Subscribe to our RSS Feed

လွှတ်တော်တကယ်ပဲအားကောင်းပြီလား


ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ အသွင်ကူးပြောင်းလာခဲ့သော မြန်မာနိုင်ငံတွင် ဦးသိန်းစိန် အစိုးရ၏ သက်တမ်းသည် ကုန်ဆုံးရန် သိပ်မလိုတော့ပြီဖြစ်သည်။ ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်သော ပြည်ထောင်စု လွှတ်တော်နှင့် အမျိုးသားလွှတ်တော် လွှတ်တော်နှစ်ရပ်သည်လည်း လွှတ်တော်ဥက္ကဌများ၏ ဦးဆောင်မှု များဖြင့် ဟန်ချက်ညီစွာ အဆိုတင်သွင်းကြ၊ အတည်ပြုကြဖြင့် အားကောင်း လာခဲ့သည်ကို တွေ့မြင်နိုင်ပေ သည်။
ဤတွင် မေးစရာတစ်ခုရှိလာသည်။ လွှတ်တော်တကယ်ပဲအားကောင်းလာပြီလား၊ လွှတ်တော်၏ အဓိကတာဝန်ဖြစ်သည့် ဥပဒေပြုရေးနှင့် နိုင်ငံတော်၏ ရေတို၊ ရေရှည် အကျိုးစီးပွားများ အတွက် နည်းဗျူဟာများနှင့် ထိုနည်းဗျူဟာများ အောင်မြင်ရန် မည်သို့မည်ပုံ လုပ်ကိုင်ဆောင်ရွက်မည် ဟူသော မဟာဗျူဟာများကို ချမှတ် အတည်ပြုပေးနိုင်ပြီလား။
တွေ့မြင်ရသလောက်တော့ အချို့သောကိစ္စရပ်များမှအပ မရှိသေးဟုဆိုရပေမည်။ လက်တွေ့တွင် ထိုကဲ့သို့ ဆောင်ရွက်နိုင်မှုမရှိသေးဘဲ လွှတ်တော်ကိုယ်စားလှယ်များ မှ မေးမြန်းလာသော မေးခွန်း များအား ဖြေကြားခြင်း၊ အခြေခံဥပဒေခုံရုံးကဲ့သို့သောကိစ္စရပ်များ၊ လွှတ်တော်နှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိသော ကိစ္စရပ်များ (အင်တာနက်ပေါ်မှ လူတစ်ယောက်ကိုရှာဖွေခြင်း အစရှိသည့်)ဖြင့် သာအချိန် ကုန်နေသည်ကို တွေ့ရမည်ဖြစ်သည်။ တစ်နည်းပြောလျှင် တည်ဆဲအခြေအနေနှင့် အနာဂတ်ကို မဟာဗျုဟာမြောက် ရှုထောင့်ဖြင့် နားလည်ရန်လိုခြင်း ဖြစ်သည်။
ယခုကျင်းပပြုလုပ်နေသော လွှတ်တော်အစည်းအဝေးများတွင်လည်း လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် မိမိတို့သက်ဆိုင်ရာ မဲဆန္ဒနယ်များမှ ပြည်သူများက မေးမြန်းလာသောအခါမှသာ လွှတ်တော်သို့မေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းများ ပြုလုပ်လျှက်ရှိသည်ကိုတွေ့ရပြီး ၄င်းတို့မှာ လွှတ်တော်၏ လုပ်ငန်းတာဝန်များဖြစ်သော်လည်း အဓိကတာဝန်မှာ ဥပဒေပြုရေး၊ နိုင်ငံတော် အတွက် ရှေ့ဆက်လုပ်ကိုင်မည့် နည်းဗျူဟာ၊ မဟာဗျူဟာများ ချမှတ်ခြင်းအပါအ၀င် ပြည်သူများအတွက် အကျိုးရှိလာစေမည့် ဥပဒေများကို ပြဌာန်းရန်ပင်ဖြစ်သည်။ လက်တွေ့တွင်မူ ထိုကဲ့သို့ လုပ်ဆောင်နိုင်မှု အားနည်းနေပြီး လတ်တလောပေါ်ပေါက်လာသော ကိစ္စရပ်များအပေါ်တွင်သာ အချိန်ကုန်နေ သည်ကို တွေ့မြင် ရပေသည်။
