Subscribe to our RSS Feed

ကြားဖြတ်ရွေးကောက်ပွဲ၌ မဲဆန္ဒရှင် ခြောက်သန်းကျော်ရှိ

From : ခေတ်လူငယ်


နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် မြန်မာပြည်သူလူထု တစ်ရပ်လုံးက စိတ်ဝင်တစား အကဲခတ်နေသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၅ နေရာအတွက် မဲပေးနိုင်မည့် မဲဆန္ဒရှင် ခြောက်သန်းလေးသိန်းကျော် ရှိသည်ဟု ရွေးကောက်ပွဲကော်မရှင်က သတင်း ထုတ်ပြန်သည်။ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည့် ကြားဖြတ်ရွေးကောက်ပွဲအတွင်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၇ နေရာအတွက် မဲပေးနိုင်သူ ၄,၆၈၂,၀၄၀ ဦး ရှိမည်ဖြစ်ကာ အမျိုးသား လွှတ်တော် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် မြန်မာပြည်သူလူထု တစ်ရပ်လုံးက စိတ်ဝင်တစား အကဲခတ်နေသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၅ နေရာအတွက် မဲပေးနိုင်မည့် မဲဆန္ဒရှင် ခြောက်သန်းလေးသိန်းကျော် ရှိသည်ဟု ရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်သည်။ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည့် ကြားဖြတ်ရွေးကောက်ပွဲအတွင်း ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် ၃၇ နေရာအတွက် မဲပေးနိုင်သူ ၄,၆၈၂, ၀၄၀ ဦး ရှိမည်ဖြစ်ကာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ခြောက်နေရာအတွက် ၁,၆၆၉,၁၉၂ ဦးရှိကြောင်း၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်မြေများအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၃၃,၃၃၀ ရှိပြီး လွှတ်တော်သုံးရပ်အတွက် စုစုပေါင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆,၄၈၄,၅၆၇ ဦးရှိမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ၂၀၁၂ ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းကို မတ်လ ပထမပတ်အတွင်း ထုတ်ပြန်ခဲ့ရာ မဲပေးပိုင်ခွင့် ရှိသူများ မဲစာရင်းတွင်မပါဝင်ခြင်း၊ မဲပေးခွင့်မရှိသူများ မဲစာရင်းတွင် ပါဝင်နေခြင်းများ၊ သေဆုံးပြီးသူများ မဲစာရင်းတွင် ပါဝင်နေခြင်း စသည့် အငြင်းပွားဖွယ်ရာ မဲစာရင်း မှားယွင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး မဲစာရင်းများကို မတ်လ ၂၅ ရက်နေ့ထိ ပြန်လည်ပြင်ဆင်ခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

Myanmar Express 

2 comments:

NLD နိုင်ခဲ့ရင် ငါပါးရိုက်ခံမယ် ဘယ်လိုမှနိုင်စရာအကြောင်းမရှိဘူး...မြန်မာပြည်တစ်ပြည်လုံး ကြံခိုင်ရေးကို အရုးအမူးနှစ်သက်နေကြတာ..ဟား ဟား မနက်ဖြန်တွေ့ ကြသေးတာပေါ့ NLD ရာ..

အေးဗျာ။ စကိုင်းနက်မှာတာင်ကြည့်လိုက်ရတယ်ဗျ။ NLD ဘက်က သောက်ရူးတွေက သတင်းမှားတွေလုပ်ပြီး ရေးကြတယ်တဲ့ဗျာ။ တောင်သူလည်သမားတွေကတောင် မကြေနပ်ကြဘူးတဲ့။ အဲဒါများဗျာ NLD ကိုပြည်သူကထောက်ခံတယ်တဲ့။ တောင်သူလဲမထောက်ခံဘူး၊ အလုပ်သမားဝန်ထမ်းတွေလဲမထောက်ခံဘူး၊ စစ်သားတွေကလဲမထောက်ခံဘူး။ အဲလိုဆိုမှတော့ NLD ကိုထောက်ခံတာ ဂျလေဘီ အုတ်ကြားမြက်ပေါက်၊ ပေါက်လုပ်ပဲစား၊ ကြက်သရေတုန်း၊ ကလေကချေ၊ လက်ကျောမတင်း၊ ဖွန်ကြောင်ကောင်တွေပဲလားသိဘူးဗျ။ မြန်မာနိုင်ငံမှာကလဲ အဲလိုကောင်တွေက အများသားဗျ။ဒါပေမယ့် သေချာပါတယ် NLD လို စုတ်တီးစုတ်ပျက်ပါတီမျိုး လုံးဝအာဏာမရဘူး။ ရလို့လဲမဖြစ်ဘူး။ ခေါင်းဆောင်ကိုယ်တိုင်က တိုင်းတပါးသားယူထားတာဗျ။ သစ်ထူးလွင်ဆိုဒ်ဆိုလို့ သွားလည်ပါတယ်ဗျာ။ သတင်းမှားတွေရေးထားတာသိရဲ့နဲ့ဗျာ ဥနှောက်မဲ့ အောက်ကနေ ကွန်မန့်ရေး ထောက်ခံနေသေးတယ်။ ကျွတ်ကျွတ် ပုဇွန်တွေတောင် သနားလာပြီ။ လောကမှာ သူတို့ထက် ဥနှောက်မဲ့တဲ့သူတွေပေါများလာလို့ပေါ့ဗျာ...........

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်