From : mon
အီရန်နိုင်ငံ အနေဖြင့် ၎င်း၏ နျူကလီးယားလက်နက် အစီအစဉ်ကို စွန့်လွှတ်ရန်အတွက် အမေရိကန်နိုင်ငံက ပိတ်ဆို့အရေးယူမှုများကို တိုးမြှင့်ပြုလုပ်လိုက်ကြောင်း သိရသည်။
တိုးမြှင့်လိုက်သော ပိတ်ဆို့အရေးယူမှုများကြောင့် အီရန်သည် ရေနံဝင်ငွေ ထပ်မံလျော့နည်းသွားမည့်အပြင် အစိုးရ မီဒီယာ အနေဖြင့်လည်း ၀င်ငွေကျဆင်းသွားမည် ဖြစ်သည်။
အဆိုပါ ပိတ်ဆို့မှု ဥပဒေကြမ်းအား အမေရိကန် ကွန်ဂရက်က လွန်ခဲ့သည့်
ခြောက်လခန့်တွင် အတည်ပြုခဲ့ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် စတင် အာဏာသက်ဝင်ခဲ့သည်။
တရုတ်၊ အိန္ဒိယ၊ တူရကီအပါအ၀င် အီရန်နိုင်ငံမှ ရေနံများကို
ရောင်းချနေသည့် နိုင်ငံကိုးနိုင်ငံ အနေဖြင့် ရေနံဖိုးငွေများကို အဆိုပါနိုင်ငံများရှိ ဘဏ်များတွင်သာ ငွေစာရင်းဖွင့်နိုင်ပြီး အီရန်သို့ ပြန်လည်ပေးပို့ရမည် မဟုတ်ပေ။ ပိတ်ဆို့ အရေးယူမှုများအရ အီရန်အနေဖြင့် ရေနံရောင်းရငွေများဖြင့် ယင်းနိုင်ငံများမှ ပစ္စည်းများကိုသာ ၀ယ်ယူနိုင်မည် ဖြစ်သည်။
အီရန်နိုင်ငံနှင့် စီးပွားရေး လုပ်ကိုင်နေသည့် ငွေကြေးအဖွဲ့အစည်းများ အနေဖြင့်လည်း ပိတ်ဆို့အရေးယူမှု အသစ်များကို ချိုးဖောက်ပါက အမေရိကန် ဘဏ္ဍာရေးစနစ်၏ အရေးယူမှုကို ခံရမည်ဖြစ်သည်။
နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ စိုးရိမ်ပူပန်နေသည့် နျူကလီးယား အစီအစဉ်ကို အီရန်အနေဖြင့် ဆက်လက်လုပ်ဆောင်နေပါက ပိတ်ဆို့အရေးယူမှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေး ၀န်ကြီးဌာနက ပြောကြားခဲ့သည်။
အီရန်နှင့် အင်အားကြီးနိုင်ငံ ခြောက်နိုင်ငံအကြား လေးကြိမ်မြောက်
ဆွေးနွေးပွဲကို ဖေဖော်ဝါရီလအတွင်း ကာဇက်စတန်နိုင်ငံတွင် ပြုလုပ်ရန် စီစဉ်ထားသည်။
ပိတ်ဆို့အရေးယူမှုများကြောင့် အီရန်နိုင်ငံ၏ ရေနံရောင်းရငွေသည် လွန်ခဲ့သည့် ၉ လအတွင်း ၄၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း အီရန်နိုင်ငံရေး ခေါင်းဆောင်တစ်ဦးက ဇန်န၀ါရီလအတွင်းက
ပြောကြားခဲ့သည်။
ပိတ်ဆို့အရေးယူမှုကြောင့် ဆေးဝါးပြတ်လပ်မှုများ ဖြစ်ခဲ့သော်လည်း အီရန်နိုင်ငံသား အများစုက နျူကလီးယားစီမံကိန်းကို
ထောက်ခံနေဆဲဖြစ်ကြောင်း အမေရိကန် စစ်တမ်းကုမ္ပဏီ
Gallup က ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခုတွင် ဖော်ပြခဲ့သည်။ွ
www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်