Subscribe to our RSS Feed

မြန်မာမလေးများနှင့် ယမကာယဉ်ကျေးမှု့ (ပေးစာ - ၂၃)

ဒီမိုကရေစီရနေကြသော ပြည်ပရောက် ရွှေမြန်မာ မလေးများ

ဒီနေ့ ကျွန်တော် တစ်ယောက်ထဲ အားအား၇ှိတာနဲ့  East Point Ocean ဘက်ရောက်တော့ အထဲဝင်ပြီး window shopping လေးလုပ်၊ ပြီးတော့ အောက်ထပ်က မှန့် ဆိုင်မှာ ဂျာနယ်လေးဖတ် ၊မုန့် လေးစား နဲ့  တစ်ယောက်ထဲ အေးအေးဆေးဆေးနေနေတုန်း "အကို "ဆိုတဲ့ ခေါ်သံကြားလို့ ခေါင်းထောင်ကြည့်မိတော့ကျောင်းတုန်းက သူငယ်ချင်း မလေးတစ်ယောက်ဖြစ်နေတယ်။ သူငယ်ချင်းသာဆိုပေမဲ့  ကျွန်တော်ကသူတို့ ထက် ၂ နှစ်လောက်ကြီးတော့ အကိုလို့ ပဲခေါ်ကြတာပေါ့၊ မောင်နှမတွေလိုပါပဲ ။ အဲ့ ဒါနဲ့  ကျွန်တော်လဲ အေးဘာလဲညာလဲ နဲ့ နှုတ်ဆက်ပြီး စကားပြောတော့ အဲ့ ဒိ မမက ဘာမပြောညာမပြောနဲ့  ကျွန်တော့်ဘေးနား ဘုန်းခနဲ့ ပစ်ထိုင်လိုက်ပြီး ကျွန်တော့် ပုခုံးပေါ် သူ့ ခေါင်းကို ပစ်စလတ်ခတ်ကိုမှီထဲ့ လိုက်လေရဲ့ ။အစကတော့ ကျွန်တော် လဲကြောင်သွားတယ် ။ ဟုတ်တယ်လေဗျာ ကျွန်တော်က သူ့ ရည်းစားလဲ မဟုတ် ၊ မောင်နှမလိုခင်တယ်ဆိုပေမဲ့  သူ့ အကိုလဲမဟုတ်ဘူး။ဒါနဲ့  ကျွန်တော်ကြာကြာ မအံ့သြ လိုက်ရပါဘူး သူ့ ဆီကအနံ့ စူးစူးတစ်ချက်ရလိုက်တော့ ကျွန်တော်ကောင်းကောင်းသဘောပေါက်သွားတယ် ။အရက်နံ့ လေ ။
အရက်နံ့ ပေါ့ ။
အကျင့်စုံ ၊ စရိုက်စုံနဲ့  လူတော်တော်များများပေါင်းဘူးတဲ့ ကျွန်တော့်အတွက်ကတော့ ဒါမျိုးကရိုးနေပါပြီ ။စိတ်လဲပျက်မိပါရဲ့  ။

ကျွန်တော့် အပေါင်းအသင်းကိုမပြောနဲ့ ဦး ၊ကျွန်တော်နဲ့  မဆိုင်တဲ့  တခြားမြန်မာမိန်းကလေးတစ်ယောက်ကိုတောင် ကျွန်တော်ဒီလိုမျိုးမမြင်ချင်ဘူးလေ။ဒါနဲ့ဘာလို့သောက်လာတာလဲလို့မေးကြည့်ရသေးတယ်။(သိတယ်မှတ်လားအခုခေတ်မြန်မာမိန်းကလေးတော်တော်များများ က စတိုင်လားဘာလားတော့မသိဘူး အသဲကွဲတာတို့ ဘာတို့ ဆို သောက်တတ်နေတော့)။မေးကြည့်တော့ လဲ ဘားမှ ရေရေ ရာရာ မရှိဘူး

