Subscribe to our RSS Feed

နိုင်ငံရေး ကိုယ်ချင်းစာစိတ် ရှိကြပါရဲ့လား

From : .. Myanmar Times


 ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ဘယ်လို ရပ်တည်သလဲဆိုတာ ဒီကနေ့
ရှင်းပြ ဆွေးနွေးပါ့မယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ နိုင်ငံတော် သမ္မတနဲ့ ပတ်သက်ပြီး ခုလို ဖော်ပြချက် တစ်ခု
ပါရှိပါတယ်။

ပုဒ်မ ၆၄ မှာ 'နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများသည် နိုင်ငံရေးပါတီ တစ်ခုခုဇ။်
အဖွဲ့ဝင်ဖြစ်လျင် နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း
ခံရသည့်နေ့မှစ၍ မိမိတို့ ရာထူးသက်တန်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင်
ပါဝင်ဆောင်ရွက်ခြင်း မပြုရ' ဆိုပြီး ဖော်ပြထားပါတယ်။

ဒီအချက်နဲ့ ပတ်သက်ပြီး အစောပိုင်းကာလတွေမှာ သမ္မတ ဦးသိန်းစိန် ပြည်ခိုင်ဖြိုးပါတီနဲ့ ဆိုင်တဲ့
အစည်းအဝေး အခမ်းအနားတွေကို သွားတက်တဲ့အခါ အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။

သမ္မတနဲ့ သူ့ရဲ့ ပါတီ ဆက်နွှယ်မှုတွေနဲ့ ပတ်သက်ပြီး အဓိက မေးခွန်းထုတ်သူတွေကတော့
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ လွှတ်တော်ထဲ ရောက်လာတဲ့ အင်န်အယ်လ်ဒီ အမတ်တွေပါ။

ဒါကို ပြန်ဖြေရှင်းတဲ့ ပြည်ခိုင်ဖြိုးပါတီဘက်ကတော့ သမ္မတဟာ သူ့သမ္မတ တာဝန်ထမ်းဆောင်ချိန်
အတွင်း ပါတီလုပ်ငန်းတွေ လုပ်လို့တော့ မရဘူးဆိုတာ မှန်တယ်၊ ဒါပေမယ့် အဲဒီ ပါတီကနေလဲ
နှုတ်ထွက်ဖို့ မလိုဘူး ဆိုပြီး ပြောဆိုခဲ့ကြပါတယ်။

နောက်ပိုင်း ပြည်ခိုင်ဖြိုး ခေါင်းဆောင်တွေ ကိုယ်တိုင် သမ္မတဦးသိန်းစိန် ဟာ ပြည်ခိုင်ဖြိုးပါတီရဲ့
ဥက္ကဋ္ဌ အဖြစ် ရှိနေဆဲပဲ၊ သူ့ကို ဥက္ကဋ္ဌ ရာထူးကနေ ထုတ်ပယ်ထားတာ မရှိသေးဘူး။

သမ္မတ ရာထူးရယူထားလို့ ဥက္ကဋ္ဌ တာဝန်မထမ်းဆောင်နိုင်တာပဲ ရှိတယ်လို့ ပြောဆိုခဲ့ကြပါတယ်။

သူရဦးရွှေမန်းကိုတော့ သမ္မတ ဦးသိန်းစိန် ဥက္ကဋ္ဌ တာဝန် မထမ်းဆောင်နိုင်သေးခင် ယာယီ ဥက္ကဋ္ဌ
တာဝန်ယူနေသူသာ ဖြစ်တယ်ဆိုပြီး ဖြေကြားခဲ့ကြပါတယ်။

ပြည်သူတွေကလည်း အဲလိုပဲ နားလည်ခဲ့ကြပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ အဲလို ပြဋ္ဌာန်းထားပေမယ့်လည်း သမ္မတတွေ၊ ဒုသမ္မတတွေ
အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေဟာ ရွေးကောက်ပွဲ ကျင်းပမယ် ဆိုရင်တော့ ရွေးကောက်ပွဲ ၀င်ချင်
ဝင်ကြမှာပဲ ဖြစ်ပါတယ်။

ဒီအတွက် အရင် စစ်အစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီလို့ ဆိုထားတဲ့
ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေကို ၂၀၁၀ အောက်တိုဘာ ၂၁ ရက်နေ့မှာ ပြဋ္ဌာန်းပေးခဲ့ပါတယ်။

အဲဒီ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ၊ ပုဒ်မ ၇ (ခ)မှာ အခုလို ဖော်ပြထားပါတယ်။