ပြည်တွင်း၊ ပြည်ပပုဂ္ဂိုလ်၊ အဖွဲ့အစည်းအမျိုးမျိုး ပြောကြားဝေဖန် နေကြသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာများတည်ရှိနေမှု အခြေအနေများကိုလည်း သမ္မတကြီးက အသိအမှတ် ပြု ထား သည်။ ပြဿနာဖြေရှင်းရေး၏ အခြေခံအကြောင်းအရင်းဖြစ်သော ရှိရင်းပြဿနာများကို အသိ အမှတ် ပြုရေးကို သမ္မတကြီးအနေဖြင့် လက်ခံထားပြီးဖြစ်သည်။ ယင်းပြဿနာများကို ဖြေရှင်းနိုင်ရေး အတွက် ဆောင်ရွက် ရမည့် နည်းလမ်းနှင့် လုပ်ငန်းစဉ်များကိုလည်း သမ္မတကြီးက ချပြထားပြီးဖြစ်သည်။ ၎င်းဦးဆောင်သော အစိုးရအဖွဲ့၏ မဟာဗျူဟာနှင့် နည်းဗျူဟာများကို အသေးစိတ် ချပြသွားပြီးဖြစ်သည်။ ဤသည်မှာ သဘောထားကွဲလွဲသူများ၊ ဒီမိုကရေစီအင်အားစုများကို ရည်ရွယ်ခြင်းဖြစ်သလို ၎င်း၏အုပ်ချုပ်မှု အောက်တွင် ရှိနေသောဝန်ကြီးဌာန၊ အစိုးရအဖွဲ့အစည်းအားလုံးကိုလည်း ရည်ရွယ်ပြောကြားသွားခြင်း ဖြစ်ကြောင်းလည်း တွေ့ရှိနိုင်သည်။
လွှတ်တော်အနေဖြင့် အထက်တွင်ဖေါ်ပြခဲ့ပြီးသော လတ်တလောဖြစ်ပေါ်နေသော ကိစ္စရပ်များကို မျက်ချေမပြတ် ဆောင်ရွက်သင့်သလို မိမိတို့နိုင်ငံအတွက် ယခုလက်တွေ့ မပြနိုင်သေးသော် လည်း နောင်အနာဂါတ်တွင် အကျိုးရှိလာနိုင်မည့် ဥပဒေများ၊ မဟာဗျူဟာများကို လည်း ရေးဆွဲ လုပ်ဆောင်ကြရန် လိုအပ်ပေသည်။ အလားတူလွှတ်တော်အမတ်များ အနေဖြင့်လည်း မိမိတို့ မဲဆန္ဒနယ်မှ ပြည်သူများမှ မေးမြန်းလာသောအခါမှသာ မေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းမျိုး မဟုတ်ဘဲ မိမိတို့မဲဆန္ဒနယ်၊ မိမိတို့ ပြည်နယ်၊ တိုင်း၊ နိုင်ငံအလိုက် အကျိုးရှိစေမည့် ကိစ္စရပ်များကို သာဆွေးနွေးခြင်း၊ နိုင်ငံတော်နယ်မြေ တည်တံ့ခိုင်မြဲမှု၊ နိုင်ငံသားများစည်းလုံးညီညွတ်မှု၊ အချုပ်အခြာ အာဏာတည်တံ့မှု၊ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှု၊ အမျိုးသားရေးဂုဏ်သိက္ခာ၊ အမျိုးသားရေးစွမ်းအားနဲ့ သြဇာအာဏာရှိမှုတို့ကို ရရှိနိုင်မယ့် အချက်များကိုပိုမိုဆွေးနွေးခြင်းဖြင့် လွှတ်တော်၏ လုပ်ငန်း တာဝန်များကို ပိုမိုမြှင့်တင်သင့်ပေသည်။
နိုင်ငံတော်ဟူသည် လှေကြီးတစ်စင်းနှင့်တူသည်။ မာလိန်မှူးနှင့်တူသော အစိုးရတစ်ရပ်ရှိ ရသည်။ လှေသားများနှင့်တူသော အစိုးရယန္တရားများရှိရသည်။ ရေကြောင်းပြနှင့်တူသော ပါတီအဖွဲ့ အစည်းများ ရှိရသည်။ ခရီးသည်နှင့်တူသော ပြည်သူလူထုလည်းရှိရသည်။ တက်၊ရွက်တို့နှင့် တူသော စီးပွားရေး အင်အားရှိရသည်။ လှေဝမ်းခွံနှင့်တူသော စီးပွားရေးအခြေခံ အဆောက်အဦများလည်းရှိရသည်။ ယင်းအင်္ဂါရပ်များ တက်ညီလက်ညီ စုစည်းကောင်းမွန်ပြည့်စုံမှ လိုရာခရီးသို့ ဆိုက်ဆိုက် မြိုက်မြိုက် ချော ချောမွေ့မွေ့ရောက်ရှိနိုင်မည်ဖြစ်ပေသည်။

