဲ့နောက်မှာ ကျွန်တော်လည်း ဝေနှင်းပွင့်သုန်ရဲ့ ဘာမှန်းမသိတဲ့ သမိုင်းဝင် လုပ်ရပ်ကို လေးစားအားကျလို့ လွတ်လပ်မှုအတွက် ခုံ (၃) လုံးကို အိမ်အပေါ်ထပ်ကနေ ပစ်ချခဲ့ပါတယ်...။ ပစ်မချခင်ထိ အောက်မှာ ထုံးစံအတိုင်း ကိုယ့်အချင်းချင်း သတင်းထောက်တွေ စောင့်နေကြပြီး ခုံ တစ်လုံးပြီး တစ်လုံး ပစ်ချမှုကို ရင်သတ်ရှုမော ကြည့်ခဲ့ကြပါတယ်။ ပြီးသွားချိန်မှာတော့ တစ်ချို့က အပေါ်ကို ပြေးတတ်လာကြပြီး ကျွန်တော့ကို အင်တာဗျူးကြပါတယ်။ တစ်ချို့ကတော့ မကျိုးသေးတဲ့ ခုံ ကို ပြေးပြီး လုကြပါတယ်။





မေးသူ။ ။´ခုလို ခုံ ချရတော့ ဘယ်လိုခံစားရပါလဲ´

ကျွန်တော်။ ။´အရမ်းကို ကျေနပ်ပါတယ်၊ ခုံမချခင်မှာ အောက်ကို မကြည့်ဖို့မှာထားလို့ မကြည့်ပါဘူး။ ဘယ်သူ့ပေါ် ပြုတ်ကျကျ ကျပစေဆိုပြီး သရီး.. တူး...၀မ်း.. ဇီးရိုး... ဆိုတာနဲ့ ပထမ တစ်လုံးကျပစ်ချတော့တာပါပဲ။ အဲ့ဒီနောက် နောက်နှစ်လုံး ပစ်ချလိုက်ပါတယ်။ အရမ်းပျော်ပါတယ်... ခုံတွေက အဖေ့ UNHCR ရုံးက အဖေယူလာတဲ့ ခုံတွေပါ... နောက်တစ်ကြိမ် အိမ်ခေါင်မိုးပေါ်ထိတက်ပြီး ၁၀ လုံးလောက် ပစ်ချဖို့ အဆင်သင့်ပါပဲ..... ´


ဂိမ်မန်ဦးမှာ ရှော့မရှိဘူး

အံ့ဖွယ်လုပ်ရပ် နောက်တစ်ခုဖြစ်ပြီး မြန်မာပြည်သူတစ်ဦးတစ်ယောက်အတွက်မှ အကျိုးမရှိတဲ့အပြင် မှတ်သားစရာ၊ သမိုင်းတွေ၊ ဗဟုသုတတွေ တစ်ခုမှ မပါဝင်တဲ့ ´အာရုံဦးမှာ လျှော့ရှိတယ် ဆိုတဲ့´ ပေါချာချာ ဗွီဒီယိုဖိုင် တစ်ချို့ကို ဘီဒီစီ က အဖွဲ့တွေ က ထုတ်လွှင့်ခဲ့ပါတယ်။ ကြည့်ရှုသူတွေရဲ့ မကောင်းတဲ့ တုန့်ပြန်ချက် ဆိုးဆိုးဝါးဝါးတွေကို ခံရပေမယ့်လည်း ဆန္ဒပြစရာ အကြောင်းအချက်ကလည်းမရှိ၊ ရွေးကောက်ပွဲလုပ်ပေးဖို့ကလည်း ပြောလို့မရ၊ ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးဖို့ကလည်း ပြောလို့မရ၊ ဘာမှ ခေါင်းစဉ်တပ်မရပဲ အထောက်အပံတွေကို အလကားထိုင်စားနေလို့ မဖြစ်တာကြောင့် နောက်တစ်ခု လုပ်ကွက်ပြဖို့ ´ဟေမန်ဦးမှာ လျှော့ရှိတယ်´ ဆိုတဲ့ ဇတ်ကားကို အရင် အူကြောင်ကြောင်လူတွေနဲ့ပဲ ထပ်ရိုက်ခဲ့ပါတယ်။ ထုံးစံအတိုင်း ကြည့်ရှုသူတွေအတွက် ဘာရလဒ်မှမပေးနိုင်ပါဘူး။ မြန်မာအတိုက်အခံတို့က အစိုးရကို ဆန့်ကျင်ဖို့ ရိုက်တဲ့ နိုင်ငံရေး (သို့) တော်လှန်ရေးဇတ်ကားဆိုတာ ဒါမျိုးပါလား ဆိုပြီး မကောင်းတဲ့ သမိုင်းပဲ ကျန်ခဲ့ပြီး နောင်လာနောက်သားတို့ ပြန်ကြည့်ရင်း လှောင်ရယ်နေကြမယ့် ရလဒ်ဆိုးတစ်ခုပဲ ပေးပါလိမ့်မယ်။ အဲ့လို နိုင်ငံရေး (သို့) တော်လှန်ရေး ဇတ်လမ်းဆိုတာ ဘာအနှစ်သာရမှမလို၊ ဘာဗဟုသုတမှ မလို၊ ဝတ္ထုမလို၊ သမိုင်းမလို ပဲ ပြောချင်တာပြော၊ လုပ်ချင်ရာလုပ်ပြီး ရိုက်လို့ရမှန်း သိချိန်မှာ ကျွန်တော်တို့ Myanmar Express Group မှ မင်းသားချော မင်းသမီး ချော လေးနဲ့ နိုင်ငံရေး ဇတ်လမ်းတစ်ခုကို ရိုက်နေပါပြီ ဇတ်လမ်းနာမည်ကတော့ ဂိမ်မန်ဦးမှာ ရှော့မရှိဘူး ပဲ ဖြစ်ပါတယ်။ မကြာမှီ လာမည် မျှော်.....။


အာရုံဦးမှာ လျှော့ရှိတယ် သမိုင်ဝင်မည့် နိုင်ငံရေး ဇတ်ကားကြီးမှ ဇတ်ဝင်ခန်းများ


ဂိမ်မန်ဦးမှာ လျှော့မရှိဘူး ဇတ်ကားမှ ဇတ်ဝင်ခန်းတစ်ခု



Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်