Subscribe to our RSS Feed

လွတ်တော်အမတ်ဖြစ်ဖို့အရေး ပွဲလန့်တုန်း ဖျာဝင်ခင်းတဲ့ ဦးဝင်းချို

ဦးဝင်းချိုဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ပြုလုပ်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ လွတ်တော်အမတ် ဖြစ်ဖို့အရေး စိတ်ကူးရင်ကာ ရန်ကုန်တိုင်းဒေသကြီး ဒလ မြို့နယ်မှ တသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ခဲ့ပါတယ်။ သူ့ရဲ့ ခပ်ကြောင်ကြောင် အတွေးတွေကြောင့် ဘယ်ပါတီနဲ့မှ အဆင်မပြေနိုင်ဘူးဆိုတာ သိတာကြောင့် တသီးပုဂ္ဂလအနေနဲ့ပဲ တစ်ကောင်ကြွက် ဝင်ပြိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း မဲထည့်တဲ့လူ မရှိလို့ ဝက်ဝက်ကွဲကောင် ရှုံးပြီး လွတ်တော်အမတ်မင်းဖြစ်ရေး အိပ်မက်ကြီး ပျက်ပျယ်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း ဇွဲမလျှော့နိုင်သေးပဲ မသေခင် လွတ်တော်အမတ်ဖြစ်ရေး မျှော်တွေးကာ နောက်ထပ် ၂၀၁၅ မှာ လုပ်မယ့် ရွေးကောက်ပွဲမှာ မဲရရှိရေးအတွက် ဘယ်လိုလုပ်ရမလဲဆိုတာကို အမြဲ စဉ်းစားနေတတ်ပါတယ်။ လူမိုက်ကံကောင်း ဆိုသလိုပဲ ခေါင်းစဉ်ရှာနေတဲ့ ဦးဝင်းချိုအတွက် ဧရာဝတီ ရောဂါ က အကောင်းဆုံး ခေါင်းစဉ်ဖြစ်လာခဲ့ပါတယ်။ ဧရာဝတီ ရောဂါပျံ့နှံ့ကာ ပွဲလန့်နေတုန်းမှာပဲ ဦးဝင်းချိုတစ်ယောက် ဖျာခင်းဖို့ ဖျာလိတ်ထမ်းကာ ပြေးဝင်လာပါတော့တယ်။

အမှတ် (၁) လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း က အမျိုးသား အကျိုးစီးပွား တိုးတက်စေတာကြောင့် ဆက်လက်လုပ်ဆောင်မယ်လို့ ပြောခဲ့တာကို နိုင်ငံတော် ပုန်ကန်မှု တစ်ခုအသွင် ဖန်တီးကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ထဲက အခန်း တွေ၊ ပုဒ်မ တွေတပ်ပြီး အရေးယူဖို့တောင် ပြောလိုက်ပါသေးတယ်။

ဦးဝင်းချို ကို မေးမြန်းချိန်မှာလဲ လူအများက မကြိုက်တာကြောင့်လို့ ပြောခဲ့ပါတယ်။ ခုချိန်မှာ ဦးဝင်းချိုရဲ့ အလုပ်က လူတွေဘာကြိုက်လဲ၊ လူတွေ ကြားမှာ ဘာအကြောင်းတွေ ပြောနေလဲဆိုတာ စုံစမ်းပြီး ပရိတ်သက်အကြိုက် လိုက်ကာ ၂၀၁၅ မှာ ထောက်ခံမဲ ရဖို့အရေး ကြိုးစားဖို့ပါပဲ။ ဦးဝင်းချိုရဲ့ ဒီလုပ်ရက်နဲ့ ပတ်သက်ပြီး ၁၉၉၀ ရွေးကောက်ပွဲတုန်းက ဝင်ပြိုင်ခဲ့ဖူးတဲ့ ကိုယ်စားလှယ်တစ်ဦးက အခုလိုပြောပါတယ်။

