Subscribe to our RSS Feed

သီးလေးသီး နှစ်ခြမ်းကွဲခြင်း

မြန်မာနိုင်ငံကို ပထမဆုံး ပြန်ပြေးတဲ့ သီး နှစ်သီး အဖွဲ့

သီးလေးသီး (ခေါ်) လူရွှင်တော် တစ်စုနဲ့ဖွဲ့ထားတဲ့ အငြိမ့်အဖွဲ့ကို မြန်မာနိုင်ငံထဲက မြန်မာပြည်သူအချို့က မသိကြပါဘူး။ ဘာကြောင့် မသိတာလဲဆိုတော့ ဘာမှ နာမည်မကြီးခဲ့ဖူးလို့ပါ။ လူရွှင်တော်ဆိုရင် မော့စ်၊ မိုးဒီ နဲ့ တိန်ညွန့် တို့အဖွဲ့၊ ဧရာ၊ ကျော်ထူး နဲ့ ခင်လှိုင်တို့ အဖွဲ့၊ အရိုင်း၊ ကင်းကောင် နဲ့ ဖိုးဖြူ တို့အဖွဲ့၊ ငြိမ်းချမ်း၊ ထက်ထက် နဲ့ ရှဲဒိုး တို့အဖွဲ့.... စသည်ဖြင့် များစွာသော လူရွှင်တော်များကို သိကြသော်လည်း စိန်သီး၊ ပန်းသီး၊ ဇီးသီး၊ ကြယ်သီး၊ ဂေါ်ဇီလာ တို့တော့ သိလည်း မသိ စိတ်လည်း မဝင်စားကြပါဘူး။ သီးလေးသီး ဆိုတာကလည်း အနုပညာ အသိုင်းအဝိုင်းမှာ နေရာ မရခဲ့ပါဘူး။

အခြေအနေကို သုံးသပ်မိတဲ့ သီးလေးသီး အဖွဲ့က တခြားနည်းလမ်းနဲ့ နာမည်ကြီးနိုင်ဖို့ကြိုးစားကြရပါတယ်။ ရန်ကုန်မှာ နောက်ဆုံး အငြိမ့်ပွဲတစ်ခုလုပ်ကာ ပြောချင်သမျှ အကုန်ပြောအပြီး ပြည်ပသို့ သုတ်ခြေတင် ထွက်ပြေးကြပါတော့တယ်။ တမဟုတ်ခြင်းဆိုသလိုပဲ နာမည်တော့ ချက်ချင်းကြီးသွားပါတယ်။ ပြည်ပမှာရှိတဲ့ လူပေါင်းများစွာက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမယ့် နေ့စဉ် ထမင်းစားဖို့ ဘယ်သူမှ တာဝန်မယူခဲ့ကြပါဘူး။

အဲဒီနောက်မှာ နော်ဝေ သွားဖို့ နဲ့ အမေရိကား ပြောင်းဖို့ အကြိမ်ကြိမ် ကြိုးစားသော်လည်း ဘယ်နိုင်ငံကမှ တာဝန်မယူ၊ ဘယ်သူကမှ လက်မခံနိုင်တာကြောင့် ထိုင်းနိုင်ငံမှာပဲ သောင်တင်နေပါတော့တယ်။ ထိုင်းမှာလည်း အမြဲနေခွင့်မရလို့ ဟိုဖက် အထွက်ပြလိုက်၊ ဒီဖက် အထွက်ပြလိုက်နဲ့ ခွေးနေရာမရ ဖြစ်နေခဲ့ရတာ ကြာပါပြီ။
စပြေးကာစ တုန်းက ဟိုက လက်မခံလို့ ပြန်ပို့၊ ဒီက လက်မခံလို့ ပြန်ပို့နဲ့ နောက်ဆုံး လုံးဝ စားစရာမရှိတော့လို့ သနားကြပါ ဆိုပြီး ဗွီဒီယိုဖိုင်တွေနဲ့ တောင်းစားခဲ့ရပါသေးတယ်။ ခုဆိုရင်တော့ နောင်တ လှလှရနေကြပြီပေါ့။ ကိုယ်မွေးခဲ့တဲ့ နိုင်ငံကို ခြေစုံကန်တာကိုး။ ကန်တဲ့အပြင် မကောင်းကြောင်းတွေက ပြောသေးတယ်လေ။ ဟိုဖက်ကလည်း ဘာသမိုင်းမှ မရှိတဲ့လူကို ဘာမှ မထောက်ပံ့ချင်ဘူးလေ။ နောက်ဆုံးတော့ အမည်းစက်ကြီးပဲ ကျန်တော့တာပါပဲ။ ခုဆို သီချင်းတောင် မညီးနိုင်တဲ့ ဘဝဆိုး ကို ရောက်နေရှာပြီပေါ့။

