Subscribe to our RSS Feed

ကေအိုင်အေ၏ အတင်းအဓမ္မလူသစ်စု၊ ဆက်ကြေးကောက်နေမှုနှင့် ပါတ်သက်ပြီး စုံစမ်းပေးပါရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား ဒေသခံပြည်သူများမှ တောင်းဆိုခဲ့





ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် သစ် ယန်ဟီလီ- မြစ်ကြီးနားမြို့သို့ ရောက်ရှိစဉ် ဒေသခံ တိုင်းရင်းသားများက ကေအိုင်အေအဖွဲ့၏ ဗိုလ်ကျအနိုင်ကျင့်နေမှုများကို စုံစမ်း အရေးယူပေးပါရန် အားကိုးတကြီးနှင့် တောင်းဆိုကြသည်ဟု သိရှိရသည်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ယန်ဟီလီ- သည် ၀ိုင်းမော်မြို့ကို ဖြတ်သန်းသွားစဉ် ဒေသခံ တိုင်းရင်းသားများက အောက်ဖော်ပြပါ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး လမ်းဘေးတွင် ငြိမ်သက်စွာ တောင်းဆိုခဲ့ကြသည်ဟု သိရှိရသည်။

ပြည်သူလူထုများကိုင်ဆောင်တောင်းဆိုခဲ့ကြသည့် ဆိုင်းဘုတ်များ-

၁- ကုလသမဂ္ဂကိုယ်စားလှယ်တော်ကြီး ဒေသခံ ပြည်သူများကို ပစ်မထားပါနဲ့-
DO NOT NEGLECT NATIVE PEOPLE

၂- ကေအိုင်အေ အဖွဲ့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ထုတ်နိုင်အောင် ကူညီပေးပါ

၃- ဤပြည်နယ်သည် ကချင်မဟုတ်သော အခြားသော တိုင်းရင်းသားများ အများဆုံ နေထိုင်သည့် ပြည်နယ်ဖြစ်သည်။

၎- ဒေသခံများ၏ လယ်ယာလုပ်ငန်းခွင်းအနီး ထောင်ထားသော မိုင်းများကို ရှင်းလင်းနိုင်အောင် ကူညီပေးပါ။
HELP TO NEUTRALIZE THE LANDMINES AND ALL EXPLOSIVES THAT ARE PLACED NEAR THE FARMING AREAS

၅- လက်နက်အားကိုး ခြိမ်းခြောက် အနိုင်ကျင့်မှုများကို ဟန့်တား ကူညီပေးပါ
HELP TO STOP THREATENING PEOPLE BY USING WEAPON

၆- ကုလသမဂ္ဂကိုယ်စားလှယ်တော်ကြီးခင်ဗျား ထာဝရငြိမ်းချမ်းရေးကို အမြန်ဆုံး လက်မှတ်ထိုးနိုင်အောင် ကူညီပေးပါ

၇- ဒေသခံ တိုင်းရင်းသားများ ထာဝရငြိမ်းချမ်းရေးကို အမြန်ဆုံး လိုချင်နေကြပါသည် ကူညီပေးပါ
WE, NATIVE, URGENTLY DESIRE PEACE, PLEASE HELP

၈- တရားဥပဒေစိုးမိုးရေး ကူညီဆောင်ရွက်ပေးပါ

၉- ထာဝရငြိမ်းချမ်းရေး အမြန်တိုက်တွန်းပေး စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကြပြီး တောင်းဆိုခဲ့ကြသည်ဟု သိရှိရသည်။

ဦးစိုင်းသာဇုံ
မြန်ပြည်မြောက်ပိုင်း-မြစ်ကြီးနား

1 comments:

သူလာတဲ့ အဓိကရည်ရွယ်ချက်က ရခိုင်ကိုခိုးဝင်လာတဲ့ ကုလားတွေကို ချီးမြှောက်ဖို့၊ ကချင်ကိုလာတာက ဟန်ပြလေး သောင်းကျန်းသူတွေအတွက် ရသလောက်လေးလုပ်ပေးမလို့ ရည်ရွယ်ချက်နဲ့၊ အခုလုပ်ပုံက သူ့ ရည်ရွယ်ချက်နဲ့ လားလားကြီးဆန့်ကျင်ဘက်။ သူဘာမှလုပ်ပေးမှာ မဟုတ်ဘူး။ သူ့ကိုအားကိုးစရာမလိုဘူး။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်