Subscribe to our RSS Feed

အချိုးကျကိုယ်စားပြုရေး ထင်သလောက်မရှူပ်ထွေး (Proportional Representation explained) (အပိုင်း - ဃ)

From : .. MSM


Overhang seats များပေါ်လာနိုင်သောအခြေအနေတစ်ချို့ ကိုတင်ပြပါမည်။ ရွေးကောက်ပွဲကော်မရှင်အနေ
ဖြင့်ဤအခြေအနေများကိုကြိုတင်၍ရှောင်လွှဲနိုင်ပါသည်။
၁ - ပါတီကြီးတစ်ခု-နှစ်ခုသာရှိပြီးပါတီငယ်ကလေးအများအပြားရွေးကောက်ပွဲဝင်လျှင်
၂ - တပြည်လုံးရှိအမတ်နေရာအရေအတွက်နှင့်စာလျှင်မဲဆန္ဒနယ်မြေကများနေလနွ်းခြင်း
၃ - မဲဆန္ဒနယ်များအရွယ်အစားချင်းအလွန်ကွာခြားနေခြင်း - မဲဆန္ဒနယ်သေးသေးကလေးတွင်ပွတ်ကာသီကာ
မျှနိုင်သူသည်အချိုးကျစံနစ်ကသတ်မှတ်ထားသောမဲအရည်အတွက်မပြည့်မှီခြင်းနှင့်ကြုံကြိက်တတ်သည်။
၎ - တစ်ချို့ မဲဆန္ဒနယ်များတွင်မဲလာထည့်သူနည်းလွန်းခြင်း (low voter turnout)
၅ - မဲဆန္ဒနယ်မြေအရေအတွက်သတ်မှတ်တာနည်းလွန်းခြင်း
၆ - အမတ်လောင်းကိုအထူးလူကြိုက်များပြီးသူ၏ပါတီကိုလူကြိုက်နည်းသဖြင့်ပါတီမကဲ နည်းနေခြင်း
၇ - ဒေသစွဲလူမျိုးစွဲပါတီများ (Regional parties)
၈ - မဲပေးသူများကပါတီနှင့်ကိုယ်စားလှယ်တမင်မတူအောင်မဲထည့်ခြင်း (Tactical voting)
ထို့ ကြောင့်အချိုးကျကိုယ်စားပြုစံနစ်လာ MMP စံနစ်ကိုကျင့်သုံးမည်ဆိုလျှင်ရေွး ကောက်ပွဲကျင်းပပေးသူ
(ကော်မရှင်)သည်အောက်ပါအချက်တစ်ချို့ ကိုသတိပြုသင့်သည်။
အခြေအနေ (၁) ကိုရှောင်လွှဲနိုင်ရန်အတွက်နိုင်ငံရေးသဘာဝ (political nature) နှင့်ရွေးကောက်ပွဲကြွေး
ကျော်သံ (campaign slogan) ချင်းခြင်းနီးစပ်သောပါတီငယ်များသည်ရွေး ကောက်ပွဲတွင်းညွန့် ပေါင်းများ
(coalitions) ဖွဲ့ ၍ပါဝင်ယှဉ်ပြိုင်ကြရန်လိုအပ်ပါသည်။ ဂျာမဏီတွင်ဤနည်းအောင်မြင်နေပါသည်။ အခြေအနေ
(၂) မှ (၅) အထိသည်မဲဆန္ဒနယ်များဆိုင်ရာ ပြဿနာဖြစ်၍ရွေးကောက်ပွေဲ က်ာမရှင်ကပြုပြင်ယူနိုင်သည်။
အခြေအနေ (၆) သည်ဒေါ်အောင်ဆန်းစုကြည်နှင့်သူမ၏ NLD ပါတီလိုအခြေအနေမျိုးနှင့်ခပ်ဆင်ဆင်တူပြီး
ထိုက့သဲို့ သောပါတီကြီးဘက်ကပြုပြင်ယူရမည့်အချက်ဖြစ်သည်။ သို့ မဟုတ်ပါက MMP စံနစ်အရရွေး ကောက်
ပတွဲင်ထိုကဲ့သို ပ့ါတီကြီးသည်လိုအပ်သောရာခိုင်နှူံးမရဘဲလူကြိုက်များခေါင်းဆောင်ဝင် ရောက်ယှဉ်ပြိုင်ရာ
မဲဆန္ဒနယ်တွင် overhang seat ပြဿနာပေါ်ပေါက်နိုင်သည်။
တဖန်ဒေသစွဲလူမျိုးစွဲဖြင့်ဖွဲ့ စည်းရပ်တည်နေသောပါတီများသည်မိမိအခိုင်အမာပြုထားရာဒေသများတွင် FPTP
စံနစ်ဖြင့်အပြတ်အသတ်နိုင်ကာနေရာအများစုကိုလက်ဝါးကြီးအုပ်ထားနိုင်သော်လည်းတနိုင်ငံလုံးတွင်မဲသိပ်မရ
