Subscribe to our RSS Feed

ထိုင်း AirAsia လေကြောင်းလိုင်းက နေပြည်တော်တိုက်ရိုက် ပျံသန်းခွင့် စောင့်ဆိုင်းနေ

From : SMG



ထိုင်းနိုင်ငံမှ AirAsia လေကြောင်းလိုင်းသည် မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်ကို တိုက်ရိုက်လေယာဉ် ပျံသန်း ခွင့်ရရန် ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်းနှင့် အုပ်ချုပ်ရေး မြို့တော်သို့ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမည့် သူများတိုက်ရိုက် ၀င်နိုင်စေရန် ဈေးကွက်ရယူ လိုနေကြောင်း ၂၉-၂-၂၀၁၂ ရက်ကသိရသည်။ AirAsia အနေဖြင့် ယခုနှစ်အတွင်း စတင်ပျံသန်းနိုင်ရန် ကြိုတင်တွက်ဆ စီစဉ်ထားမှုများရှိနေပြီး ၄င်းတို့၏စရိတ်နည်း သက်သာသော လက်မှတ်ခများက နိုင်ငံတကာမှ လေယာဉ်စီးနင်း မည့်သူများအတွက် ဈေးကွက်တစ်ခု ရစေမည် ဟုဆိုသည်။ ''ကျွန်တော်တို့အခု နေပြည်တော်ကို ပျံသန်းခွင့်ရဖို့ လုပ်ငန်းဆောင်တာ လုပ်ဆောင်စရာလေးတွေကို စောင့်ဆိုင်းနေပါတယ်။ ဒီနှစ်ထဲမှာပဲ ဒီခရီးစဉ်စတင် နိုင်မယ်လို့ တွက်ဆထားပါတယ်''ဟု AirAsia ၏ CEO ဖြစ်သူ Mr Tassapon Bijleveld က ပြောကြားသည်။

AirAsia အနေဖြင့် နေပြည်တော်သို့ ထိုင်းနိုင်ငံ၏ နေရာသုံးခုဖြစ်သော ဘန်နိုင်ငံ၏ နေရာသုံးခုဖြစ်သော ပျံကောက်၊ ချင်းမိုင်၊ ဖူးခက်ဒေသများမှ ပျံကောက်၊ ချင်းမိုင်၊ ဖူးခက်ဒေသများမှ ပျံသန်းသွားမည် ဖြစ်ကြောင်းလည်း သိရသည်။ ''နိုင်ငံတကာက လေကြောင်းလိုင်းတွေ ပျံသန်းကြဖို့ စိတ်ဝင်စားနေတာတော့ တော်တော်များနေတယ်။ စုံစမ်းတာတွေ များလာတယ်'' ဟု ပို့ဆောင်ရေး ၀န်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။''အဲဒီနေရာ နေပြည်တော်က အုပ်ချုပ်ရေး မြို့တော်ဖြစ်နေတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ တိုက်ရိုက်သွားလို့ လွယ်ကူစေအောင် စီစဉ်ပေးသလို ဖြစ်စေပါတယ်''ဟု Mr Tassaponက ဆက်လက်ပြောကြားသည်။ Air Asiaမှ ပျံသန်းချင်နေသည့် နေပြည်တော် လေဆိပ်သည် ခရီးသည်နှစ်စဉ် ၃ဒသမ၅သန်း လွှဲပြောင်း လက်ခံပေးနိုင်ပြီး ရန်ကုန်၊ မန္တလး၊ ဟဲဟိုး လေဆိပ်များသို့ ဆက်လက်လွှဲပြောင်း စီးနင်းနိုင်ကာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ လလယ်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Myanmar Express

1 comments:

ဒီWebsite ကိုဖန်တီးသူဟာစစ်ဗိုလ်(သို့)စစ်တပ်အသိုင်းအ၀ိုင်းကဆိုတာပြောနေတာထင်တယ်၊ဒီနိုင်ငံမှာစစ်သားကောင်းတွေအများအပြားရှိ
ပါတယ်၊ယောကျားဘဲပေါ်ပေါ်တင်တင်ပြောလိုက်ပါ၊

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်