"သူငယ်ချင်းတွေလာခေါ်လို့ တဲ့  ဒီကိုလဲအကြောင်း၇ှိလို့ တစ်ယောက်ထဲထွက်လာတာတဲ့ ၊ အခု အကိုနဲ့ တွေ့ တာ အတော်ပဲတဲ့  မပြန်နိုင်တော့ဘူး လိုက်ပို့ ပါ တဲ့ " ။ ပွင့်ခဲ့  ပြီးသော ဘုရားအဆူဆူသာ ကျွန်တော်တမိပါရဲ့ ဗျာ ။ဒီလို ငမူးက ဘယ်လိုတစ်ယောက်ထဲထွက်လာခဲ့ လဲ ကျွန်တော်စဉ်းစားမိတယ် ။ တော်သေးတာပေါ့ ဘားမှမဖြစ်လို့  ဆိုတဲ့ နှမချင်းစာနာတဲ့ စိတ်လေးနဲ့ တွေးမိသေးတယ် ။

ဒါပေမဲ့  သိပ်တော့ကြည့်မရ ။နောက်အဲ့ဒိ မမ နဲ့ ချိန်းထားတဲ့  သူတွေရောက်လာတော့ ကျွန်တော်ဒုတိယအကြိမ် ဘုရားတမိတယ် ။

လားလား ယောကျာ်း မှ ယောကျာ်းတွေးကြီးပဲ ။ ဒါနဲ့ ကျွန်တော်လဲ အဲ့ လူတွေကိုမေးကြည့်တော့ မေးခွန်းစာရွက်ဆိုလာဘာဆိုလား လာပေးတာတဲ့ ။ထားပါ ဒါက ။ ကျွန်တော်တွေးမိတယ် ဒီနေ့ သာကျွန်တော် ဒီနေရာကိုမရောက်ခဲ့ရင်ဒီမိန်းကလေး ဘယ်လိုစခန်း သွားမလဲမသိ။နောက်တစ်ခု ကျွန်တော်သာ အကျင့်ပျက် တဏှာရူး ကောင်ဆို ဘယ်လိုလုပ် မလဲ ။ နောက်တော့ ကျွန်တော်ပဲ သူ့ ကိုတွဲပြီး ကားဌား ၊ သူပြောတဲ့  ဘီယာဆိုင် ကို ကိုယ်တိုင်လိုက်ပို့  လိုက်တယ် ။ ဟိုရောက်တော့ မြင်ရတဲ့  မြင်ကွင်းက မလှ ။ သူ့ သူငယ်ချင်း ဆိုသော(ကျွန်တော်သိသူများပါ ပါ၏) တခြားမိန်းကလေးများကို ပါ မူးမူးရူးရူး တွေ့ ရ၏ ။ သူတို့ ချည်းပဲ လားဆိုတော့ မဟုတ်။ ယောကျာ်းလေးနှစ်ယောက် သုံးယေ.ာက် လောက်ကိုပါတွေ့ ရ၏ ။

ကျွန်တော်လဲ ထိုမိန်းကလေးကို ပို့ ပြီး ထို နေရာမှအမြန်ဆုံးပြန်ထွက် လာခဲ့ မိသည် ။အပြန်လမ်းမှာ ကျွန်တော်အတွေးများခဲ့ ၏ ။ ဒီလိုမူးရူးနေတဲ့  မိန်းကလေးတွေ ကို ကျွန်တော် နေရာတော်တော်များများ မှာမြင်ဘူးသည်။ ရှိုးပွဲတွေ ၊ ပါတီတွေ ၊ ဘီယာဆိုင်တွေ ၊ တစ်တလေ အခါကြီးရက်ကြီးများမှာပင် ပန်းခြံ ၊ကန်တော်ကြီး၊ တိရိစ္ဆာန်ရုံ ကဲ့ သို့ သော လူအများရှိသောနေရာတွင် မြင်ဘူးတွေ့ ဘူးသေးသည်။ ကျွန်တော်ငယ်ငယ်က ကျွန်တော်တို့  နိုင်ငံမှာ မိန်းမတစ်ယောက် မူးနေ တယ်ဟေ့  ဆိုတာနဲ့  တအံ့ တသြ ကိုပြေးကြည့်ခဲ့ ဘူး၏ ။ အခုတော့ ထို မြင်ကွင်းက မဆန်းသလိုပင် မြင်သူများက ပင် လျှစ်လျှူရှူ့  နေရတဲ့ အနေအထားရောက်နေကြပြီ ။

