Subscribe to our RSS Feed

ပြည်သူ့စစ် စခန်းကို ကေအိုင်အေ စီးနင်းတိုက်ခိုက်

From : The Voice

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် တောင်နီ ကျေးရွာ ပြည်သူ့ စစ်စခန်းကို ကေအိုင်အေက ယနေ့ နံနက် ၂ နာရီ ဝန်းကျင် ခန့်တွင် စီးနင်း တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

ယင်း တိုက်ခိုက်မှုကို ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း၅ မှ အထူး တိုက်ခိုက်ရေး အင်းအား ၇၀ ဝန်းကျင် ခန့်က အဖွဲ့နှစ်ဖွဲ့ ခွဲကာ တောာင်နီကျေးရွာ အရှေ့ဘက် ဇွတ်လျန် ကျေးရွာဘက်မှ ဝင်ရောက်လာပြီး ခရမ ၃၈၄ ဒုအရာခံဗိုလ် ဦးစီးသည့် ပြည်သူ့စစ် စခန်း နှင့် ခလရ ၁၀၅ တပ်ရင်းမှ ဗိုလ်ကြီး ဦးစီးသည့် မန္တလေး- မြစ်ကြီးနားလမ်း လုံခြုံရေး ယူထားသည့် ပြည်သူ့စစ် စခန်းများကို စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း မိုးညှင်းခရိုင် အုပ်ချုပ်ရေး အဖွဲ့က အတည်ပြု ပြောကြားသည်။

ယင်းတိုက်ခိုက်မှု များနှင့် ပတ်သက်၍ ကေအိုင်အေထံ အတည်ပြုချက်နှင့် သဘောထား မှတ်ချက် တို့ကို တောင်းခံ နေဆဲ ဖြစ်သည်။
.


 www.MyanmarExpress.net
 

2 comments:

ကေအိုင်အေကို အမြစ်ပြတ် ချေမှုန်းပါဆိုတဲ့စကားကို တင်းပြည့်ကျပ်ပြည့် မထောက်ခံပါဘူး။ ကေအိုင်အေထဲမှာ ပြန်မပြောရဲလို့ ခေါင်းငုံ့နေရတဲ့ ကချင်တွေ၊ ရှမ်းတွေ အများကြီး ရှိနေပါတယ်။ တကယ့်ပြသနာကောင် အစစ်တွေက ဂမ်ရှောင်၊ဂွမ်မော်တို့လို တဇောက်ကန်းအုပ်စုပါ။

ဒီကောင်တွေကို ရှင်းပစ်လိုက်တာနဲ့တင် တော်တော်များများ ပြေလည်သွားပါလိမ့်မယ်။

အဲဒီKIAခေါင်းဆောင်(ခေါင်းရှောင်)တွေကိုတရုတ်ထဲထိဝင်သတ်ပစ်လိုက်စမ်းပါ။ဒါမှကချင်ပြည်နယ်မြန်မြန်ငြိမ်းချမ်းမှာ။အပြစ်မဲ့ပြည်သူတွေကိုတကယ်နာမိပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်