မောင်သာဓု

11 comments:

လွှတ်တော်၏ ၅ % ၁ သည် နိုင်ငံတော် ၏

ဘဏ္ဍာ ကိုဖြုန်းတီးနေခြင်း ဖြစ်သည်။

မောင်းနေတာလဲ နှစ်၆၀ ကျော်နေပြီ

လွှတ်တော်ကိုယ်စားလှယ်တွေကမေးလိုက်ဝန်ကြီးတွေကလိမ်လိုက်

အုပ် ခူပ် ရေး မူး အ ကြောင်း လွှတ် တော် မှ တင် ပြ ပေး တာ ကျေး ဇူး တင် ပါ တယ်

အုပ် ခူပ် ရေး မူး တွေ လုပ် ရပ် ကြောင့် နိုင် ငံ တော် အ ကြိး အ ကဲ တွေ နံ မည် ပိက် လိမ့် မယ် နော် အ ရင် စ နှစ် ရဲ့ အ ကျင့် နဲ့ လုပ် စား နေ ကြ တယ် နိုင် ငံ တော် က ချ မှတ် ထား တဲ့ ဥ ပ ဒေ ကို ခိုး ဖေါက် တာ ဟာ အုက် ခူပ် ရေး မူး တွေ ပါ ပြည် သူ တွေ နစ် နာ ပါ တယ်
သူ တို့ လုပ် စား တာ အ များ ကြိး ပါ
ကာ ရာ အို ကေ န်ုက် က လပ် မ ထင် မ ရှား ဆရနံ မော် ဒါ တွေ ဟာ ဝင် ငွေ မ နည်း ပါ ဘူး ပြည် သူ တွေ တ ရား ဝင် တ ရား မ ဝင် လုပ် ငန်း အား လုးံ သူ တို့ လက် ထဲ မှာ ပါ
သူ တို့ လုပ် ပေး မှ ရ ပါ တယ် လုပ် ပေး အောင် လဲ ငွေ ပေး မှ ရ တာ ပါ
ပြည် သူ တွေ မ လို လား လို့ နင် ပြ ရင် လွယ် လွယ် နဲ့ မ ရ ပါ ဘူး

ဥပ မာ နွား သတ် ကုန်း ဝက် သတ် ကုန်း

ကာ ရာ အို ကေ နိုက် က လပ် လောင် စာ ဆီ ကန် များ မြို့ တွင်း ရောက် နေ နယ် ဥ ပ ဒေ နဲ့ ဆန့် ကျင် ပြ်း လုပ် နေ ပါ တယ် ဆို ပြိး
မြ်ု့ နယ် တိုင် ရင် ဖြုံ ဖြုံ တောင် မ လူပ် ဘူး
မြို့ နယ် တိုင် လို့ မ ရ တော့ ခရိုင် တ်ုင် အ တူ တူ ပါ ဘဲ ခ ရီုင် မ ရ လို့ တိုင်း တိုင် အ တူ တူ ပါ ဘဲ အ ရေး မ ယူ ပါ ဘူး ယူ ပါ့ မ လား ဗျာ သူ တို့ က သား အ ဖ တွေ ဗျ အဲ ဒီ တော့ ပြည် သူ တွေ ဘယ် သူ့  အား ကိုး ရ မှာ လဲ
ဥ ပ ဒေ ကို မ လိုက် နာ တာ သူ တို့ ပါ သူ တို့ က ငွေ ယူ ထား ကြ တာ လေ ပြော ပြ ရင် အ ရှည် ကြိး ပါ

