Subscribe to our RSS Feed

ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သားတစ်ဦး၏ ရိုးရှင်းပွင့်လင်းသောအမြင် ( အပိုင်း - ၂ )

From : တပ်မတော်သားတစ်ဦး

ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သားတစ်ဦး၏ ရိုးရှင်းပွင့်လင်းသောအမြင် ( အပိုင်း - ၁ ) မှ အဆက်

အမျိုးသားနိုင်ငံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်၏ ရပ်တည်ချက်ကို လက်မခံခြင်း



`` တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက် ´´ ဆိုတဲ့ ဆောင်ပုဒ်ဟာ နိုင်ငံရေးနှင့် ပတ်သက် လာရင် တပ်မတော်ရဲ့ ရှင်းလင်းပြတ်သားတဲ့ မူဝါဒတစ်ခုဖြစ်ပါ တယ်။ မျက်မှန်စိမ်း အတပ်ခံ ထားရသူတွေ နားလည်အောင် ထပ်မံ ရှင်းပြရရင် တပ်မတော်က ထမ်းဆောင်နေတဲ့ အမျိုးသားရေး ဆိုတာ နိုင်ငံတော်အတွက် ထာဝရ မှန်ကန်နေမည့် မူဝါဒများဖြစ်တဲ့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုမပြိုကွဲ ရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး ဆိုတဲ့ ဒို့တာဝန် အရေး(၃)ပါးဖြစ်ပါတယ်။ အမျိုးသားရေး မူဝါဒအပေါ် အခြေခံပြီး နိုင်ငံတော် ရဲ့ အမျိုးသား ရည်မှန်းချက်ဖြစ်တဲ့..

- အေးချမ်းသာယာရေးနှင့် နယ်စပ်ဒေသမကျန် တစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်ရေး
- စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဖြစ်ထွန်းပေါ်ပေါက်လာရေး
- နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး ၏ အကျိုး စီးပွားကို ဖော်ဆောင် ကာ အေးချမ်း သာယာပြီး ခေတ်မီ ဖွံ့ဖြိုး တိုးတက် သည့် နိုင်ငံတော်သစ် တစ်ရပ် တည်ဆောက်ရေး တို့ကို တပ်မတော်က တာဝန် သိသိသစ္စာရှိရှိ အကာင်အထည်ဖော်လျက် ရှိပါတယ်။


နိုင်ငံတော်အတွက် ထာဝရ မှန်ကန်နေတဲ့ တို့တာဝန် အရေး(၃)ပါးကို တပ်မတော်ဟာ ဒေါ်အောင်ဆန်းစုကြည် အဖေ (ဗိုလ်ချုပ်အောင်ဆန်း) မရှိတော့တဲ့ အချိန်ကစပြီး တစိုက်စိုက်မတ်မတ် တာဝန်ယူခဲ့တယ် ဆိုတာ သိနားလည် စေချင်ပါတယ်။ မျက်မှောက်ခေတ်မှာ နိုင်ငံ တစ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာဟာ ဗိုလ်ချုပ် အောင်ဆန်းတို့ ခေတ်ကလို စစ်အင်အား အသုံးပြုပြီး တိုက်ခိုက် သိမ်းပိုက်ခံရမှ ဆုံးရှုံးတာ မဟုတ်ပါဘူး။ ခေတ်သစ် နယ်ချဲ့ ၀ါဒီတွေဟာ သူတို့ လိုလားတဲ့သူ၊ သူတို့ ကြိုးကိုင်လို့ ရတဲ့ သူကိုတင်ပြီး သြဇာခံနိုင်ငံ အဖြစ် သွပ်သွင်းလေ့ ရှိတယ်ဆိုတာ နိုင်ငံတကာဖြစ်စဉ်များ အရ လွယ်ကူစွာ ပဲလေ့လာနိုင်ပါတယ်။

အထူးသဖြင့် ကျွန်တော်တို့နိုင်ငံဟာ ပထ၀ီနိုင်ငံရေး(Geopolitics)အရ အချက် အချာကျပြီး ရုပ်ဝထ္ထု အင်အား နည်းတဲ့အတွက် ပိုပြီး သတိပြုရမှာဖြစ်ပါတယ်။ မျိုးချစ်စိတ်ဓါတ် အခြေခံမကောင်းရင် ဇာတိဂုဏ်၊ အမျိုးဂုဏ် ထိန်းသိမ်းမှု အားနည်းရင် အလွယ် တကူပဲ အချုပ်အခြာ အာဏာ ဆုံးရှုံးသွားနိုင်ပါတယ်။ နိုင်ငံရေး အရ ပါလီမာန် ဒီမိုကရေစီခေတ်၊ တစ်ပါတီ မဆလခေတ်၊ စစ်အစိုးရခေတ် ဘယ်ခေတ်မှာ ဘယ်သူဘဲ အုပ်ချုပ်အုပ်ချုပ် လွတ်လပ်ရေးနှင့် အတူဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းသောင်းကျန်းမှု ကို ရင်ဆိုင်ခဲ့ပြီး ပြည်ထောင်စု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ မဆုံးရှုံးရေးအတွက် အသက်သွေးချွေး ပေးဆပ်စွန့်လွှတ်နိုင်သူ များဟာ တပ်မတော် သားများ ဖြစ်တယ် ဆိုတာ လက်ခံ ကြရမှာဖြစ်ပါတယ်။ တပ်မတော်သားဖြစ်လို့ တပ်မတော်ရဲ့ အရေးပါမှုကို ပုံကြီးချဲ့တာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်း စုကြည် သိပြီးသားဖြစ်ပေမဲ့ မသိသေးသူတွေသိအောင် အကျဉ်းချုပ် ထောက်ပြရရင်-

- ၁၉၄၈ - ၁၉၄၉ ခုနှစ်များမှာ တိုင်းပြည်ကနုနု မုန်တိုင်းကထန်နေတဲ့ ပြည်တွင်း သောင်းကျန်းမှု များ နိုင်ငံ အနှံအပြား ထကြွနေတဲ့ အချိန်ကာလ။
- ၁၉၅၈ - ၁၉၅၉ အာဏာရ ဖဆပလ အဖွဲ့ချုပ်အတွင်း အစိတ်အစိတ် အမြွှာမြွှာကွဲကြပြီး အာဏာလု၊ လက်နက်စုကြဖြင့် တိုင်းပြည် ပြိုကွဲတော့မယ့် အန္တရာယ်ကာလ။
- ၁၉၆၂ ခုနှစ်က ရှမ်းပြည်နယ် ဖက်ဒရယ်မူ လှုပ်ရှားမှုအဖြစ် ပြည်ထောင်စုမှ ခွဲထွက်ပြီး ပြည်ထောင်စုကြီး ပြိုကွဲလု ဆဲဆဲ အချိန်။
- ၁၉၈၈ ခုနှစ် တိုင်းဆူပြည်ဖျက် ဆူပူမှုဖြင့် မင်းမဲ့စရိုက် ကြီးစိုးပြီး ပြည်ပ အင်အားကြီး နိုင်ငံတစ်ခုမှ ရေတပ် စစ်သင်္ဘော(၅)စင်း မြန်မာ ရေပိုင်နက် အတွင်း ကျူးကျော် ရောက်ရှိလာတဲ့ အထိ အချုပ်အခြာ အာဏာ လက်လွတ် ဆုံးရှုံးလု ဆဲဆဲကာလ။

အဲဒီလို တိုင်းပြည် ချောက်ကမ်း ပါးထိပ် ရောက်ခဲ့ရတဲ့ အချိန်ကာလ တွေမှာ အမျိုးသားရေး တာဝန် ကို သစ္စာမဖောက်တဲ့ တပ်မတော်က နိုင်ငံတော် ရဲ့ အချုပ် အခြာ အာဏာနဲ့ ပြည်သူ များရဲ့အသက် အိုးအိမ်စည်း စိမ်တွေကို ကာကွယ်စောင့် ရှောက်ပေးခဲ့ တာကို ဒေါ်အောင်ဆန်း စုကြည် နားလည် လက်ခံ သင့်ပါတယ်။

တစ်နည်း အားဖြင့် ခပ်ရိုင်းရိုင်း ပြောရရင် စစ်တပ် အာဏာသိမ်းတာ၊ ယဉ်ယဉ် ကျေးကျေး ပြောရရင် တပ်မတော်က နိုင်ငံ့အာဏာကို မလွှဲမရှောင်သာလို့ လွှဲပြောင်း ရယူ လိုက်ရတာ လုပ်သင့်လို့ လုပ်ရတာ ဖြစ်ပြီး၊ ဒေါ်အောင်ဆန်း စုကြည် ယူဆ ထားသလို ပြည်သူတွေ အပေါ်ကို စိုးမိုးချင်တဲ့ ဆန္ဒ ကြောင့် မဟုတ်ဘူး ဆိုတာတော့ သိပ် သေချာ ပါတယ်။ နိုင်ငံ တာဝန်ယူခဲ့စဉ် တပ်မတော်က လုပ်ဆောင်ခဲ့တဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေ ပြန်ရှင်းပြရင် စာ သိပ်ရှည်သွားမှာ ဖြစ်ပြီး အနောက်မီဒီယာ အသိုင်းအ၀ိုင်းက ၀ါဒဖြန့်တယ်ဆိုပြီး စွပ်စွဲကြအုံးမှာ ဖြစ်ပါတယ်။

တကယ်တမ်း ဘေးက ပွဲကြည့်သူ တွေရဲ့ အမြင်များကို မှန်မှန်ကန်ကန် သုံးသပ်ပြီး တပ်မတော်ရဲ့ စွမ်းဆောင် ချက်၊ စွမ်းဆောင်နိုင်မှု တွေကို သိရှိ နားလည် သင့်ပါတယ်။ ဒီလို တပ်မတော်ရဲ့ စွမ်းဆောင်ချက် တွေအရ ဖြစ်ပေါ်ခဲ့တဲ့ အကျိုး ရလဒ်တွေကြောင့် ဒီနေ့ အများပြည်သူ လိုလား ပါတယ်ဆိုတဲ့ ဒီမိုကရေစီ လမ်းကြောင်း ပေါ်မှာ ရောက်ရှိ နေတာ ဖြစ်ပါတယ်။ နောက်ကျ နေပြီလို့ စွပ်စွဲသူတွေ ရှိသလို ခပ်မြန်မြန် သွားရမယ်လို ဆန္ဒ ဇောတွေနဲ့ ပြောသူတွေလည်း ရှိကြပါတယ်။

ဒီလို ပြောဆိုချက်တွေ ထဲက မြန်မာရုပ်သံက လွှင့်သွားတဲ့ ပါတီမူဝါ ဒဟောပြော တင်ပြခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည် ရဲ့ ပြောဆို ချက်တွေဟာ ရှေ့နောက် မညီတဲ့ ပြောဆို ချက်တွေကို တပ်မတော်သားတွေ သတိပြုမိပါတယ်။

