Subscribe to our RSS Feed

အဘိုးကြီး၊ အဘွားကြီးများ ထိုင်ပြီး သန်းရှာနေတာ ၂၃ နှစ် ပြည့်ပြီ

ကမ္ဘာ ပေါ်တွင် အသက်အကြီးသူ အများဆုံး ပါဝင်သည့် နိုင်ငံရေး အဖွဲ့အစည်း ဖြစ်တဲ့ NLD ဟာ အခုဆိုရင် ဖွဲ့စည်းခဲ့တာ ၂၃ နှစ် ရှိပြီဖြစ်ပါတယ်။ အဖွဲ့ကြီးက ၂၃ နှစ် ပြည့်သလို လူများကလည်း ၆၀ ကျော် များမှ ၉၅ ကျော် အထိ ဖြစ်ကုန်ကြပါပြီ။ ဝီကီလိခ် စာမျက်နှာက ပင် NLD အန်ကယ်ကြီးများ ကို ပြည်သူတွေ အားမလို အားမရ ဖြစ်ကြောင်း ရေးသားခဲ့ဖူးပါတယ်။

ဒူးတုတ် ပြီးတောင် မထိုင်နိုင်တော့ပေမယ့် မသေခင် ဝန်ကြီး ဖြစ်ဖို့တော့ မျှော်လင့်ရမယ်


ဘဘ သေသွားရင် အုတ်ဂူမှာ ၉၀ ရွေးကောက်ပွဲ အနိုင်ရ လို့ ရေးပေးပါကွာ


သေရင် ကိုယ့်နောက် ဘာမှ မပါပါဘူး ဘဘ ရယ်။ စိတ်ဖြောင့်ဖြောင့်သာ သေပါ။

ပြည်ပမှ စိတ်အားထက်သန်သူများနဲ့ ပြည်တွင်းမှ လူငယ် အချို့ကတော့ NLD ရဲ့ လုပ်ဆောင်မှု နှေးကွေးပုံနဲ့၊ မယောင်ရာ ဆီလူးနေကြပုံကို အားမလို အားမရ ဖြစ်ကာ မေးခွန်းတွေ မျိုးဆုံ မေးကြပါတယ်။ ရန်ကုန်မြို့ အင်တာနက် ဆိုင်မှာ လူငယ် တစ်ဦးက

"ဦးတင်ဦးသေတော့မယ်
ဦးဝင်းတင်သေတော့မယ်
ဒေါ်စုသေတော့မယ်
အဘိုကြီးတွေသေတော့မယ်
အဖိုးလေးတွေသေတော့မယ်
၈၈-မျိုးဆက်ထောင်ထဲမှာ ဂေါက်နေပြီ
ပြည်ပအတိုက်အခံ အရက်သမားဖြစ်တော့မယ်
ဘယ်တော့ ဒီမိုကရေစီရမှာလဲ"

လို့ စိတ်မရှည်တဲ့ လေသံနဲ့ မေးထားပါတယ်။



ဒီမိုကရေစီက အရေးမကြီးဘူး.. လောလောဆယ် စားကြကွာ.. ဗိုက်ဝဖို့ အရေးကြီးတယ်

၂၃ နှစ် အတွင်း လူထုအတွက် NLD ဘာလုပ်ခဲ့လည်း မေးရင် ဖြေစရာမရှိပါ။ ပါတီဝင်များကလည်း ပါတီ အတွက် ဘာမှ မလုပ်နိုင်ခဲ့ပါ။ စတင်တည်ထောင်ချိန်တုန်းက ခမောက်ရူး ရူးကြပြီး ၂၄ နာရီ ခမောက် စောင်းခဲ့ကြပေမယ့် အခုချိန်မှာတော့ ခမောက်တွေကို ချောင်မှာ ထိုးထားလိုက်ကြပါပြီ။ အရင်တုန်းက တောင်သူ ဦးကြီးတွေကို ကိုယ်စားပြုကာ ခမောက် စောင်းတယ် လို့ ပြောခဲ့ကြပေမယ့် အခုတော့ ကိုယ်စား မပြုကြောင်း သက်သေပြနေပြီဖြစ်သည်။ လက်တလော ချိတ်ဆွဲထားသည်မှာ ဒေါင်းပုံများသာ ဖြစ်တာကြောင့် တိရိစ္ဆာန်ကိုသာ ကိုယ်စားပြုသည် ဟု မြန်မာ့အရေးလေ့လာသူများက သုံးသပ်နေကြပြီဖြစ်သည်။

