Subscribe to our RSS Feed

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ မဟာဗျူဟာအမှားများ

မြန်မာဂျာနယ်လစ်အများစု အတွက်တော့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မဝေဖန်ကောင်းတဲ့သူ ဖြစ်နေဆဲပါ။ စည်သူအောင်မြင့်တစ်ယောက်လောက်ပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ရဲတာ တွေ့ရ ပြီး ကျန်တဲ့ဂျာနယ်လစ် အများစုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မြှောက်ပင့်ရေးသားနေတဲ့ အမြောက်တပ်သားတွေ ဖြစ်နေဆဲပါ။
နိုင်ငံတကာအမြင်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အတ္တကြီးတဲ့ အာဏာရှင် တစ်ယောက်အဖြစ် ထင်မြင်ယူဆနေကြပါပြီ။ နိုင်ငံတကာ ထောက်ခံမှုတွေလည်း သိသိသာသာ ကျဆင်း နေပါပြီ။ ပြီးခဲ့တဲ့အပတ်က ကမ္ဘာကျော်သတင်းစာကြီးတစ်စောင်ဖြစ်တဲ့ The New York Times မှာ Myanmar Democracy Icon Finds Herself Assailed as Authoritarian ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဏာရှင်ဆန်မှုကို ဝေဖန်ထားတဲ့ ဆောင်းပါးတစ်စောင် ပါလာပါတယ်။
အဲဒီ ဆောင်းပါး မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မဟာဗျူဟာမြောက် အတွေးအခေါ်လည်း မရှိ၊ လိမ္မာပါးနပ်တဲ့ နိုင်ငံရေးသမား တစ်ယောက်လည်း မဟုတ်ဖူးလို့ စည်သူအောင်မြင့်က ဝေဖန်ထားကြောင်း ဖော်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မဟာဗျူဟာမြောက် အတွေးအခေါ်လည်း မရှိ၊ လိမ္မာပါးနပ်တဲ့ နိုင်ငံရေးသမား လည်း မဟုတ်ဘူးလို့ ဘာကြောင့် ဝေဖန်တယ်ဆိုတာ သုံးသပ်တင်ပြသွားပါမယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး မဟာဗျူဟာ အမှားကတော့ တပ်မတော်ကို စည်းရုံးဖို့ မကြိုးစားပဲ ဝေဖန်ပုတ်ခတ်နေခြင်းပဲ ဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးအောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ နေခဲ့ရတဲ့အတွက် တပ်မတော်ကို ဝေဖန်ပုတ်ခတ်ခြင်းဟာ လူထုထောက်ခံမှု ရကောင်းရမှာ ဖြစ်ပေမယ့် အနာဂတ်မြန်မာ့နိုင်ငံရေးအတွက်တော့ အလားအလာကောင်း ဖြစ်ပုံမရပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ အခြေခံဥပဒေ ပြင်ဆင် ရေးလှုပ်ရှားမှုမှာ တပ်မတော်ကို ဝေဖန်ပုတ်ခတ်ခဲ့သလို ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွေမှာလည်း တပ်မတော်ကို ကြံ့ခိုင်ရေးပါတီရဲ့ ခါးပိုက်ဆောင်တပ်အဖြစ် ဝေဖန်ပုတ်ခတ် ပြောဆိုခဲ့ပါတယ်။ ဒီလို ဝေဖန် ပုတ်ခတ်မှုတွေဟာ အနာဂတ်မှာ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခက်တွေ့စေမှာပါ။
