Subscribe to our RSS Feed

အာဇာနည်နေ့က ဝမ်းနည်းစရာအကောင်းဆုံး သတင်း

From : .. https://www.facebook.com/mmfourthpillar

ဒီကနေ့ ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့မှာ အာဇာနည်ကုန်းရှိ မိသားစုများ နားနေခန်းမှာ  သတ်မှတ်ထားတဲ့ ထိုင်ခုံအလိုက် အာဇာနည်ခေါင်းဆောင် ကိုးဦးရဲ့ မိသားစုတွေ နားနေကြပါတယ်။  ဦးရာဇတ်နဲ့ ရဲဘော်ကိုထွေး မိသားစုတွေကတော့ လာတဲ့နှစ်မှ လာပြီး မလာတဲ့ နှစ်တွေမှာ မလာကြပါဘူး။ ဒါပေမယ့် စားပွဲကိုတော့ ချပေးထားပါတယ်။ အာဇာနည်ခေါင်းဆောင်က ၉ ဦးဆိုပေမယ့် စားပွဲက ၁၀ လုံးချပေးရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်း မိသားစုအတွက် ၂ ခုံ ထားပေးရတာပါ။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်ရဲ့ သားနဲ့ သမီးဟာ စားပွဲတစ်လုံးတည်း အတူမထိုင်ချင်ကြလို့ပါ။ နှစ်စဉ်နှစ်တိုင်း လုံးဝ နှုတ်ဆက်လေ့မရှိပါဘူး။ ပန်းခွေချရင်တောင် တခြား အာဇာနည်တွေက တစ်ညီတစ်ညွတ်တည်း အဖွဲ့လိုက်သွားကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း သားနဲ့ သမီးကတော့ တစ်ယောက်ပြီးမှ တစ်ယောက် သွားကြပါတယ်။ အလေးပြုခံရတဲ့ ဗိုလ်ချုပ် ဘယ်လောက် ရင်နာလိုက်မလဲ။ တခြားအာဇာနည်ခေါင်းဆောင်တွေကို မိသားစုလိုက် လာပြီး ဂါရဝပြုခံရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုတော့ မြေးတွေက လာပြီး ဂရဝပြုတာ တစ်ခါမှမတွေ့ရဖူးပါဘူး။ ဒါတွေက နှစ်စဉ်နှစ်တိုင်း ဖြစ်နေကြပါ။


    ဒီနှစ် အာဇာနည်နေ့မှာတော့ အရင်လို မဟုတ်တော့ဘဲ ဒုတိယသမ္မတကြီးရော၊ လွှတ်တော်ဥက္ကဌကြီး နှစ်ယောက်ရော၊ စစ်တပ်က ဗိုလ်ချုပ်ကြီးအဆင့်ရှိသူတွေရော လာပြီး ဂါရဝပြုကြပါတယ်။ ဧည့်ခန်းထဲမှာ မိသားစု တွေကို လိုက်ပြီး နှုတ်ဆက်ကြပါတယ်။ မီဒီယာသမားတွေကလည်း ဓာတ်ပုံရိုက်ကြပါတယ်။ စုပေါင်းဓာတ်ပုံရိုက်ဖို့ လုပ်ချိန်မှာတော့ ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်လုံးက ထိုင်ရာက မထကြပါဘူး။ ဓာတ်ပုံ တစ်ပုံထဲမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားနဲ့ သမီး နှစ်ယောက် အတူပါသွားမှာကို နှစ်ယောက်လုံးက မလိုလားကြဘူးထင်ပါတယ်။ ကျန်တဲ့သူတွေက ခေါ်တဲ့အချိန်မှာ ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကြပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က မျက်နှာဆူပုပ်ကာ တစ်ဖက်သို့ လှည့်ထွက်သွားပါတယ်။ ဒါနဲ့ပဲ ကျန်တဲ့သူတွေက အလိုက်သင့် ကိုယ့်ဘာကိုယ်ရိုက်ပြီး ပြန်ခဲ့ကြရပါတယ်။ အင်မတန်ဝမ်းနည်းစရာကောင်းပါတယ်။


 မောင်နှမ ချင်းဘယ်တော့မှ ရင်ကြားစေ့နိုင်မှာလည်း။ အသက် တွေက နှစ်ယောက်လုံး ၇၀ ကျော်နေပါပြီ။ ဒီလို မောင်နှမ အရင်းခေါက်ခေါက်ချင်း မညီညွတ်တဲ့ ခေါင်းဆောင်တွေရှိတဲ့ နိုင်ငံမှာ၊ သွေးမတော် သားမစပ်သူအချင်းချင်း လက်နက်ကိုင်တိုက်ခိုက်နေကြတာ အထူးအဆန်းမဟုတ်၊ ငြိမ်းချမ်းရေးမရတာ မထူးအဆန်းမဟုတ်၊ ပါတီပေါင်း ၉၀ ရှိတာ အထူးအဆန်းမဟုတ်တော့ပါ။ ဘုရား သိကြားမလို့ ဒီသတင်းကို ဗိုလ်ချုပ်အောင်ဆန်း မကြားပါစေနဲ့..........
 

.. https://www.facebook.com/MyanmarExpress
 

4 comments:

မောင်နှစ်မအချင်းချင်းတောင် ရင်ကြားစေ့လို့မရတာ ဘယ်လိုလုပ်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းတိုးတက်အောင် လုပ်နိုင်မလဲ........

ကောင်းလိုက်တဲ့ ရေးသားမှု့ ပဲပါ။ရေးတဲ့ သူကိုတောင်နိုဗယ်ဆုေ။ပးသင့် တယ်

နှစ်ယောက်တည်းတောင်မတည့်ဘဲနဲ့တစ်နိုင်ငံလုံးဆိုရင်တော့မတွေးဝံ့။

ဒို့ဗိုလ်ချုပ်ရှိရင်တော့ရင်နာစရာ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်