"အထူးပြောစရာမလိုပါဘူးဗျာ... သူမဲလိုချင်လို့ လုပ်နေတာ သိသာနေတာပဲ.. အပေါစားစည်းရုံးမှု ဆိုတာ ဒါမျိုးပဲဗျ.. ၁၉၉၀ တုန်းကလည်း အဲလိုလူတွေ အများကြီး နိုင်သွားကြတာပဲ... ဦးဝင်းချိုလည်း ဒီ မရိုးနိုင်တဲ့ ပရိတ်သက်အကြိုက်လိုက်၊ ပရိတ်သက် ကြားချင်တာ ပြောတဲ့ နည်းနဲ့ လူထောက်ခံအောင် လုပ်တာပေါ့... ဒါပေမယ့် ဒီခေတ်မှာ ပွဲလန့်တုန်း ဖျာခင်းတတ်ရုံနဲ့ လူတွေရဲ့ ထောက်ခံမှု ရဖို့ မလွယ်ဖူးလေ.. ဒါကြောင့် သူလည်း ခုထိ လွှတ်တော် အမတ်မဖြစ်တာပေါ့... ဒီဦးနောက် ဒီအတွေးအခေါ်နဲ့ ဒီနည်းလမ်းအတိုင်း ဆက်သွားလို့တော့ ... လွှတ်တော်အမတ်မပြောနဲ့ဗျာ... လွှတ်တော် တံခါးစောင့်တောင် ဖြစ်ဖို့မလွယ်ဘူးဗျ.." လို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားပါတယ်။

ဒါ့အပြင် ဧရာဝတီ ကို စောင့်လျှောက်ဖို့ထက် သူများကို အရေးယူဖို့ အရင် စဉ်းစားနေတဲ့ ဦးဝင်းချို ကို ရှုံ့ချ ကြသူတွေလည်း အများအပြား ပေါ်ထွက်လာပါတယ်။ အင်တာနက်ပေါ်က အတိုက်အခံ စာမျက်နှာတွေမှာတော့ ထုံးစံအတိုင်း အရည်အချင်းရှိရှိ ပြန်မပြောနိုင်ချိန်မှာ ပါဆင်နယ်တွေ လျှောက်ပြောပြီး အနိုင်ရဖို့ကျိုးစားနေကြောင်းကို နိုင်ငံခြားမှာ နေပြီး ဧရာဝတီ အရေးလှုပ်ရှားနေသူ တစ်ဦးက "အခုချိန်မှာ အရေးကြီးတာက ဧရာဝတီ ပဲဗျာ.. ဦးဝင်းချို အနေနဲ့ တလွဲကို ဆံပင်မကောင်းသင့်ဘူးလို့ ပြောချင်တယ်ဗျ.. သူက သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းချင်တဲ့စိတ်ထက် သူများကို အရေးယူချင်စိတ်က ပိုများနေသလိုဖြစ်နေတယ်လေ... အင်တာနက် စာမျက်နှာတွေလည်း အတူတူပဲပေါ့... ဧရာဝတီ ကို ကယ်ကြမယ် အော်ပြီး အရည်ချင်းရှိရှိ ပြန်မဆွေးနွေးနိုင်တော့ လျှပ်စစ်ဝန်ကြီးကို မကျေနပ်ပြီး ပါဆင်နယ်တွေ လျှောက်ပြောနေကြတာတွေ လုပ်နေကြတယ်.. သတ္တိမရှိလို့ လက်နက်ပုန်း သုံးသလိုဖြစ်နေတာပေါ့ဗျာ... အဲဒီ လုပ်ရက်တွေ၊ အဲဒီ စိတ်ဓာတ်တွေနဲ့ နိုင်ငံတော်ကို ကယ်တင်မယ်.. ဧရာဝတီကို ကယ်တင်မယ် ဆိုရင်တော့ ရင်လေးစရာပဲဗျ..." လို့ ပြောသွားပါတယ်။

အင်တာနက်ပေါ်က ယောင်္ကျားဆန်ဆန် အရည်ချင်းရှိ ပြန်မဆွေးနွေးကြပဲ အမှောင်ထဲက လက်နက်ပုန်းသုံးကာ မဆိုင်တာ လျှောက်ပြောနေသူများကို အမှတ် (၁) လျှပ်စစ် ဝန်ကြီးက ယောင်္ကျားဆန်ဆန် ဒုတ်ဒုတ်ချင်း၊ ဓား ဓားချင်း သာ ပြန်လည် ယှဉ်ပြိုင်သင့်ကြောင်း ဆုံးမ စကား ပြောခဲ့ပါတယ်။