ဒီလိုတွေဖြစ်နေရတာ ဘာကြောင့်လဲ ဆိုတာ ကျွန်တော်စဉ်းစားမိသလောက်ကို ပြောပြချင်တယ် ။
(၁)အရက်၊ဘီယာ ကို လွယ်လွယ်ဝယ်ယူရနေခြင်း
(၂)နိုင်ငံခြား ရုပ်သံမှ အတုခိုးမှားခြင်း
(၃)မိဘ ပြည်သူများက လျှစ်လျှူ ရှူ့  လွန်းခြင်း
(၄)နိုင်ငံအစိုးရက အရက်၊ ဘီယာများကို အခွန်မတင်းကျပ် ခြင်း
(၅)မိန်းကလေးများ မှ ယောကျာ်းလေးများ ကို ခွာယာတိုင်းခြင်း တို့ ကြောင့်ဖြစ်နိုင်ခြေရှိပါတယ်။

အထက်ပါကျွန်တော်ပြောခဲ့ သလို ပဲ အရက်၊ဘီယာကို လွယ်လွယ်ဝယ်ယူရနေခြင်းဆိုတဲ့ အချက်က ကျွန်တော်တို့ နိုင်ငံရဲ့  စည်းမဲ့ ကမ်းမဲ့  ပြယုဒ်တစ်ခုပါ ။ နိုင်ငံ တကာမှာ အသက် ၁၈ နှစ်မပြည့် သေးသူ မည်သူ့ ကိုမှ အရက် ဘီယာ ဆေးလိပ် မရောင်းရဆို တဲ့  စည်းကမ်းကိုတစ်နိုင်ငံလုံး တစ်တိုင်းပြည် သူ တပြည်သားလုံး လေးလေးစားစား လိုက်နာကြပါတယ် ။ ကလေးတွေက လာဝယ်ရင်တောင် ဆိုင်ရှင်းကဟောက်လွှတ် ၊ ဆူလွှတ်လေ့ရှိပါတယ် ။ငါ့စီးပွားရေး ပိုကောင်းတယ်ဆိုပြီး ဘယ်သူက မှလက်သိပ်ထိုးမရောင်းပါဘူး ။အရက်ရောင်းနေတဲ့သူတောင် စည်းကမ်း မမဲ့  ပါဘူး ။ အတုယူသင့်ပါတယ် ။ အရက် ၀ယ်ဖို့ ဆိုရင်တောင် လူ ကို အကဲခတ်သေးတာပါ ။ အရက်ဆိုင်ထဲ ၀င်ရင် လဲ အသက်ပြည့်မပြည့် အကဲ ခတ်သေးတာပါ ။ပြောမရဆိုမရ အသက်မပြည့်သူတွေ ဆိုင်ထဲရောက်နေပြီဆိုရင် ပိုင်၇ှင်ကိုယ်တိုင်က ရဲတိုင်းလေ့ ရှိပါတယ် ။