`` မြန်မာ နိုင်ငံ ရဲ့ စစ်တပ် နဲ့ နိုင်ငံတကာမှာ ရှိတဲ့ နိုင်ငံ အသီးသီး ရဲ့ စစ်တပ် များဟာ နိုင်ငံ ကာကွယ်ရေး အတွက် အဓိက အင်အားစု ဖြစ်တယ် ဆိုတာကို အငြင်းပွား ဖို့မရှိပါဘူး။ မြန်မာ နိုင်ငံရဲ့ နိုင်ငံရေး အတွေ့ အကြုံနဲ့ တွေ့ကြုံ ခဲ့ ရတဲ့ဖြစ်စဉ် များအရ လက်ရှိ မြန်မာ နိုင်ငံ ကို ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက် ကြရာမှာ တပ်မတော် ဟာ မပါမဖြစ် ပါရန် လိုအပ်တယ် လို့ ကျွန်မ ယုံကြည် ပါတယ် ´´ ဆိုတဲ့ ပြောစကား အရ နိုင်ငံ ကာကွယ်ရေး မှာ စစ်တပ် က အဓိက အင်အားစု ဖြစ်တယ် ဆိုတာ ဒေါ်အောင်ဆန်း စုကြည် ယုံကြည် လက်ခံတယ် လို့ ယူဆ ပါတယ်။ ဒါဆိုရင် တပ်မတော်က နိုင်ငံ ကာကွယ်ရေး အတွက် ဘယ်လိုတွေ လုပ်နေရ သလဲဆိုတာ သိပါသလား? အထက်မှာရှင်ပြခဲ့တဲ့ အတိုင်း စစ်အင်အားနဲ့ ကျူးကျော် လာသူကို စစ်အင်အားနဲ့ ရင်ဆိုင် တိုက်ခိုက်မှ နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင်တာ မဟုတ်ပါဘူး။ အလားတူပဲ ခေတ်သစ် ကိုလိုနီ နယ်ချဲ့ တွေ ကလည်း နိုင်ငံ တစ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို သိမ်းပိုက်နိုင်ဖို့ စစ်အင်အား တစ်ခုတည်းကိုသာ အသုံးပြုပြီး တိုက်ခိုက် သိမ်းပိုက်တဲ့ ခေတ် မဟုတ်တော့ ပါဘူး။ မျက်မှောက် ကာလ ကိုလိုနီ နယ်ချဲ့တွေ အသုံးပြုတဲ့ ဘက်စုံ စစ်ပွဲအသွင် (Multi-Dimensional Warfar)မှာ ပါဝင်တဲ့ နိုင်ငံရေးနည်း(Political Means)၊ စီးပွားရေး နည်းလမ်း (Economic Means)၊ လူမှုရေး နည်းလမ်း(Social Means)၊ သဘောတရားရေး နည်းလမ်း(Ideolo- gical Means)၊ ၀ါဒဖြန့်ချိရေး နည်းလမ်း (Propaganda Means)၊ စစ်ရေး နည်းလမ်း(Military Means)၊ သံတမန် နည်း (Diplomatic Means) တွေကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှု များကို တပ်မတော် အနေနဲ့ မားမား မတ်မတ် ရင်ဆိုင်ဖြေ ရှင်းနိုင်စွမ်း ရှိတယ်ဆိုတာ ဒေါ်အောင်ဆန်း စုကြည် လည်း သိနားလည်မယ် ထင်ပါတယ်။


ပွင့်ပွင့် လင်းလင်းပြော ရရင် ခေတ်သစ် ကိုလိုနီ ဆိုလို့ အမေရိကန် ကြီးကို ရည်ညွှန်း တယ်လို့ မထင် စေချင် ပါဘူး။ ဘက်စုံ စစ်ပွဲ အသွင်နဲ့ ကျွန်တော် တို့နိုင်ငံရဲ့ လွတ်လပ်မှုနဲ့ အချုပ်အခြာ အာဏာ ကို ဆုံးရှုံးအောင် လုပ်လာမဲ့ မည်သည့်နိုင်ငံ ကိုမဆို ရည်ညွန်း ခြင်းဖြစ် ပါတယ်။ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်မှာ အမြဲတမ်း မိတ်ဆွေ၊ အမြဲတမ်း ရန်သူ ဆိုတာ မရှိပဲ အမြဲတမ်း အကျိုးစီးပွား သာရှိတဲ့ အတွက် နိုင်ငံ တိုင်းဟာ မိမိရဲ့ အမျိုးသား အကျိုးစီးပွား နဲ့ယှဉ်ပြီး အမျိုးသား ကာကွယ်ရေး မူဝါဒ ချမှတ်လေ့ ရှိပါတယ်။

ဒါ့ကြောင့် နိုင်ငံတော်ရဲ့ အမျိုးသား ကာကွယ်ရေး မူဝါဒအရ တပ်မတော် ဟာ နိုင်ငံ့ ကာကွယ်ရေး တာဝန် ထမ်းဆောင် ရာမှာ ပြည်တွင်း သောင်းကျန်းမှု နှိမ်နင်းရေး ကိုသာမက ပြည်ပ အန္တရာယ် ကိုပါ ရင်ဆိုင် တုန့်ပြန်နိုင် စွမ်း ရှိတဲ့ ခေတ်မီ တပ်မတော် တစ်ရပ် ဖြစ်သင့်ပါတယ်။ ခေတ်မီ တပ်မတော် ဖြစ်မှလည်း နိုင်ငံ ကာကွယ်ရေးနဲ့ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေ မှာ စွမ်းစွမ်း တမံ ဆောင်ရွက် နိုင်ဖို့ အစဉ် အမြဲ အဆင် သင့် ရှိနေမှာဖြစ်ပါတယ်။

မြန်မာ နိုင်ငံတွေ့ ကြုံခဲ့ရတဲ့ ဖြစ်စဉ် များ အရ လက်ရှိမြန်မာ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးမှာ တပ်မတော် မပါ မဖြစ် ပါရန် ယုံကြည် တယ် လို့ပြောခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်က ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ညှင်သာစွာ ကူးပြောင်း ပေးခဲ့တဲ့ တပ်မတော် ကို ဒီမိုကရေ စီဘက်မှာ ရပ်တည်ပါ ပြောစရာ မလိုဘူးလို့ ထင်ပါတယ်။ ပိုပြီး ဆိုး တာက နိုင်ငံတော် တည်ငြိမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဒီမိုကရေစီ စနစ်အရ လွတ်လပ်စွာ တင်ပြခွင့်ရှိတဲ့ လွှတ်တော် (ဥပဒေပြုရေးမဏ္ဍိုင်) မှာ တပ်မတော် သားတွေ ပါဝင်နေမှုကို ဖယ်ရှားဖို့ ပြောင်ပြောင် တင်းတင်း ပြောဆို မှုပဲ ဖြစ်ပါ တယ်။

နိုင်ငံတကာက ထောက်ပံ့မှု အပြည့်အ၀ ရရှိထားပြီး အောက်စဖို့စ် တက္ကသိုလ်ထွက် ပညာတတ်ကြီး တစ်ယောက်က ၂၀၀၈ ခုနှစ်ဖွဲ့ စည်းပုံ အခြေခံဥပဒေမှာ ရွေးကောက်ခံ မဟုတ်တဲ့ လွှတ်တော် ကိုယ်စားလှယ် ၂၅ % ပါဝင်နေတာ ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီလို့ ပြင်ဆင် ရမယ်ဆိုပြီး တပ်မတော်ကို Political Chellanges လုပ်ခဲ့ပါတယ်။

- ဒေါ်အောင်ဆန်း စုကြည် သတ်မှတ် ထားတဲ့ ဒီမိုကရေစီ စံနှုန်းဆိုတာ ဘာလဲ ?
- မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက် ရာမှာ တပ်မတော်ကို ဘယ်နေရာမှာ အသုံးချချင်တာလဲ ?
- နိုင်ငံတော် ကာကွယ်ရေး အဓိက အင်အားစုဖြစ်တဲ့ တပ်မတော်က ဥပဒေပြုရေး မဏ္ဍိုင်မှာ အကြံပြုခွင့် တင်ပြခွင့် ရှိနေ တာဟာ လွှတ်တော် အတွင်း လုပ်ချင်တာ လုပ်လိုတဲ့ ပါတီနို င်ငံရေးသမားများအတွက် (လွှတ်တော် အမတ်များ အားလုံး ကိုမဆိုလိုပါ) အနှာင့် အယှက် အဟန့် အတား ဖြစ်နေပါသလား ?
- ဒီမိုကရေစီ ကျင့်စဉ် အမျိုးမျိုးရှိတဲ့ ဒီမိုကရေစီ နိုင်ငံ အများ အပြားမှာ ဒီမိုကရေစီ ရဲ့ အနှစ် သာရဆိုတာ ဘယ်သူက သတ်မှတ် ထားပါသလဲ ?

ဒီမိုကရေစီရဲ့ အနှစ်သာရ ဆိုတဲ့ စကားလုံးဟာ အဓိပ္ပါယ် အရတော့ ကောင်းပေမဲ့ နိုင်ငံတိုင်း အတွက်တော့ တသက်မက်တည်း မရှိဘူးဆိုတာ ဒေါ်အောင်ဆန်း စုကြည် သိမှာပါ။ တနည်း အားဖြင့် တစ်နိုင်ငံရဲ့ ဒီမိုကရေစီအနှစ် သာရနဲ့ အခြားနိုင်ငံ တစ်နိုင်ငံရဲ့ ဒီမိုကရေစီ အနှစ်သာရဟာ မတူညီနိုင် ပါဘူး။ ဒီမို ကရေစီ ရဲ့အနှစ် သာရဟာ ရွေးကောက်ခံ ကိုယ်စားလှယ် များကသာ အုပ်စိုးခြင်းဖြစ် တယ်လို့ ပုံသေကားကျ သတ်မှတ် မယ်ဆိုရင် အုပ်စိုးသူ ကိုယ်စားလှယ် များထဲမှာ ရွေးကောက်ခံခြင်း မပြုတဲ့သူများ ပါလာရင် ဒီမိုကရေစီ မဟုတ်တော့ဘူးဆိုတဲ့ အဓိပ္ပါယ် ဖြစ်နေပါတယ်။ ဒါဆိုရင် ဒေါ်အောင်ဆန်း စုကြည်ပြောတဲ့ ဒီမိုကရေစီ အနှစ်သာရ၊ ဒီမိုကရေစီ မူတွေနဲ့ မကိုက်ညီပဲ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ် ထားတဲ့ နိုင်ငံပေါင်း များစွာ ကမ္ဘာပေါ် မှာရှိနေပါတယ်။

ထင်ရှားတဲ့ ဥပမာပေးရရင်တော့ ဒီမိုကရေစီ ဘိုးအေကြီးဖြစ်တဲ့ ဒေါ်အောင် ဆန်းစုကြည် ယောက္ခမများ၊ သားများ အခြေပြု နေထိုင်တဲ့ အင်္ဂလန်တိုင်းပြည် (ဗြိတိန်နိုင်ငံ) ဟာ ဒေါ်အောင်ဆန်း စုကြည် သတ်မှတ်တဲ့ ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီပါဘူး။ ဗြိတိန်အထက်လွှတ်တော်မှာ ၃၃ % သော လွှတ်တော်အမတ်များ (၉၂) ဦးဟာ မင်းဆွေ မင်းမျိုးများရဲ့ ကိုယ်စားလှယ် (House of Lords) အဖြစ် ရွေးကောက် ခံစရာမလိုပဲ အဖိုးသေရင်အဖေ၊ အဖေ သေရင်သား အစဉ် အဆက် လွှတ်တော် နေရာရရှိ သူများဖြစ်ပါတယ်။ ဒါဟာ ဘုရင်မကြီးရဲ့ စည်းမျဉ်းခံ ဘုရင် စနစ်ကို ကာကွယ်ဖို့ ဗြိတိန်နိုင်ငံက ဥပဒေပြုပြီး ပြည်သူတွေ ရွေးကောက် ခံစရာမလိုပဲ လွှတ်တော် အမတ်အဖြစ် နေရာ ပေးထားခြင်း ပဲဖြစ်ပါတယ်။ တနည်း အားဖြင့် ဒီမိုကရေစီ မူများနဲ့ ကိုက်ညီမှု မရှိသော်လည်း တော်ဝင် မိသားစု အရေး ကိစ္စများအတွက် အထက် လွှတ်တော်မှာ ပြောရေးဆိုခွင့်၊ အကြံပြုခွင့် ရရှိအောင် သူ့နိုင်ငံ၊ သူ့လူမျိုး၊ သူတို့ရဲ့ အခြေအနေအရ ဖန်တီးထားခြင်းပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ တပ်မတော် သားများရဲ့ လွှတ်တော် ကိုယ်စားလှယ်ဖြစ်ခွင့် ပုဒ်မတွေကို ဒီမိုကရေစီ မူများနဲ့ မကိုက်ညီလို့ ပြင်ဆင်ချင်ရင် စံနမူနာအဖြစ် ယောက်က္ခမ တိုင်းပြည်မှာ ရွေးကောက် မခံဘဲ လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူများ (House of Lords) များကို အရင် ကန့်ကွက်သင့်ပါတယ်။

