Subscribe to our RSS Feed

မြန်မာနိုင်ငံအား စီးပွားပိတ်ဆို့ခဲ့သော အမေရိကန်သမ္မတဟောင်း ဘုရှ် သေခါနီးသဖြင့် အထူးကြပ်မတ်ဆောင်တွင် ကုသလျက်ရှိ

From :planet

ဘုရှ်သည် ကိုယ်ပူရှိန်မကျခြင်း အပါအဝင် ၎င်း၏ လက်ရှိကျန်းမာရေး အနေအထားအရ ဟူစတန်ဆေးရုံ၏ အထူးကြပ်မတ် ကုသဆောင်တွင်ထားရှိ၍ ဆေးကုသမှု ပြုလုပ်ပေးလျက်ရှိကြောင်း ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ်က ဗုဒ္ဓဟူးနေ့က ပြောကြားသည်။
 
 
အမေရိကန်သမ္မတဟောင်း ဘုရှ်အား အထူးကြပ်မတ်ဆောင်တွင် ကုသလျက်ရှိ
အမေရိကန်သမ္မတဟောင်း ဂျော့ဂ်ျ အိတ်ခ်ျဒဗလျူ ဘုရှ်သည် ကိုယ်ပူရှိန်မကျခြင်း အပါအဝင် ၎င်း၏ လက်ရှိကျန်းမာရေး အနေအထားအရ ဟူစတန်ဆေးရုံ၏ အထူးကြပ်မတ် ကုသဆောင်တွင်ထားရှိ၍ ဆေးကုသမှု ပြုလုပ်ပေးလျက်ရှိကြောင်း ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ်က ဗုဒ္ဓဟူးနေ့က ပြောကြားသည်။ သမ္မတဟောင်းသည် အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှု ခံယူနေရသော်လည်း သတိကောင်းဆဲဖြစ်ပြီး ဆေးဝန်ထမ်းများကို စကားကောင်းစွာ ပြောနိုင်ကြောင်း သိရှိရသည်။

bush

ဘုရှ်သည် နိုဝင်ဘာလ ၂၃ ရက်ကတည်းက ဆေးရုံတက်ရောက်ခဲ့ရခြင်းဖြစ်ပြီး တနင်္ဂနွေနေ့တွင် (ဒီဇင်ဘာ ၂၃ ရက်) ၎င်းအား အထူးကြပ်မတ်ကုသဆောင်သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ ဘုရှ်သည် ဒုတိယ ကမ္ဘာစစ် ကာလက ရေတပ်တွင် တိုက်လေယာဉ်မှူး တစ်ဦးအဖြစ် အမှုထမ်းခဲ့သည်။ ထို့အပြင် ၎င်းသည် ထိုခေတ်က ရေတပ်တွင် အသက်အငယ်ဆုံး လေယာဉ်မှူးတစ်ဦး ဖြစ်ခဲ့ပြီး ပစိဖိတ် သမုဒ္ဒရာတွင် လေယာဉ် ပျက်ကျခဲ့ဖူးသည်။ ဘုရှ်သည် အမေရိကန် သမ္မတ ရာထူးကို (၁၉၈၉)ခုနှစ်မှ (၁၉၉၃)ခုနှစ်ထိ တာဝန်ယူခဲ့ပြီးနောက် ၎င်းနေရာကို ဘီလ်ကလင်တန်က ဆက်ခံခဲ့သည်။
 
 
  www.MyanmarExpress.net
 

2 comments:

ခုတော့လဲ သူလေးက သနားစရာ..
တချိန်က စောက်ခွက်မာတဲ့ကောင်..
အဲ့တာကို ဥပမာ ယူကြဟေ့....
မြန်မာပြည်က အကြောတင်းကောင်တွေ

.......................

The president who started to impose economic sanctions against Burma was Bill Clinton, not President George H.W. Bush.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်