Subscribe to our RSS Feed

တော်လှန်ရေးပန်းခြံရှေ့ ဓမ္မစေတီလမ်းပိုင်း တစ်လမ်းသွားအဖြစ် ပြောင်းလဲ

From : 7day

ရန်ကုန်မြို့ တော်လှန်ရေးပန်းခြံရှေ့ရှိ ဓမ္မစေတီလမ်းအား တစ်လမ်းသွားအဖြစ် ဖေဖော်ဝါရီ ၂၂ ရက်မှစ၍ ပြောင်းလဲလိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီလမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပြည်လမ်းကလာတဲ့ ကားတွေနဲ့ ဆုံနေတော့ တြိဂံပုံစံဖြစ် နေတယ်။ အဲဒီမှာ ယာဉ်ခဏခဏတိုက်တယ်။ အဲဒါကြောင့်ပါ”ဟု ရန်ကုန်မြို့
တော်သာယာရေးကော်မတီလမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဓမ္မစေတီလမ်းပိုင်းကို ဗားကရာလမ်းဘက်မှ လာသော အခြမ်းကိုပိတ်လိုက်ပြီး ပြည်လမ်းမှလာသော ကားများသာ အသုံးပြု၍ရကြောင်း အဆိုပါ လမ်းတာဝန်ကျယာဉ်ထိန်းရဲတစ်ဦးကပြောသည်။

“ပြည်လမ်းကလာတဲ့ ကားတွေပဲ ၀င်လို့ရတယ်” ဟု ဓမ္မစေတီလမ်း တာဝန်ကျယာဉ်ထိန်းရဲတစ်ဦးက ပြောသည်။

ယခုကဲ့သို့ တစ်လမ်းသွား စနစ်ကျင့်သုံးလိုက်ခြင်းကြောင့် ဦးဝိစာရမီးပွိုင့်နှင့် မြေနီကုန်း မီးပွိုင့်များတွင် ယာဉ်ကြောပိုမို ကျပ်
တည်းလာကြောင်း မြို့တွင်းအငှားယာဉ် မောင်းသမားများက ဆိုသည်။

“အခုလို လုပ်လိုက်တာ မြေနီကုန်းမှာ ကားတွေပိုကျပ်တည်းလာတယ်”ဟု အငှားယာဉ်မောင်း သမားတစ်ဦးကပြောသည်။


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်