၂၃ နှစ် အတွင်းမှာ ပါတီဝင် အချင်းချင်း အကွဲ အပြဲ တွေ အကြိမ်ပေါင်းများစွာ ဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက လူကြီးနဲ့ လူငယ် ဆိုပြီး ကွဲလာရာမှ ရွေးကောက်ပွဲ စတင်ချိန်မှာတော့ NDF နဲ့ NLD ဆိုပြီး နှစ်ခြမ်းကွဲခဲ့ရသည်။

အသက်ငယ်သူများဖြစ်တဲ့ ဦးခင်မောင်ဆွေ တို့ ဦးဆောင်တဲ့ NDF က တော့ ခမောက် ကိုပါ မ သွားပြီး ဆက်လက် ရပ်တည်နိုင်ခဲ့ပေမယ့် ဂီလာန အဖိုးကြီး အဖွားကြီးများ သာ ကျန်တော့တဲ့ NLD က တော့ မနက်ဖြန် ပျက်မလား၊ သဘက်ခါ ပျက်မလား စမ်းတဝါးဝါးနဲ့ ကျန်နေခဲ့ရပါတယ်။

NDF က တော့ ၂၀၀၈ အခြေခံဥပဒေကို လက်ခံပြီး ရွေးကောက်ပွဲ ဝင်သွားပါတယ်။ NLD က တော့ လက်မခံဘူး ဆိုပြီး ပေကပ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုတော့ အရင်တုန်းက ပြောခဲ့သမျှကို မေ့ထားပြီး လက်ခံ သလိုလို လုပ်နေပြန်ပါတယ်။

NLD က ခွဲထွက် သွားတဲ့ NDF ကလည်း NLD ရဲ့ သွေးတွေပါတာကြောင့် ထပ်ပြီး နှစ်ခြမ်းကွဲပြန်ပါတယ်။ ပါတီထဲမှာ အချင်းချင်း မတည့်ကာ ခွဲထွက်ခြင်းက NLD ရဲ့ ထုံးစံ လို ဖြစ်နေပါတယ်။ NDF နဲ့ ဦးသိန်းညွန့် ဦးဆောင်နဲ့ ပြည့်သူ့ ဒီမိုကရေစီ ပါတီဆိုပြီး ထပ်မံ နှစ်ခြမ်းကွဲပြန်ပါတယ်။

ဒီနေ့ကတော့ NLD ၂၃ နှစ် ပြည့်ပွဲ လုပ်နိုင်ပြီး နောက်ရက်တွေမှာလည်း NLD နှစ်ခြမ်းကွဲပွဲနဲ့ NDF နှစ်ခြမ်းကွဲပွဲတွေ လုပ်သင့်တယ်လို့ ဝါရင့် နိုင်ငံရေး သမား တစ်ဦးက ပြောပါတယ်။

ပြည်တွင်းက အဖွဲ့တွေသာ အချင်းချင်း ကွဲနေတာ မဟုတ်ပါ။ ပြည်ပက NLD - LA များကလည်း နာမည်ပျက်နေတာ ကြာပြီဖြစ်ပါတယ်။ အထူးသဖြင့် မလေးရှား NLD မှာ အချင်းချင်း ချောက်ထွန်းကာ ထောင်ကျစေတဲ့ ကိစ္စတွေနဲ့ မှတ်ပုံတင် အတုတွေ နဲ့ လုပ်စား ခဲ့တာတွေ ဖြစ်ခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း တစ်ဦးတည်းသော အစ်ကိုဖြစ်သူနဲ့ ရန်ဖြစ်ကာ အပြန်အလှန် တရားစွဲနေခဲ့ပါတယ်။ ခေါင်က မလုံတော့ အောက်က အချင်းချင်းအကွဲအပြဲတွေ ဖြစ်နေတာကို မထိန်းနိုင်ခဲ့ပါဘူး။


