Subscribe to our RSS Feed

ကျပ်သိန်းတစ်သောင်းခွဲ အကုန်ခံကာ သတ္တဌာနသုံးခု တည်ဆောက်ရန်စီစဉ်

From :Myit Makha Mediagroup 




မြို့တည်၊နန်းတည်သတ္တဌာနများအား ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများအတွက် ကော်မတီဖွဲ့စည်းပြီး နောက်ပိုင်း တစ်နှစ်ခွဲအတွင်း တည်ဆောက်သွားရန် စီစဉ်ထားရှိကြောင်း သိရသည်။
 
တည်ဆောက်ခြင်းလုပ်ငန်းအတွက် မြန်မာငွေကျပ်သိန်ပေါင်းတစ်သောင်းခွဲခန့်ကုန်ကျခံကာ တစ်ဦးတည်း အလှူရှင်က တည်ဆောက်သွားမည်ဖြစ်ကြောင်း၊တည်ဆောက်မည့်နေရာများမှာ ပိဋိကတ်တိုက်တော်၊ သုဓမ္မာဇရပ်တော်၊ ပဌာန်းဟေသိမ်တော်တို့ကို မူလနေရာများတွင် တည်ဆောက်သွားမည့် အစီအစဉ် ဖြစ်သည်။
 
`ပျက်စီးနေတဲ့ သုံးဌာနလုံးကို အလှူရှင်တစ်ဦးတည်းက တည်ဆောက်သွားမှာပါ၊ အရင်နေရာဟောင်းတွေ မှာပဲ ပြန်လည် တည်ဆောက်သွားမှာပါ၊ ဒါမျိုးဖြစ်ဖို့အတွက် ခေတ်အဆက်ဆက်ကြိုးစားလာခဲ့ကြတာ မအောင် မြင်ခဲ့ပါဘူး၊ အခုလို သတ္တဌာန ခုနှစ်ခုလုံးပြည်ပြည်စုံစုံရှိသွားတော့ မန္တလေးရဲ့ဂုဏ်ကျက်သရေတိုးလာ တော့မှာ အမှန်ပါပဲ´ ဟုမြန်မာဗိသုကာပညာရှင် တမ္ပ၀တီဦးဝင်းမောင်ကပြောသည်။
 
တည်ဆောက်မှုလုပ်ငန်းများအား သီတဂူမြန်မာမှုဗိသုကာအဖွဲ့က တာဝန်ယူတည်ဆောက်သွားဖြစ်ပြီးသီတ ဂူဆရာတော်ကြီးမှ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ဥက္ကဌနေရာတွင် တာဝန်ယူကာ အစအဆုံးတာဝန်ယူ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
 
ယခင်လက်ထက်က တည်ဆောက်ခဲ့သောနေရာများနှင့် ကွဲပြားခြားနားမှုမရှိစေရန်အတွက် ခေတ်အဆက် ဆက်မှ ထိန်သိမ်းလာခဲ့သော ရှေးဟောင်းစာပေများထဲတွင် ဖော်ပြထားရှိသော ပုံစံများအတိုင်း တည်ဆောက် သွားမည့် အပြင် ပြည်သူပြည်သားများအတွက် သိမ်ဝင်ခြင်း၊ ပဌာန်းရွက်ဖတ်ခြင်းနှင့် စာပေလေ့လာနိုင်ရန် အတွက်လည်း ထားရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
 
`အရင်လက်ထက်ကတည်းက ပုံစံအတိုင်း ပြုပြင်မွမ်းမံသွားမှာပါ၊ ကွဲလွဲမှုတစ်ခုကတော့ ယခင်ကကျွန်းလုံးတိုင် တွေအစား RCတိုင်တွေမှာ ကျွန်းပြားတွေကပ်မှာပဲ ပိုပါတယ်၊ကျန်တာတွေအားလုံးကို တပုံစံတည်း တည်ဆောက်မှာပါ´ဦးဝင်းမောင် ကပြောသည်။
 
သတ္တဌာနခုနှစ်ခုမှာ ရွှေမြို့ရိုးတော်၊ ကျုံးတော်၊ ကုသိုလ်တော်စေတီတော်၊ အတုမရှိကျောင်းတော်၊ ပိဋကတ် တော်၊ သုဓမ္မာဇရပ်တော်နှင့်ပဌာန်းဟောသိမ်တော်တို့ဖြစ်သည်။
 
သို့သော်လည်း မင်းတုန်းမင်းဘုရားလက်ထက်က မန္တလေးမြို့တည်နန်းတည် သတ္တဌာနခုနှစ်အား တည်ထားခဲ့ပြီး အဆိုပါဌာနထဲ မှ ပိဋိကတ်တိုက်တော်၊သုဓမ္မာဇရပ်တော်နှင့် ပဌာန်းဟောသိမ်တော်တို့မှာ ပျက်စီးနေသဖြင့် ပြန်လည်ပြုပြင် မွန်းမံရန်အတွက် စီစဉ်နေခြင်းဖြစ်သည်။
 
သို့သော် နှစ်(၁၀၀) သက်တမ်း ရှိသောမည့်သည့် ပစ္စည်းမဆို ရှေး ဟောင်းပစ္စည်းအဖြစ် သတ်မှတ်သော ကြောင့် လက်ရှိထားရှိသောပစ္စည်းများကို နဂိုမူလအတိုင်းထားရှိစေလိုခြင်းကြောင့် ယခုကဲ့သို့ သဘောထား ကွဲလွဲမှုများ ရှိနေကြောင်းကိုလည်း သိရသည်။
 
  www.MyanmarExpress.net

1 comments:

အပြင်မှာ ဘုရားတည်တာထက် နှလုံးသားမှာ
ဘုရားတည်ဖို့က ပိုအရေးကြီးပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်