'ပုဒ်မခွဲ (က)အရ ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီ တစ်ခုခုဇ။် အဖွဲ့ဝင် ဖြစ်လျင်သော်
လည်းကောင်း၊ တစ်သီးပုဂ္ဂလ ရွေးချယ်ခံခဲ့သူဖြစ်လျင်သော်လည်းကောင်း၊ သီးခြား တာဝန်ပေးအပ်
ခံခဲ့ရသည့် နိုင်ငံသား တစ်ဦး ဖြစ်လျင်သော်လည်းကောင်း အဆိုပါ ပုဂ္ဂိုလ်သည် နောင်လာမည့်
အထွေထွေ ရွေးကောက်ပွဲ တစ်ရပ်ရပ်တွင် ပါဝင် ရွေးချယ်ခံမည့်သူ ဖြစ်ပါက နိုင်ငံသား တစ်ဦးအား
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၈၊ ပုဒ်မခွဲ(က) အရ ပေးအပ်ထားသော ရွေးကောက်
တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေရန် အလို့ငှာ ရွေးကောက်ပွဲ ကျင်းပရန် ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်က ကြေညာသည့်နေ့မှ စ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၂၀ နှင့် ပုဒ်မ ၁၂၁ တို့ပါ
ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီလျင် ရွေးကောက်ပွဲဆိုင်ရာ ပါတီ စည်းရုံးရေး လုပ်ငန်းများကို
လည်းကောင်း၊ နယ်မြေစည်းရုံးရေး လုပ်ငန်းများကိုလည်းကောင်း၊ ဆောင်ရွက်ခွင့် ရှိသည်။' လို့
ဆိုထားပါတယ်။

အဓိပ္ပာယ်ကတော့ သမ္မတနဲ့ အစိုးရအဖွဲ့ဟာ တာဝန်ထမ်းဆောင်ချိန် ပါတီလုပ်ငန်းတွေထဲ
သွားမပါနဲ့၊ ဒါပေမဲ့ ရွေးကောက်ပွဲ ၀င်ချိန်မှာတော့ ကိုယ့်ပါတီကနေ ကိုယ် ရွေးကောက်ပွဲဝင်၊
ပါတီ စည်းရုံးရေးလည်း လုပ်နိုင်တယ်၊ လုပ်ခွင့်ရှိတယ် ဆိုတာမျိုးပါ။

ဒါပေမဲ့၊ ဒါပေမဲ့လည်းပေါ့လေ။ ပြည်ခိုင်ဖြိုးပါတီအတွင်း သမ္မတလောင်းနေရာကိစ္စ သူရဦးရွှေမန်းနဲ့
သမ္မတ ဦးသိန်းစိန် အားပြိုင်မှု အလွန်ကြီးလာတဲ့အခါ လွှတ်တော်ထဲက ပြည်ခိုင်ဖြိုးအမတ်တွေက
သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ကို ပြည်ခိုင်ဖြိုးပါတီ အပြင်ဘက်ရောက်အောင် ကန်ထုတ်ဖို့
လုပ်ကိုင်ပါတော့တယ်။

အဲဒါကတော့ စောစောက တင်ပြခဲ့တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ ထဲက 'ရွေးကောက်ပွဲ
ဆိုင်ရာ ပါတီ စည်းရုံးရေး လုပ်ငန်းများ'ဆိုတဲ့ စာသားနေရာမှာ ပါတီဆိုတဲ့ စကားလုံးကို ဖြုတ်ပြီး
'ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေးလုပ်ငန်းများ' ဆိုပြီး ပြင်ဖို့ ပြည်သူ့လွှတ်တော်မှာ စကြိုးစားတာပါ။

အဲဒါကို ပြင်လိုက်နိုင်ရင် လာမယ့် ရွေးကောက်ပွဲကာလမှာ သမ္မတ ဦးသိန်းစိန်ဟာ ပြည်ခိုင်ဖြိုးပါတီ
ကို ပြန်သွားဖို့ နေနေသာသာ ပြည်ခိုင်ဖြိုး အမတ်အနေနဲ့တောင် ပြိုင်ခွင့် မရှိတော့ပါဘူး၊ ဒါတင်မက
အခြား ဘယ်ပါတီ တစ်ခုခုမှာမှ ပါဝင်ခွင့် မရှိတော့သလို၊ ပါတီ တစ်ခုခု ထောင်မယ်ဆိုတာတောင်
ထောင်လို့ မရတော့ပါဘူး။ ပြည်ခိုင်ဖြိုး ပါတီမှာ သူရဦးရွှေမန်းဟာ ပြိုင်ဘက်မဲ့ ခေါင်းဆောင်၊
ပြိုင်ဘက်မဲ့ သမ္မတလောင်း ဖြစ်အောင် သမ္မတ ဦးသိန်းစိန်ကို ဥပဒေ ပြဋ္ဌာန်း လုပ်ကိုင်ခြင်းပါ။

ဒါတင်မက ပြည်ခိုင်ဖြိုးပါတီကအင်အားစုတွေကိုလည်း စည်းရုံးခွင့်မရအောင်၊ အခြား ပါတီ
တစ်ခုထောင်ပြီး ပြည်ခိုင်ဖြိုးကို ယှဉ်ပြိုင်ဖို့ လုပ်မရအောင် အကောင်အထည် ဖော်တာမျိုးပါ။