ပြည်သူ တင် တဲ့ အုပ် ခူပ် ရေး မူး တွေ ပြောင် ပစ် ပါ

၂၅% လွှတ် တာ် ထဲ က တပ် မ တော် သား တွေ ကို တော့ တိုင်း ပြည် အ ခြေ အ နေ ကြောင့် မ ပြောင်း ကြ ပါ နဲ့
အုက် ခူပ် ရေး မူး တွေ အ မြန် ပြောင်း ပစ် ပါ

တိုင်း ပြည် ဝင် ငွေ တိုး လာ ပါ လိမ့် မည်
အ များ ကြိး နော် သူ တို့ လဲ ချမ်း သာ ကုန် ကြ ပါ ပြိ


PKU TYYTT

လွှတ်တော်တွင်အိပ်ငိုက်နေခြင်း

စောက် ရှက် မ ရှိ ဘူး..ဒေါက် တာ ဆိတ် ဖွား ကို ကျ တော့ လွတ် တော် ကို ဖဲ့ လို ဖမ်း တယ် တဲ့ မင်း တို့ လွတ် တော် က လူ တွေ ဖြစ် ပျက် နေ တာ လဲ ကြည့် အုန်း လေ ကို့ ကို တိုင် ကို က မ ကောင်း နိုင် ပဲ သူ များ ကို မ ကောင်း ဘူး မ ပြော စမ်း ပါ နဲ့ ကွာ. မင်း တို့ လို အ မတ် တွေ ရှိ နေလို့ မြန် မာ နိုင် ငံ မ တိုး တတ် တာ အား အား ရှိ ကန့် ကွက် ဖို့ ပဲ သိ တယ်.. အ မတ် တွေ ရှိ နေ လို့ ပြည် သူ တွေ. စား ၀တ် နေ ရေး မ ချောင် လည် ဘူး.. ပြည် သူ့ ပိုက် ဆံ ကုန် တာ ပဲ အ ဖတ် တင် တယ်. အ မတ် တွေ ရှိ က တည်း က မြန် မာနိုင် ငံ ဘားမှ မတိုး တတ် သွား ဘူုး..

All of them are sample of the people of this country. If you think they are stupid, opportunist son of the bitches so are you.

အသေးစားစီးပွားရေးလုပ်ငန်းတွေထူထောင်လုပ်ကိုင်ကြဖို့ရုပ်မြင်သံကြားကနေလှုံဆော်နေပေမယ့်အုပ်ချုပ်ရေးမှုးရုံးတွေနဲ့စည်ပင်သာယာကိုသိချင်တဲ့အချက်တွေမေးမြန်းစုံစမ်းတာဘယ်သူကမှမဖြေဘဲဟိုလိုလိုဒီလိုလိုဖြစ်နေတယ်အထက်ကတစ်မျိုးပြောလိုက်အောက်ခြေကစောက်တလွဲလုပ်လိုက်နဲ့

အဲ့ဒါဘယ်ဝတ်စုံနဲ့လဲဆိုတာ သေချာကြည့်ပါ ပြည်သူတွေကောင်းအောင်ဆိုပြီးလုပ် ပေးမယ်ဆိုတဲ့ NLD ကအဘတွေများလား ကျ?န်တော် မျက်စိ အမြင်မှားသွားတယ်ဆိုလဲ ခွင့်လွှတ်ပေးစေလိုပါတယ်..........