ကဲ ကျွန်တော်တို့ နိုင်ငံ ရော ဘယ်လိုလဲ အသက်မပြည်သူတွေ ဘီယာဆိုင်မှာ ၊ နိုက်ကလပ်မှာ ၊ ပါတီတွေမှာ ခွက်ကိုင်နေတာ ရှိုးပွဲတွေမှာ ခွက်ကိုင်နေတာ လူတိုင်းမြင် လူတိုင်းလျှစ်လျှူ ရှု့ နေကြတာပဲ ။ရောင်းတဲ့  သူတွေကလဲ ရောင်းတာပဲ ။အင်မတန် ရှက်ဖို့ ကောင်းတယ်နော် ။ရှက်တတ်ရင်ပြောပါတယ် ။ နောက်တစ်ချက်ဖြစ်တဲ့  နိုင်ငံခြားရုပ်သံတွေကနေအတုခိုးမှားတာကတော့ ဘယ်သူမပြုမိမိမှု့ ပါပဲ ။မိန်းကလေးတွေ ကိုယ့်ကိုကိုယ်အမျိုးကောင်းသမီးလို့ ခံယူရင် အရက်ကို သောက်ဖို့ မပြောနဲ့  အရက်ဆိုင်ရှေ့ ကလျှောက်ရမှာတောင်ရှက်ကြပါတယ် ။ နိုင်ငံခြားကားမှာ၊ကိုရီးယားကားမှာ မင်းသမီးတွေ အသဲကွဲလို့ အရက်သောက်တာ သူတို့ နိုင်ငံမှာပဲ ကောင်းတယ် ။သူတို့ နိုင်ငံ ရဲ့  ရာသီဥတု အရ ၊ ဓလေ့ အရ သူ တို့ လူမျိုးချင်အမြင်မှာ မရိုင်းဘူး ။အဲ့ မိန်းကလေးကို တန်ဖိုးမရှိဘူးလို့ မမြင်ဘူး ။ ဒီနိုင်ငံမှာ အသဲကွဲလို့ အရက်မူးပြနေရင်တော့
ဒီနိုင်ငံရဲ့ ယဉ်ကျေးမှု့ အ၇ ၊ ဒီနိုင်ငံရဲ့  အဓိက ကိုးကွယ်မှု့ ဘာသာတရားအရ ၊ဒီနိုင်ငံရဲ့  ဓလေ့ အရ အင်မတန် အဆင့်အတန်း နိမ့် ပါးသော မိန်းမပျက် စာရင်းဝင်းသွားကြတာ သူတို့ မသိကြလေရော့ သလား။ ရှက်တတ်ရင်တော့ရှက်ဖို့ ကောင်းတယ်နော် ။

အခုခေတ်က လူကြီးမိဘတွေ အလွန်လျှစ်လျှူ ရှု့ လွန်းတယ်လို့ ကျွန်တော်မြင်တယ် ။ ငါတို့ ကဘာလို့ အမုန်းခံရမှာလဲ ၊ ကိုယ့်ထမင်းကိုယ်စားပြီးအရိုင်းခံ ရမှာလား လို့  ပြောကောင်းပြောပါလိမ့် မယ် ။ဒါဆို ကျွန်တော် တစ်ခုပဲမေးမယ် ။အဲ့ နေရာမှာ လူကြီးမင်းတို့ ရဲ့ သားသမီးတွေဆိုရင်ရော ဘယ်လိုလဲ ။ တခြားနိုင်ငံတွေက လူကြီးမိဘတွေကရော သူတို့ ရှေ့ မှ လူငယ်တွေ လမ်းမှားနေရင် ဘာကြောင့် အမုန်းခံလဲ ။ ဘာကြောင့် အရိုင်းခံပြီးပြောလဲ ။ ရှင်းတယ် သူတို့ နိုင်ငံကိုသူတို့ ချစ်တယ် ဒါကြောင့် နိုင်ငံအတွက် အနာဂါတ် မျိုးဆက်သစ်တွေကို ပျက်ဆီးမခံဘူး ။ ကိုရီးယား အရက်ဘယ်လောက်သောက်လို့ ရတဲ့  နိုင်ငံ ဖြစ်ဖြစ် ၁၈ နှစ်မပြည်တဲ့  ဘယ်ကလေးမှ သောက်ခွင့် မပြုဘူး ။ မိဘပြည်သူက တွေ့ ရင် တွေ့ တဲ့ နေရာမှာဆုံးမတယ် ပြောမရရင် ရဲတိုင်တယ် ရဲတွေကလဲ ဒါလောက်ကို အလုပ်ရှုပ်အောင်လာလုပ် တယ်လို့  မပြောဘူး ချက်ချင်း လာဖမ်းတယ် အရေးယူတယ် ။
ကျွန်တော် တစ်ခြားတိုင်းပြည်ကို အထင်ကြီးလို့ ပြောနေတာမဟုတ်ဘူး ။ ကိုယ့်နိုင်ငံက လူကြီးတွေကိုလဲ ဖြစ်စေခြင်လို့ ပြောပြတာ ။
မှားသွားရင် ကန်တော့တယ် ။နိုင်ငံကြီးသားပီသ ကြပါဆို့ ပေါ့ဗျာ။

