Subscribe to our RSS Feed

NLD ပါတီ ဝင်ပြီး တစ်လ မပြည့်ခင် သေဆုံး


From : 7day news

ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအနီးတွင်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ပွဲမှ ပြန်လာသော ပါတီဝင်သစ်တစ်ဦးအားဖော့ဘူးများတင်ဆောင်ထားသော လိုက်ထရပ်ကားတစ်စီးမှ ယနေ့နေ့လည် တစ်နာရီခန့်က
ဝင်တိုက်မိသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ နေ့လည် ၂ နာရီ ၅ မိနစ်တွင် သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူမှာ အသက် ၅၀ အရွယ် ဦးကျော်ကျော်သိန်းဖြစ်ပြီး မြောက်ဒဂုံမြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းတွင်နေထိုင်သူဖြစ်ကြောင်း သိရသည်။ ဦးကျော်ကျော်သိန်းသည် ပြီးခဲ့သည့်လ ၂၄ ရက်ကမှ ပါတီဝင်အဖြစ်လျှောက်ထားသူဖြစ်ပြီး ယင်း၏ ရုပ်အလောင်းအား အန်အယ်ဒီပါတီဝင် ၃၀ ခန့်မှ ရင်ခွဲရုံသို့ ၀မ်းနည်းစွာဖြင့် လိုက်လံပို့ဆောင်ပေးခဲ့ကြကြောင်း ဗိုလ်ကြီးဟောင်းကိုနေမျိုးဇင်က 7Day News သို့ ပြောသည်

Myanmar Express

1 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်