Subscribe to our RSS Feed

အမေရိကန်နိုင်ငံတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ၆ဦးထက်မနည်း သေဆုံး

From : planet

မုန်တိုင်းတိုက်ခတ်မှုနှင့်အတူ ဆီးနှင်းများလည်း ထူထပ်သိပ်သည်းစွာ ကျဆင်းခဲ့ရာ ၈၆ နှစ်တာကာလအတွင်း နှင်းအကျဆုံး ခရစ္စမတ်လည်းဖြစ်ကြောင်း သိရသည်။ 
အမေရိကန်နိုင်ငံတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ၆ဦးထက်မနည်း သေဆုံး
ဒီဇင်ဘာ ၂၆ ရက်နေ့က အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်မှ အနောက်ဘက်ကမ်းခြေသို့ ဦးတည်တိုက်ခတ်ခဲ့သောမုန်တိုင်းကြောင့် လူ၆ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အမေရိကန် မိုးလေဝသပညာရှင်များမှ ကြေညာခဲ့သည်။ မုန်တိုင်းတိုက်ခတ်မှုနှင့်အတူ ဆီးနှင်းများလည်း ထူထပ်သိပ်သည်းစွာ ကျဆင်းခဲ့ရာ ၈၆ နှစ်တာကာလအတွင်း နှင်းအကျဆုံး ခရစ္စမတ်လည်းဖြစ်ကြောင်း သိရသည်။ မုန်တိုင်းကြောင့် လေကြောင်းခရီးများကို ဖျက်သိမ်းခဲ့ရပြီး နှင်းထုမှာ ၇ လက်မအထိရှိသောကြောင့် ထိုနေ့တွင်ကစားမည့် ချီကာဂိုဘူးလ်နှင့် အင်ဒီယာနာပေဆာတို့၏ ဘတ်စကတ်ဘောပွဲစဉ်ကိုလည်း ဖျက်သိမ်းခဲ့ရသည်။



အဆိုပါမုန်တိုင်းသည် လေတိုက်နှုန်းပြင်းထန်သည့်အပြင် တစ်ခါတစ်ရံ မိုးသီးမိုးပေါက်များပါ ရောနှောတိုက်ခတ်ခဲ့သည်ဟုဆိုသည်။ အီလီယိုနွိုက်ပြည်နယ်အနီးရှိ မရီအွန်မြို့တောင်ပိုင်းတွင် နှင်းထုသည် ၁၄.၅ လက်မအထိ မြင့်တက်ခဲ့သည်။ မုန်တိုင်းကြောင့် အိုဟိုင်းယိုးပြည်နယ်နှင့် ပန်ဆယ်လ်ဗေးနီးယားပြည်နယ်တို့၌ နှင်းထုသည် ၁၅ လက်မအထိ ရှိလာနိုင်သည်ဟု ခန့်မှန်းရသည်။ မီးသတ်နှင့်ကယ်ဆယ်ဆယ်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ စတိဗ်ဟစ်က မုန်တိုင်းကြောင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခု အပါအဝင် အဆောက်အအုံပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ကားလမ်းပိတ်ဆို့မှုနှင့် ကားမတော်တဆမှုများလည်း ဖြစ်ပွားခဲ့ရကြောင်း ပြောကြားခဲ့သည်။

 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်