သမ္မတ ဦးသိန်းစိန်နဲ့ သူ့ အစိုးရအဖွဲ့ဝင်တွေဟာ ရွေးကောက်ပွဲ ၀င်ချင်ရင် ဘယ်ပါတီ
ကျောထောက် နောက်ခံမှ မပါဘဲ၊ တစ်ယောက်နဲ့ တစ်ယောက်တောင် စုစည်းခွင့်မရှိဘဲ
တစ်သီးပုဂ္ဂလတွေအနေနဲ့ တကွဲတပြားစီ ၀င်ပြိုင်ကြဖို့ပဲ ဖြစ်ပါတယ်။

သူရဦးရွှေမန်းနဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ သဘောထားကလည်း ရှေ့နောက်မညီ ထူးဆန်းပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆(ခ) ဆိုင်ရာ အပိုင်းကို တင်စဉ်တုန်းက လူပုဂ္ဂိုလ်
တစ်ယောက်ယောက် သမ္မတ တာဝန်ထမ်းဆောင်ပြီဆိုတာနဲ့ သက်ဆိုင်ရာ ပါတီ လုပ်ငန်းတွေ
ဆောင်ရွက်ခွင့် မရှိအောင် တားမြစ်ထားတဲ့ ပုဒ်မ ၆၄ ကိုတော့ ပယ်ဖျက်သင့်တယ်ဆိုပြီး
တင်သွင်းခဲ့တာ တွေ့နိုင်ပါတယ်။

အဓိပ္ပါယ်ကတော့ လာမယ့် ရွေးကောက်ပွဲမှာ သမ္မတ ဦးသိန်းစိန်ဟာ ပါတီကျောထောက်
နောက်ခံတောင် မရှိဘဲ ရွေးကောက်ပွဲ ၀င်စေ၊ နောင်တက်လာမယ့် သမ္မတအသစ်ကတော့
ပါတီ လုပ်ငန်းတွေကိုပါဆက်ပြီး ထမ်းဆောင်ခွင့် ရစေချင်တယ်ဆိုတဲ့ ရှေ့တစ်မျိုး၊ နောက်တစ်မျိုး
သဘောထားမျိုး ဖြစ်နေပါတယ်။

တကယ်တော့ ရွေးကောက်ပွဲဆိုတာ လွတ်လပ်ပြီး တရားမျှတဖို့ လိုပါတယ်။

ဦးသိန်းစိန် တစ်ဦးချင်းဖြစ်စေ၊ သူ့ အစိုးရအဖွဲ့မှာ ပါနေတဲ့သူတွေပဲ ဖြစ်စေ၊ လာမယ့်
ရွေးကောက်ပွဲမှာ ပါတီ တစ်ခုခုကို ကိုယ်စားပြုပြီး ပြိုင်ခွင့်မရအောင် လုပ်တယ်ဆိုတာဟာ
ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၅၉(စ) ပြဋ္ဌာန်းပြီး သမ္မတ ဖြစ်ခွင့် တားမြစ်ပိတ်ပင်တာနဲ့
သိပ်ပြီး မခြားနားလှပါဘူး။

သက်ရောက်မှုခြင်း အနည်းငယ် ကွာနိုင်ပေမယ့် ညစ်ပတ်တာချင်းကတော့ အတူတူပါပဲ။

ဒါပေမဲ့ ခက်တာက ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့ သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ကို ညစ်ထားတဲ့
အဲဒီ ပြည်ထောင်စု အစိုးရ ဥပဒေ ပြင်ဆင်ချက်တွေကို မဲခွဲရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့
အင်န်အယ်လ်ဒီ အမတ်တွေဟာ ကြားမနေပဲ ပြင်ဆင်ဖို့ ဘက်ကနေ တက်တက်ကြွကြွ
မဲပေးခဲ့ကြတာပါပဲ။

ဒီနေရာမှာ မေးစရာရှိတာက သမ္မတ ဦးသိန်းစိန်ကိုပဲ သီးသန့် ရည်ရွယ်တဲ့၊ သဘောထား မရိုးတဲ့
ဒီ ဥပဒေ ပြင်ဆင်ရေးကို ဒေါ်အောင်ဆန်းစုကြည် နဲ့ အင်န်အယ်လ်ဒီက ဘာကြောင့်
တက်တက်ကြွကြွ ထောက်ခံရတာလဲ ဆိုတာပါ။

ကိုယ်ကိုယ်တိုင် စစ်အာဏာ ရှင်တွေရဲ့ ညစ်တာကို ခံထားရသူ တစ်ယောက်အနေနဲ့
အာဏာရပါတီအတွင်း ဂိုဏ်းဂဏတိုက်ပွဲမှာ တစ်ယောက်ကို တစ်ယောက် ညစ်ဖို့ လုပ်တဲ့ ဥပဒေ
ပြင်ဆင်ရာမှာ ဘာကြောင့် ညစ်တဲ့ဘက်က ရပ်တည်ခဲ့သလဲ ဆိုတာပါ။

ဒါဟာ သမ္မတ ဦးသိန်းစိန်၊ သူရဦးရွှေမန်းစတဲ့ လူပုဂ္ဂိုလ်ဆိုင်ရာ ပြဿနာတွေချည်း သက်သက်ပဲ
မဟုတ်ပါဘူး။