1-THANK YOU FOR THE GREAT ARTICLE.
2-VERY GOOD WAKE UP CALL FOR THE LUTTAWS, THE WHOLE GOVERNMENT ORGANIZATION,ALL LEADERS AND ALL POLITICAL PARTIES.
3-NOTICED SOME LEADERS ARE TAKING THE
PUBLIC LEADER POSITION BUT THEY ARE NOT
DOING RIGHT AND NOT REPRESENTING THE
MYANMAR NAING GAN DAW AND THE PEOPLE.
THEY ALL ARE AS FOLLOWS;
(1)-THEY ARE WORKING FOR HIMSELF AND
HERSELF TO GET BETTER POSITION.
(2)-THEY ARE WORKING FOR THEIR PARTY
ONLY.
(3)-THEY ARE NOT COOPERATING EACH
OTHER.
(4)-SOME ARE UNFAIRLY FAVOR TO INTERESTED GROUPS,DONORS ETC..
(5)-SOME ARE MORE DEPEND AND FAVOR TO FOREIGN ORGANIZATIONS AND INTERESTED GROUPS.THEY DO NOT CARE OUR VOICES AND
OUR PEOPLE WILL.
(6)-SOME ARE MORE INTERESTED AND WORKING FOR THEIR LOCAL COMMUNITIES
THEIR DUTY IS NEED TO TAKING CARE THE
WHOLE COUNTRY.
FOR EXAMPLE;OUR PRESIDENT REQUEST
TO TRANSFER THE PROJECT FROM MON STATE
TO RAKKHINE STATE BECAUSE URGENTLY
NEEDED BUT MON STATE LIKE TO TAKING CARE
FOR MON STATE ONLY.SIMILARLY SOME LEADERS MADE MORE DEVELOPMENT
PROGRAMS FOR THE CITY HE/SHE BELONGED.
SIMILARLY SOME MAYORS MADE MORE DEVELOPMENT PROGRAMS IN ONE PART OF
THE CITY.THIS KIND OF BEHAVIORS NEED TO
CHANGE.
4-THE MAIN GOAL OF ALL LEADERS AND POLITICAL PARTIES SHOULD BE FOR THE COUNTRY AND THE PEOPLE.
5-WE ALL SHOULD LEARN THE HISTORY OF
THE COUNTRY NAME "WAI THAR LI" IN INDIA
ABOUT 2600 YEARS AGO.
THE COUNTRY WAS VERY STRONG AND UNITED BECAUSE ALL LEADERS AND PARTIES ARE UNITED AND ALWAYS WORKING FOR THE COUNTRY.
THE WHOLE COUNTRY FELL DOWN WHEN ALL
LEADERS AND POLITICAL PARTIES WERE
DIVIDED AND NO BODY LIKE TO TAKING CARE
THE COUNTRY AND PEOPLE.
THE MOVIE OF "WAI THAR LI" WAS MADE IN THE
YEAR 1950-1951. PLEASE WATCH AND LEARN
THE LESSON.
THE "WAI THAR LI" WAS PLANNED TO DESTROY
BY ONE MAN ONLY BUT OUR COUNTRY FACING SO MANY CHALLENGES,THREATS,INFLUENCES,
INTERFERING AND INTERVENTIONS.
6-MYANMAR NAING GAN DAWS NEED BUILDRES
AND MAKERS FOR THE COUNTRY AND THE
PEOPLE.
7-MYANMAR NAING GAN DAW REJECTS ALL
DESTROYERS AND BREAKERS.
8-WE ALL ARE BORN AND GROWN UP IN MYANMAR
AND WE ALL MUST FAITHFUL,SINCERE AND TRUSTWORTHY FOR THE COUNTRY AND THE
PEOPLE.

1-VERY RECENTLY HEARD ABOUT ONE LUTTAW
MEMBER TOLD VERY LONG TIME IN SITTING
WHOLE DAY.
2-MAY BE NEED MORE BREAK IN BETWEEN EACH
SECTION.
3-NOTICED MANY VALUABLE PROPOSAL ARE
DENIED ,REJECTED AND DROPPED OUT DUE TO OBJECTION SOME ONE OR GOVERNMENT AUTHORITY ANSWER NOT REQUIRE OR SOME KIND OF EXCUSE.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်