အခြေနေ ကောင်းမလားလို့ ဘာနိုင်ငံရေး တစ်စက်မှာ မလုပ်ဖူးပေမယ့်၊ ဘာပြည်သူ့အကျိုးပြု လုပ်ငန်း တစ်ခုမှ မလုပ်ဖူးပေမယ့် အစိုးရမကောင်းကြောင်း ပေါတောတော ပြက်လုံးတွေ ထုတ်တတ်ရုံနဲ့ အခြေနေကောင်းပြီထင်ပြီး နိုင်ငံခြားကို ထွက်ပြေးလိုက်တာ ခုဆိုရင် မြန်မာနိုင်ငံကို ပြန်ပြေးရတဲ့အထိ ဖြစ်နေပါပြီ။ အကယ်၍သာ ပြည်ပ ဒီမိုကရေစီ အဖွဲ့သားတွေက အားပေး စောင့်ရှောက်နေရင် ခုလို ပြန်ပြေးစရာတောင် မလိုပါဘူး။ ခုတော့ သမ္မတကြီးက ပြန်လို့ရတယ် လို့ ပြောပြီးပြီးချင်း အရင် ဆုံး ပြန်ပြေးကြရတဲ့ ဘဝ ကိုရောက်နေပါတယ်။

ပြည်ပမှ ၄ နှစ်လောက် အနုပညာလုပ်ငန်းတွေလုပ်ကိုင်ခဲ့တယ် လို့ ပြောကြပေမယ့် သီးလေးသီး က ၄ နှစ် လုံးကြိုးစားခဲ့လို့ မြန်မာ့အနုပညာ တိုးတက်သွားတာ၊ မြန်မာ့ဒီမိုကရေစီ အရေး တိုးတက်သွားတာ တစ်ခုမှ မရှိခဲ့ပါဘူး။ အမြဲတမ်းလိုလို အစိုးရနဲ့ ခေါင်းဆောင်တွေကို ဝေဖန် ဟသလုပ် ပြက်လုံးထုတ်ခဲ့ပြီးမှ။ အခုကျတော့ မျက်နှာလိုအားရနဲ့ သမ္မတကြီး
ရဲ့ ဖိတ်ခေါ်ချက်ကို သီးလေးသီးက လေးစားစွာဖြင့် ကြိုဆိုသောအားဖြင့် ပြန်ဝင်ခြင်း ဖြစ်ပါတယ် လို့တောင် အရှက်မရှိပြောနေတာကို တွေ့ရပါတယ်။ သီးလေးသီး မှ လူရွှင်တော် ဂေါ်ဇီလာက

“တိုင်းပြည်နဲ့ လူထုအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ရန် ပြည်ပရောက် မြန်မာများကို ဖိတ်ခေါ်ပါတယ် ဆိုတဲ့ ဖိတ်ခေါ်ချက်ကို ကျနော်တို့က လေးစားစွာဖြင့် ကြိုဆိုသောအားဖြင့် ပြန်ဝင်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ request လုပ်လိုက်တာကတော့ အရင်ဆုံး သက်ဆိုင်ရာ တိုင်းဒေသ ၀န်ကြီးချုပ်ရုံးတို့ကို လုပ်လိုက်တယ်။ ပြီးတော့ ကျနော်တို့ သံရုံးကို ဆက်သွယ်တယ်။ ပြီးတော့ နိုင်ငံတော်သမ္မတကြီးဆီကို ကျနော်တို့ စာပို့တယ်။ ကျနော်တို့ကလည်း ဘာမှ ကတိက၀တ် မပေးပါဘူး။ သူတို့လည်း မတောင်းပါဘူး။” လို့ လူပျက် ပီပီ မျက်နှာပြောင်တိုက် ပြောပါတယ်။

ဒါ့အပြင် လူပျက် ဂေါ်ဇီလာကပဲ
ပြန်ပမှာ ရပ်တည်ဖို့ ခက်ခဲကြောင်းနဲ့ အခု နေလာတဲ့ ၄ နှစ်တာ ကာလမှာ ထိရောက်မှုမရှိကြောင်း ဝန်ခံသွားပါတယ်။