ကိုယ်ဟာ နိုင်ငံရေးမှာ အမှန်တရားဘက် ဘယ်လောက် ရပ်တည်သလဲ၊ ဘယ်လို
တရားမျှတမှုမျိုးကို လိုလားသလဲဆိုတာ ပြသရတဲ့ ပြဿနာလည်း ဖြစ်ပါတယ်။

ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အမတ်တွေကို အခု ကိစ္စမှာ နိုင်ငံရေးအရ
ကိုယ်ချင်းစာစိတ် ရှိခဲ့ကြရဲ့လားဆိုပြီး မေးမယ်ဆိုမေးထိုက်ပါကြောင်း
သုံးသပ်တင်ပြလိုက်ရပါတယ်။


.. https://www.facebook.com/MyanmarExpress
 

10 comments:

ကိုကိုကြီးနဲ့ မင်းကိုနိုင် လဒ နှစ်ကောင် အပါအဝင် ၈၈ ကျောင်းသားခေါင်းဆောင်နာမည်ကို အလွဲသုံးစားလုပ်ပီး ကိုယ်ကျိုးရှာနေတဲ့ ၈၈ အချောင်သမား လဒတွေ ကောင်းစားနေတယ်

အချောင်ရတဲ့ပိုက်ဆံတွေ တန်စိုးလက်ဆောင်တွေ တိုက်ခန်းတွေ ကားတွေ ကွန်ပျူတာတွေ လက်တော့တွေ အိုင်ဖုန်းတွေ...... တခြားအခွင့်အရေးမျိုးစုံနဲ့........

တောင်ဥက္ကလာ ဓမ္မရာဇာ ၂၉လမ်း ၁၂ရပ်ကွက်က ကုလားကန်ထရိုက်ဆောက်တဲ့တိုက် မပြီးသေးဘူး

မနေ့က ကိုကိုကြီးလာသွားလို့ ကုလားကိုမေးကြည့်တာ
၎လွှာက ကိုကိုကြီးအခန်းလေတဲ့

ကိုကိုကြီးက ဝယ်တာလား အလကားရတာလားမသိဘူး
ကျွန်တော်ကိုယ်တိုင်မြင်ခဲ့တာ

သူရိန်ဦး
၂၂-၇-၁၅


Phone Kyaw 22-7-15

ကိုကိုကြီးက ကားအမဲကြီးနဲ့ အိုဘားမားလိုပဲ။

စောက်ရေး မပါတာ။ ကိုကိုကြီးအဖေက ချဉ်ဖတ်ရောင်းစားတဲ့ လူတွေဗျ။

ကိုကိုကြီးအဖေက စာရေး။ ချဉ်ဖတ်ရောင်းတယ်။ ဟင်းဂလာ ချဉ်ဖတ်လားမသိဘူး။ စက်ဘီးနဲ့ လှည့်ရောင်းတာ။ သူရေးတဲ့စာကို ဖတ်ဖူးတယ်။ မှားရင် ကျနော့်အပြစ်။

မနေ့ က တောင်ဥက္ကလာပကို ကိုကိုကြီး လာတော့ ကားအမဲကြီးနဲ့ ။ ကိုကိုကြီး မိန်းမယူတော့ ဘောစိလိုပဲ။

ကိုကိုကြီး ထောင်က ထွက်တာ သိပ်မကြာသေးဘူး။ စီးပွားရေးလဲ လုပ်တာ မတွေ့ ဘူး။ ဒါဆိုရင် ဘာ့ကြောင့် ကိုကိုကြီးက အိုဘားမားလို လုပ်တာလဲ။

ခင်ဗျားတို့ ဟာက မှားနေတယ်။ နေပါအုံး ကိုကိုကြီးက မာစတာမိုင်းလား။ ပြောလိုက်၊ အဲဒီဘဲ ကိုကိုကြီးကို စောက်ခွက်ကို ရောင်ကိုင်းနေအောင် လုပ်အုံးမယ်။

၈၈ မျိုးဆက်ပွင့်လင်းတွေ သူတောင်းစားထမင်းဝလို့  -ီး တောင်နေတာ အများကြီးပဲ။

ဘုန်းကျော် (လူ့ဘောင်သစ်)
ဩစီ


ထိပ်ပြောင် ကိုကိုကြီး ပြည်သူတွေလှူတဲ့ငွေတွေ လိမ်စားတဲ့ငွေတွေနဲ့မိန်းမယူတာဆိုတော့ သူ့မိန်းမကို ပြည်သူတွေလဲပိုင် တယ်


ဒီ ကိုကိုကြီး မင်းကိုနိုင် ဆိုတဲ့ ၈၈ ကောင်တွေက အလှူငွေတွေ ထောက်ပံ့ငွေတွေကို သူတို့ကိုယ်ကျိုးအတွက် သုံးနေတာ
သူတို့ကိုယ်ကျိုးအတွက် တပြားမှမသုံးဘူးဆို လည်ဖြတ်ခံလိုက်မယ် .
ကိုကိုကြီး မင်းကိုနိုင် က စာရင်းပျောက်ခိုးကြတဲ့ ခွေးသူခိုးတွေ
ပြည်သူက ဘယ် ၈၈ ကောင်မှ မယုံတော့ဘူး ထွီးးးး