အသက် ၆၀ နီးပါး ရှိပြီဖြစ်တဲ့ ဦးဝင်းချိုဟာ ဗိုလ်ချုပ်ဈေးမှာ ရွှေဆိုင်ဖွင့်ပြီး ကြီးပွားချမ်းသာနေသူဖြစ်ပါတယ်။ ဦးဝင်းချိုရဲ့ ကိုယ်ရေးအချက်အလက်အချို့ကတော့ အောက်မှာဖော်ပြထားတဲ့ အတိုင်းဖြစ်ပါတယ်။ ဧရာဝတီ သတင်းဌာနကတော့ ဦးဝင်းချိုကို ရန်ကုန်တိုင်း ဒဂုံ မဲဆန္ဒနယ် က လို့ မှားယွင်း ဖော်ပြ ထားပါတယ်။

7 comments:

ဦးဝင်းချိုက မဲရလိုရညား အခြေအနေတရပ်ရပ် (ဥပမာ ဧရာဝတီ) ကို အကြောင်းပြပြီး စည်းရုံးတယ်။ ဒါကိုအပေါစားစည်းရုံးတယ်လို့ မင်းတို့သတ်မှတ်တယ်။ ဒါဆိုမင်းတို့ ချီးကျူးမယ်ယူဆရတဲ့ အထက်တန်းစား စည်းရုံးမှုကဘာလဲ။ နိုင်ငံ့ဘဏ္ဍာတွေကို အတားအဆီးမရှိသုံး၊ လူမှုရေးလုပ်တာပါပြောပြီး နိုင်ငံရေးပါတီ အဖြစ်မျက်နှာပြောင်တိုက် ကိုယ့်ဥပဒေနဲ့ကိုယ်မှတ်ပုံတင်။ တယာက်ထည်းပြိုင် တာတောင်မသေချာလို့ ကြိုတင်မဲတွေနည်းမျိုးစုံယူ။ လိမ်လို့ရသမျှ အကုန်လိမ်၊ ခိုးလို့ရသမျှ အကုန်ခိုး။ အဲဒါကိုမှမင်းတို့ ကအဆင့်အတန်းမြင့် စည်းရုံးရေးလို့ သတ်မှတ်ချင်တာလား။ ဦးဝင်းချိုကို ငါမသိဘူး။ ဒါပေမယ့် ဧရာဝတီင်္လို အမျိုးသားရေးကိစ္စ မှာ ခေါင်းငုံ့မခံတဲ့သူ့လုပ်ရပ်ကို လေးစားတယ်။ တပါတည်း ဒီလောက် တိုင်းပြည်တခုလုံးရဲ့ သေရေးရှင်ရေးပမာ အရေးကြီးတဲ့ ကိစ္စမှာတောင် လက်ညှိုးထောင် ခေါင်းညိတ်ဘို့၊ သခင်အားရ ကျွန်ဝမ်းဝ လုပ်ဘို့ ဝန်မလေးတဲ့ မင်းတို့ရဲ့ ကင်ပေတိုင် စိတ်ဓါတ်ကို ရှုတ်ချတယ်။
ဦးဝင်းချို ဧရာဝတီ ကိစ္စအကြောင်းပြုပြီး လွှတ်တော်ထဲ ရောက်သွားခဲ့ရင်တောင် အဲသည်ထဲက ဆန်ကုန်မြေလေး တယောက်ယောက်ကို အစားထိုးမှာမို့ ဘာမှကန့်ကွက်စရာမရှိဘူး။ အလွန်ဆုံး ဝေဖန်ရရင် မျောက်ပြဆန်တောင်းတယ် ဆိုတာလောက်ဘဲ။ မင်းတို့ အစုလိုက် အပြုံလိုက် မျက်နှာပြောင်တိုက်ပြီး လုပ်နေကြတဲ့ မျောက်မျက်နှာ မကြည့်ဘဲ မျောက်သားစားနေကြ တာထက်တော့ တိုင်းပြည် အတွက်ပိုအကျိုးရှိမှာသေချာပါတယ်။
(ငတေ)

