Subscribe to our RSS Feed

မြန်မာရုပ်ရှင် ဗီဒီယိုအဆင့်မြှင့်နိုင်ရန် မည်သို့လုပ်ရပါ့

From :http://www.mmdailystar.com/2013/02/blog-post_1127.html



ရုပ်ရှင်ဗီဒီယိုဇာတ်ကားအများစု မှာ အရည်သွေးနှိမ့်သည့်အပြင် ရုပ်ရှင်ဇာတ်လမ်းများမှာ ဇာတ် ကား တစ် ကားနှင့် တစ်ကားဇာတ် လမ်းဇာတ်ကွက်များမှာ တူနေသော  ကြောင့် ဗီဒီယိုခွေငှားကြည်သော   ပရိ သတ် များနှင့် မြန်မာဗီဒီယို အခွေငှားဆိုင်များ မကြာခဏ ပြဿနာဖြစ်နေကြောင်း ခွေငှား ဆိုင်အချို့မှ သိရ သည်။

“ဇာတ်ကားတွေက တစ်ကား နဲ့ တစ်ကားဇာတ်လမ်းစဆုံးတူနေ တာ မင်းသား၊ မင်းသမီးပဲ ကွဲသွား တယ်။ ပြီးတော့ တစ်ကားနည်း တစ်ကားတွက်တာ ၂ ရက်လောက်  ပဲခြားတာ နှစ်ကားလုံးက အကုန် လုံး တူနေတော့   အခွေငှားကြည့် တဲ့ သူတွေကကြည့်ပြီးသွားပြီဆို     ပြီးပြန်လာပေးတယ်မဟုတ်လောက် ပါဘူးဆိုပြီး ဆိုင်မှာ အခွေစမ်းကြည်  တော့ဇာတ်ကားနာမည်နဲ့ မင်းသား  ပဲမတူတာဇာတ်လမ်းက အကုန် လုံးတူနေ တာ”ဟု တောင်ဒဂုံမြို့ နယ်ရှီအခွေငှားဆိုင်လုပ်ငန်းလုပ် ကိုင်သူတစ်ဦးက ပြောပြသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံး  မှာ ခိုးကူးခွေနှင်ဆင်ဆာမဲ့အခွေ များကိုသာ ဖမ်းဆီးမှုများပြု လုပ်  နေသော် လည်းမြန်မာ ရုပ်ရှင်လောကတိုးတက်  ရေးအတွက်မှာ ဆောင်ရွက်မှုအား  နည်းနေကြောင်း အဆိုးဆုံးမှာ ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးများ   မှကပြည်တွင်၌ဖြန့်ချိသောဗီဒီယို  ဇာတ်ကားများမှာ အ ရည်သွေး နိမ့်   နေသည်အပြင်ဇာတ်ကားတစ်ကား  နှင့် တစ်ကားတူနေသည်အပြင်  ဇာတ်လမ်း တွင်ပါ ၀င်သော ဇာတ် ၀င် ခန်းတချို့ကိုလည်း နိုင်ငံခြား  ရုပ်ရှင်ဇာတ်ကားများမှ အခန်း များကို ဖြတ်ညှပ် ကပ်ထည့် သွင်း   ထားသည် ကိုတွေ့ရကြောင် သိရ သည်။ ၂၀၁၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်း ရုံးတွင် ပြုလုပ်ခဲ့သော ခိုးကူးခွေ ပပျောက်ရေးသတင်းစာရှင်လင်း ပွဲတွင် ရုပ်ရှင်အစည်း ရုံဥက္ကဋ္ဌ က ဦးဇင်းဝိုင်းက မြန်မာရုပ်ရှင်လောက  ကျရှုံးနေတာကျွန်တော် သိပါ တယ်။ မြှင့်တင်ဖို့လည်း ကြိုးစားနေပါ တယ်ဟုပြောဆိုခဲ့ဖူးသည်။
 
. www.MyanmarExpress.net
 

4 comments:

မြန်မာ ဇတ်ကားမကြည့်တာ

အနှစ်၂၀လောက်ရှိတော့မသိဘူးဗျာ

အံ့သြ စရာကြီးနော်။

က္ဈန်တော်တို့ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ဘယ်သူပြိုင်လို့လှ ပါတော့နိုင်၊ ဒူးမထောက် လက်မမြှောက်၊ မြန်မာ့သွေးမြန် မာ့ဓါး၊မွန်းတည့်ချိန်မှာနေဝင်သည်...စတဲ့ဇာတ်ကားတွေ...