အာဏာမရသေး ခင်တောင်မှ တပ်မတော် ကို ဒီလိုဝေဖန်ပုတ်ခတ်နေတဲ့ ပါတီဟာ အစိုးရများဖြစ်သွားလို့ကတော့ တပ်မတော် ကို ဘယ်လောက်နှိပ်ကွပ်မလဲ မသိဘူးလို့များ တပ်မတော်သားတွေက မြင်လာခဲ့ရင် နိုင်ငံရဲ့ ဒီမိုကရေစီရေး အတွက် ဘယ်လိုမှ ကောင်းကျိုးဖြစ်လာနိုင်စရာမရှိပါဘူး။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်က အချိန်ကာလတစ်ခုအထိ ပါဝင်နေဦးမှာပါ။
ယေဓမ္မာ ဟေတုပ္ပဘ၀ါ ၊ အကြောင်းကြောင့် အကျိုးဖြစ်တယ်လို့ မြတ်စွာဘုရားဟောကြားတော် မူခဲ့တဲ့အတိုင်းပဲ တပ်မတော်က နိုင်ငံရေးမှာ ဝင်ပါနေရခြင်းတည်းဟူသော အကျိုးတရားဖြစ်လာရခြင်းမှာ အကြောင်းတရားများစွာရှိတယ်ဆိုတာ နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ နားလည်ဖို့ လိုပါတယ်။ အဲဒီလို အကျိုးတရားဖြစ်စေတဲ့ အကြောင်းတရားတွေကို ပြုပြင်ဖို့ မကြိုးစားပဲ တပ်မတော်ကို ဝေဖန်အပုတ်ချရုံ သက်သက်နဲ့တော့ တပ်မတော်က နိုင်ငံရေးက ထွက်သွားဖို့ မဖြစ်နိုင်တဲ့အပြင် နိုင်ငံရေးမှာ ပါဝင်နေတဲ့ကာလ ပိုပြီးတော့ ရှည်အောင် လုပ်သလိုဖြစ်နေပါတယ်။
နဒ္ဒိဝိလာသ ဇာတ်တော်မှာ ဘုရားလောင်းနွားမင်းဟာ ဆဲရေးပြီးခိုင်းစေတဲ့အခါ လှည်းများကို မဆွဲပဲ ချိုသာစွာခိုင်းစေတဲ့အခါမှ လှည်းအစီးတစ်ထောင်ကို ဆွဲခဲ့တာ ကို သတိပြုဖို့လိုပါတယ်။ ကိုယ်က အောက်ကလဲနေသေး၊ ဆဲတာလည်း မလျော့လို့တော့ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။
ဒုတိယ မဟာဗျူဟာ အမှားကတော့ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာ အောက်ခြေက တင်ပြမှုကို ဂရုမစိုက်ပဲ ဗဟိုစိတ်ကြိုက်ရွေးချယ်ခြင်းနဲ့ ၈၈ မျိုးဆက်များကို ကိုယ်စားလှယ်လောင်းအဖြစ် မရွေးခဲ့ခြင်းတို့ပဲ ဖြစ်ပါတယ်။ NLD ပါတီအနေနဲ့ ဒီမိုကရေစီရေး ဆောင်ရွက်နေတဲ့ပါတီဆိုပြီး ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့နေရာမှာ အခုလိုမျိုး ဒီမိုကရေစီနည်းမကျပဲ ဗဟိုဦးစီးစနစ်နဲ့ လုပ်ဆောင်ခဲ့တဲ့အတွက် အံ့အားသင့်စရာဖြစ်ခဲ့ရသလို ဗဟိုက ရွေးတဲ့ ကိုယ်စားလှယ်လောင်းကို မကြိုက်လို့ ပြန်လဲပေးဖို့ ဆန္ဒပြ တောင်းဆိုသူတွေကို အစစ်အဆေး အမေးအမြန်းမရှိ ပါတီက ထုတ်ပယ်အရေးယူခဲ့လို့ NLD သာ အာဏာရခဲ့ ရင် ဒီမိုကရေစီရေး အာမခံနိုင်ပ့ါမလား မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
အဲဒီလို အောက်ခြေက တင်ပြတာ ကို ဂရုမစိုက်ပဲ ဗဟိုက လုပ်ချင်သလိုလုပ်တဲ့အတွက် အသက်မပြည့်တဲ့ ကိုယ်စားလှယ်လောင်းတွေ၊ မိဘက နိုင်ငံသား မဟုတ်တဲ့ ကိုယ်စားလှယ်လောင်းတွေ ပါရှိလာပြီး အပယ်ခံရတဲ့အပြင် ဗဟိုကရွေးလိုက်တဲ့ ကိုယ်စားလှယ်လောင်းကို လက်မခံနိုင်တဲ့အတွက် ပါတီကနေ အစုလိုက် အပြုံလိုက် နှုတ်ထွက်မှုတွေ ရှိလာခဲ့ ပြီး ပါတီတွင်း စည်းလုံးညီညွတ်မှု ပြိုကွဲပြီး ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ သေချာပေါက် ထိခိုက်မှာ ဖြစ်ပါ တယ်။ အလားတူပဲ ဒီမိုကရက်တစ်အင်အားစုများဖြစ်တဲ့ ၈၈ မျိုးဆက်များက ကမ်းတဲ့လက်ကို မလှမ်းပဲ ပုတ်ချလိုက်ခြင်းဟာလည်း ရွေးကောက်ပွဲ ရလာဒ်အပြင် ရွေးကောက်ပွဲအပြီး နိုင်ငံရေးမှာ သေချာပေါက် ထိခိုက်မယ့် အမှားတွေပဲဖြစ်ပါတယ်။