သည့်အတွက်ပါတီပေးမဲနည်းကာအချိုးကျရမည့်ရာခိုင်နှူံးကိုကျဆင်းစေလိမ့်မည်။ ထိုအခါထိုမဲဆန္ဒနယ်တွင်
Overhang seats များပေါ်လာနိုင်သည် (အခြေအနေ - ၇) ။
နောက်ဆုံးအခြေအနေဖြစ်သော (၈) တွင် MMP နည်းအရ မဲနှစ်မဲ (ပါတီသို့ ပေးမဲ နှင့်ကိုယ်စားလှယ်သို့ ပေးမဲ)
ပေးခွင့်ရှိရာမဲဆန္ဒရှင်များကထိုမဲနှစ်မဲတမင်ကိုပါတီခွဲ၍ထည့်တတ်သည် (ဂျာမဏီ)။ ဥပမာပါတီပေးမဲတွင်ပါတီ A
ကိုမဲပေးပြီး ကိုယ်စားလှယ်ပေးမဲ တွင်ပါတီ A မှကိုယ်စားလှယ်အစားတခြားပါတီမှလူကိုမဲထည့်ခြင်း ဖြစ်သည်။
မဲပေးသူများကဤသို့  ပြုကြခြင်းမှာအကြောင်းအမျိုးမျိုးအရဖြစ်နိုင်သော်လည်း ဖြစ်တတ်သည်မှာကိုယ့်ပါတီ
မှလူ ကိုယ့် နယ်မြေတွင် မပြိုင်သဖြင့်ကြုံရာလူကိုထည့်လိုက်ခြင်းနှင့် ကိုယ့်ပါတီမှလူရှိနေသော်လည်း FPTP
စံနစ်အရ ဖြစ်ရာကိုယ့်လူက နိုင်ခြေမရှိသဖြင့် (တခြားပါတီတစ်ခုခုမှ) ဒုတိယအကြိုက်ဆုံးလူကိုမဲထည့်
လိုက်ခြင်းမျိုး (Tactical voting ဟုခေါ်သည်)။
ယခုဆက်လက်၍ ဤ overhang seat ဖြစ်ခြင်းကိုရွေးကောက်ပွဲစီစဉ်သူ (ကော်မရှင်) က ဖြေရှင်းပေးနိုင်သည့်
နည်းများကိုတင်ပြပါမည်။
ပထမဖြေရှင်းနည်းမှာ - နေရာအပိုများ (Overhang seat) အနိုင်ရထားသောပါတီကိုထိုနေရာများအတွက်
အတည်ပြု ပေးခြင်းဖြစ်သည်။ [မှတ်ချက် - FPTP စံနစ်အရတိုက်ရိုက်မဲဖြင့်အရွေးခံရသောအမတ်နေရာများ
ကိုအတည်မပြု ဘဲထားရန်မှာမဖြစ်နိုင်သလောက်နီးပါးမလွယ်ကူပါ။] ကျန်ပါတီများကိုကားမူလသူတို့ ရနိုင်
သည့်တနိုင်လုံးဆိုင်ရာအချိုးအရဖြစ်သောအရေအတွက်အတိုင်းသာအတိုင်းသာဆက်ထားသည်။ ထိုအခါ
PR ၏အနှစ်သာရအနည်းငယ်ပျက်ယွင်းသည်ဟုဆိုနိုင်သည်။ အဘယ့်ကြောင့်ဆိုသော်နေရာပိုရထားသောပါတီ
သည်သူ့ အတွက်အချိုးကျရမည့်နေရာထက်တကယ်ရသောနေရာကပိုနေသောကြောင့်ဖြစ်သည်။
ဒုတိယနည်း - မှာပါတီတစ်ခုနေရာပိုများထွက်နေလျှင်ထိုအရေအတွက်ကိုတခြားပါတီများ၏ပါတီအလိုက်ထိုက်
သင့်သည့်အချိုးကျရမည့်အရေအတွက် (out of their “list” seats, not from their FPTP seats) ထည်းမှ
ထုတ်နှုတ်၍ပေးခြင်း - ဤနည်းဖြင့်မူလတနိုင်ငံလုံး၏အချိုးအစားကိုဆက်ထိမ်းကာ PR စံနစ်အနှစ်သာရကို
ဆက်လက်ထိမ်းသိမ်းသည်။ မိမိတို့ ရသင့်သည့်အချိုးထည်းမှမျှပေးရသောပါတီများကလည်း ပါတီ၏ လျာထား
စာရင်း (list) ထည်းမှအရည်အတွက်နည်းငယ်ကိုသာပေးရခြင်းဖြစ်သဖြင့်မပြောပလောက်ပေ။
တတိယနည်းမှာ - နေရာပိုအနိုင်ရသောပါတီအားထိုနေရာများကိုအတည်မပြုခြင်းဖြစ်သည်။ ထိုအခါထိုပါတီ
အတွက်မည်သည့်အနိုင်ရနေရာများကိုဖျက်သိမ်းပေးရမည်နည်းဆိုသောပြဿနာပေါ်လာသည်။ ဤသည်မှာ
ပါတီ၏ပြဿနာသာဖြစ်၍ရွေးကောက်ပွဲကော်မရှင်၏ပြဿနာ၏ဟုမယူဆ။