နောက်တစ်ခုကတော့ ကျွှန်တော်တို့ နိုင်ငံမှာ အရက်တွေ အင်မတန်ဈေးပေါ်တယ် ၊ စာအုပ်တွေ အင်မတန် ဈေးကြီးတယ်။ ဘီယာ တစ်လုံး တစ်ထောင်ကျော်ပဲ၇ှိတယ် ၊ စာအုပ်တစ်အုပ် နှစ်ထောင်နားကပ်တယ် ။ အရက် တစ်ပါတ်ကို ၁၀၀ ၊ ၂၀၀ နဲ့ ရတယ် ။ တရားစာအုပ် အနည်းဆုံး ၄ရာကျော်တယ် ။အဲ့ ဒါပဲ ။ ဒီနိုင်ငံမှာ ဒါတွေကို မပေါ်စေချင်ရင် အစိုးးရက အခွန်း တင်းကျပ်လိုက် ။
အရက်တွေဈေး ကြီးသွားလိမ့် မယ် ၊ ဘီယာတွေဈေးကြီးသွားလိမ့် မယ် ။အဲ့ အခါကြရင် ဒီလိုလူငယ်တွေက မုန့် ဖိုးလောက်ရတာ ဘယ်လိုလွယ်လွယ်ဝယ်သောက်နိုင်တော့မှာလဲ ။ဖြေရှင်းနည်းက၇ှင်းရှင်းလေး ။ကျွန်တော် ကတော့ သိပ်မပြောချင်ဘူး ။(admin က ဘမ်းမှာ ကလဲကြောက်ရတယ်။)

နောက်ဆုံးအချက် ကတော့ ဘယ်အ၇ာတွေဘယ်လောက်ပေါ်နေနေ ၊ ဘယ်သူတွေဘယ်လောက် လျှစ်လျှူရှု့ ရှု့  ၊ မိန်းကလေးတွေက ကိုယ့်ဘာကို မိန်းကလေးဆိုတာသိနေရင် ပြီးပြီ ။ကိုယ် မိန်းကလေး ယောကျာ်းလေးနဲ့  တန်းတူအခွင့်အရေးရတယ် အလုပ်မှာ ၊ ကျောင်းမှာ ၊ ပညာမှာ ပြိုင်စမ်းပါ ။ဒါပေမဲ့  မကောင်းမှု့ ကိုတော့ ယောကျာ်းလေးနဲ့ ခွာယာ မတိုင်းနဲ့  ယောကျာ်းလေးဆိုတာ မကောင်းမှု့  လုပ်ဦး ။ ကြိုက်သလိုပျက်စီးဦး ။ ထောင်အပြင် တန်းမရှိဘူး ။ မိန်းကလေးတွေ အတွက် ကတော့ ထောင်အပြင်တန်း ပါရှိတယ် ။ ဘာတန်းလဲ ကျွန်တော် မပြောတော့ဘူး ။ယောကျာ်းလေးမူးနေလို့ ပါတ်ဝန်းကျင်ကမြင်ရင် တစ်ခွန်းပဲပြောမယ်။ငမူး ပေါ့ ။
မိန်းကလေးမူးနေ လို့ ပါတ်ဝန်းကျင်ကမြင်ရင် ပြောမှာ တစ်ခွန်းမ ကဘူး ။အဲ့ ဒါကြောင့် မိန်းကလေးတချို့  ပါ၊ ပြောချင်တာက
ခွာယာတော့တိုင်းပါ ဒါပေမဲ့  ပြိုင်မရိုင်းနဲ့  လို့ ..................။

(အထက်ပါအတွေးများသည် ကျွန်တော်တစ်ယောက်ထဲ၏ အမြင်သာဖြစ်ပါရု် မှန်သည်မှားသည် စိတ်ကြိုက်ဝေဖန်ခွင့်ရှိပါတယ် ။)

စေတနာဖြင့်
အချို့ မြစ်
ကိုတင့်



Myanmar Express

20 comments:

I am so grateful for this article.You are leader of the prosperous of country. please, write more and more like this arlicles...thanks so.

အေးကွာ ပြည်တွင်းက မိန်းမတွေရော ပြည်ပက မိန်းမတွေရော ထိန်းလို့ကို မနိုင်တော့ပါဘူး
ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေအပေါ်အမြင်မှာ ဒါတွေနဲ့ပတ်သက်ပြီး ဘာမှ ထည့်မပြောတာ ဆိုးသကွာ
ဒေါ်စုကိုယ်တိုင်လည်း မြန်မာ့ယဉ်ကျေးမှုကို မသိဘူးထင်ပါ့

ကြိုက်တယ်ဟေ့

အကို တင်ပြထားတွေ က တော်တော်လေး ကို ကောင်းပါတယ်...