ခါတော်မီအမတ်လောင်းတစ်ယောက်နဲ့ ပုပ်အဲ့အဲ့ဒိုင်ယာရီ

ပြည်မြန်မာ မီဒီယာ
25-7-2015

လက်ရှိအခြေအနေအရ အတိုက်အခံအင်အားကြီးပါတီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ အမတ်လောင်းရွေးချယ်မှုသတင်းတွေ ဟာ နိုင်ငံရေးလောကမှာ တော်တော်လေးမွှေးပျံ့နေတယ်လို့ဆိုရမှာဖြစ်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အပါအ၀င် အသိုင်းအ၀ိုင်းမျိုးစုံက နာမည် ကြီးများ၊ ပညာရှင်များနဲ့ အများအခေါ် ခရိုနီ များကပါ ၂၀၁၅ မှာ NLD ပါတီကနေ၀င်ရောက်အရွေးခံဖို့အတွက် အပြိုင်အဆိုင် နာမည်စာရင်း
ပေးသွင်းနေကြတာကို လည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

NLD ထောက်ခံသူ တစ်ချို့အနေနဲ့ ၎င်းတို့ပါတီကိုပညာရှင်တွေ ရောက် လာပြီလို့ ဂုဏ်ယူဝင့်ကြွားမှုတွေရှိနေတာကြောင့်လည်း တစ်ချိန်က NLD ပါတီထဲက ပါတီဝင်တွေဟာ အရည်အချင်းမရှိသူများ၊ ပညာရှင်များ မဟုတ်ကြဘူးလားဆိုတဲ့ တန်ပြန်ဝေဖန်မှုတွေကိုလည်း နိုင်ငံရေးလောကမှာ ကြားသိလာရပါတယ်။

ယခင်ကတည်းက NLD ပါတီကို လက်တွဲခဲ့ခြင်းမရှိတဲ့သူတွေဟာ ယခုလိုအချိန်မှ NLD ပါတီကို ၀င်ရောက်လိုတယ်လို့ ပြောလာခဲ့ပြီး
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဗဟိုကလည်း အဲဒီလူတွေကို အမတ်လောင်း နေရာပေးမယ်လို့ သတင်းတွေထွက်လာတဲ့အတွက် NLD မှာ ထောင်ကျတန်းကျလုပ်ကိုင်ခဲ့တဲ့ ပါတီဝင်ဟောင်း မျက်နှာမွဲတွေ
အတွက် တော့ ၀မ်းနည်းစရာတစ်ခုဖြစ်တယ်လို့ သုံးသပ်မှုတွေရှိ လာခဲ့ပါ တယ်။ အဲဒီလို ၀င်ရောက်လာခဲ့တဲ့ လူတွေထဲမှာ ထူးခြားမှု အရှိဆုံးကတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဆိုသူများ ဖြစ်နေတာ ကိုလည်း တွေ့မြင်ရပါတယ်။

၈၈ မျိုးဆက်အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ခဲ့ခြင်းမရှိသလို NLD အနိုင်ရခဲ့တဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာလည်း NLD လက်အောက်ကိုခိုလှုံခဲ့ခြင်းမရှိခဲ့တာကိုတွေ့ရပါတယ်။ အမေရိကန် သန်းကြွယ်သူဌေး ဂျော့ဆိုးရော့စ်ရဲ့ အထောက်အပံ့နဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းအမည်ခံပြီး လွှတ်တော်ပြင်ပ နိုင်ငံရေးကိုဆောင်ရွက်ခဲ့ကြ တာဖြစ်ပါတယ်။ ယခုလိုအခြေအနေမှာ ၈၈ မျိုးဆက်ရဲ့ နာမည်ကြီးတွေဖြစ် တဲ့ ကိုကိုကြီး၊ ဌေးကြွယ် တို့အနေနဲ့ NLD လက်အောက်ကနေ ရွေးကောက်ပွဲ ၀င်ရောက်မယ်ဆိုတာက နိုင်ငံရေးရိုးသားမှုရှိပါရဲ့လားလို့ မေးခွန်းထုတ်စရာဖြစ်လာ ပါတယ်။

လက်ရှိ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ဆိုသူ ဌေးကြွယ် ဟာ ၁၉၈၈ အရေးအခင်းမှာ ကျောင်းသားတွေကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် စစ်စစ်တစ်ဦးမဟုတ်ခဲ့ပါဘူး။ ထိုစဉ်က BBC သတင်းထောက် ခရစ်တိုဖာနဲ့ ချိတ်ဆက်ပြီး စစ်တပ်က ကျောင်းသူတွေကို မုဒိမ်းကျင့်မှုတွေ ကျူးလွန်နေတယ်လို့ BBC အသံလွှင့်ဌာနကနေ ၀ါဒဖြန့် သတင်းထုတ်လွှင့်မှုပြုလုပ်ခဲ့ရာကနေ နာမည်ကြီးလာခဲ့သူတစ်ဦးဖြစ်ပါတယ်။