တတိယ မဟာဗျူဟာ အမှားကတော့ တိုင်းရင်းသားတွေကို အလေးမထားခြင်းပါ။ အခြေခံဥပဒေအရ တပ်မတော် က လွှတ်တော်ထဲမှာ ၂၅ % ယူထားတာမို့ ရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ် ၇၀ % ကျော် ရတဲ့ပါတီမှ သာ အစိုးရဖွဲ့မယ့် သမ္မတကို စိတ်ကြိုက်ရွေးနိုင်မှာပါ။ တိုင်းရင်းသားပါတီတွေဟာ သူတို့ရဲ့ ဒေသတွေမှာ အားကောင်းတဲ့အတွက် သမ္မတရွေးချယ်တင်မြှောက်ရေးမှာ တိုင်းရင်းသားတွေရဲ့ မဲဟာ အရေးပါလာနိုင်ပါ တယ်။ ဒါပေမယ့် NLD အနေနဲ့ တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ဆက်ဆံရေး ထူထောင်ခြင်း မရှိပါဘူး။ NLD အနေနဲ့တိုင်းရင်းသားပါတီများကို မဟာမိတ်အဖြစ်သဘောမထားနိုင်ပဲ ပြိုင်ဖက်အဖြစ်သာသဘောထားတာ တွေ့ရပါတယ်။
စတုတ္ထ မဟာဗျူဟာ အမှားကတော့ ဒုတိယခေါင်းဆောင် မရှိခြင်းပါ။ ယနေ့အချိန်မှာ NLD ဆိုတာ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ NLD ဆိုတဲ့သဘောဖြစ်နေပြီး ဒုတိယ ခေါင်းဆောင်မပြောနဲ့၊ တတိယ ခေါင်းဆောင်ကို မရှိပါဘူး။ အသက် ၇၀ ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကျန်းမာရေးအရ ပါတီကို ဦးဆောင်မှုမပေးနိုင်ရင် ပါဝါ မကွာလှတဲ့ စီအီးစီတွေအတွင်းမှာ အကွဲကွဲဖြစ်ပြီး NLD ပါတီ အစိတ်စိတ်အမွှာ မွှာကွဲသွားနိုင်ပါတယ်။ NLD ပါတီသာ အစိတ်စိတ်ကွဲသွားမယ်ဆိုရင် မြန်မာနိုင်ငံ့ရေးမှာ အင်အားတောင့်တင်း တဲ့ အတိုက်အခံ မရှိတော့ပဲ ဒီမိုကရေစီရေးဟာ ပိုမိုကြန့်ကြာဖို့ရှိပါတယ်။
ပဉ္စမ မဟာဗျူဟာ အမှားကတော့ သံဃာတော်တွေကို ချိုးနှိမ်ဖို့ ကြိုးစားခဲ့ခြင်း ဖြစ်ပါတယ်။ တစ်ဘက်လှည့်နဲ့ အပုပ်ချလို့ ရအောင် ထင်လင်းဦး၊ ဦးဘုန်း(ဓါတု) စတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဟောပြောပွဲတွေကနေ ရဟန်းသံဃာတွေ ကို နှိပ်ကွပ်ဖို့ လုပ်ခဲ့ပါတယ်။ ရွှေဇီးကွက်၊ ကြည်ဖြူသျှင်၊ ထွန်းအိန္ဒြာဗိုလ်၊ ရှီ၊ ချစ်သုဝေ စတဲ့ အနုပညာရှင် တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ စာပေသမားတွေက ဘုန်းကြီးတွေကို နာလန် မထူနိုင်အောင် တိုက်နိုင်ခဲ့ရင် NLD အပေါ် ဆန့်ကျင်မှုတွေ နည်းသွားမယ် ဆိုတဲ့ စိတ်ကူးယဉ်အတွေးနဲ့ လုပ်ခဲ့ကြပါတယ်။