ဟုတ်တယ်...ဗျ.... အရက်တွေက အရမ်းဈေးပေါနဲ့ လွယ်လွယ်ဝယ်နေနိင်တာတော်တော်ဆိုးတဲ့အချက်ပဲ...

အရက်တွေ ဈေးပေါယုံမကလို့ အလကားပေးနေလည်း မသောက်တဲ့မိန်းမတွေ တပုံကြီးပါ

အခုခေတ် မိန်းကလေးတွေက မလွယ်ပါဘူးဗျာ။ မြန်မာပြည်ကယောက်ျားလေးတွေလည်း အကိုပြောတဲ့မိန်းမမျိုးရမှာ အရမ်းကြောက်နေကြတယ်။

အစ်ကို ပြောတာတွေက တော်တော်ကို မှန်ပါတယ်ဗျာ မြန်မာမိန်းကလေး တစ်ယောက်နဲ့  အ၇က်က ဘာမှကို မဆိုင်ပါဘူး ...................

အခုခေတ်မိန်းခလေးတွေလို့  အားလုံးကိုသိမ်းကြုံးမပြောပါနဲ့  ဆိုးတဲ့မိန်းခလေးတွေရှိသလို့ ကောင်းတဲ့မိန်းခလေးတွေလဲအများကြီးပါ လူချင်တူပေမယ့်အသက်ရှူတာချင်၇ပ်တည်မူပုံစံကွာခြားပါတယ် ဘယ်အ၇ာမှ ပုံသေမ၇ှိပါဘူး မြန်မာမိန်းခလေးတွေ ကိုတင့်ေ၇းတဲ့ပိုစ်လေးကိုဖတ်မိပြီ ဆင်ခြင်သင့်တာဆင်ခြင်နိုင်ကြပါစေ တန်းဖိုးရှိသော၊ကိုယ့်ကိုကိုယ်တန်းဖိုးထားတက်သော အ၇ည်အချင်းပြည့်မှီသော၊ သီလထိန်းနိုင်သော၊မိန်းခလေးများအဖြစ်၇ပ်တည်နိုင်ကြပါစေ ။ ။

လုပ်ကြဟေး....လုပ်ကြဟဟဟဟဟဟဟဟဟဟဟ....................ဖါဖြစ်မဲ့ဟာတွေ.....မြန်မာလူမျိုးတွေကိုဂုဏ်သိပ်ခါကြအောင်လုပ်နေကြတာလား.........နင်တိုဘ၀ပျက်တာအရေးမကြီးဘူး....ငါးခုန်းမ ငါးကောင်ကြောင့် တစ်မျိုးလုံးပုပ်တော့မယ်.....

လုပ်ကြဟေး...လုပ်ကြဟ....ငမူးမတွေ.....ငါးခုန်မ ငါးကောင်ကြောင် တစ်မျိုးလုံးနံတယ်ဆိုတာ..ဒါပဲ...နင်တိုလိုဟာတွေရှိနေလို....တခြားယဉ်ကျေးတဲ့ အမျိုးကောင်းသမီးကောင်းတွေပါ ရောပြီလက်ညှိုးထိုးခံနေရတာ.....လွတ်လပ်ပြီးဆိုပြီဒီလိုလုပ်နေမဲ့အစား.....ကိုယ်တုံးလုံးသွားကြပါလား...