အောက်စဖို့စ် တက္ကသိုလ်က နိုင်ငံရေး စိတ်ပညာနှင့် ဘောဂဗေဒ ဘွဲ့ရထားပေမဲ့ နိုင်ငံတကာ ဖွဲ့စည်းပုံအခြေခံ ဥပဒေများ လေ့လာမှု အားနည်းတဲ့ ဒေါ်အောင်ဆန်း စုကြည် သိအောင် ရွေးကောက်ခံစရာ မလိုဘဲ လွှတ်တော်ထဲမှာ အမတ်မင်းများ ရှိနေတဲ့ နိုင်ငံများ ကို ပြောပြ ချင်ပါသေးတယ်။

- ဒီမိုကရေစီစံနှုန်း အမြင့်မားဆုံး နိုင်ငံတွေထဲမှာ ပါတဲ့ ကနေဒါ နိုင်ငံမှာ အထက်လွှတ်တော် အမတ် အားလုံးကို ဘုရင်ခံချုပ်က တိုက်ရိုက်ခန့်အပ်ပါတယ်။
- ချီလီမှာ အထက် လွှတ်တော် အမတ် ၄၈ နေရာ အနက် ၁၀ နေရာကို သမ္မတ ခန့်ပြီး သမ္မတ ဟောင်း မှန်သမျှ မသေမခြင်း ရာသတ်ပန် အမတ်ဖြစ် ခွင့်ရှိပါတယ်။ ဘယ်သူကမှ မဲပေးစရာ မလိုပါဘူး။
- ကျွန်တော် တို့ရဲ့ အိမ်နိးချင်း ဒီမိုကရေစီ အင်အားကြီးနိုင်ငံဖြစ်တဲ့ အန္ဒိယ အအထက် လွှတ်တော်မှာ သမ္မတခန့် အမတ် ၁၂ ဦး၊ အောက် လွှတ်တော်မှာ အင်္ဂလိပ်-အိန္ဒိယ ကပြား အမတ် ၂ ဦးတို့ဟာ ပြည်သူက ရွေးကောက်ပြီး ခန့်ထား သူများ မဟုတ်ပါဘူး။
- ကျွန်တော်တို့နဲ့ အနီးစပ်ဆုံး နိုင်ငံရေး ဖြစ်စဉ် တူတဲ့ အင်ဒိုနီးရှားမှ လွှတ်တော် ကိုယ်စားလှယ် (၅၀၀) အနက် တပ်မတော် ကိုယ်စားလှယ် ၃၈ ဦးကို တိုက်ရိုက် နေရာပေးထားခဲ့ပါတယ်။
- အလားတူ ဘာရိန်း၊ ဘူတန်၊ ဘရူနိုင်း၊ အီဂျစ်၊ ဖီဂျီ၊ ကမ်ဘီယာ၊ အိုင်ယာလန်၊ ဂျော်ဒန်၊ ကာကတ်စတန်၊ ကင်ညာ၊ ကီရီယာကီကျွန်းစု၊ မော်ရိုကို၊ နီပေါ၊ ရိုးမေးနီးယား၊ စပိန်၊ ဆူတန်၊ ယူဂန္ဓာ၊ တွန်ရိ၊ UAE၊ ဇင်ဘာဘွေ နိုင်ငံတွေရဲ့ လွှတ်တော် အသီးသီးမှာ ပြည်သူတွေက ရွေးကောက် တင်မြှောက် ထားခြင်းမပြုတဲ့ လွှတ်တော် ကိုယ်စားလှယ်များက အုပ်စိုးသူအဖြစ် သူတို့နိုင်ငံ၊ သူတို့လူမျိုး လိုအပ်ချက်အရ ရှိနေတယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ယုံကြည် ထားတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အတွေ့ အကြုံနဲ့ တွေ့ကြုံခဲ့ရတဲ့ ဖြစ်စဉ်များအရ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းရေးကာလမှ အမျိုးသားနိုင်ငံရေးကိုလုပ်မဲ့ တပ်မတော် သားကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ ရောက်ရှိနေတာ မထူးဆန်းပါဘူး။ ဒေါ်အောင်ဆန်းစုကြည် သတ်မှတ် ထားတဲ့၊ ခံယူထားတဲ့ ဒီမိုကရေစီစံနှုန်းများနဲ့ မကိုက်ညီပေမဲ့လည်း ကမ္ဘာနိုင်ငံအများအပြားမှာ မဲဆန္ဒရှင်က မဲမပေးဘဲ လိုအပ်ချက်အရ ဥပဒေပြုအဖွဲ့မှာ အမတ်များပါဝင်နေတာ သက်ဆိုင်ရာနိုင်ငံများရဲ့ လိုအပ်ချက် အရသာ ဖြစ်ပါလိမ့်မယ်။

လက်ရှိလွှတ်တော်အခင်းအကျင်းနဲ့ လွှတ်တော်ရဲ့ ဆောင်ရွက် ချက်များအရ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၄ ပုံ ၁ ပုံဟာ ဒီမိုကရေစီပုံစံအရ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ၄ ပုံ ၃ ပုံကို မကျော်လွှားနိုင်တဲ့ အဆိုပြုချက်တွေ၊ ဆုံးဖြတ် ချက်တွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဆိုလို တာက လွှတ်တော်မှာ တမက်သား ပါနေတဲ့ တပ်မတော် ကိုယ်စား လှယ်တွေရဲ့ မဲ အရေ အတွက်ဟာ ရွေးကောက်ခံ လွှတ်တော် ကိုယ်စား လှယ်တွေရဲ့ ၇၅ % သော မဲ အရေ အတွက်ကို မလွှမ်းမိုး နိုင်ပါဘူး။

တိုင်းပြည်ေ ကာင်း ဖို့ အတွက် ဆိုရင်၊ ပြည်သူ့ အကျိုး စီးပွားကို ဖော်ဆောင် မယ်ဆိုရင်၊ နိုင်ငံတော်ရဲ့ လုံခြုံရေးကို မထိခိုက် ဘူးဆိုရင်၊ ရွေးကောက်ခံ အရပ်သား ကိုယ်စားလှယ်တွေရဲ့ အဆိုတင်သွင်း မှုတွေကို တပ်မတော် သား ကိုယ်စားလှယ် များက အပြည့်အ၀ ထောက်ခံ အားပေးနေလို့ ရွေးကောက် မခံတဲ့ တပ်မတော် သားကိုယ်စားလှယ်များ လွှတ်တော် အတွင်း ရှိနေခြင်းဟာ ပြည်သူနဲ့ နိုင်ငံတော် အတွက် အကျိုး မယုတ်ဘူးဆိုတာ လက်ရှိ လွှတ်တော် ကိုယ်စား လှယ်ကြီးများအသိ ဖြစ်ပါတယ်။

ဒီနေရာမှာ ရှင်းရှင်း လင်းလင်း သိထား ရမဲ့ အချက် ကတော့ တပ်မတော်ဟာ အမျိုးသားရေး တာဝန် ထမ်းဆောင် တာဖြစ်လို့ ပါတီနိုင်ငံရေး ကို လုံးဝမလုပ်ပဲ ပြည်သူ့ အကျိုး စီးပွားတွေ ကိုသာ လွှတ်တော် အတွင်း တင်ပြ၊ ဆွေးနွေး၊ အကြံပြု၊ တိုက်တွန်း၊ တားမြစ် တာတွေ လုပ်ဆောင်နေပါတယ်။ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ ကင်းရှင်းစွာနဲ့ လွှတ်တော် အတွင်းက အခြေအတင် ကိစ္စရပ်တွေမှာ ထိန်းညှိပေးနိုင်မဲ့ အင်အားစု တစ်ရပ်အဖြစ်သာ ရပ်တည် နေတယ်ဆိုတာ ယုံကြည်စေ ချင်ပါတယ်။

သိသာ ထင်ရှားတဲ့ အချက်ကတော့ ကြံခိုင်ရေး ပါတီက လွှတ်တော်အမတ်တွေ တင်သွင်းတဲ့ အဆိုတွေကို မဲခွဲ ဆုံးဖြတ်ရာမှာ ရှုံးနိမ့်မှုတွေ ရှိနေသလို တပ်မတော်သား ဗိုလ်ချုပ်၊ ဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌတို့ရဲ့ Policy Dialogue Platform မှာလည်း တပ်မတော်သား ကိုယ်စားလှယ်တွေဟာ ပုဂ္ဂိုလ်စွဲ ကင်းကင်းနဲ့ ရပ်တည်နေတာ အထင် အရှားမြင်တွေ့ ရမှာဖြစ် ပါတယ်။ ဒီလို အခြေအနေ ဒီလို အချိန်မှာ နိုင်ငံ တကာ လွှတ်တော် များမှာလည်း အလားတူရှိနေတဲ့ ရွေးကောက် ခံမဟုတ်တဲ့ လွှတ်တော် အမတ်များ ဖယ်ရှားရေးကို သူသတ်မှတ် ထားတဲ့ ဒီမိုကရေစီ စံနှုန်းနဲ့မညီလို့ ဖယ်ရှားပစ်မဲ့ အကြံအစည်ဟာ လတ်တလောမှာမဖြစ်သင့်တဲ့ အခြေအနေပါ။ အဆိုးဆုံးကတော့ တမတ်သားလွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူရွေးကောက်ထားခြင်း မဟုတ်လို့ ဖယ်ရှားရမယ်ဆိုတဲ့ တပ်မတော်ကို စိန်ခေါ်မှုဟာ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ပင်ကို စရိုက်ပဲဖြစ် တယ်လို့ ယူဆ ရမလို ဖြစ်နေပါတယ်။

နောက်ကွယ်က နှောင်ကြိုးများကို မလွန်ဆန်နိုင်ခြင်း

ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ NLD ပါတီကို ရွေးကောက် ပွဲဝင်မယ်လို့ ဆုံးဖြတ် ထားပြီးဖြစ် တဲ့အတွက် NLD ပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ခွင့်ပြုထားတဲ့ စည်းမျဉ်းထဲက အတိုင်း လှုပ်ရှားရတော့မှာ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုစဉ်က အကြီးအကျယ် No Vote လုပ်ခဲ့သူတွေက ၂၀၁၀ ရွေးကောက်ပွဲ မှာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့် ရွေးကောက်ပွဲ မ၀င်ရခြင်းဖြစ်တယ်လို့ အကြောင်းပြခဲ့ပါတယ်။