ဒီတော့ သံဃာဂိုဏ်း သင့်ပြီး ငရဲကြီးခဲ့ပါတယ်။ ထင်လင်းဦး ထောင်ကျခဲ့ရပါတယ်။ NLD ထောက်ခံသူတွေက သံဃာတွေရဲ့ အပြစ်တွေရှာကြတယ်။ NLD အမာခံ မီဒီယာတွေက မီဒီယာလက်နက်နဲ့ ဗုဒ္ဓဘာသာကို နာမည်ဖျက်ခဲ့ကြပါတယ်။ ဒီလိုလုပ်ခဲ့တာတွေကြောင့် ဗုဒ္ဓ ဘာသာဟာ နာမည်ပျက်ခဲ့ရပါတယ်။ မြန်မာနိုင်ငံက သံဃာတော်တွေဆိုရင် အစွန်းရောက်သမားတွေလို့ သတ်မှတ်တာ ခံခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မိုက်ကယ်အဲရစ်ကို ယူခဲ့တဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမျိုး ပျက်သွားခဲ့ရပါတယ်။ အမျိုးမစစ်တွေ မွေးထားတာဟာ အမျိုးမချစ်လို့ ဖြစ်ပါတယ်။ သံဃာတော်တွေက အမျိုးကိုစောင့်ထိန်းဖို့၊ အမျိုးကို စောင့်ရှောက်ဖို့ ပြောလေလေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးမချစ်တာကို ထိလေလေ ဖြစ်ခဲ့ရ ပါတယ်။ ဒီတော့ အမျိုးစောင့် ဥပဒေကို ကန့်ကွက်ဖို့ NLD က ဆုံးဖြတ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ဖို့ ဗုဒ္ဓဘာသာဝင် သံဃာတော်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ NLD ပါတီ နဲ့ ပါတီထောက်ခံသူတွေကြောင့် ဗုဒ္ဓဘာသာ နာမည်ပျက်ရတယ်လို့ ပြောရင် မမှားပါဘူး။
နောက်ဆုံး ဆဌမ မဟာဗျူဟာ အမှားကတော့ ငြိမ်းချမ်းရေးအတွက် အပစ်ရပ်လက်မှတ်ထိုးတာကို ကန့်ကွက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီသဘောထားဟာ မူလက သူမကို ထောက်ခံနေသူတွေကိုပါ အော့နှလုံးနာစရာ ဖြစ်စေခဲ့ပါ တယ်။ တကယ်လို့သာ NCA ရမယ် ဆိုရင် NLD နိုင်ခဲ့ရင် နိုင်ငံရေးဆွေးနွေးရုံပါပဲ။ အစက ပြန်စဖို့ဆိုတာ ထက် လက်ရှိအစိုးရ နာမည်ကောင်းရသွားမှာစိုးလို့ ကြားက၀င်ပြီး ဖျက်ခဲ့တာဟာ ကြီးမှားလှတဲ့ အမှားကြီး ပါပဲ။ ဘယ်လောက်ပဲ လက်မှတ်တွေ ထိုးထားထား အမြောက်တစ်ချက် ပစ်လိုက်တာနဲ့ တိုက်ပွဲတွေ ပြန်ဖြစ် လာမှာပါ။ စစ်တပ်ကို ဘယ်လို ကိုင်နိုင်တဲ့ အစွမ်းရှိလို့ ဒီလို ဖျက်တာလဲ မသိပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှားတွေကတော့ တစ်ခုပြီးတစ်ခု ထပ်ခါတလဲလဲ မှားခဲ့ပါတယ်။ ဘယ်သူမှ တားလို့ဆီးလို့မရတဲ့ အာဏာရှင် ဖြစ်လာနေပါတယ်။ NLD ပါတီဝင်တွေကိုယ်တိုင်၊ NLD ထောက်ခံသူတွေကိုယ်တိုင် ဆန့်ကျင်လာခဲ့ကြပါတယ်။ ဒီတော့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ NLD ပါတီကို ထောက်ခံမှု ရာခိုင်နှုန်းဟာ ၄၀% ပြည့်ရင် ကံတော်တော်ကောင်းတယ် ပြောရပါလိမ့်မယ်။ ၃၀ % ကျော်လောက်တော့ ရနိုင်ပါတယ်။ ဒါပေမယ့် လူထုအများစုရဲ့ ထောက်ခံမှုကိုတော့ မရနိုင်တော့ပါဘူး။
အဆုံးမှာတော့ အသက် ၇၀ ကျော် အမျိုးသမီးကြီးရဲ့ နောက်ဆုံးအချိန်ဟာ သင်္ခါရနဲ့ နှစ်ပါးသွားရတော့မှာပါ။ မသေခင်မှာတော့ အစိတ်အမွှာမွှာ ပြိုကွဲနေတဲ့ NLD ပါတီကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မြင်မသွားခဲ့ရင် ပိုပြီးကံကောင်းမှာဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။ ။
( Aung Htut Thet )

 https://www.facebook.com/MyanmarExpress

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်