ထို့အတူပဲ ၈၈ အရေးအခင်းကာလမှာ အမှန်တကယ်လှုပ်ရှား ခဲ့တဲ့ ကျောင်းသားစစ်စစ်များ အနေနဲ့ ဌေးကြွယ်ကို ယနေ့ထက် ထိ ခေါင်းဆောင်လို့ မသတ်မှတ် ကြောင်း ကိုလည်း ကြားသိရပါတယ်။ ၂၀၁၀ အစိုးရသစ်လက်ထက် ဒီမိုကရေစီစနစ်ကူးပြောင်းခဲ့တဲ့ အချိန်မှာတော့ ဌေးကြွယ်ပါဝင်တဲ့ ၈၈ မျိုးဆက်အဖွဲ့ဟာ နိုင်ငံရေးဇာတ် ခုံပေါ်မှာနေရာရလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အမေရိကန် သူဌေး ဂျော့ဆိုးရော့စ်နဲ့ ချိတ်ဆက်မိခဲ့ရာမှ ပွင့်လင်းလူ့အဖွဲ့အစည်း အဖြစ် နိုင်ငံရေးလှုပ်ရှားမှုတွေကို ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့ ဌေးကြွယ်အပါအ၀င် ၈၈ အဖွဲ့ရဲ့ ငွေကြေးအရှုပ်တော် ပုံတွေ ပေါ်ပေါက်လာခဲ့တာ ကိုလည်း သိရှိရမှာဖြစ်ပါတယ်။

ဒီအကြောင်းရာများနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ကျောင်းသားဟောင်း တစ်ဦးဖြစ်တဲ့ ဦးဇော်ဝင်းက ‘နိုင်ငံရေးသမား ရောင်းရန်ရှိသည်’ အမည်ရှိ ဆောင်းပါးရှည်တစ်ပုဒ်ကို ရေးသားခဲ့ပြီး News Watch ဂျာနယ်တွင်ဖော်ပြခဲ့ဖူးသလို ၈၈ မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်တဲ့ ကလောင်အမည် နတ်ရွာမိုးကလည်း ဌေးကြွယ်ရဲ့ ငွေကြေးအလွဲသုံးစား မှုတွေကို ဖော်ထုတ်ရေးသားခဲ့ဖူးပါတယ်။ ၂၀၀၆ ခုနှစ် သြဂုတ်လအတွင်းက အမေရိကန် NGO အဖွဲ့အစည်းက ဌေးကြွယ်ကို ဒေါ်လာ ၃၀၀၀၀ ပေးအပ် ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အဲဒီဒေါ်လာ သုံးသောင်းဟာ ပျောက်ခြင်း မလှ ပျောက်ဆုံးခဲ့တဲ့ အတွက်လည်း ဌေးကြွယ်နဲ့ ၈၈ အဖွဲ့အတွင်း မှာ ပြဿနာကြီးမားစွာဖြစ်ခဲ့ရတယ်လို့သိရပါတယ်။


၂၀၁၂ ခုနှစ်မှာ ပြုလုပ်ခဲ့ သည့် ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့
စေတနာဝဿန်ဂီတ ရံပုံငွေပွဲမှာ မင်းကိုနိုင်၊ ပြုံးချိုနဲ့ ဌေးကြွယ်တို့သုံးဦး ပန်းချီရေးဆွဲခဲ့သည့် ဂစ်တာကို ရွှေသံလွင်ကုမ္ပဏီက လေလံကြေး
၅၈၈ သိန်းပေးပြီး ၀ယ်ခဲ့တဲ့ပိုက်ဆံတွေ အပါအ၀င် ၂၀၁၃ ခုနှစ် ၈လေးလုံး ဒီမိုကရေစီငွေရတုနှစ်ပါတ်လည် အတွက် ရွှေသံလွင် က လှုဒါန်းခဲ့တဲ့ သိန်းနှစ်ထောင်ဟာလည်း အဖွဲ့ရဲ့ရန်ပုံငွေထဲကိုမရောက်ခဲ့ဘဲ ဌေးကြွယ်တို့ လက်ထဲမှာ ပျောက်သွားခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပြန်ပါ တယ်။