အခုချိန် မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆန့်ကျင်ခဲ့တာ တွေမေ့ပြီး ကြားဖြတ် ရွေ့းကောက်ပွဲ ၀င်မယ်ဆိုတဲ့ အကြောင်းကတော့ အမေရိ ကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံကို လာပြီးတဲ့ နောက်ပိုင်းနဲ့ ကင်အဲရစ်လေး ယူဆောင်လာတဲ့ မိုက်ကယ် အဲရစ်ရဲ့ ဆွေတော် မျိုးတော် အပေါင်းက ပေးလာတဲ့ ဖိအား တွေကြောင့် မလွန် ဆန်နိုင် တဲ့ နှောင် ကြိုး တွေကြားမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်ခံ ခဲ့တယ် ထင်ပါတယ်။ အဲ့ဒီလိုမှ လက်မခံရင် လည်း မြန်မာနိုင်ငံရဲ့ လမ်းကြောင်းမှန် နေတဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးဖြစ်စဉ် မှာ ဘေးထိုင် ဘုပြော အဆင့် ရောက်မှာ ကို ဒေါ်အောင် ဆန်းစုကြည် ကြိုသိ လို့ဖြစ် ပါတယ်။ ဒါတောင် ယခု လာမဲ့ ရွေးကောက် ပွဲ မှာ သူ့ပါတီ အနိုင် မရရင် ဒီမိုကရေစီ စံနှုန်း နဲ့မကိုက် ညီဘူးလို့ စွပ်စွဲ ဦးမှာ မြေကြီး လက်ခတ် မလွဲနိုင် ပါဘူး။

NLD ပါတီ အပါအ၀င် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံပါဘူး၊ မကြိုက်ပါဘူး လို့ ပြောနေတဲ့ သူများ သိထားရမဲ့ အချက်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ပြည်သူ များက သဘော တူပါတယ် ဆိုပြီး ဆန္ဒမဲနဲ့ အတည်ပြု ထားတဲ့ ပဋိညာဍ် တစ်ခုဖြစ် ပါတယ်။

ဒီဖွဲ့စည်းပုံ အခြေ ဥပဒေရဲ့ ခွင့်ပြု ချက်အရ အရွေး ချယ်မခံတဲ့ တပ်မတော် သား ကိုယ်စား လှယ်တွေ လွှတ်တော် ထဲတမတ် သား ပါဝင် နေခြင်းဟာ ဥပဒေနဲ့ ကိုက်ညီမှု ရှိသလို ဒီ ဥပဒေကို အတည်ပြုပေး ထားတဲ့ ပြည်သူ့ ဆန္ဒ လည်း ဖြစ်တယ် ဆိုတာ နားလည် သင့်ပါတယ်။


ဒါ့ကြောင့် ပြည်သူတွေက အတည်ပြု ထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခွင့်ပြုချက် အရ တပ်မတော်ရဲ့ ရပ်တည်မှု အနေအထားကို ဖယ်ရှားရန် ကြိုးပမ်း လာမယ် ဆိုရင် တော့ နိုင်ငံတော် ကာကွယ်ရေး အဓိက အင်အားစုနဲ့ ထိပ်တိုက် တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ဆောင်နိုင် ရန် လွှတ်တော် အတွင်း နိုင်ငံရေး ပါတီများကို ထိန်းညှိမဲ့ (Check and Balance) ဆုံးရှုံး သွားမှာ ကို ပြည်သူ များက သတိပြု သင့်ကြောင်း အကြံပြုလိုပါတယ်။

ကျွန်မာဖေဖေ တည်ထောင် ခဲ့တဲ့ တပ်မတော် ဆိုတဲ့ စကားလုံးကို ခဏခဏ သုံးပြီး ကျွန်မဖေဖေ ကွယ်လွန် ပြီးနောက် တည်ထောင် ခဲ့တဲ့ တပ်မတော်ကို အတွင်း စိတ်မှာ အာဃာတ ရှိနေ လျှင် ယနေ့တပ်မတော်ကို လည်း အမြင် မကြည်ဖြစ် နေမှာဖြစ်ပါတယ်၊ ဗိုလ်ချုပ် ကမွေးလို့ တပ်မိသားစု ၀င်ပါဆိုပြီး ကိုယ့်ကိုကိုယ် ခံယူတယ်ဆိုရင် တပ်မတော်ရဲ့ ရပ်တည်ချက်၊ လုပ်ဆောင်ချက်၊ ယုံကြည်ချက်တွေကိုလည်း တပ်မိသားစုပီပီ လိုက်နာ လုပ်ဆောင် ရမှာ ဖြစ်ပါတယ်။ အမှန် တကယ်တော့ ..

- နှစ်နှစ် သမီးအရွယ် ဖခင် ကွယ်လွန်ချိန် ကစပြီး စစ်တပ် နဲ့ကင်းကွာ ခဲ့ရတဲ့သူတစ်ဦး
- အပျိုဖော်ဝင်စ အရွယ်မှ စပြီး နိုင်ငံရပ်ခြားမှာ အနောက် ယဉ်ကျေးမှု နဲ့ကြီးပြင်း လာခဲ့သူ တစ်ဦး
- ခယာန်ယာန် အသိုင်း အ၀န်းမှာ ဗုဒ္ဓဘာသာ တရားတော်တွေ ကိုမေ့လျော့ပြီး အနောက်တိုင်း သွေးနှော ခံထားရ သူတစ်ဦး
- ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံကို ပြန်ရောက် လာပြီး တပ်မတော်ကို အမြဲတမ်း ထိပ်တိုက် ရင်ဆိုင် ခဲ့သူတစ်ဦး
- စစ်အစိုးရ လက်ထက်မှာ နေအိမ် အကျယ်ချုပ် ထိန်းသိမ်း ခံထားရစဉ် ကာလများမှာ အနောက် မီဒီယာ မှိုင်းမိနေ သူတစ်ဦး က ပြည်သူလူထု အကျိုး စီးပွား အတွက် သူယုံကြည်တဲ့ ဒီမို ကရေ စီစံနှုန်းတွေနဲ့ အညီ တပ်မတော် ကို စည်းရုံးမယ် ဆိုတဲ့ စကားများ ဟာ ယုံကြည်နိုင်ဖွယ် ရာ မရှိသလို၊ ဗလောင်း ဗလဲနဲ့ အပြောင်း အလဲများပြီး တစ်နေရာ တစ်မျိုး ပြောတတ်တဲ့ စကားတွေကြောင့် အတ္တစိတ် လွန်ကဲပြီး နှောင်ကြိုးများ မိနေသူ တစ်ဦး အဖြစ်သာ တပ်မတော် သား များက သတ်မှတ် ထားပါကြောင်း သိစေ အပ်ပါတယ်။

မှတ်ချက်။ လွတ်လပ်စွာဝေဖန်တုန့်ပြန်ဆွေးနွေးနိုင်ပါသည်။

Myanmar Express

35 comments:

ပြန်လည်ထောက်ပြခြင်း (၁)

မသိသေးသူတွေသိအောင်အကျဉ်းချုပ်ပြီး ထောက်ပြရရင်ဆိုပြီး၊ ရေးထားတဲ့နေရာက အချက်တွေကိုပဲ ပြနိထောက်ပြချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မသိသေးသူတွေ ပိုပြီးသိအောင်လို့ ဆိုပြီး အပေါ်ယံရှပ်ပြီး ရေးပြနေတဲ့နေရာကို ရှင်းအောင်လုပ်လိုက်ရင်၊ အခု ဆောင်းပါးတစ်ပုဒ်လုံးဟာ ဘာမှမဟုတ် ဖြီးဖြန်းထားတာ ပဲဆို တာ နဲ့ အမှတ်စဉ်တွေတပ်ပြီး ဆက်တိုက်ရေးနေလို့လည်း အလကား ပဲဆိုတာ သဘောပေါက်သွားစေချင်လို့ပါ။ ကိုယ်ရေးနေတဲ့အကြောင်း အရာကို တကယ်ပဲ သိရှိနားလည်ထားတယ်ဆိုရင်၊ အသေ အချာ ရေးစေချင်လို့ပါ။ အပြည့်အစုံမဟုတ်ပဲ ကိုယ်လိုရာဆွဲ လုံးပြီးရေးတဲ့နည်းနဲ့ ၀ါဒဖြန့်လို့ရတဲ့ ခေတ်ကုန်နေပါပြီ။
ဒီတော့ ပထမသုံးချက်ကို ပေါင်းပြီး တစ်ချက်ထဲ ပြန်ထောက်ပြချင် တယ်။ ဆောင်းပါးရှင်ရဲ့ ပထမ အချက်သုံးချက်ကတော့ ဒါတွေပါ။
- ၁၉၄၈ - ၁၉၄၉ ခုနှစ်များမှာ တိုင်းပြည်ကနုနု မုန်တိုင်းကထန်နေတဲ့ ပြည်တွင်း သောင်းကျန်းမှု များ နိုင်ငံ အနှံအပြား ထကြွနေတဲ့ အချိန်ကာလ။
- ၁၉၅၈ - ၁၉၅၉ အာဏာရ ဖဆပလ အဖွဲ့ချုပ်အတွင်း အစိတ်အစိတ် အမြွှာမြွှာကွဲကြပြီး အာဏာလု၊ လက်နက်စုကြဖြင့် တိုင်းပြည် ပြိုကွဲတော့မယ့် အန္တရာယ်ကာလ။
- ၁၉၆၂ ခုနှစ်က ရှမ်းပြည်နယ် ဖက်ဒရယ်မူ လှုပ်ရှားမှုအဖြစ် ပြည်ထောင်စုမှ ခွဲထွက်ပြီး ပြည်ထောင်စုကြီး ပြိုကွဲလု ဆဲဆဲ အချိန်။

ပြန်ပြီးထောက်ပြချင်တာကတော့၊ အဲဒီလို တပ်မတော်က ကယ်တင်ရှင် လုပ်ပြီး ကယ်ခဲ့ရပါတယ်လို့၊ သမိုင်းကို အပြည့်အစုံမဟုတ်ပဲ လိုရာဆွဲပြီး (အတိုက်အခံမီဒီယာဆိုတာ မရှိအောင်လုပ်ထားတဲ့ ၁၉၆၂ မတ်လ (၂)ရက်နောက်ပိုင်းမှာ) တဘက်သတ်ဝါဒဖြန့်ခဲ့တဲ့ အဲဒီကယ်တင်ရှင်တပ်မတော်ရဲ့ခေါင်း ဆောင် ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ စကားလုံးတွေကို အခုဆောင်းပါးရှင်က တွင်တွင်သုံးထားပေမယ့်၊ အဲဒီကာလသုံးခုစလုံးမှာ တိုင်းပြည်ကိုကယ်တင်ခဲ့ရတဲ့ တပ်မတော် ခေါင်းဆောင်တွေ နောက်ပိုင်းမှာ ဘာကြောင့် တပ်မတော်ထဲကနေ တစ်ယောက်မကျန် ဖြုတ်-ထုတ်-ရှင်း ခံခဲ့တာလဲဆိုတာကိုတော့ ဒီဆောင်းပါးရှင်က ရေးပြမထားဘူး။ ဒီတိုင်းပြည်ရဲ့ သမိုင်းမှာ ဒီလောက်တောင် ကယ်တင်လာခဲ့ရတဲ့ တပ်မတော် ခေါင်းဆောင်တွေ၊ နောက်ဆုံး ဆောင်းပါးရှင်ပြောတဲ့ ကယ်တင်ရှင်တွေရဲ့ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်ကြီးနေ၀င်းကိုယ်တိုင် အိပ်ယာထဲလဲနေတဲ့ အသက်(၉၂)နှစ်အရွယ် ၂၀၀၂ ခုနှစ်မှာ၊ သေခါနီးမှာ အကျယ်ချုပ်နဲ့သေသွားရပြီး၊ အသုဘကိုတောင် ဘာဖြစ်လို့ ခွေးလိုဝက်လို ချသွားရတာလဲ ဆိုတာ၊ ဆောင်းပါးရှင် က ရေးပြစေချင်ပါတယ်။ ဒီလောက်အရေးကြီးတဲ့ ကိစ္စတွေ ချန်ထားပြီး လုံးချပြီး ၀ါဒမဖြန့်စေချင်ပါဘူး။