မြန်မာသံရုံးကတော့ သီးလေးသီးကို အကူအညီပေးတယ်လို့ ဆိုပါတယ်။ သီးလေးသီး ပြည်ပရောက်ခါစ နေထိုင်၊ စားသောက်ရေး အစဉ်မပြေလို့ ဆိုပြီး လူရွှင်တော် ဇာဂနာ ဆီ စာရေးက အကူအညီ တောင်းခဲ့ဖူးပါတယ်။ အဲဒီတုန်းကလည်း လူရွှင်တော် ဇာဂနာက နာဂစ်ဒေသမှ ဒုက္ခသည်များ အတွက် ဆိုပြီး ကောက်ထားတဲ့ အလှူငွေတွေကို သီးလေးသီး ဆီကို ပို့ခဲ့ဖူးပါတယ်။ ဇာဂနာ အမှုရင်ဆိုင်ချိန်မှာတော့ သီးလေးသီး အဖွဲ့မှ ဗွီဒီယို သေချာရိုက်ပြီး ယူကျူပေါ်မှာ တင်ကာ သူတို့တွေ နေထိုင် စားသောက် ရေး အခက်အခဲဖြစ်နေလို့ သဒါတရား အနည်းအများမဆို ပေးကမ်း စွန့်ကျဲ ကြဖို့ ပိုက်ဆံတောင်းခဲ့ရတာ ဖြစ်ပါတယ်။

“ပြည်ပမှာ ရပ်တည်ဖို့ ခက်ခဲတာလည်း ပါပါတယ်။ ဒါကတော့ သိပ်တော့ အဓိက မကျပါဘူး။ ဒါပေမဲ့ နံပါတ် (၂) အချက်လောက်မှာ ရှိပါတယ်။ နံပါတ် (၁) အချက်က ကျနော်တို့က ပြည်ပမှာ အခုနေလာတဲ့ ၄ နှစ်တာကာလအတွင်းမှာ ကျနော်တို့ လုပ်ဆောင်ချက်တွေကို ကျနော်တို့ ပြန်လည် သုံးသပ်ကြည့်တာ ရှိပါတယ်။ သုံးသပ်ကြည့်တဲ့အခါကျတော့ ကျနော်တို့ ဒီအနုပညာနဲ့ ကျနော်တို့ တိုင်းပြည်အကျိုးကို ဆောင်ရွက်ပေးတဲ့နေရာမှာ သိပ်ပြီးတော့ မထိရောက်ဘူးလို့လည်း ကျနော်တို့ မြင်မိပါတယ်။ အဲဒါကြောင့် ကျနော်တို့က အဓိကထားပြီး ပြန်တာပါ။” လို့ ဂေါ်ဇီလာကာ ဆက်ပြောပါတယ်။

နံပါတ် (၁) ပြည်ပ ကနေ လုပ်တာ ဘာမှ မထိရောက်လို့၊ နံပါတ် (၂) ပြည်ပမှာ ရပ်တည် နေထိုင် စားသောက်ရေး ခက်ခဲလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ သီးလေးသီး အဖွဲ့ ပြန်မယ် ဆိုပေမယ့်လည်း။ အကုန်မဟုတ် ပြန်ပါဘူး။ လူလေးမှ ၇ ယောက် ရှိတဲ့ သီးလေးသီးက နှစ်ဖွဲ့ ကွဲကာ တစ်ဖွဲ့က ပြန်ပြီး တစ်ဖွဲ့က ကျန်ခဲ့ပါတယ်။
လူရွှင်တော် ဂေါ်ဇီလာ၊ စိန်သီး၊ ဇီးသီးနဲ့ ခေါင်းဆောင် မင်းသမီး ချောစုမျိုးတို့ ၄ ဦး ပြန်ကြမှာဖြစ်ပြီး နောက်ထပ် လူရွှင်တော် ကြယ်သီး၊ ပန်းသီးနဲ့ မင်းသမီး မြစပယ်ငုံတို့ကတော့ ထိုင်းနိုင်ငံမှာ ကျန်ရစ်ခဲ့ပါတယ်။

ကြယ်သီး၊ ပန်းသီး နဲ့ မြစပယ် တို့ကတော့ ကြံရင်းဖန်ရင်း နေရေးထိုင်ရေး အတော် အဆင်ပြေနေလို့ မပြန်သေးဘူးလို့ ပြောပါတယ်။ ဂေါ်ဇီလာကတော့ ပြည်ပကနေ ၇ ယောက်ပေါင်းပြီး အနုပညာအလုပ်ကို ၄ နှစ်လုပ်ခဲ့တာ ဘာမှ မထိရောက်ဘူး ပြောခဲ့ပေမယ့်။ ကျန်တဲ့ ၃ ယောက်က မထိရောက်လည်း ဂရုမစိုက်တဲ့ ပုံစံနဲ့ ကိုယ်အဆင်ပြေရင် ပြီးရော သဘောနဲ့ ဆက်နေနေကြပါတယ်။

