Subscribe to our RSS Feed

ဆင်းမ်းကဒ် တစ်ကဒ်ကို ၂ သိန်း ကျပ် ပေးရခြင်းက ဈေးကြီးတယ်လို့ ပြေနေကြသော်လည်း ၈၈ မျိုးဆက် များမှာ မြန်မာ့ ဆက်သွယ်ရေးထုတ် ၆ သိန်းတန် ကဒ် များကို အားပေး

ဆင်းမ်ကဒ် တစ်ကဒ်ကို ၁ သိန်း ၈ သောင်းနဲ့ ချပေးခြင်းက ဈေးကြီးနေကြောင်းနဲ့ အခု ချပေးနေသော ဆင်းကဒ်များကို မဝယ်ပဲ ဆန္ဒပြသင့်ကြောင်း အတိုက်အခံ အင်အားစုများကြားမှာ အသံတချို့ ကြားနေရပေမယ့်လည်း ၈၈ မျိုးဆက်များအားလုံးနီးပါးကတော့ မြန်မာ့ဆက်သွယ်ရေး မှ ချပေးတဲ့ ၆ သိန်းတန် ဖုန်းများကိုသာ ဝယ်ယူအားပေးနေကြောင်း သတင်းရရှိပါတယ်။

မြန်မာ့ဆက်သွယ်ရေးကို မကျေနပ်ဘူး၊ မတရားဘူးလို့ အမျိုးမျိုး ဝေဖန်မှုတွေ ရှိနေပေမယ့်လည်း မြန်မာ့ ဆက်သွယ်ရေး ကိုတော့ ဆန္ဒပြပြီး မနေကြပဲ ဆက်လက်ဆက်ဆံနေကြတာကို တွေ့နေရပါတယ်။ နေပြည်တော်နဲ့ ရန်ကုန် မှာ စတင် ချထားပေးတဲ့ ၁ သိန်း ၈ သောင်းတန် ဆင်းမ်ကဒ်များကို နယ်ဖက် ဒေသများက ၎င်း တို့ဒေသ တွေမှာ ချထားပေးမယ့် အချိန်ကို စောင့်နေကြတာ ကြာပြီ ဖြစ်ကြောင်း ဒေသ ခံတွေက ပြောပါတယ်။

တောင်ကြီးမြို့မှာတော့ စ တင်ရောင်းတဲ့ သုံးရက် အတွင်းမှာပဲ ကဒ် တစ်သောင်းကျော် ရောင်းခဲ့ရကြောင်း သိရပြီး အခြား ဒေသများတွင်လည်း သောက်သောက်လဲ ရောင်းခဲ့ရကြောင်း သိရပါတယ်။ အခုလို ချပေးခြင်းကြောင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနဲ့ နိုင်ငံတော် သမ္မတကြီးကို ပြည်သူ အများက အလွန်ကျေးဇူးတင်နေကြောင်း သတင်းရရှိပါတယ်။

၆ သိန်းတန် ဖုန်းနဲ့ ဦးကိုကိုကြီး (အသမဲ)


၆ သိန်းတန်ကို အားပေးကြ

Myanmar Express

1 comments:

ဌေးကြွယ် နာမည် မတွေ့ ပါလား ထုတ်ပယ် လိုက်ပြီထင်တယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်