ပြန်လည်ထောက်ပြခြင်း (၂)

၁၉၄၉ ကနေစပြီး ၁၉၆၂ အထိ တိုင်းပြည်ကို ခဏခဏ ကယ်တင်လာရတဲ့ ဗိုလ်ချုပ်ကြီးနေ ၀င်း အပါအ၀င် တပ်မတော်ခေါင်းဆောင်တွေ အဆက်ဆက်ဟာ အခု နောက်ဆုံးမျိုးဆက် ဗိုလ်ချု့ပ်မှူးကြီးသန်းရွှေမျိုးဆက်အထိ၊ ဟင်္သာကိုးသောင်းလို အချင်းချင်းတွေ အစဉ်အဆက် ဇာတ်တူသား စားလာခဲ့ကြ၏တယ် ဆိုတာကိုလည်း မြန်မာ့နိုင်ငံရေး ဖြစ်စဉ် အဖြစ်နဲ့ပဲ မသိသေးသူတွေသိအောင် ထောက်ပြစေချင်ပါတယ်။ ၁၉၆၀ ရတနာပုံရေတပ်စခန်းတပ်မှူးများ ညီလာခံနဲ့ ဖြုတ်ခံခဲ့ရတဲ့ ဗိုလ်မှူးချုပ်မောင်မောင်နဲ့တကွ ၁၉၄၉ ကနေစပြီး တိုင်းပြည်ရဲ့ ကယ်တင်ရှင်တပ်မတော်ခေါင်းတောင်တွေ၊ ၁၉၆၂ တော်လှန်ရေး ကောင်စီခေတ် ဗိုလ်ချုပ်ကြီးနေ၀င်း၊ ဗိုလ်မှူးချုပ်အောင်ကြီး၊ ဗိုလ်မှူးချုပ်တင်ဖေ တို့တွေ၊ ၁၉၇၄ နောက် ပိုင်း မဆလခေတ် ဗိုလ်မှူးချုပ် စိန်လွင်၊ ထောက်လှမ်းရေး ဗိုလ်မှူးချုပ်တင်ဦး၊ စတဲ့သူတွေ၊ န၀တခေတ် ဗိုလ်ချုပ်မှူးကြီးစောမောင် နောက်ဆုံး နအဖ ခေတ် ဗိုလ်ချု့ပ်မှူးကြီးသန်းရွှေမျိုးဆက်က ဗိုလ်ချုပ်ကြီးခင်ညွန့်အပါအ၀င် ဗိုလ်ချုပ်ကြီးတွေ ဒုတိယဗိုလ်ချုပ်ကြီးတွေ ဗိုလ်ချုပ်တွေ ဗိုလ်မှူးချုပ်တွေ ဗိုလ်မှူးကြီးတွေ များစွာဟာ တိုင်းပြည်ကို ခဏခဏကယ်တင်ခဲ့ရတဲ့ တပ်မတော်ခေါင်းဆောင်တွေ ဖြစ်ပေမယ့်၊ သမိုင်းမှာ မြောင်းထဲ ရောက်ကုန်ကြတာ၊ ဘာကြောင့်လဲဆို တာတွေ ရေးမပြတော့ဘူးလား။ ဇာတ်တူသားစားလာကြတဲ့ တိုင်းပြည်ရဲ့ ကယ်တင်ရှင်တွေထဲကပဲ စားရင်း စားရင်းနဲ့ နောက်ဆုံးကျန်နေတဲ့ ဗိုလ်ချု့ပ်မှူးကြီးသန်းရွှေမျိုးဆက်ကို ကိုယ်စားပြုပြီး ကယ်တင်ရှင်ဇာတ်ထုပ်နဲ့ ၀ါဒဖြန့်မယ်ဆိုရင်၊ ဗိုလ်ချုပ်ကြီးနေ၀င်းက စလို့ ဗိုလ်ချု့ပ်မှူးကြီးသန်းရွှေမျိုးဆက်က ဗိုလ်ချုပ်ကြီးခင်ညွန့်အပါအ၀င် ခဏခဏကယ်တင်ခဲ့ရတဲ့ တပ်မတော်ခေါင်းဆောင်တွေရဲ့ မြောင်းထဲရောက်ကုန်တဲ့ သမိုင်းအကြောင်းတွေပါ၊ ပါဝင်မှ ကယ်တင်ရှင်ဇာတ်ထုပ် က ပြည့်စုံမှာပေါ့။

ပြန်လည်ထောက်ပြခြင်း (၃)

၁၉၄၉ ကနေ ၁၉၆၂ က ဖြစ်စဉ်သုံးခုမှာ ကိုယ်တိုင်လည်း မပါဝင်ခဲ့ရတဲ့ ဗိုလ်ချု့ပ်မှူးကြီးသန်းရွှေ မျိုးဆက်ကို ကိုယ်စားပြုပြီး ရေးနေတဲ့ ဒီကယ်တင်ရှင်ဇာတ်ထုပ်မှာ၊ တပ်မတော်က ကယ်တင်ခဲ့ရတယ် ဆိုတာပဲ ထောက်ပြပြီး၊ အဲဒီ ၁၉၄၉ ကနေ ၁၉၆၂ထိ ကယ်တင်ရှင် တပ်မတော်ခေါင်းဆောင်တွေ တစ်ယောက်မကျန် ဇာတ်သိမ်းမကောင်းပဲ ဖြစ်ခဲ့ရတာကိုတော့၊ ချန်မထားနဲ့လေ။ အခု ဆောင်းပါးရှင် ရေးနေထောက်ပြနေတာက ဗိုလ်ချုပ်ကြီးနေ၀င်း ၀ါဒဖြန့်ထားတဲ့ ကယ်တင်ရှင်ဇာတ်ထုပ် ဖြစ်တယ် ဆိုတာ၊ မသိသေးတဲ့သူတွေ သိအောင် ပြန်ပြီး ထောက်ပြတာပါ။ ဒီကယ်တင်ရှင်ဇာတ်ထုပ်ဟာ ဗိုလ်ချု့ပ်မှူးကြီးသန်းရွှေမျိုးဆက်ကို ကိုယ်စားပြုပြီး ရေးနေသလို၊ သိပ်ကို မွန်မြတ်သန့်စင်လှပနေ တယ်ဆိုရင်၊ ဒီဇာတ်ထုပ်ရဲ့ အဓိကဇာတ်လိုက် ၁၉၄၉ ကနေ ၁၉၆၂ ထိ ကယ်တင်ရှင်ကြီး ဗိုလ်ချုပ်ကြီးနေ၀င်းကိုယ်တိုင် အိပ်ယာထဲလဲနေတဲ့ အသက်(၉၂)နှစ်အရွယ် ၂၀၀၂ ခုနှစ်မှာ၊ သေခါနီးမှာ အကျယ်ချုပ်နဲ့သေသွားရပြီး၊ အသုဘကိုတောင် ဘာဖြစ်လို့ ခွေးလိုဝက်လို ချသွားရ တာလဲ။ ၁၉၄၉ ကနေ ၁၉၈၈ ထိ ကယ်တင်ခဲ့ရတဲ့ အဲဒီတုန်းက တပ်မတော်ခေါင်းဆောင် တွေရဲ့ ဘ၀နိဂုံးတွေလည်း တစ်ယောက်မှ မကောင်းခဲ့ဘူးဆိုတာကို လည်း၊ ဆောင်းပါးရှင်က ရေးပြပါဦး။ ၁၉၄၉ ကနေ ၁၉၆၂ ထိ ကယ်တင်ခဲ့ရယ်ဆိုတဲ့ ဇာတ်ထုပ်ဟာ၊ လံကြုပ်ဒီပနီ ဖြစ်နေပြီးတော့၊ သမိုင်းကို အပြည့်အစုံမဟုတ်ပဲ လိုရာဆွဲပြီး (အတိုက်အခံမီဒီယာဆိုတာ မရှိအောင်လုပ်ထားတဲ့ ၁၉၆၂ မတ်လ (၂)ရက်နောက်ပိုင်းမှာ) တဘက်သတ်ဝါဒဖြန့်ခဲ့တဲ့ အဲဒီကယ်တင်ရှင်တပ်မတော်ရဲ့ခေါင်း ဆောင် ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ ရေးသားစီရင်ခဲ့တဲ့ ဇာတ်ထုပ်ဟောင်း ဆိုတာ ဆောင်းပါးရှင်များ မေ့နေလို့လား။

ပြန်လည်ထောက်ပြခြင်း (၄)

ဗိုလ်ချုပ်ကြီးနေ၀င်းကိုကျတော့ ခွေးသေ၀က်သေ အသုဘဖြစ်အောင်လုပ်ခဲ့တဲ့ ဗိုလ်ချု့ပ်မှူးကြီး သန်းရွှေမျိုးဆက်အတွက် အခု ၀ါဒဖြန့်ရေးပေးနေတဲ့ ဒီဆောင်းပါးရှင်ခမျာ၊ ဗိုလ်ချုပ်ကြီးနေ၀င်း ရေးသားစီရင်ခဲ့တဲ့ လံကြုပ်ဒီပနီ ဓါတ်ပြားဟောင်းကြီး ဖွင့်ပြီး၊ ၀ါဒဖြန့်နေတာကတော့ မတရားဘူးလို့၊ မသိသေးတဲ့သူတွေ သိအောင်ထောက်ပြတာပါ။ ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း ဖယ်ထုတ်ပြီးမှ၊ အဖွဲ့အစည်းတစ်ရပ်အနေနဲ့ တပ်မတော်ကတော့ တကယ်တော်တဲ့ကယ်တင်ရှင် ဇာတ်လိုက်ပါလို့တော့၊ မလုပ်နဲ့။ ၁၉၄၉ က စခဲ့တဲ့ ကယ်တင်ရှင်တွေ တပ်မတော်ရဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေ၀င်းကနေ ဒီကနေ့ ဗိုလ်ချု့ပ်မှူးကြီးသန်းရွှေမျိုးဆက်က ဗိုလ်ချုပ်ကြီးခင်ညွန့်ထိ၊ တစ်ယောက်မကျန် မြောင်းထဲရောက်ကုန် တာပဲ မဟုတ်လား။ နောင်မှာ ဗိုလ်ချု့ပ်မှူးကြီးသန်းရွှေ မျိုးဆက်ကိုလည်း အခု ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်မျိုးဆက်က သမိုင်းထဲမှာ မြောင်းထဲကို ပို့ဦးမှာပါ။ တပ်မတော်က ခဏခဏ ကယ်တင်ခဲ့ရတယ်ဆိုတာ မှန်ကန်ပါတယ်ဆိုရင် ဆောင်းပါးရှင်က အဲဒီ ခဏခဏကယ်တင်ခဲ့ရတဲ့ ၁၉၄၉ကနေ ဗိုလ်ချုပ်ကြီးနေ၀င်း ကနေ မနေ့တနေ့ကထိ တိုင်းပြည်ကို ကယ်တင်နေရင်း ဖြုတ်ထုတ်ရှင်းခံနေရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးမြင့်အောင်၊ ဗိုလ်ချုပ်တင်ငွေ၊ ဗိုလ်ချုပ်ကျော်ဖြိုး၊ ဗိုလ်မှူးချုပ်ထွန်းသန်းစတဲ့ ခေတ်သစ်ကယ်တင်ရှင်တွေရဲ့ ဖြစ်စဉ်တွေကို ပါ တစ်ယောက်မကျန် ထည့်ရေးပါ။ ကျန်နေသေးတဲ့ ဗိုလ်ချု့ပ်မှူးကြီးသန်းရွှေကတော့ ကောင်းပါ တယ်လို့တော့ မလုပ်နဲ့။