ဌေးကြွယ်အနေနဲ့ ငွေရေးကြေးရေးအရှုပ်အရှင်းများရှိနေခဲ့သည်သာမကဘဲ အမျိုးဘာသာ သာသနာအတွက်လည်း အားကိုးထိုက်သူ မဟုတ်ကြောင်းတွေ့ရှိရမှာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မေလအတွင်းက The Messenger မီဒီယာနဲ့ တွေ့ဆုံမှု တစ်ခုမှာ ဌေးကြွယ် ပြောခဲ့တဲ့ ဒီမိုကရေစီနိုင်ငံ မှာ အမျိုးစောင့်ဥပဒေမလိုဘူး ဆိုတဲ့စကားက အမျိုးဘာသာကို ထိန်းသိမ်းလိုတဲ့ ဗုဒ္ဓဘာသာ ၀င်တွေ အတွက် ရင်နာစရာတစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါ့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့က ဌေးကြွယ်နဲ့ ၈၈ မျိုးဆက် အဖွဲ့ကို နိုင်ငံရေးစားဖားများလို့တောင် ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချခဲ့ ပါတယ်။

ဌေးကြွယ်ရဲ့ နိုင်ငံရေး၊ စီးပွားရေ၊ လူမှုရေးအမှားတွေဟာ တစ်ဆထက် တစ်ဆ ပိုမိုလာခဲ့ပါတယ်။ ပျက်အဆင်ပြင်ခဏလို့ ဆိုနိုင်ပေမယ့် ဗုဒ္ဓဘာသာအယူအဆအရ မဂ်ဥာဏ်ဖိုဥာဏ်ပင်မရနိုင်တဲ့ ပြင်မရသော အမှားတစ်ခုကို လည်း ဌေးကြွယ် တစ်ယောက်ကျူးလွန်ခဲ့ပါတယ်။ ဒါကတော့ ကာမေသုမိစ္ဆာစာရ လို့ခေါ်တဲ့သူတစ်ပါးသားမယားကို ပြစ်မှားကျူး လွန်ခဲ့ ခြင်းပါပဲ။ သူနဲ့ဖောက်ပြန်ကျူးလွန်ခဲ့သူကလည်း တစ်ပါးသူမဟုတ်ဘဲ NLD ရဲ့နာမည်ကြီးအမတ်ဖြစ်သူ တရားဝင် ပြည့်တန်ဆာများထား ရှိရေးဥပဒေကို လွှတ်တော်မှာတင်သွင်းခဲ့တဲ့ ဒေါ်စန္ဒာမင်း ပဲဖြစ်ပါတယ်။ ဌေးကြွယ် နဲ့ ဒေါ်စန္ဒာမင်း တို့အနေနဲ့ ၂၀၁၂ခုနှစ်၊ဖေဖော်ဝါရီလအတွင်းက မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံဒေသမှာရှိတဲ့ River View ဟိုတယ်မှာ နှစ်ယောက်ခန်း တစ်ခန်းငှားပြီး နှစ်ဦးအတူအိပ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ နိုင်ငံရေး အသိုင်းအဝိုင်း တစ်ခုလုံးမှာ ဖောင်းကြွနေခဲ့ပြီး ၈၈ မျိုးဆက်များရော NLD ပါတီကိုပါ လူထုက ဝေဖန်ရှုံ့ချမှုတွေပြုခဲ့ကြဖူးပါတယ်။

အဲဒီတုန်းက ဌေးကြွယ်နဲ့ ဒေါ်စန္ဒာမင်းတို့ဟာ သူတို့ရဲ့ဇာတ်လမ်းတွေကို လူသိမခံလိုတဲ့အတွက် ရန်ကုန်မှ ပုဂံကို လေယာဉ်နဲ့ အသွားအပြန်လုပ်ခဲ့ကြ တာဖြစ်ပြီး နှစ်ညအိပ်သုံးရက်တိတိ ပုဂံမှာ နှစ်ယောက်အတူနေခဲ့ကြ တာဖြစ်ပါတယ်။ အမှန်ဆိုရင်ဖြင့် ဌေးကြွယ်သည် အိမ်ထောင်ရှိ သလို ဒေါ်စန္ဒာမင်းသည်လည်း အိမ်ထောင်ရှိသူဖြစ်ပါတယ်။

ယခုအခါမှာ ဒီလိုအကျင့်စာရိတ္တတွေရှိတဲ့ ဌေးကြွယ်လို လူမျိုးက အမတ်လောင်းအဖြစ်ဝင်ရောက် အရွေးခံတော့မှာ ဖြစ်တဲ့ အတွက်မြန်မာပြည်အတွက် ရင်လေးစရာဖြစ်လာခဲ့ပါတယ်။ သာပေါင်းညာစားစိတ်ရှိသူ၊ ငွေရေးကြေးရေး စိတ်မချရသူ၊ မယားရှိလင်တစ်ယောက်ဖြစ်နေပါလျက်နဲ့ လင်ရှိမယားတစ်ယောက် နဲ့ဖောက်ပြန်သူ၊ ကိုယ်ကျင့်သိက္ခာ တရားမရှိသူ ဌေးကြွယ်လိုလူတစ်ယောက် ဟာ တိုင်းပြုပြည်ပြုလွှတ်တော်ကို ၀င်ရောက်တော့မှာဖြစ်တဲ့အတွက်
မြန်မာနိုင်ငံရဲ့အနာဂတ်ဟာ စိုးရိမ်စရာဖြစ်လာပါတယ်။ ဒါ့ကြောင့် အကယ်၍သာ ဒီလိုအကျင့်သိက္ခာတရားမရှိတဲ့ ဌေးကြွယ်အနေ နဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီး မြန်မာ့နိုင်ငံရေးရဲ့ အရေးပါ အရာရောက်သူတစ်ဦးဖြစ်လာခဲ့မယ်ဆိုရင် တော့ဖြင့်………………။