ဟုတ်တယ်ဗျ....တချို့ မိန်းကလေးတွေက ကိုယ့်ထက်တောင် ဇ ရှိသေးတယ် ..... တကယ်ကောင်းတဲ့ Post လေးပါဗျာ။ နောက်လည်း အဲလို ဟာမျိုးလေးတွေထပ်ရေးကြပါဦး

ကျေးဇူးတော်ရှင် ဆရာတော် ဦးဝိစိတ္တသာရဘိဝံသ ၏ သြ၀ါဒကထာဖြစ်တော်မူ

သော “ သူများအကျိုးပျက်စီးရာကို ၊ ဘယ်အခါမှ မလုပ်နဲ့ ၊ မပြောနဲ့ ၊ မကြံနဲ့

ကြမ်းတမ်းသော စကားမဆိုနဲ့ ၊ မေတ္တာနှင့် ယှဉ်သော စိတ်ကို ဖြစ်စေရမည် ။

အကောင်းကြံ ၊ အမှန်လုပ် ၊ အဟုတ်ပြော ၊ ယခု လက်ရှိအချိန်ထက် ကောင်းသော

အချိန် မရှိ ၊ လက်ရှိ အချိန်ကို နိဗ္ဗာန်အထိ အကျိုးရှိအောင်သုံး ”

@ တိုးနန္ဒ > ဘယ်လိုကြောင့် ဘုန်းကြီးအမှု့ရွာပတ်နေရတာတုန်း....
မြန်မာပြည်မှာရှိတဲ့သူတွေကရော မြန်မာ့ယဉ်ကျေးမှု့ကို အလေးထားလို့လား?...ဘာ, ဘာမှဆိုင်ဘူး

ငါးခုံးမတကောင်ကြောင့် တလှေလုံးပုပ်ဆိုသလို....တယောက်မကောင်းတာနဲ့ ဒေါ်စု နဲ့ဘာဆိုင်တုန်း...ဒီမိန်းကလေးတွေမှာမိဘ မောင်ဘွားအကိုတွေမရှိတော့ဘူးလား...မိဘသွန်သင်ဆုံးမမှူမရှိရင်..ဒေါ်စုမပြောနဲ့ သိကြားမင်းဆင်းပြောတောင်ရမှာမဟုတ်ဘူး..မဆိုင်တာတွေမပြောပါနဲ့

လုပ်နိုင်သလောက်သာ ပြောကြပှါဗျာ
ပြောသလောက် မလုပ်နိုင်ကြရင် အချိန်ဖြုန်းနေကြရုံသက်သက်ပါပဲ
သတ္တ၀ါတွေ အားလုံးဟာ သူ့ဘ၀ သူ့အကြောင်းတွေနဲ့ချည်းပဲ
ကိုယ်က စေတနာထားရုံလေး သက်သက်သာ ကောင်းပါတယ်
အမှားအားလုံးတွေရဲ့ တရားခံအစစ်ဟာ ကိုယ်ပါပဲ
ဒါတွေအားလုံးဟာ ရှိခြင်းဆိုတဲ့ အကြောင်းတရားတွေကြောင့်ပါ။
အားလုံးအပေါ် အကောင်းမြင်ပေးလိုက်ကြပါတော့...
ဒါဆို...စိတ်သက်သာရာ ရလာလိမ့်မယ်
လစ်လျူရှုဖို့ ပြောဒါမဟုတ်ဖူးနော်
ဥပက္ခာပြုထားလိုက်ရုံသက်သက်ပါ
ဘုရားရှင်လက်ထက်က သတ္တ၀ါတွေ အားလုံးကို မကယ်ချွှတ်နိုင်ခဲ့သလို ကျုပ်တို့လို သာမန်လူသားတွေအဖို့ ဆိုဖွယ်ရာ မရှိပြီ....ခဏနားဦးမယ်။

သိပ်ကောင်းတယ်ဗျာ

ဘယ်သူမပြု၊မိမိမှု့ပါ။တင်ပြပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။

ဘယ်သူမပြု မိမိမှု့၊ တင်ပြပေးတဲ့ အတွက်ကျေးဇုးပါဘဲ။

စိတ်ပျက်စရာပဲ... အဆိုး အကောင်းက ဒွန်တွဲနေတာဆိုတော့ ဒါမျိုးတွေက ရှိတယ်... အမျိုးမျိုးသွန်သင်လဲ ရချင်မှရမယ်... ဘုရားရှင်တောင်မှ သတ္တ၀ါတွေ အားလုံးကို မကယ်ချွှတ်နိုင်ခဲ့တာပဲ... အခုလဲရှိနေမှာ... နောင်လဲ ရှိနေမှာပဲ... အဲ... ပွားမျုားမလာအောင်သာ ထိန်းသိမ်းဖေးမပေးကြပါ ...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်