ပြန်လည်ထောက်ပြခြင်း (၅)

နောက်တစ်ချက်က -

- ၁၉၈၈ ခုနှစ် တိုင်းဆူပြည်ဖျက် ဆူပူမှုဖြင့် မင်းမဲ့စရိုက် ကြီးစိုးပြီး ပြည်ပ အင်အားကြီး နိုင်ငံတစ်ခုမှ ရေတပ် စစ်သင်္ဘော(၅)စင်း မြန်မာ ရေပိုင်နက် အတွင်း ကျူးကျော် ရောက်ရှိလာတဲ့ အထိ အချုပ်အခြာ အာဏာ လက်လွတ် ဆုံးရှုံးလု ဆဲဆဲကာလ။

- ဆိုတဲ့ကိစ္စ။

အဲဒီ အင်အားကြီးနိုင်ငံဆိုတဲ့ အမေရိကန်ဟာ စစ်အာဏာရှင်တွေ အုပ်ချဲပ်နေပြီး ထိပ်ဆုံးက စစ်ခါင်းဆောင်ရဲ့ သဘောဆန္ဒတစ်ခုထဲနဲ့ တချက်လွှတ်မိန့်ထုတ်ပြီး၊ တခြားနိုင်ငံတနိုင်ငံကို စစ်သွားတိုက်ဖို့ လုပ်လို့ မရပါဘူး။ ရေတပ် စစ်သင်္ဘော(၅)စင်း မြန်မာ ရေပိုင်နက် အနီး (ရေပိုင်နက် အတွင်း မဟုတ်ပါဘူး။ လိုရာဆွဲ မရေးပါနဲ့၊ အရင့်အရင် (ကကပြည်)က ၀ါးဖြန့် ဆောင်းပါးတွေမှာ လည်း ရေပိုင်နက်အနီးလို့ပဲ ပါပါတယ်။ အခုမှ ရေပိုင်နက်အတွင်းလို့၊ မလုပ်ပါနဲ့) ရောက်လာတယ် ဆိုတာ၊ ကမ္ဘာဖပ်ါက နိုင်ငံတနိုင်ငံမှာ အရေးအခင်းကြီးတွေ ဖြစ်နေပြီဆိုရင်၊ အဲဒီနိုင်ငံမှာ ရှိနေတဲ့ သူတို့ အမေရိကန်လူမျိုးတွေနဲ့ တခြားနိုင်ငံခြားသားတွေကို ကယ်ထုတ်ဖို့၊ စစ်သင်္ဘောတွေကို လွှတ် တာ ထုံးစံပါ။ ကမ္ဘာ့သတင်းတွေ ဖတ်ကြည့်ပါ။ နယူးယေက်မှာ မျှော်စင်ညီနောင်ကို ဘင်လာဒင် အဖွဲ့က တိုက်ခဲ့လို့၊ သူတို့မြေပေါ်မှာ သူတို့လူမျိုး ငါးထောင်လောက်သေခဲ့ရတဲ့ကိစ္စမှာ၊ ဘင်လာဒင် အဖွဲ့ကို လက်ခံထားတဲ့ အာဖဂန်နစ္စတန်ကိုစစ်တိုက်ဖို့ အမေရိကန်သမ္မတရဲ့ တစ်ချက်လွှတ်အမိန့်နဲ့ စစ်သောင်္ာတွေ ချက်ချင်းလွှတ်လိုက်လို့ မရပါဘူး။ ၂၀၁၁ စက်တင်ဘာ (၁၁)ရက်မှာ နယူးယောက်မြို့ မျှော်စင်ညီနောင် အတိုက်ခံရပြီးတော့၊ အမေရိကန်လွှတ်တော်မှာ အကြိမ်ကြိမ် ငြင်းခုန်ဆွေးနွေး၊ သုံးလလောက်အကြာ ၂၀၁၁ ဒီဇင်ဘာလမှ အာဖဂန်နစ္စတန်ကို အမေရိကန်စစ်တပ် တိုက်ခွင့်ရခဲ့ တာပါ။ ဒီမိုကရေစီနိုင်ငံမှာ ဆောင်းပါးရှင် ၀ါဒဖြန့်သလို တခြားနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်နက်ကို သွားရောက်ကျူးကျော်တိုက်ခိုက်ဖို့၊ စစ်သင်္ဘောငါးစင်းကို တိုက်ခိုက်ရေးတာဝန်နဲ့ ချက်ချင်းစေလွတ် လို့ မရပါဘူး။ မသိသေးတဲ့သူတွေ သိအောင်ထောက်ပြတာပါ။

- ဒေါ်အောင်ဆန်း စုကြည် သတ်မှတ် ထားတဲ့ ဒီမိုကရေစီ စံနှုန်းဆိုတာ ဘာလဲ ?
- နိုင်ငံတော် ကာကွယ်ရေး အဓိက အင်အားစုဖြစ်တဲ့ တပ်မတော်က ဥပဒေပြုရေး မဏ္ဍိုင်မှာ အကြံပြုခွင့် တင်ပြခွင့် ရှိနေ တာဟာ လွှတ်တော် အတွင်း လုပ်ချင်တာ လုပ်လိုတဲ့ ပါတီနို င်ငံရေးသမားများအတွက် (လွှတ်တော် အမတ်များ အားလုံး ကိုမဆိုလိုပါ) အနှာင့် အယှက် အဟန့် အတား ဖြစ်နေပါသလား ?
- ဒီမိုကရေစီ ကျင့်စဉ် အမျိုးမျိုးရှိတဲ့ ဒီမိုကရေစီ နိုင်ငံ အများ အပြားမှာ ဒီမိုကရေစီ ရဲ့ အနှစ် သာရဆိုတာ ဘယ်သူက သတ်မှတ် ထားပါသလဲ ? >>> မေးခွန်း ၁၊ ၃ နဲ့ ၄ ကိုတော့ ကြိုက်တယ်ဗျာ... အရှိုက်ကို ဂျက်ဝမ်းတူးဆိုပြီး လက်သီးတွဲလုံးတစ်လုံး ပစ်လွှတ်လိုက်သလိုပဲနေမယ်.. အင့်ကနဲ နေသွားမယ်.. မိန်းမကြီး ဖြေနိုင်ရင် ဖြေစမ်းပါလေ့။

အောင်ဆန်းစုကြည်ဆိုသူသို့တုန့်ပြန်ချက်
ဆောင်းပါးရှင်ကိုဝေဖန်တာကျေးဇူးတင်ပါတယ်။ ဆောင်းပါရှင်ရေးတာဟာ လူပုဂ္ဂိုလ်မပါတဲ့ တပ်မတော်ဂုဏ်ဒြပ်တွေကိုပြသခြင်းပါ။ အမည်နာမတွေတပ်ပြီးမရေးထားသလို တပ်မတော်ရဲ့ကောင်းမြတ်တဲ့ အစဉ်အလာတွေ တိုင်းပြည်ဒုက္ခရောက်နေရတဲ့အချိန်မှာ ကယ်တင်ခဲ့ရတဲ့ အဖြစ်အပျက်တွေကိုပြောပြရေးသားထားတာပါ။ ဆောင်းပါးရှင်ရေးထားတာ တပ်မတော်အကြောင်းပါ။ အထုပ္ပတ္တိမဟုတ်ပါဘူး။ ဆောင်းပါးရှင်ကိုဝေဖန်သလို ဒေါ်အောင်ဆန်းစုကြည်ဆိုသူကိုပြောပြရမယ်ဆိုရင် အနော်ရထာမင်းကြီး အားကိုးရတဲ့ ကျန်စစ်သားကို ဘာလို့ဖြုတ်ထုတ်သတ်လုပ်ခဲ့တာပါလဲ။ သမိုင်းဆိုတာလက်ဆင့်ကမ်းယူခဲ့ရတာကြည့်ပါပဲ။ နိုင်ငံတော်ဖြိုခွဲမယ့်သူမှန်သမျှ ပြန်ချဖို့က တပ်မတော်ရဲ့တာဝန်ပါ။ တပ်မတော်ဆိုတာ ပြည်သူကြားကပေါက်ဖွားလာတဲံ ပြည်သူ့သားကောင်းဆိုတာ ဒေါ်အောင်ဆန်းစုကြည်မေ့နေပါပြီ။ သူများနိုင်ငံကယောကျာ်းကိုလင်လုပ်ပြီး အပီဖုတ်ခံခဲ့ရလို့ပြောတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ နယ်ချဲ့ကိုတိုက်ထုတ်တာ ဒေါ်အောင်ဆန်းစုကြည်မပါပါဘူး၊ ပြည်တွင်းသောင်းကျန်းသူတွေကို နှိမ်နင်းတာ ဒေါ်အောင်ဆန်းစုကြည်မပါပါဘူး။ ကွန်လုံရက် ၄၀တိုက်ပွဲ၊ စီစီဝန်တာပန်လိုတိုက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်မပါပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ နောက်နိုင်ငံကြီးတွေရဲ့မှိုင်းမိပြီး နိုင်ငံေ၇းလုပ်တယ်ဆိုတာ သက်သေပြနိုင်တာတွေအများကြီးပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မေ့လောက်ပြီဆိုရင်တော့ ဒီမှာလာရေးထားပါ။ ကျွန်တော်တစ်ခုခြင်းပြန်ပြော ပြပါ့မယ်။ သူများကိုပြောချင်ရင် အကြိုးအကြောင်းခိုင်လုံမှပြောပါ။ မြန်မာ့တပ်မတော်ကို စော်ကားရင် တပ်မတော်သားတွေလက်မခံပါဘူး။ ကျွန်တော်မကောင်းရင် ကျွန်တော့်ကိုပြောပါ။ တပ်မတော်ကို မထိပါနဲ့။

