Subscribe to our RSS Feed

Blink Hacker Group အား ထပ်မံစိန်ခေါ်ခြင်း(ပေးစာ-၁၂၀)


သို့

BHG Admin and Negative Thunder တို့သိစေရန်........

ကျွန်တော် ဒိုင်လုပ်ခဲ့သော ပထမပြိုင်ပွဲ (Ghostarea အားHack)သည့်ပြိုင်ပွဲတွင် အငြင်းပွားမှုများဖြစ် ပေါ်ခဲ့ပါသည်။ ထိုအငြင်းပွားမှုတွင် နှစ်ဘက်စလုံးရဲ့ငြင်းပုံတွေကလည်း အကျိုးအကြောင်း ဆက်စပ်မှု ရှိတယ်လို့တွေ့ ရပါတယ်.. ထို့ကြောင့် Ghostarea site admin ၏ ဆန္ဒအရ ပြိုင်ပွဲအား ဒုတိယအကြိမ် ထပ်မံပြုလုပ်စေ လိုကြောင်းတင်ပြလာ သဖြင့် ဒိုင်ဖြစ်သူ ကျွန်တော် မှ ကြေညာအပ်ပါသည်။

ပြိုင်ပွဲစည်းကမ်းများ..................

(၁) ပထမပြိုင်ပွဲတွင် အငြင်းပွားမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ဒုတိယအကြိမ်အရည်အချင်းအစစ်အမှန်အတွက် ထပ်မံယှဉ်ပြိုင်ရပါမယ်။
(၂) ဒီပြိုင်ပွဲသည် April 1 (April Fool Day) မှစတင်အကြုံးဝင်မယ်ဖြစ်ပါသည်။
(၃) April တစ်လလုံးတိုက်ခွင့်ရှိပါတယ် အငြင်းပွားမှုတစ်စုံတစ်ရာမဖြစ်ပေါ်စေရန် ဆိုဒ်ကိုHack ပြီး Deface page တင်ရပါမယ်....
(၄) Deface တင်နိုင်မှသာလျှင် အနိုင်လို့သတ်မှတ်ပါမယ်။
(၅) ကျရှုံးသောသူသည် Hacking လောကမှအပြီးအပိုင်နှုတ်ထွက်ရပါမယ်။(အခြားသောနာမည်များ
ဖြင့်ဆိုဒ်များအားလုံးဝတိုက်ဆိုက်ခြင်းပြုမည်မဟုတ်ဟုကတိသစ္စာခံရပါမည်)
(၆) ယခုတိုက်ပွဲသည် နည်းပညာတိုက်ပွဲသက်သက်သာဖြစ်ပြီး အခြားသော Personal ကိစ္စများမပါဝင်စေရ။ တစ်ဖက်နှင့်တစ်ဖက် ရန်ဆောင်ခြင်း၊ညစ်ညမ်းစွာပြောဆိုခြင်းများမရှိစေရ။
(၇) တိုက်ပွဲစမယ်ဆိုပါက နှစ်ဘက်စလုံးမှအသိပေးအကြောင်းကြားရပါမယ် နှစ်ဘက်စလုံးသိရှိပြီး မှတိုက်ပွဲစကြောင်းကျွန်တော်ကြေညာပါမည်။
(၈) ဒီတစ်ခါစမယ်ဆိုတာနဲ့ ကျွန်တော်ကြေညာအပြီးမှ ကျွန်တော်ပါစောင့်ကြည့်နေမယ်ဖြစ်ပြီး အငြင်းပွားဖွယ်ရာများကို နောက်ထပ်လက်ခံတော့မယ်မဟုတ်ကြောင်းနှစ်ဘက်စလုံးကိုသိစေအပ်ပါသည်။
(၉) စပြီဆိုတာနဲ့ နှစ်ဘက်စလုံးသဘောတူရပါမယ် ဖြစ်ပြီးတာနဲ့လက်ခံရပါမယ်။
(၁၀) နှစ်ဘက်စလုံးကိုနောက်ဆုံးသိစေလိုသည်မှာ ယခုတိုက်ပွဲသည် နည်းပညာတိုက်ပွဲသာဖြစ်သည် ဟုစိတ်ထဲတွင်မှတ်ယူထားရပါမည်...

အထက်ဖော်ပြပါ အကြောင်းအရာများကိုသိရှိပြီး လက်ခံသဘောတူပါလျှင် သိရှိပြီးဖြစ်ကြောင်း အောက်တွင် comment ပေးခဲ့ပါ ။

တစ်ဖက်ဖက်မှပျက်ကွက်ပါက ပျက်ကွက်သောသူအား Hacking လောကတွင်ရှုံးနိမ့်သူအဖြစ် ထာဝရ အသိပေးကြေညာမယ်ဖြစ်သည်။ (ကိုယ့်အရည်အချင်းကိုယုံကြည်သူများပြိုင်ပါ မပြိုင်ခြင်းသည်အရှုံးပေးခြင်းဖြစ်သည် ဟုသတ်မှတ်မည်)


Myanmar Express

1 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်