I agree with you

သြော်.. ဦးဝင်းချိုက မင်းတို့ ပထွေး ဇော်မင်းရဲ့ ပါဆင်နယ်တွေ တိုက်ခိုက်တာကို မခံနိုင်ဘူးတဲ့လား.. ဘယ်မှာ ပါလို့လဲကွာ.. personal attack.. မင်းတို့ ပထွေးက စစ်တက္ကသိုလ်က ထွက်လာပြီး ဘာမှ မတတ်ပဲ လျှပ်စစ်ဝန်ကြီးလုပ်နေတာကို မဝေဖန်ရင် ဘာကို ဝေဖန်ရမှာလဲ.. အနည်းဆုံး လျှပ်စစ်ဝန်ကြီးက နည်းပညာ နဲ့တော့ မဝေးသင့်ဘူးပေါ့ကွာ.. personal insult လုပ်တာက မင်းတို့လို တိုင်းပြည်အရေးနဲ့မဆိုင်တဲ့ ငယ်နိုင်တို့၊ စိုင်းသိန်းဝင်းတို့ စောက်တင်းတွေ ထမိန်ခြုံထဲက အော်နေတာမျိုးကွ.. အတွေးအခေါ်တွေလူလူသူသူဖြစ်အောင် ထမင်းစားပါကွာ.. ချီးစားမနေနဲ့...

ဟ...ဟ.. ဠကြီး... အ... ! အားပေးတယ် Myanmar Express ရေ... ဆက်သာရေး။ မင်းဘယ်တော့ ဘာရေးရေး နလပိန်းတုံးကောင်တွေကတော့ အဟောင်မပျက်ဘူးကွ.. နော်..။ ဧကန္တ မနက်မိုးလင်းလို့ browser ဖွင့်ရင် အရင်ဆုံး ဝင်ကြည့်ပြီး ဟောင်လိုက်ရမှ နေသာထိုင်သာရှိတဲ့ကောင်တွေ တူပါရဲ့ကွာ... ဟဟ... ရေလည်လန်းတယ်... ကစ်သာကစ်... ဆော်သာဆော် !!!!! မင်း အမှန်တရားတွေ ပြောနေသရွေ့ ဟောင်မြဲ ဟောင်ဆဲ ဟောင်လတ္တံ့ဖြစ်နေဦးမှာပဲ Myanmar Express ရေ... ဂွတ်ဒ်တယ်ကွာ... ဒီကောင်တွေ ရေးတာကြည့်ပြီး အူနှိပ်နေအောင်ရယ်ရတယ်ဟ... ဟ ဟ ဟ... :P

အထက်ပါ comment များကိုကြည့်ပါ..မည်သူများက ရိုင်းပြီး မည်သူများက ယဉ်ကျေး သနည်း..
မည်သူများကအဆင့် အတန်းရှိပြီး မည်သူများ ကအောက်တန်းကျသနည်း...ကျွန်တော်တော့မပြောတော့ဘူး..စာဖတ်သူတို့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပါတော့......:)))

ငါ့သားတွေရိုင်းချက်ကတော့ လန်ထွက် သကွာ .. ပညာကမတတ်၊ အသိဥာဏ် ကမရှိ ၊ မိဘတွေကမဆုံးမခဲ့ ကြတော့ ဂလိုပဲ ရှိပေမပေါ့ကွာ။ အဖေ့တစ်သက် အရိုင်းဆုံးလို့ထင်ထားတဲ့ အဖေတို့ ရွာ က ထန်းရည် သမား မြ၀င်းတောင် သားတို့ကို မမီပေးပဲကိုး..အခုလို ဖတ်မိမှပဲ အမြင် ကျယ်သွားတော့တယ်.....အဲ့တာကြောင့်လဲ ငါ့သားတို့ ပြည်တွင်းမှာ မနေရဲပဲ သူတပါးတိုင်းပြည် သွားတောင်းစားနေကြပေသကိုး..

ွှမှန်ပါ့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်