Subscribe to our RSS Feed

ကစားစရာသေနတ် ကိုင်ဆောင်လာသော ကလေးကို ရဲကမှားပစ်၍ သေဆုံး

From : .. mmage

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် အသက်၁၃နှစ်အရွယ် ကလေးတစ်ဦး ကိုင်ထားသော ကစားစရာ ပလပ်စတစ် ရိုင်ဖယ်သေနတ်ကို ရဲဝန်ထမ်းတစ်ဦးက တကယ့်သေနတ်ထင်ကာ ပစ်ခတ်ဖမ်းဆီးခဲ့သဖြင့် ကလေးမှာ သေဆုံးသွားခဲ့သည်။

ထိုနေ့ အောက်တိုဘာ ၂၂ရက်က Andy Lopez ဟု အတည်ပြုနိုင်သည့် ကလေးသည် သူငယ်ချင်းဖြစ်သူထံ အလည် သွားရန် ဆန်တာရိုဆာ လမ်းမတွင် ပလပ်စတစ် သေနတ်ကိုင်လာ လမ်းလျှောက်လာစဉ် ရဲက တားဆီးပြီးနောက် သေနတ်ကို ချလိုက်ရန် အမိန့်ပေးခဲ့သည်။ ထို့နောက် ရဲက သူ၏ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးသည်အထိ ဖြစ်ရပြီးနောက် သွားရောက် စစ်ဆေးသည့်အခါ ကစားစရာဖြစ်နေကြောင်း သိခဲ့ရသည်။
Andy Lopez သည် သူ၏ကျောင်းတွင် လူချစ်လူခင်များသည့် ကလေးတစ်ဦးဖြစ်ကြောင်း မီဒီယာများက ဆိုသည်။

အခင်းဖြစ်ပွားရာသို့ သွားရောက်စစ်ဆေးသည့်အခါ ရဲဝန်ထမ်းက သေနတ်ချရန် အော်ဟစ် အမိန့်ပေးချိန်တွင် ကလေးက မည်သို့ စိတ်ကူးပေါက်သည်မသိ ရဲကို သူ၏သေနတ်ဖြင့် ပြန်ချိန်လိုက်သည့် အတွက် ယခုကဲ့သို့ အဖြစ်ဆိုးခဲ့ရကြောင်း မျက်မြင်သက်သေများက ဆိုကြသည်။
ယခုရက်ပိုင်းအတွင်း အမေရိကန် နာဗားဒါးပြည်နယ်တွင် ၁၂နှစ်အရွယ် ကလေးငယ်တစ်ဦးက အလယ်တန်းကျောင်းထဲတွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွားခဲ့သဖြင့် သူကိုယ်တိုင်ရော ကျောင်းဆရာတစ်ဦးပါ သေဆုံးခဲ့ရသော အမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ထိုကိစ္စဖြစ်ပွားပြီး တစ်ရက်အကြာတွင် လမ်းမထက်၌ သေနတ်ကိုင်ထားသော ကလေးတစ်ဦးကို တွေ့ရသည့်အခါ တာဝန်ကျရဲမှာ စိုးရိမ်စိတ် များသွားခဲ့ပုံရကြောင်း သုံးသပ်ထားကြသည်။



.. www.MyanmarExpress.net
 

3 comments:

Shut up! This is called Human Right. Do as I say, not as I did.

Myanmar Express အဖွဲ့အားစိန်ခေါ်သည့် http://nzthacker.blogspot.com/အဖွဲ့

များတို့ ဖေ ဖေ ကြီးကိုဒီလို မ ပြောနဲ့နော်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်