စုကြည်လို့ နာမည်တပ်ထားတဲ့ commenter >>> ကျန်တာတွေတော့ မပြောတော့ဘူး... ခင်ဗျားက မျက်ချေးပိတ်နေလို့။ တစ်ခုပဲ တွေးမိတယ်.. ဒီမိန်းမကြီး ဘာတွေများ စွမ်းစွမ်းတမံ လုပ်ပြထားလို့ သူ့နောက်လိုက်နဲ့ သူ့ကိုကြိုက်နေကြတဲ့လူတွေက သူလုပ်သမျှကို အဟုတ်ထင်နေကြတာပါလိမ့်လို့... တော်တော်အံ့သြမိတယ်.. ဒါပေမယ့် အဖြေက ရှင်းပါတယ်... ကျုပ်တို့ မြန်မာလူမျိုးတွေက ဟီးရိုးတွေကိုမှ သဘောကျတာကို... ဗွီဒီယိုကြည့်ရင်တောင် လူမိုက်ကို ထိုးတဲ့ဇာတ်လိုက်ကိုတဲ့ လက်ခုပ်တဖြောင်းဖြောင်းတီးပြီး အားပေးတတ်ကြတဲ့လူမျိုးတွေဆိုတော့ စစ်တပ်ကို မုန်းတဲ့အချိန် စစ်တပ်ကို anti လုပ်ပြနိုင်တဲ့လူကို ဘဝင်ခိုက်သွားတာ ဒါ မဆန်းပါဘူး... ဒါပေမယ့် သိတဲ့အတိုင်းပဲ အဲဒီလူတွေက အကုန်လုံးကို ဝါးလုံးချီးသုတ်ရမ်းတယ်၊ ဒါက ဒီလိုမဟုတ်ဘူးဆိုပြီး ကျိုးကြောင်းခိုင်လုံပြောရင် ဖင်ပိတ်ငြင်းတယ်... အဲဒါမှ မရရင် ဆဲတယ်.. ခင်ဗျား အခု အပေါ်က ရေးထားတဲ့ဟာတွေက ဆိုက်ဝါးဖြီးထည့်နေတဲ့ ပြည်ပကျွန် ဒေါ်လာစားမီဒီယာတွေရဲ့ လေလုံးတွေဗျ.. အဲဒါတွေနဲ့ ပတ်သတ်ပြီးတော့ မပြောချင်တော့ပါဘူး.. ပြောလဲ လက်ခံမှာမဟုတ်ဘူး၊ ဖင်ပိတ်ငြင်းနေဦးမှာပဲ... ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့က စစ်တပ်လုပ်ပေးခဲ့တဲ့အမှန်တရားတွေဆို မကြားချင်မမြင်ချင်ကြဘူးလေ.. အိမ်ဦးခန်းက ဘုရားစင်နဲ့ဆွမ်းတော်ကြီးပွဲကို မကြည့်ချင်ကြပဲ ဟိုးအိမ်နောက်ဖေးချောင်ကြိုချောင်ကြားက မစင်တွင်းထဲက လောက်ကိုမှ ကြည့်နေမြင်နေကြားချင် အသိအမှတ်ပြုချင်နေကြတာကိုး... ဒီတော့ ရှင်းပါတယ်... မျက်ချေးတွေ ဖယ်နိုင်တဲ့တစ်နေ့ မြန်မာနိုင်ငံ စည်းလုံးပါလိမ့်မယ်.. မဟုတ်ရင်တော့ တိုးတက်ဖို့၊ စည်းလုံးဖို့ မမျှော်လင့်ပါနဲ့.. ကျုပ်ကတော့ ဆုတောင်းတယ်... နိုင်ငံ့ဆူးငြှောင့်မရှိတဲ့တစ်နေ့ ဒီနိုင်ငံကြီး ငြိမ်သက်လိမ့်မယ်.. ဒါကြောင့် နိုင်ငံ့ဆူးငြှောင့်တွေ မြန်မြန် ပျောက်ကွယ်ပါစေလို့.. ဒါလောက်ပဲ။

ဒေါ်စုကြည်
အမေရိကန် ထိတော့ နာတယ်ပေါ့ အမေရိကန် က သူ့နိုင်ငံသား ၂ယောက် ၃ ယောက်ကို လာကယ်တာ စစ်သဘောင်္တွေ နဲ့ လာကယ်သတဲ့လား၊ မြန်မာ ပြည်ကို ဆူဆူ ပူပူ ဖြစ်နေတုန်း အချောင် ၀င် နိုက်ဖို့လာတာပါ။ အခြေစိုက် စစ် စခန်း လုပ်ချင်တယ်လေ။ ဟုတ်တယ်နော် NLD။

ဒေါ်စုကြည် ခင်ဗျား အမေရိကန် ကို အထင်ကြီးေ လးစားတဲ့ ပုံစံ နဲ့ ပြောမနေပါနဲ့။

အမေရိကန် စစ်သင်္ဘော တွေ မြန်မာ့ ရေပိုင်နက် နား ကပ် ခွင့်ကို မရှိပါဘူး၊ သူတပါး အချုပ် အခြာ အာဏာကို လေးစားရပါမယ်။ လွှတ်တော် က သဘော မတူလို့ မလုပ်ဘူးဆိုရင် ကဲ ဒါဟိုတစ်လောက အာဖကန်မှာ အပ်ြစ်မဲ့ အရပ်သားလူတွေ အများကြီး ကို ပစ်သတ်ခဲ့တာ အမေရိကန် အစိုးရ နဲ့ လွှတ်တော်က သဘောတူလို့ပေါ့ ဟ်ုတ်လား၊ သူများ ဘာသာရေး စာအုပ်ကို အမေရိကန် စစ်သားတွေ က မီးရှို့တာတွေ သေးနဲ့ ပေးတာတွေက လွှတ်တော်က သဘောတူလို့ပေါ့ ဟုတ်လား၊

အပြုသဘောဆောင်ပြီး ဆွေးနွေးဖြေကြားကြပါဗျာ
ပုဂ္ဂိုလ်ရေး တွေ မပါကြပါနဲ့
အပြန်အလှန် လေးစားသမှုနဲ့ပေါ့ဗျာ

စုကြည် နဲ့ NLD ဘယ်တော့ မှ မယုံလေနဲ့ ၊ မြန်မာပြည်ကို အထိနာခဲ့တဲ့ နာဂစ် ဖြစ်တုန်းကတောင် တပ်မတော် နဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ စိတ်ဓါတ် အင်အား မရှိခဲ့ဘူး၊ မပူးပေါင်းခဲ့ဘူး။ တပ်မတော်သားတွေကို ဝေဖန် ပုတ်ခတ်ခဲ့တယ်။ သူ့တို့ ဘာသာ သီးခြား ခွဲလုပ်ခဲ့တာ၊ အဲဒီထဲက စုကြည် နဲ့ NLD ကို ရွံသွားတာ၊

တပ်မတော် ၂၅ ရာခိုင်နှုန်း လွတ်တော်ထဲ ပါတာကိုကောင်းပါတယ်.. အဲတခုပဲ.. ပြည်ခိုင်ဖြိုးက ရွေးကောက်ပွဲကိုတရားသဖြင့်ယှဉ်ပြိုင်မယ်ဆိုင်ရင်ပေါ့

အစဉ်အလာကြီးတဲ့ တပ်မတော်
ဟုတ်ပါရဲ့ဗျာ ဒို့တပ်မတော်သားတွေကို စော်ကားလိုက်တာ
ဟိုနေ့ကတောင် အရပ်ထဲ စာအုပ်လိုက်လည်ရောင်းနေတဲ့
တပ်ထွက်ကြီးတွေ၊ (ငကန်း၊ ငပြတ်) အခမျာဗျာ သနားပါတယ်.. ရပ်ကွက်ထဲကို ၀င်ပြီး စာအုပ်လေးများ ၀ယ်ကြပါ.. ကျွန်တော်တို့ကတပ်မတော် အငြိမ်းစားတွေပါ
ဘာညာနဲ့ ခြံထဲ(ခွင့်မတောင်းဘဲ) ၀င်တာ ခွေးထွက်ဆွဲတာ
လဲတဲ့သူလဲ၊ ကွဲတဲ့သူကွဲပေါ့ဗျာ.. အဲဒီအချိန်မှာ ပြည်သူတွေ က ဘယ်နေမတုန်း၊ အကုန်တံခါးပိတ်ပြီး မသိချင်ယောင်ဆောင်နေကြတယ်... အဲဒီလောက်ထိ တပ်မတော်က အစဉ်အလာကြီးပြီး ပြည်သူ့အချစ်ကိုခံယူထားတာ....

အန်တီစုကြည်ရဲ့ မြန်မာနိုင်ငံတွင်ကျင့်သုံးသင့်သည့် ဒီမိုကရေစီစနစ် ဆိုပြီး
အထိန်းသိမ်းခံနေရတဲ့အချိန်မှာရေး၊ ပြန်လည်လွတ်မြောက်လာတဲ့အချိန်မှာ ထုတ်ဝေ၊ ပြည်သူလူထုက ထောက်ခံ...ပါတီရဲ့စည်းရုံးရေးခရီးစဉ်မှာဒီစာအုပ်ကိုကိုးကား...ကျွန်တော်စိတ်ကူးယဉ်ကြည့်တာပါ..ဒီမိုကရေစီဆိုတာတစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကျင့်သုံးပုံခြင်းမတူဘူးဆိုတာ အထူးပြောနေရန်မလိုပါ....ပညာတွေအများကြီးတတ်ထားသော...အန်တီတစ်ယောက်..စာဖတ်အားကောင်းသောအန်တီတစ်ယောက်..အထိန်းသိမ်းခံနေရတဲ့အချိန်တွေမှာ ဘာတွေလုပ်နေလဲ သိချင်နေမိတယ်..စာဖတ်များတဲ့သူဆိုတာ စကားပြောစွမ်းရည်တိုးတက်လာတယ်..သူများရေးတာဖတ်နေရတာကနေ ကိုယ်ကိုယ်တိုင် ရေးချင်စိတ်ဖြစ်ပေါ်လေ့ရှိပါတယ်....ကဲ..ဒီတော့ အန်တီ ကျွန်တော်ပြောတဲ့စာအုပ်ကို ရေးဖို့ရောစိတ်ကူးရှိရဲ့လား...

ဒေါ်စုသည် အနောက်နိုင်ငံများမှ ပေးကျွေးထောက်ပံ့နေခြင်းကို သာယာပြီး အနောက်အလိုကျ နိုင်ငံအား ဖျက်ဆီးရန် တပ်မတော်နှင့် ပြည်သူအား ရန်တိုက်ပေးနေခြင်းဖြစ်သည်။ သခင်အားရ ကျွန်ပါးဝ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောလိုသည်။

အေး... အဲဒီတပ်မတော်သား ငကန်း၊ ငပြတ်တွေက မင်းတို့အေးအေးလူလူ မြို့ထဲမှာ ဖာချ၊ မာဆက်သွားလို့ရအောင် တောထဲမှာ နှစ်ရှည်လများ သွားနေရင်း အသက်ပေးနေရတာကွ... ဘယ်သူက နေခိုင်းနေလို့လဲလို့တော့ လာမပြောနဲ့.. လစာပေးထားတာပဲ၊ သွားနေပေါ့လို့တော့ လာမပြောနဲ့.. လစာပေးထားလို့နေရမယ်ဆိုရင် မင်းတို့ အဲဒီလစာနဲ့ သွားနေနိုင်လား၊ နေရဲလားကိုယ့်ကိုယ်ကို ပြန်မေးကြည့်။ ပြည်သူတွေချစ်တာ၊ မချစ်တာ ငါတို့မသိဘူး..၊ စိတ်လဲမဝင်စားဘူး၊ မချစ်လို့လဲ အားမငယ်ဘူး၊ ချစ်လို့လဲ ကိုယ့်ကိုယ်ကို ဘဝင်မမြင့်ဘူး.. ငါတို့တာဝန်ပဲ ငါတို့သိတယ်၊ ငါတို့တာဝန်က တိုင်းပြည်ရန်စွယ် ဟူသမျှကို နုတ်သင်ဖယ်ရှားဖို့ပဲ... ရှင်းတယ်နော်... တိုင်းပြည်ရန်စွယ်ဆိုရင် အမိန့်တစ်ချက်ပေးတာနဲ့ လက်ညှိုးကွေးဖို့အဆင်သင့်ပဲ... ကြားလား... မင်းဘာသာ ဒေါ်စုကြည်မကလို့ ဘယ်သူပဲဖြစ်ဖြစ် သတ်ပစ်ဖို့ဝန်မလေးဘူး.. နိုင်ငံကို နောက်တစ်ခါ ကျွန်ဇာတ်ထဲတော့ ဆွဲသွင်းဖို့မကြိုးစားလေနဲ့... ကျည်ဆံပဲရမယ်။ အေး... ဘယ်သူတွေ ဘာတွေပဲ ဖင်ပိတ်ပြီး ငြင်းနေနေ... ဒေါ်စုကြည်ဟာ သူ့ကို ပေးစာကမ်းစာတွေ ပေးထားတဲ့ နိုင်ငံကြီးတွေ၊ ဥရောပအုပ်စုတွေရဲ့ ရုပ်သေးရုပ်ဆိုတာတော့ ဖင်ပိတ်ငြင်းနေတဲ့ကောင်တွေကအစ သိတယ်... အေး... အဲဒီလိုမိန်းမလက်ထဲကို နိုင်ငံကို ဘယ်နည်းနဲ့မှ အရောက်မခံနိုင်ဘူး.. ရောက်မယ်ဆိုလို့ကတော့ ငါကိုယ်တိုင် အဲဒီမိန်းမကို သတ်မယ်.. ဒါပဲ။