ဝရဇိန်


ပြည်ပြေး.... FDB က နိုင်အောင် (ABSDF လူသတ်ကောင်).. NDD က ခင်ဥမ္မာ (လူသတ်ကောင် နိုင်အောင် ၇ဲ့မိန်းမ).. ဆိုတဲ့.. ခွေးဝဲစားတွေက.. ၀မ်းစာအတွက်..နိုင်ငံကိုချနင်းပြီး.. နိုင်ငံတကာအလှူရှင်အဖွဲ့အစည်းတွေဆီကနေ..လိမ်ပြီး..ငွေတောင်းပြီး..အလှူငွေတွေကို.. ကိုယ်ကျိုးအတွက်..အလွဲသုံးစားလုပ်ပြီး..ခိုးပြီး..ဒေါ်လာမီလျံနဲ့ချီပြီး.. ချမ်းသာနေကြတယ်..

နိုင်ငံတွင်းက.... သူခိုးကိုကိုကြီး.. သူခိုးမင်းကိုနိုင်.. သူခိုးဌေးကြွယ်.. သူခိုးပြုံးချို.. သူခိုးမြအေး.. သူခိုးဂျင်မီ-နီလာသိန်း..လင်မယား.. ဆိုတဲ့..(၈၈)လောက်ကောင်တွေက.. ABSDF လူသတ်ကောင် နိုင်အောင်-ခင်ဥမ္မာ လင်မယားစားသောက်ပြီးတဲ့..အ၇ိုးအ၇င်း..အကြွင်းအကျန်တွေကို.. ချီးပုံးထဲ..ချီးတုံးကျလာ၇င်..လုသလို.. ၇ွစိတက်ပြီး..အ၇ှက်မ၇ှိ..အော်ဟစ်ကြွေးကြော်ပြီး.. ကျလာတဲ့..စွန့်ကြဲစာကို.. တဖြဲနဖြဲ..လုယက်စားနေကြတယ်..

ABSDF လူသတ်ကောင် နိုင်အောင်-ခင်ဥမ္မာ လင်မယားက (၈၈)လောက်ကောင် သူခိုးကိုကိုကြီး.. သူခိုးမင်းကိုနိုင်.. တို့ဆီကို စွန့်ကြဲလိုက်တဲ့..အ၇ိုးအ၇င်း..အကြွင်းအကျန်တွေက..တောင်လိုပုံနေတော့.. နိုင်ငံတွင်းက (၈၈)သူခိုးတွေလဲ..တော်တော်ချမ်းသာနေကြပြီ..


(၂၅) နှစ်အတွင်း ဒီမိုကေ၇စီေ၇းဘန်းပြပီး နိုင်ငံတကာမှတောင်းပီး
၇လာသည့် အလှူငွေ ၇ံပုံငွေများထဲမှ ၇ာခိုင်နှုံးအတော်များများကိုအလွဲသုံးစားလုပ်ကာ
ကိုယ်ကျိုးအတွက် အချီကြီး မှန်မှန်ခိုးပီး ချမ်းသာသွားသော
ဒီမိုသူတောင်းစားသူဌေးများစာရင်း

(၁) မောင်မောင်
(၂) ကျော်ကျော် (ဆယ်ပြား)
(၃) ကျော်ထက်
(၄) အောင်မိုးဇော်
(၅) နိုင်အောင် (ABSDF လူသတ်ကောင်)
(၆) အောင်မျိုးမင်း
(၇) ထူးချစ်
(၈) မိုးသီးဇွန် (ABSDF လူသတ်ကောင်)
(၉) ဘိုကြည်
(၁၀) တိတ်နိုင်
(၁၁) ကျော်လင်း
(၁၂) လွမ်းဏီ
(၁၃) သံခဲ (ABSDF ဥက္ကဌ) (မိန်းမက သြစီမှာ)
(၁၄) အောင်ဇော် (ဧ၇ာဝတီ)
(၁၅) အောင်နိုင်ဦး
(၁၆) ဇော်ဦး
(၁၇) မင်းဇော်ဦး
(၁၈) စိုးမြင့်
(၁၉) သင်းသင်းအောင်
(၂၀) အောင်ထူး (ရှေ့ နေ)
(၂၁) ဇော်ဇော်ထွန်း (လူ့ ဘောင်သစ်)
(၂၂) ကိုညို (လူ့ ဘောင်သစ်)
(၂၃) ဇာနည်သွေး
(၂၄) အောင်သူငြိမ်း
(၂၅) သင်းသင်းအောင်
(၂၆) ခင်ဥမ္မာ (ABSDF လူသတ်ကောင် နိုင်အောင် ၇ဲ့မိန်းမ
)

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်