Subscribe to our RSS Feed

အသက်ပြည့်သည်ဖြစ်စေ၊ မပြည့်သည်ဖြစ်စေ မုဒိန်းမှုကျွန်းလွန်လျှင် ၃၇၆ အရ တစ်ကျွန်းကျမည်

From : ..eleven

8.1.1
အောက်တိုဘာ ၂၁ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကလေးသူငယ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းစဉ်

အသက် ၁၆ နှစ်မပြည့်သော ကလေးသူငယ်များကို မုဒိမ်းမှု ကျူးလွန်သူများအား တစ်သက်တစ်ကျွန်း (သို့မဟုတ်) သေဒဏ်ချမှတ်နိုင်ရေး ပါဝင်သည့် ကလေးသူငယ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က တင်သွင်းခဲ့သော်လည်း အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်ခဲ့သည်။

ဦးသိန်းညွန့်က အဆိုပါ ဥပဒေကြမ်း တင်သွင်းရာတွင် ပြီးခဲ့သည့် ရန်ကုန်တိုင်း ဒေသကြီး တစ်ခုတည်းတွင် ကလေးသူငယ် မုဒိမ်းမှုများသည် ၂၀၁၂-၂၀၁၃ တွင် ၈၈ မှု ရှိကြောင်း၊ ၁၃၅ မှုတွင် ကလေးသူငယ် များအား ကျူးလွန်မှုသည် ထက်ဝက်ကျော်ကြောင်း၊ အဆိုပါ အချက်အလက်များအရ အဆိုပါ ကလေးသူငယ် မုဒိန်းမှုများသည် မိမိတို့ လူ့အဖွဲ့အစည်းကို များစွာခြိမ်းခြောက်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ မုဒိမ်းပြုကျင့်ခံရသည့် ကလေးငယ် တစ်ဦးမှာ ဘ၀တစ်လျှောက် စိတ်ဓာတ်ထိခိုက်ပြီး အသက်ရှင်လျက် သေသည့်ဘ၀မျိုး ရောက်ရှိသွားကြောင်း၊ မိမိတို့ လူ့အဖွဲ့အစည်းသည် ယခုကဲ့သို့ ဖြစ်စဉ်များကို ခွင့်ပြုသည့် လူအဖွဲ့အစည်းတစ်ခု မဟုတ်ကြောင်း၊ အခုတင်ပြသည့် အချက်များအရ ယခုဥပဒေကြမ်းကို တင်သွင်းသင့်ပြီဟု ယူဆ၍ တင်သွင်းရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ပြစ်မှုဆိုင်ရာ ဥပဒေတွင် သတ်မှတ်သည့် ပြစ်ဒဏ်များသည် အခြေအနေများနှင့် မကိုက်ပါက အထူးဥပဒေအဖြစ် ပြင်ဆင်သတ်မှတ်လေ့ ရှိကြောင်း၊ ယခုကလေးသူငယ် ဥပဒေပြဋ္ဌာန်းသည်မှာ အနှစ် ၂၀ ကျော်ပြီ ဖြစ်ကြောင်း၊ ယခုလက်ရှိကာလ အခြေအနေများနှင့် မကိုက်ညီတော့ကြောင်း၊ ယခုကဲ့သို့ ထိရောက်သော ပြစ်ဒဏ်များအား သတ်မှတ် အရေးယူစေမည် ဆိုပါက ကလေးသူငယ်များ၏ အနာဂတ်ကို လုံခြုံအောင် အကာအကွယ် ပေးနိုင်မည်ဟု ယူဆကြောင်း၊ ပြစ်မှုဥပဒေ ၃၇၆ တွင် မလုံလောက်သည်ကို ကလေးသူငယ် အထူးဥပဒေတွင် ပြင်ဆင်ဆောင်ရွက် ရမည့်အချိန် ရောက်ပြီဟု ရိုးသားစွာ ယုံကြည်ကြောင်း ဦးသိန်းညွန့်က ဆိုသည်။

အလားတူ ဒလမြို့နယ်တွင် မုဒိမ်းမှု ကျူးလွန်သူများကို ထိရောက်သော ပြစ်ဒဏ်များပေးရန် ပြည်သူလူထုက ဆန္ဒဖော်ထုတ်ခြင်း၊ စာရေးဆရာ ရွှေကူမေနှင်းက မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ပေးရန် ရေးသားထားမှု အချက်အလက်များအပြင် ပြည်သူများ၏ ဆန္ဒမှာလည်း ကလေးသူငယ် မုဒိမ်းသမားများကို ပြင်းထန်သော ပြစ်ဒဏ်ပေးရန် လိုလားကြောင်း ထည့်သွင်း ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါ်စုစုလှိုင်က ယခုပြစ်ဒဏ်များကို ကလေးသူငယ် ဥပဒေတွင် ထည့်သွင်းရန် မသင့်ကြောင်း သုံးသပ်ခဲ့သည်။

ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက သုံးသပ်ရာတွင် တည်ဆဲရာဇသတ်ကြီးတွင် မုဒိမ်းမှု တရားခံကို ပုဒ်မ ၃၇၆ အရ တစ်ကျွန်း ဒဏ်ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားကြောင်း၊ ကလေးသူငယ် ဥပဒေတွင် ပြစ်ဒဏ်များ ဖြည့်စွက်မည် ဆိုပါက ထပ်နေမည် ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူကို တစ်သက်တစ်ကျွန်းဒဏ် ချမှတ်နိုင်သည်ဖြစ်ရာ ပြစ်မှုကျူးလွန်သူကို သေဒဏ်မချမှတ် နိုင်ခြင်းသည် အဆိုပါ ပြစ်မှုများ များပြားလာရခြင်း အဓိက အကြောင်းရင်းခံ မဟုတ်ကြောင်း၊ မြန်မာနိုင်ငံတွင် သေဒဏ်ချမှတ်နိုင်သည့် ပြစ်မှုများ၌ စီရင်ပိုင်ခွင့်ရှိသော တရားရုံးက သေဒဏ်အမိန့် ချမှတ်ခြင်းများ ရှိသော်လည်း သေဒဏ်ချမှတ်ခြင်းကို လက်တွေ့ကျင့်သုံးခြင်း မရှိသည့် ယနေ့အခြေအနေတွင် ယခုတင်သွင်းသည့် သေဒဏ်ချမှတ်ခွင့်ကို ဖြည့်စွက်ရန် သင့်၊ မသင့် စဉ်းစားသင့်ကြောင်း၊ သုံးသပ်ပြောကြားသည်။

ထို့နောက် အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ လွှတ်တော်တွင် လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူ ၁၉ ဦးသာ ရှိသဖြင့် ကလေးသူငယ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်တွင် လက်ခံဆွေးနွေးခြင်း မပြုရန် ဆုံးဖြတ်ခဲ့သည်။

.. www.MyanmarExpress.net
 

9 comments:

ငွေ ပေး လုပ် ပေါ ပ

1-THIS PROPOSED LAWS WILL PROTECT OUR
WOMEN,GIRLS AND YOUNG GIRLS AND CHILDREN.
2-THIS KIND OF LAWS ARE VERY URGENTLY NEEDED.
3-THE LIST OF WOMEN,GIRLS AND CHILDREN
MEANS TO ALL WOMEN,ALL GIRLS AND ALL
CHILDREN THAT IS INCLUDED OUR WOMEN,
OUR WIVES,OUR DAUGHTERS AND OUR GRAND
DAUGHTERS.
4-VERY SURPRISE TO READ THE ABOVE
ARTICLE AND CANNOT UNDERSTAND WHY
LUTTAW MEMBERS DO NOT LIKE TO SUPPORT
THE PROPOSED LAWS.
IT LOOK LIKE MAY BE NOBODY CARE TO PROTECT OUR WOMEN,GIRLS AND CHILDREN
AGAINST RAPERS.
5-MAY BE MANY RAPERS GETTING FREE FROM
PROPER LEGAL ACTIONS BECAUSE NO PROPER
LAWS.
6-WHY?
LOOK LIKE WE ARE NEGLECTING TO OUR
WOMEN,GIRLS AND CHILDREN.
7-WOMEN,GIRLS AND CHILDREN NEED HELP
AND WHO ARE RESPONSIBLE TO DO THIS
DUTY?
8-MAY BE WOMEN AND GIRLS NEED TO TAKE MARTIAL ART TRAINING FOR SELF DEFEND AND
MAY NEED TO CARRY WEAPONS TO PROTECT BY THEMSELVES.

U Thein Nyunt bill is unreasonable.

မုဒိမ်းကျင့်လို့ ကလေးသေသွားရင်တော့
လူမဆန်တာပဲ။ တစ်သက်တစ်ကျွန်းဆိုတာ
ဘယ်ကျွန်းပို့မှာလဲ။ ကိုကိုးကျွန်းကဖြင့် စည်ကား
နေလိုက်တာ။ ပျော်ပွဲစားကျလို့။
-

**PLEASE MAKE THE LAWS SOONEST POSSIBLE
TO PREVENT OR REDUCE SEX CRIME AGAINST
WOMEN,GIRLS AND CHILDREN.**
""PLEASE SAVE OUR WOMEN,GIRLS AND CHILDREN ""