ဒေါ်အောင်ဆန်းစုကြည်ခင်ဗျားက တပ်မတော်ဖခင် ဗိုလ်ချုပ်ရဲ့သမီးဖြစ်တဲ့အတွက်ကြောင့် တပ်မတော်အစဉ်အလာအရဆိုရင် ခင်ဗျားကမှီခိုသားသမီပဲဖြစ်တယ် ခင်ဗျားကတပ်မတော်ကိုစိန်ခေါ်နေတယ်ဆိုတော့ ကျုပ်တို့ကတော့လက်ပိုက်ကြည်နေမှာမဟုတ်ဘူး ခင်ဗျားလိုမိန်းမတယောက်လက်ထဲကိုကျုပ်တို့တိုင်းပြည်ကိုမထည့်နိုင်ဘူး တပ်မတော်ဦးဆောင်ပြီးတိုင်းပြည်ကို တည့်မတ်ခဲ့လိုလဲဒီအခြေအနေရောက်ခဲ့ပြီ မှန်ကန်တဲ့လမ်းကြောင်းပေါ်လဲရောက်နေပြီး တပ်မတော်ကအဖက်ဖက်ကနေကောင်းအောင်လုပ်နေချိန်မှာခင်ဗျားဘာတွေမနာလိုဖြစ်နေတာလဲ

တပ်မတော်က ထိန်းသိမ်းခဲ့လို့ အခုလိုတိုးတက်တဲ့ခေတ်မီ နိုင်ငံတော်ကြီးဖြစ်နေပြီး ဒါကိုလဲ လူတိုင်းသိနေတာပဲ။ တပ်မတော်ကိုဖခင်ကထူထောင်ခဲ့ ဒါတောင်တပ်မတော် ကိုအကောင်းပြောနေတော့ ဖခင်ကိုစော်ကားရာမရကျဘူးလား ငရဲကြီးမှာမကြောက်ဘူးလား ကျုပ်တို့ကတော့အခုလိုအချိန် အခါမျိုးရောက်လာပြီးတော့မှနောက်တခါ ထပ်အပျက်မခံ နိုင်ဘူး ခင်ဗျားလိုမိန်းမမျိုးလက်ထဲ ကိုလည်း တိုင်းပြည်ကိုမထည့်နိုင်ဘူး ကျုပ်တို့ကတော့ အပြင်းအထန်ကာကွယ်ရမှာပဲ

အရာအားလုံးကို တပ်မတော်ကဦးဆောင်ပြီးပြုပြင်ပြောင်း လဲနေတာကိုကောင်း ကောင်းမနေပဲ ဘာမနာလိုဖြစ်နေတာလဲ

တပ်မတော်ဟာအစဉ်အဆက် နိုင်ငံ့တာဝန်ကိုအသက်ပေးလိုထမ်းဆောင်ခဲ့ ကြရတာပါ၊ဒါကိုသိနားလည်တာက တစ်ကယ်လုပ်နေရတဲ့တပ်မတော်သား တွေပဲလေ၊စစ်မတိုက်ဖူးတဲ့သူဟာ စစ်ရဲ့ဆိုးမွေကိုမသိဘူး၊စစ်သားဆိုတာ စစ်အကြော်းကာင်းကောင်းသိတယ်လေ၊တပ်မတော်မနိုင်ငံတော်တည်ဆောက် ရာမှာ အစွမ်းကုန်ပါဝင်ခဲ့တယ်။ပြည်သူကိုသစ္စာမဖောက်တဲ့တပ်မတော်လေ ဒါကိုမသိတဲ့သူတစ်ချို့က တပ်မတော်ကိုအပြစ်မြင်ကြတယ်။ တပ်မတော်သည်နိုင်ငံကိုဘယ်တော့မှသစ္စမဖောက်ပါဘူး၊ပြည်သူကို နားလည်တာစစ်သားတွေပါ။စစ်သားတွေကနိုင်ငံကိုကောင်းအောင်လုပ် ပေးချင်ကြတယ်၊အောင်ဆန်းဆုကြည်-----တပ်မတော်ဖခင်ကြီးတစ်ယောက်ရဲ့သမီးဖြစ်ပြီးတော့တပ်မတော်ကို မကောင်းပြောနေတာခင်ဗျားမရှက်ဘူးလား။တပ်မတော်ကို နားလည်မယ် လို့ခင်ဗျားကိုထင်ခဲ့တာအလကားပဲ။လူထုက ခင်ဗျားကို ထောက်ခံတယ်လို့ထင်မနေနဲ့။တပ်မတော်ဖင်ရဲ့သမီးကိုမြင်ဖူး ချင်လို့လာကြည့်ကြတာကိုအဟုတ်ထင်မနေနဲ့၊တပ်မတော်ရဲ့အရိပ်က ခင်
ဗျားနောက်မှာအခုထိရှိနေတုန်းပဲဆိုတာမမေ့ပါနဲ့အောင်ဆန်းဆုကြည်။ သိထားဖို့ ကခင်ဗျားအဖေကလည်းတပ်မတော်သားတစ်ယောက်ဆိုတာ ပါပဲ။သူချစ်တဲ့တပ်မတော်မှာပဲသူ့အသက်ကိုဆုံးရှုံးခံခဲ့တာလေ။

တပ်မတော်က အရင်ကတည်းက နိုင်ငံတော်ကိုတည်ဆောက်ရာမှာ အင်တိုက်အားတိုက်ပါဝင်ခဲ့၇တာပါ။

တပ်မတော်သားတွေက ပြည်သူကိုချစ်တယ်လေ။ နိုင်ငံကိုချစ်တဲ့နေရာမှာ တပ်မတော်သားတွေကိုဘယ်သူကမှီလိမ့်မလဲ။ တောထဲတောင်ထဲမှာ အပင်ပန်းအဆင်းရဲ ခံနေတာဘယ်သူတွေလဲ ဒီစစ်သားတွေပါ

စစ်သားဆိုတာနိုင်ငံကိုချစ်ပြီးသားပါလေ
တပ်မတော်က နိုင်ငံကို တည်ဆောက်ခဲ့တာပါ

စစ်သားဆိုတာနိုင်ငံကိုချစ်တယ်လေ

စစ်သားတွေကနိုင်ငံကိုချစ်တယ်လေ

တပ်မတော်ကနိုင်ငံကိုတည်ဆောက်ခဲ့တာလေ

တပ်မတော်ကနိုင်ငံကိုတည်ဆောက် ခဲ့၇တာပါ တပ်မတော်က အခု နိုင်ငံတည်ဆောက်ရေးမှာ အသက်တွေပေးလို့ပါဝင် ခဲ့ကြရတာလေ။ ဒါကိုသိထားဖို့တော့လိုတာပေါ့လေ

တပ်မတော်ကနိုင်ငံကိုတည်ဆောက်ခဲ့တာလေ

တပ်မတော်ကနိုင်ငံကိုတည်ဆောက်ခဲ့ရတာလေ

တပ်မတော်ကနိုင်ငံကိုတည်ဆောက်ခဲ့တာလေ

တပ်မတော်က နိုင်ငံကိုတည်ဆောက်ခဲ့ တာလေ ဒီလိုမပြောနဲ့လေ

တပ်မတော်က နိုင်ငံကိုတည်ဆောက်ခဲ့တာလေ

သူ့အဖေတည်ထောင်ခဲ့တဲ့တပ်မတော်ကိုသူကအခုတော့ ငြိုငြင်လာပြီပေါ့ လက်ရှိအချိန်ထိ ပြည်သူတွေအတွက် အသက်စွန့်တိုက်ပွဲဝင်နေတဲ့စစ်သည် တွေအများကြီးရှိနေတာကိုမသိတာလား လူအထင်ကြီးအောင် ဟုလူ့ကိုအားပေးစကားပြော ဒီလူကိုတွေ့ဆုံလိုက်နဲ့ လူထူထူမှာအထင်ကြီးအောင်လိုက်လုပ်နေတာ ..လုံးဝအထင်မကြီးဘူး။

တပ်မတော်ဆိုင်ရာအမတ်တွေက တပ်မတော်အင်အားအလျှောက်ပါဝင်လာတာ မဟုတ်လား။ မြိုနယ် ခရိုင်တစ်ခုမှာ အမတ်တစ်ဦးပါဝင်ခဲ့သလို စစ်တိုင်းများအလျှောက်
သူတိုင်းတာမှုနဲ့သူပါဝင်လာသောအမတ်ဦးရေဆိုတာလည်း သိကြမှပေါ့။
သေချာတာကတော့ ဒီတပ်မတော်သားအမတ်များဟာ မြန်မာပြည်မှာဖွား
မြန်မာပြည်သားနဲ့ညားတယ့် မြန်မာစစ်စစ်တွေနော် သွေးမနှောထားဘူး
ဒါကြောင့် အမတ်မပြောနဲ့ သမ္မတတောင်လုပ်နိုင်တယ် မြန်မာမဟုတ်
ဘာမဟုတ်နဲ့ ၀င်နှောက်ဖို့ဆိုတာတော့ လုံးဝမဖြစ်နိုင်ဘူး။အမတ်ဖြစ်တာ
တောင်လွန်နေပြီ နောင်လေးနှစ်အတွက် အားမွေးနေတာလား လုံးဝမဖြစ်နိုင်ဘူး ဆိုတာသိထားပါ ။ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရင်း ကိုယ်လက်အင်္ဂါ ပေးလှူခဲ့ရတယ် တပ်မတော်သားများ ကိုမကူညီချင်နေပါ မိတ်ဆွေတို့ အေးချမ်းစွာနေထိုင်ရေးအတွက် လုပ်ပေးခဲ့တာလေးကို
ထောက်ရှုပြီး မစော်ကားပါနဲ့။ တိုင်းပြည်အတွက်ပေးဆပ်ခဲရတာကို
မထီမယ့်မြင်မပြုသင့်ပါဘူး။ ဘာအလုပ်မှမရှိလို့ လက်မောင်းအပတ်
တိုက်ပုံဝတ် လွယ်အိတ်စလွယ်သိုင်းသွားနေတယ့် လူတွေထကတော့
မြင့်မြတ်ပါတယ်။ကုလားအုပ် ပုံပြင်လေးကိုသတိရတယ် စကနဦးတော့
ခေါင်းလေး နောက်တော့ အတင်းမောင်ပိုင်စီးချင်တာလေးကိုတော့
မမေ့နဲ့ပေါ့ဗျာ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်