Subscribe to our RSS Feed

ဦးသန်းထွဋ်အောင်၏ ကားမှန်ကို လေးဂွဖြင့် မတော်တဆ ပစ်ခဲ့သော ရန်ကုန်မှ လူငယ်များအား ရဲတပ်ဖွဲ့ ဖမ်းဆီး

From : .. YP

၁၄.၇.၂၀၁၅ ရက်နေ့ ၁၇၅၀ အချိန်ခန့်တွင် ELEVEN MEDIA GROUP ပိုင်ရှင်ဖြစ်သူ ဒေါက်တာ သန်းထွဋ်အောင်မှ ၎င်းသည် LEXUS ကိုယ်ပိုင်ယာဉ်
ဖြင့် ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်းအတိုင်း တာမွေအ၀ိုင်းဘက်မှ
ပြည်ထဲရေးမီးပွိုင်ဘက်သို့ မောင်းနှင်လာစဉ် ဦးချစ်မောင်လမ်းနှင့် မင်းလမ်း
ထိပ်အရောက် လမ်းတစ်ဘက်မှ အမျိုးသား ၂ ဦးက ယာဉ်အနီးသို့ ရောက်ရှိ
လာပြီး လေးခွကုန်းသီးဖြင့် ၆ ချက်ဆင့်ပစ်၍ တစ်ဘက်ယာဉ်ကြောတွင်
ရပ်ထားသော 5D ---- CALDINA ယာဉ်ပေါ်သို့ ထက်ရောက်မောင်းနှင်
ထွက်ပြေးသွားခဲ့သဖြင့် ၎င်း၏ယာဉ်ရှေ့ဝဲဘက်တံခါးမှန်ကို (၄)ချက်ထိမှန်ပြီး အက်ကွဲခဲ့၍ တန်ဖိုးငွေကျပ်သိန်း(၂၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယင်းသို့
ကျူးလွန်ကြသူများအား အရေးယူပေးရန် တိုင်တန်းခဲ့သဖြင့် ဗဟန်းမြို့မရဲစခန်း
(ပ)၃၀၇/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၀၇/၄၂၇/၁၁၄ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်
ခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး
ရုံး၊ ဗဟန်းမြို့မရဲစခန်း၊ သာကေတမြို့မရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များပါဝင်သော
ပူးပေါင်းအဖွဲ့က စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ပြီး မောင်းနှင်ထွက်ပြေး
သွားသည့် 5D---- CALDINA ယာဉ်မှာ သာကေတမြို့နယ်နေသူပိုင်ဖြစ်
ကြောင်းသိရှိရပြီး ၎င်းယာဉ်အား တီကောင်(ခ)ရန်နိုင်မှ အငှားမောင်းနှင်နေ
ကြောင်းသိရှိရ၍ စုံစမ်းရှာဖွေခဲ့ရာ ၁၄.၇.၂၀၁၅ ရက်နေ့ ၂၁၂၀ အချိန်ခန့်တွင်
သာကေတမြို့နယ်၊ မြို့မ(၈)လမ်း၌ တီကောင်(ခ)ရန်နိုင်၊ (၂၈)နှစ်၊ ဘုရားကုန်း
ကျေးရွာ၊ သန်လျင်မြို့နယ်နေသူကို ယာဉ်နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။
၎င်းအားစစ်ဆေးချက်အရ ခင်မင်ရင်းနှီးသူ စပိုက်ဒါ(ခ)အငယ်လေး(ခ)
မျိုးမြင့်အောင်မှ ငှားရမ်းသဖြင့် လိုက်ပါလာခဲ့ပြီး ဗဟန်းမြို့နယ်၊ ဦးချစ်မောင်
လမ်းရှိ အခင်းဖြစ်နေရာအနီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ၎င်းနေရာသို့ရောက်ရှိ
စဉ် စပိုက်ဒါ(ခ)အငယ်လေး(ခ)မျိုးမြင့်အောင်မှ အခြားသူတစ်ဦးအား ဖုန်းဖြင့်
ဆက်သွယ် အသိပေးခဲ့ရာ လူငယ်(၂)ဦးရောက်ရှိလာပြီး ဦးချစ်မောင်လမ်း
ပေါ်ရှိ ယာဉ်တစ်စီးအား လေးခွဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ မျိုးမြင့်အောင်(ခ)
အငယ်လေးမှ ယာဉ်ကို စက်အသင့်နှိုးခိုင်းထားပြီး ၎င်းလူငယ်(၂)ဦး
တက်ရောက်လာချိန်တွင် ဗိုလ်စိန်မှန်လမ်းအတိုင်းမောင်းနှင်ထွက်ပြေးခဲ့
ကြောင်း သိရှိရပါသည်။

အမှုတွင်ပါဝင်ကျူးလွန်သူ စပိုက်ဒါ(ခ)အငယ်လေး(ခ)မျိုးမြင့်အောင်၊ (၂၇)နှစ်၊
(၃)ရပ်ကွက်၊ သာကေတမြို့နယ်နေသူအား မြောက်ဥက္ကလာပမြို့နယ်ရှိ တည်းခိုခန်းတစ်ခုမှ ၁၅.၇.၂၀၁၅ ရက်နေ့ ၀၈၀၀ အချိန်တွင် ဖမ်းဆီးရမိခဲ့ပြီး
စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

အမှုနှင့်ပတ်သက်၍ ကျန်ရှိသော ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးေ
ဆောင်ရွက်လျက်ရှိပြီး လေးခွဖြင့် မတော်တဆပစ်ခတ်သည့်
အမှုအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အချိန်တိုအတွင်း ဖော်ထုတ်
ဖမ်းဆီးဆောင်ရွက်ခဲ့ပါသည်။
 


.. https://www.facebook.com/MyanmarExpress
 

2 comments:

ကိုယ်ဘာလည်းဆိုတာသိယင်ငြိမ်ငြိမ်နေလိုက်ပါ။စောက်ရှက်ကွဲတာအကြိမ်ကြိမ် ရှက်လည်းမရှက်တတ်ဘူး။

လက်ဝှေ့ ပွဲမှာတာဆို ဆုတော်ငွေခင်ဗျဆိုပြီးဦးဒေါင်းနီကိုအော်ခိုင်းအုံးမှာ။ဆုချချင်လို့ လေးဂွပိုင်ရှင်လိပ်စာလေးပေးပါဗျို့ 

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်