နည်းနည်းအရွယ်ရလာတော့ ကျီးယောင်ဆောင်သော ဒေါင်း၊ ပန်းမြိုင်လယ်က ဥယျာဉ်မှူး၊ အမိမြေမှသားကောင်း များ

ဒီဘက်ခေတ် ရောက်လာတော့ ဝေလည်းမွှေး ကြွေလည်း မွှေး၊ စစ်သွေးသစ္စာ...စတဲ့ ဇာတ်ကားတွေဟာ ဇာတ်လမ်း ဇာတ်အိမ် ကောင်းမွန်သလို ဒါရိုက်တာ/ သရုပ်ဆောင်တွေ ရဲ့ အနုပညာ ရသမြောက်မှုကြောင့် အဆင့်အတန်းမီတဲ့ မြန်မာ ဇာတ်ကား ကောင်းတွေပါ။

အခုနောက်ပိုင်းတော့ ဒီလို မြန်မာဇာတ်ကားကောင်းတွေ အတော့်ကို ရှားသွားပါပြီ။ ဒီလိုပုံနဲ့ ဆက်သွားနေလို့ကတော့ မြန်မာ့ရုပ်ရှင် ဗွီဒီယိုလုပ်ငန်းရဲ့ အနာဂတ်က ဘယ်လိုမှ ဦးမော့လာစရာ မရှိပါဘူး။ အနုပ ညာ အသိုင်းအဝိုင်းနဲ့ ပတ်သက်သူ အားလုံး အလေးအနက်ထား စဉ်းစားကြဘို့ သင့်ပါပြီ။ သူ့ကြောင့်၊ငါ့ ကြောင့်ဆိုပြီး အပြစ်ဖို့နေကြရင်တော့ မွဲပြာပုဆိုး ဖြစ်နေဦး မှာပါပဲ။

မြန်မာရုပ်ရှင်အဆင့်အတန်းမြင့်လိုပါလျှင် ရုပ်ရှင်အနုပညာသည်များ စစ်မှန်သော အနုပညာဖြင့် နာမည်ရအောင်လုပ်လိုသောစိတ်မွေးမှရမယ်
sexy တွေလုပ်ပြနေသောကြော်ညာအဆင့်လောက်ကို ကျော်လွှားနိုင်မှ
မြန်မာရုပ်ရှင်ဆိုတာ ကမ္ဘာရုပ်ရှင်အဆင့်ဖြစ်ုလာနိုင်မယ်။

မြန်မာ့ရုပ်ရှင်အဆင့်အတန်းမြှင့်တင်လိုပါသလား အောက်ပါအချက်အလက်များ ရှောင်ကျဉ်ရန်စဉ်းစားပြီးမှ ဒီစကားပြောပါ။
၁- ငွေရလိုမှုကိုရှေ့တန်းတင်ခြင်းမှ ရှေင်ပါ။
၂-နာမည်ကြီးမင်းသားမင်းသမီးများနှင့် ရိုက်ကူးမှ ထင်ပေါ်လာမည်ဆိုသော အသိအား ဖယ်ထုတ်လိုက်ပါ။
၃-ဒါရိုက်တာကြီးများ ပါတ်သတ်ရာပတ်သတ်ကြောင်း မင်းသားမင်းသမီးများအား ဇတ်ကြောရိုးနှုင့် မလိုက်ဖက်ပဲ ရိုက်ကူးနေခြင်းမှရှောင်ပါ။
၎-မိမိကိုယ်ကို လွန်ကဲသောယုံကြည်စိတ်ဖြင့် ပင်မဇတ်လမ်း၏ကြောရိုးများအား သိက္ခာမယ့်စွာဖျောက်ဖျက်တတ်သောဇတ်ညွှန်းရေးဆရာများ ဒါရိုက်တာများ အနုပညာသမားအချင်းချင်း လေးစားလိုစိတ်မွေးပါ။
၅-အနုပညာများမထုတ်ပဲ မြူဆွယ်မှုအသားပေးနေသော ရုပ်ရှင်လောက၏သိက္ခာကို ဖိဖိစီးစီးဖျက်စီးနေသော သရုပ်ဆောင်များအား ရုပ်ရှင်လောကမှ ဖယ်ရှားပါ။
၆-မိမိ၏သဘာကို အိုဘာအိုင်တင်များအဖြစ်လုပ်ပြနေသော အအိုအဟောင်းများအား ပင်စင်ပေးပြီးသင့်တော်သောသရုပ်ဆောင်များအစားထိုးပါ။
၇-ရိုက်ကွင်းတာဝန်ခံများ မှတ်းသမားများ သရုပ်ဆောင်များ၏ သရူုပ်နှင့် လိုက်ဖက်မည့် အ၀တ်အစားများ မိတ်ကပ်များကို အထူးဂရုပြုစစ်ဆေးပါ။
-----ဒါလေးတွေအယင်ပြင်ပေါ့ ပြီးမှ အဆင့်အတန်းဆိုတယ်စကားပြောပါ ။ တန်ဖိုးဆိုတာကိုယ်က စတင်တန်ဖိုးထားမှ ကိုယ့်ကိုတန်ဖိုးထားတတ်လာကြမှာပါ ။ လူတိုင်းမဟုတ်ပေမယ့် တော်တော်များများသော ရုပ်ရှင်လောကသားများ တင်ပြဆွေးနွေးခဲ့သော အချက်များစွာနဲ့ငြိစွန်းနေတာတော့အမှန်ပါ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်