အစိုးရ ဆန့်ကျင်ရေးအဖွဲ့တွေမှာ အမြဲလိုလို နှစ်ခြမ်းကွဲတတ်ပြီး အခု သီးလေးသီးကတော့ နောက်ဆုံးနှစ်ခြမ်းကွဲခြင်း ဖြစ်ပါတယ်။ NCUB, NCGUB နဲ့ ABSDF အပါအဝင် နှစ်ခြမ်းကွဲကာ အချင်းချင်း အဝေမတည့်ကြတဲ့ ဖြစ်စဉ်တွေ အများကြီးရှိခဲ့တာကလည်း သမိုင်းက သက်သေဖြစ်ပါတယ်။

သီးလေးသီး အဖွဲ့အနေနဲ့ ကိုယ့်အဖွဲ့ရဲ့ နာမည် ဖြစ်တဲ့ သီးလေးသီး ဆိုတဲ့နာမည်ကို ထိန်းသိမ်းသင့်ကြောင်း၊ ပြန်မယ်ဆိုရင်လည်း အကုန် ပြန်သင့်ကြောင်း၊ မပြန်ဘူးဆိုရင်လည်း မကုန်မပြန်သင့်ကြောင်း၊ အနုပညာ လုပ်ဖော်ကိုင်ဖက် အချင်းချင်း စည်းလုံး သင့်ကြောင်းကို ဝါရင့် နိုင်ငံရေး သမား တစ်ဦးက အခုလို ပြောပါတယ်။

"နာမည်ကိုက သီးလေး သီးလေ၊ အခုတော့ နှစ်သီး စီ ကွဲသွားပြီပေါ့ဗျာ.. ဖြစ်တော့ မဖြစ်သင့်ပါဘူး။ သူတို့ချင်း အဆင်မပြေတာလေးတွေ ရှိတယ် ဆိုတာကိုတော့ အစောကတည်းက ကြားမိပါတယ်။ ဘာပဲဖြစ်ဖြစ် အချင်းချင်း စည်းလုံးသင့်တာပေါ့။ ပြန်မယ်ဆိုရင်လည်း အကုန်ပြန်၊ မပြန်ဘူးဆိုရင်လည်း အကုန်မပြန်နဲ့ပေါ့.. ဒါမှလည်း သီးလေးသီး ဆိုပြီး ဆက် က လို့ ရမှာလေ.. ခုတော့ ပြန်လို့ရတယ် ဆိုတာနဲ့ အရင်ဆုံး ပြန်ပြေးတော့ နဲနဲတော့ ရုပ်ပျက်ဆင်းပျက်ဖြစ်တာပေါ့..." လို့ပြောပါတယ်။

ဒါပေမယ့် သေချာတာကတော့ သီးလေးသီး ဆိုတာကြီးက နှစ်ဖွဲ့ကွဲပြီး ပြည်တွင်းမှာ သီးနှစ်သီး နဲ့ မင်းသမီးတစ်ယောက်၊ ပြည်ပမှာ သီးနှစ်သီး နဲ့ မင်းသမီး တစ်ယောက် ဖြစ်ကာ ပြည်တွင်းမှာရော ပြည်ပမှာရော နှစ်ခုစလုံးမှာ သီးလေးသီး ဆိုတဲ့ နာမည်နဲ့ ဘာအနုပညာမှ လုပ်နိုင်မှာ မဟုတ်တော့တာ အသေအချာပါပဲ။

3 comments:

ရန်ကုန်မှာတောင် မဟုတ်ပါဘူးဗျာ
ဒီမိုကရေစီ ဘလော့တွေမှာတောင် ပြောချင်တာပြောလို့မရပါဘူး
ဘန်းပါတယ်။ ဒီမိုကရေစီ ဘလော့တွေက ပြောချင်ရာပြောရင်ဘန်းတတ်ပါသလား။? ဘာဖြစ်လို့ကိုယ့်ပါးစပ်နဲ့ကိုပြောတာကိုဘန်းရတာလဲ။? အဲဒီလိုမ ဘန်း ဘူးဆိုရင်တော့ ကျွန်တော်တို့က အိုင်ပီပြောင်းပြီး ဝင်မှာ မဟုတ်ပါဘူး။ မြန်မာ့ ဒီမိုကရေစီ ဘလော့တွေက ကိုယ်ပြောချင်ရာပြောလို့ရပါသလား၊? ကျွန်တော်ကလူငယ်ပါစိတ်ထဲရှိတာပြောတတ်တယ်။အခုအသက်ကလည်းရလာတော့အိမ်ကပြောပါတယ်နင်ထင်ရာ စီဘောက်နဲ့ ကွန်းမန့်တွေ ထဲမှာစွတ်မပြောနဲ့အဘန်း ခံရမယ်လို့ပြောပါတယ်။ ဘာဖြစ်လို့မပြောရတာပါလဲ?
ကျွန်တော်နားမလည်ပါ။မြန်မာ့ ဒီမိုကရေစီ ဘလော့တွေမှာ ဘာလို့လူတိုင်းကကိုယ့်စိတ်ထဲရှိတာမပြောရဲကျတာပါလည်း? ကျွန်တော် က လွတ်လပ်စွာ ပြောဆိုခွင့် အကြောင်း ရေးတတ်တဲ့ နိုင်ငံရေး ဘလော့တွေ ဆိုဒ်တွေမှာ အမှန်တရားကို ဝေဖန် ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော့ ဝေဖန်ချက်က နောက်တစ်ကြိမ် ပြန်ကြည့်ရင် မရှိတော့တဲ့အပြင် နောက်တစ်ကြိမ် ပြန်ရေးရင် ကျွန်တော့ကို ဘန်းထားတယ် လို့ ပြောပါတယ်။ ကျွန်တော်နားမလည်ပါ။ ကျွန်တော်နောက်နှစ်အနည်းငယ်ဆိုရင်လူကြီးတွေထဲကျွန်တော်တိုးရပါတော့မယ်။ ဒါပေမဲ့ဘယ်လိုနေရမယ်နားမလည်သေးပါ။ကျွန်တော်အခုလိုပဲစိတ်ထဲရှိတာလွတ်လွတ်လတ်လတ်ပြောရတဲ့လူကြီးဖြစ်ချင်တယ်။ ဒါပေမဲ့အဲလိုဖြစ်ရင် အဘန်း ခံရမှာကိုကြောက်တယ်။ အိုင်ပီတွေ ချိန်းပြီးတော့လည်း မဝင်ချင်ပါ။ ကျွန်တော် နိုင်ငံရေး ဘလော့ တစ်ခု ရေးချင်ပါတယ်။ အဲ့ဒီလိုဆို အခုလက်ရှိ လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်အကြောင်းတွေ ဒီမိုကရေစီ စာလုံးတွေ ရေးထားတဲ့ စာမျက်နှာတွေလို ကိုယ်မကြိုက်တာ ပြောသမျှ ဘန်းရမှာလား။ ? ကျွန်တော်နားမလည်ပါ။ရှင်းပြပေးပါ။

ခင်ဗျားတို့ကလဲဗျာ ထစ်ခနဲဆို ပွားဖို့လောက်ပဲ အားနေကြသလားဗျ ကျုပ်ဖာသာကျုပ် ပြည်ပမှာလူရာမဝင်တော့လို့ တိုင်းပြည်ထဲပြန်လာတာ ဘာဖြစ်လဲ ဘာဖြစ်လဲ ခင်ဗျားတို့နဲ့ရောဘာဆိုင်လို့လဲ ခင်ဗျားတို့ နှမတွေ အမတွေ ကျုပ်ယူထားတာမှမဟုတ်တာ ကျုပ်ယူထားတာ ချောစုမျိုး

သီးလေးသီးထဲက အဖွဲ့ဝင်တစ်ဦးဟာ ဘီပီအိုင်မှာ အရင်က အလုပ်လုပ်ခဲ့သူဖြစ်ပြီး ဆေးတွေခိုးရောင်းခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဆေးတောင်မှ ကိုယ်တိုင်ခိုးလာတာပါဆိုပြီး အတုတွေကို ထပ်ရောင်းလို့ ထောင်ကျဖူးသူဖြစ်ပါတယ်။ သီးလေးသီးအဖွဲ့ဝင်ထဲမှာ အရက်သမားသားများနဲ့ ဖာခေါင်းများလည်း ပါကြောင်း၊ ဤကဲ့သို့လူမျိုးများဟာ ဒီမိုအကြောင်း အာဘောင်အာရင်းသန်နေသော ဟိုဘက်ကိုကပ်လိုက် ဒီဘက်ကိုကပ်လိုက် လုပ်တတ်သော အခွင့်အရေးသမားများပင်ဖြစ်ပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်