1-MANY PEOPLE THOUGHT RAPE CASES HAPPENING VERY FEW COMPARE TO OTHER CRIMES.
2-ACTUALLY MANY MANY RAPE CASES HAPPENING IN EVERY DAYS.
3-MAY BE ABOUT 1 OUT OF 30 OR 40 CASES
ONLY REPORTED BECAUSE THEY SHAME TO
REPORT TO POLICE.
4-NEARLY 90 PERCENT OF THE COURT CASES
LOST BY WOMEN SIDE BECAUSE OUR COURT
SYSTEM SET UP IN SUCH A WAY SINCE BRITISH
RULES.
5-U THEIN NYUNT BILL IS VERY REASONABLE.
6-WE THANK SO MUCH BECAUSE UP TO NOW
HE IS THE ONLY PERSON PUT UP THE CASE TO THE LUTTAW;AND UNFAIRLY HE LOST HIS LAW
PROPOSAL BECAUSE SO MANY MEN NEGLECT
THE SAFETY OF WOMEN AND CHILDREN.
7-WE NEED THE LAW.
8-WE NEED WOMEN POLICE ONLY TO HANDLE THE RAPE CASES.
9-WE NEED WOMEN JUDGES ONLY HANDLE
THE RAPE CASES.
10-WE NEED WOMEN LAWYERS ONLY HANDLE
THE RAPE CASES.
11-WE NEED WOMEN REPORTERS ONLY ALLOW
AT THE COURT DURING HEARING.
12-PLEASE DO NOT ASK DETAIL WHY WE NEED LIKE THIS? BECAUSE THE COURT HEARING PROCESS IS VERY SHAMEFUL TO WOMEN AND
GIRLS AND THEIR HUSBANDS AND PARENTS AND
COURT HEARING LOOK LIKE "SEX STORY SHOW".
13-THE JUDGES,THE LAWYERS ,THE POLICE
AND THE COURT REPORTERS KNEW BETTER
THAN US.
14-EVERY BODY ENJOY SEX IN HIS PRIVATE LIFE
IN PRIVATE PLACE NO BODY TELL HOW HE/SHE ENJOY THE SEX BUT ALL THE RAPE CASES
HAVE TO DISCLOSE ALL THE PERSONAL
INFORMATION IN THE COURT ROOMS.
15-WE NOTICED MORE RAPE CASES REPORTED
TO THE AUTHORITY BECAUSE OUR HUMAN
SOCIETY WAKE UP AND SOME SOCIAL BACKUP
GROUPS.
16-WE NOTICED AT LEAST 4 TO 5 RAPE CASES
IN EVERY DAY IN ALL VILLAGES AND MAY BE
MORE AND MORE IN ALL TOWNSHIPS AND CITIES.
17-DO NOT COMMIT CRIME/RAPE IF REALLY
AFRAID TO GET THE SEVERE PUNISHMENTS.
18-LOT OF WORK PLACES AND OFFICES AND
COMPANIES HAPPENING SECRET RAPE CASES
FROM THEIR BOSSES AND MEN COWORKERS
BECAUSE WE DO NOT HAVE "THE SEXUAL
HARASSMENT LAWS".
19-BOSSES AND SENIOR OFFICIALS ARE TAKING
ADVANTAGE OVER THE WOMEN AND GIRLS
WORKERS BY USING *HIRING AND FIRING POWER
AND BY THREATEN THE WOMEN AND GIRLS
WORKERS.
20-WE DO NOT FEEL TO SHAME BECAUSE
EVERY COUNTRIES ON EARTH HAPPENING
THE SO MANY RAPE CASES.
21-THIS IS THE REASON SO MANY COUNTRIES
ALREADY MADE THE LAWS AND PROTECT
THEIRS WOMEN AND GIRLS.
22-PLEASE DO RESEARCH WORK AND WILL
FIND HOW BAD RAPE CASES ARE HAPPENING
IN EVERY DAY IN ALL COUNTRIES.

သေ ဒါဏ် ပေးလိုက်ပါ။တို ပြည် ကြီး အတော်လေး အေး ချမ်း သွား ပါလိမ့် မယ်။

မု ဒိန်း မှု ကို သေ ဒဏ် ပေး သင့် ပါ တယ် ။ ဒါ မှ မကျူး လွန် ရဲ မှာ လေ။ကြီး လေး သော ပြစ် ဒဏ် ပေး သင့် ပါ တယ် ။

ဝ နယ်မှာကြည့်လိုက်လေ သေဒဏ်ပေး
မျှာကြောက်လို့ စောက်သံတောင်မထွက်ရဲဘူး
တခါတလေ ကွန်မြူနစ်လိုခပ်ကြမ်းကြမ်းလုပ်ဗျ
မဟုတ်ရင် မင်းတို့အမေနဲ့သမီးငယ်တွေတောင်
တက်ဆော်သွားမယ် ဘယ်ကျွန်းပို့ချင်လို့လည်း
အဲဒီလိုစောက်ဖြစ်မရှိတဲ့ တရားရေးကဘူတွေ

မင့် ဟာ တွေ က မြူ ရင် ကော ထ လာ တာ မ အောင့် နိုင် တော့ ချ မိ ရော

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်