စတုတ္ထနည်း - ၄င်းကို Full compensatory ဟုအမည်ပေးသည်။ တတိယနည်းနှင့်ဆန့် ကျင်ဘက်ဖြစ်သည်။
နေရာအပိုအနိုင်ရပါတီကို၎င်း၏အချိုးကျရာခိုင်နှူံးအပြင် ထိုနေရာများကိုပါအတည်ပြုပေးသည်။ ထို့ နောက်
အချိုးကျခွဲဝေသည့်မူလရာခိုင်နှူံးများအတိုင်းဆက်လက်ထိမ်း သိမ်းထားနိုင်ရန် အတွက်ရွေးကောက်ပွဲဝင်အခြား
ပါတီများကိုလည်းအချိုးကျအမတ်နေရာအပိုများခွင့်ပြုပေးလိုက်သည်။ရလဒ်မှာလွှတ်တော်တစ်ခုလုံး၏အမတ်
နေရာများတိုးသိသိသာသာတိုးလာခြင်းဖြစ်သည်။ ဤနည်းကို အသုံးပြုသောဂျာမဏီတွင်ဖက်ဒရယ်ပါလီမန်
(Bundestag) ၏မူလနေရာ ၅၉၈ မှသည် ၆၂၂ ဖြစ်ကာ ၂၄ နေရာအပိုဆောင်းခွင့်ပြုပေးရဘူးသည်။ အချိုးကျ
ကိုယ်စားပြုအနှစ်သာရ ကို ဤနည်းဖြင့်ထိမ်းသိမ်းခြင်းကို ဝေဘန်သူများကဤနည်းသည်အမတ်နေရာများ
ဖေါင်းပွစေသဖြင့်မကြိုက်ကြပေ။ သူတို့ ၏ခန့် မှန်းချက်အရ ဤနည်းကိုဆက်သုံးလျှင်တစ်ချိန်တွင်ဂျာမန်
ပါလီမန်သည်အမတ်နေရာ ၈ဝဝ ဖြစ်သည်အထိဖြစ်သွားနိုင်သည်ဟုခန့် မှန်းကြသည်။
ယခုလောက်ဆိုလျှင်သာမန်ပြည်သူမဲပေးမည့်သူများအတွက်ရွေးကောက်ပွဲစံနစ်သစ်သည်သူတို့ အတွက်ဘာမှ
အခက်အခဲမရှိကြောင်းသိလောက်ပေပြီ။ ဤစံနစ်ကိုအစောဆုံးကျင့်သုံးခဲ့သောနိုင်ငံများထည်းတွင်ဂျာမဏီနိုင်ငံ
လည်းပါဝင်သည်။ ၁၉၄၉ ခုနှစ်မှစ၍အနောက်ဂျာမဏီတွင်စတင်ကျင့်သုံးခဲ့ပြီး ၁၉၉ဝ နောက်ပိုင်းဂျာမဏီနှစ်ပိုင်း
ပေါင်းစည်းပြီးနောက်ပိုင်းလည်းဆက်လက်သုံးစွဲခဲ့ကာအအောင်မြင်ဆုံးနိုင်ငံဖြစ်နေသည်။ စင်စစ်ကမ္ဘာတဝှမ်းရှိ
အချိုးကျကိုယ်စားပြုစံနစ်ကျင့်သုံးနေသောနိုင်ငံများတွင်မဲဆန္ဒရှင်များထံမှငြီးငြူသံဟူ၍တစ်ခါမျှမကြားရဘူးချေ။
ယခုနောက်ပိုင်းတွင်သမရိုးကျ FPTP စံနစ်ဟောင်းသက်တမ်းအရင့်ဆုံးသုံးစွဲနေသော ဗြိတိန် (U.K) တွင်ပင်
စကော့တလန်နှင့်ဝေလနယ်ပါလီမန်များနှင့်မဟာလန်ဒန်ဧရိယာရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲတရား
မျှတမှု (Electoral justice) ပိုရှိသော PR သို့ ပြောင်းလဲကျင့်သုံးနေပေပြီ။ အခြားအထင်ကရနိုင်ငံများထည်းတွင်
အီတလီ - ဆွစ်ဇာလန် - နယ်သာလန် - နယူးဇီလန် - တောင်အာဖရိက - ချက် -အစ္စရေး - ဘရာဇီး တို့ အပြင်
သြစတျေးလျနှင့်အိန္ဒိယအထက်လွှတ်တော်များစသည်တို့ ပါဝင်သည်။
တတိယမြောက်ဆောင်းပါးတွင် PR စံနစ်နှင့်ပါတ်သက်၍အသေးစိတ်ပိုကျသော အချက်အလက်များကိုဆက်
လက်တင်ပြယင်းမြန်မာနိုင်ငံတွင်ရွေးကောက်ပွဲကော်မရှင်သည်၎င်း -နိုင်ငံရေးပါတီကြီးငယ်များသည်၎င်း
မည့်သည့်အချက်များအတွက်စတင်ပြင်ဆင်ထားသင့်သည်ကိုတင်ပြပါဦးမည်။


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်