Subscribe to our RSS Feed

စစ်တွေမြို့ နယ်မြေခံဆေးတပ်ရင်းမှ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေးစခန်းများ၌ ကျန်းမာရေးပညာပေး ဟောပြော ကျန်းမာရေးစောင့်ရှောက်မှုများ လှည့်လည်စစ်ဆေး ကု


စစ်တွေမြို့ နယ်မြေခံဆေးတပ် ရင်းမှ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ သည် ဇွန် ၁၇ ရက်တွင် စစ်တွေမြို့ ကယ်ဆယ်ရေးစခန်းများ၌ ရောက် ရှိနေကြသူများကို ဖျားနာမှုမရှိစေ ရေး၊ ဝမ်းပျက် ဝမ်းလျှောရောဂါမဖြစ် ပွားစေရေးအတွက် သိရှိလိုက်နာ ဆောင်ရွက်သင့်သည့် ကျန်းမာရေး ပညာပေးများကို ဟောပြောဆွေး နွေးခြင်းများ ဆောင်ရွက်ကြသည်။ ထို့အပြင် အဆိုပါဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များသည် စစ်တွေမြို့ ဦးရဲကျော်သူ (သံကျောင်း)ကျောင်း တိုက်၊ ဆင်ကူးလမ်းဘုန်းတော်ကြီး ကျောင်းနှင့် သဲချောင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း တွင်ရောက်ရှိနေကြသော မိသားစု များအားလိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို နံနက်ပိုင်း နှင့် မွန်းလွဲပိုင်းတို့တွင် လှည့်လည် စစ်ဆေးကုသဆောင်ရွက်ပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်