၂၃ နှစ် ပြည့် အထိမ်းအမှတ်နဲ့ ရွှေဂုံတိုင် ရုံးမှာ ဂီတ ဖျော်ဖြေပွဲများနဲ့ ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။ ဒီနှစ်ထဲမှာ ပဲ ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ရောက်လာပြီးချိန်က စပြီး NLD ရုံးမှာ ပျော်ပွဲရွှင်ပွဲတွေ ဆက်တိုက် လိုလို လုပ်လာဖြစ်ပါတယ်။ ထူးထူးခြားခြားနေ့တွေ ရောက်တိုင်း သီချင်းဆိုပွဲ၊ ကာရာအိုကေ ပွဲ၊ ဈေးရောင်းပွဲ၊ ဓာတ်ပုံပွဲ စတဲ့ ပွဲတွေ ကို အလုပ်ကြီး အကိုင်ကြီး တစ်ခု သဖွယ် လုပ်ဖြစ်နေပါတယ်။ အဲဒီ ပွဲတိုင်းမှာလဲ ဒေါ်အောင်ဆန်းစုကြည်က တက်ရောက် အားပေးနေတတ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီတွင်းက ပျော်ပွဲရွှင်ပွဲတွေကိုပင် တက်လို့အားမရပဲ ဘောလုံးပွဲတွေထိ အားအားယားယား သွားပြီး ထိုင်ကြည့်နေတတ်ပါတယ်။ ဒါပေမယ့် အရေးပါတဲ့ အစည်းအဝေးတွေ ဖိတ်ကြားလျှင်တော့ တက်ဖို့ ငြင်းဆန်တာတို့၊ ခဏ နဲ့ အစည်းအဝေး မပြီးခင် ပြန်လာတာတို့ လုပ်တတ်ပါတယ်။ NLD နဲ့ နည်းစပ်သူ တစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည်က တစ်ခါ တစ်လေ သူငယ်ပြန် တတ်တယ် လို့ပြောပါတယ်။

ဒုတ်ကောက်ကိုယ်စီ တက်ညီလက်ညီ၊

အသက်(၆၀) မပြည့်က မဝင်ရ၊

တောင်ဝှးကိုင်ပြီး နိုင်ငံကို ကာကွယ်မယ်၊

ကမ္ဘာ့အသက်အကြီးဆုံး ပါတီခေါင်းဆောင်များ၊

ပြည်သူအားလုံး ပါရမယ် (ဆံပင်ဖြူသူ၊ သွားမရှိသူ၊ ထိပ်ပြောင်သူ၊ မျက်စိမှုန်သူ၊ နားလေးသူ)၊

ဗာရာနသီပြည်ကို ဗြဟ္မဒတ်မင်းကြီးရဲ့ အုပ်ချုပ်ခဲ့တဲ့ အခြေခံဥပဒေ မူကြမ်းကိုပဲ ထောက်ခံရမယ်၊

ဘာမှမပူနဲ့ အဘိုးတို့ရှိတယ်၊

၁၂ ကို စိတ်ထဲမှာ မှတ် လက် ၁၀ ချောင်းထောင်၊

ဒါတော့ အဘယူလိုက်မယ် ကျန်တာတော့ ကိုယ့်ဘာကို ဝေစုခွဲကြ

ကျယ်ကျယ်ပြော မကြားရဘူး၊

မသေခင် ဝန်ကြီးတစ်နေရာလောက်ရရင် ကျေနပ်ပါပြီ၊

ရှေ့ကနေ ဦးဆောင်ပြီး တကမ္ဘာလုံးကို ကျော်တက်ပြမယ်၊

အကွဲအပြဲများ၊ အဘိုးကြီးအဖွားကြီးများနဲ့ ပျော်ပွဲရွှင်ပွဲတွေ ဆက်တိုက်ကျင်းပရင်း ဒီမိုကရေစီ ပန်းတိုင်ကို စိတ်ပေါက်မှ လိပ်လောက် ချီတက်နေတဲ့ NLD ၂၃ နှစ်ပြည့် နှစ်ပတ်လည်အား ME Group မှ ဤပို့စ်ဖြင့် ဂုဏ်ပြုပါ၏။

9 comments:

တော်တော်ယဉ်ကျေးပြီး အဆင့်ရှိတဲ့ ဒီမိုသမားတွေပါလားဟေ့

အဖိုးကြီး အဖွားကြီးတွေ ခေါင်းကို သန်းရှာရင်တော့ လွယ်မှာပဲ
ပြောင်တဲ့ခေါင်းတွေက ပြောင်နေပြီ
မပြောင်တဲ့ ခေါင်းတွေကလည်း ဖြူနေပြီ

NLD စောက်ဂီလာန ကြီးတွေခေါင်းတွေပြောင်/
မပြောင်တဲ့ ခေါင်းတွေလည်း ဖြူရုန်တင်မကဘူးလမွေး ပါပြောင်နေတာ ရူးနေ သေးတယ်။ စောက်ရှက်!

မြန်မာ ပြည်သူ တွေ မူကို ထောက် ခံနေကြ တာပါ။လူ တွေကို ကြိုက်လွန်း နေလို့ ထောက်ခံ နေခြင်း မဟုတ်ကြပါ။အ ချိန် တန်လျှင် မူ နှင့်အညီ၊ ဥပဒေ နဲ့ အညီ၊ အချိန်အခါ နဲ့အညီ အပြောင်းအလဲ ဖြစ်သင့်တာ ဖြစ်ကြမှာပါ။ အသက် ကြီး တာ ငယ် တာ အရေးကြီး ဆုံး မ ဟုတ်ပါ။ ဥပဒေ အထက်မှာနေ၊ အာဏာသုံး အခွင့်အရေးအကုန်ယူပြီး၊ ဆင်း ရဲ စုတ်ပြတ် နေ တဲ့ တိုင်းပြည်၊ အောက်ခြေ တပ်မတော်သား တွေ နဲ့ လူထု ရှေ့ မှာ ကျိကျိတက် ချမ်းသာနေပြီး ပညာ မဲ့တဲ့ အလုပ် တွေ လုပ်နေတဲ့ အာဏာရှင် အာဏာရူး တွေနဲ့ စာရင် လူတွေက တန်းတူညီ မျှ မှန်မှန်ကန်ကန် အုပ်ချုပ် နိုင် မဲ့ အသက်ကြီးကြီး ငယ်ငယ်၊ ဘယ်သူ ပဲ ဖြစ် ဖြစ် ပြည်သူ့အတွက် ဦးဆောင်/လမ်းညွှန်/အုပ်ချုပ် နိုင်မဲ့ လူတွေကိုပဲ ရွေးကြ မှာပါ။

တကယ်တမ်းတော့ကျန်တော်တို့နိုင်ငံမှာ လူငယ်တွေကိုအားကိုးသင့်နေတဲ့အချိန်ရောက်နေပြီ

စိတ်ပျက်မိပါတယ် ။ အတိုက်အခံအင်အားစုများက အစိုးရမကောင်းကြောင်း ဆီလိုအပေါက်ရှာပြောနေတာကို မမြင်ချင်ပါ ။ အစိုးရဘက်တော်သား စစ်တပ်အသိုင်းအ၀ိုင်းကလဲ အတိုက်အခံအင်အားစုများအပေါ်မှာ ရိုင်းရိုင်းစိုင်းစိုင်းဝေဖန်နေတာကိုလဲ အတွေ.ချင်ပါ။ ယခုအချိန်သည်အားလုံးစုစုစည်စည်းညီညွတ်ရမည်.အချိန်ဖြစ်ပါသည်။

အားလုံး .... ပဲကွာ..

ဒီ postကိုရေးတဲ့ကောင်က န၀တ လက်ပါးစေ။တရုပ်အားကိုးမxxxxx
ဘဲဖြစ်မှာပါ။သတင်းဖတ်ချင်လို့ဝင်ဖတ်မိပါတယ်.NLD မကောင်းကြောင်း၊စိုင်းသိန်းဝင်းအကောင်းကြောင်းရေးတယ်ဆိုကတဲက
ဒီ side မှာရေးတဲ့ကောင်တွေကစစ်တပ်ကပုံအသွင်းခံထားရတဲ့ပညာမတောက်တ
ခေါက်လောက်တတ်တဲ့ပေးတာယူကျွေးတာစားတဲ့လူ့ငနွားတွေဘဲလို့မြင်တယ်။

thank you never come this side.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်