Subscribe to our RSS Feed

ကျောက်မျက်ရတနာ ဖော်ထုတ်ကွက်များ လုပ်ကွက် တစ်ခုလျှင် စပေါ်ငွေ ကျပ် ၁၀ သိန်း ပေးသွင်း ရမည်

From : mrtv4


ကျောက်မျက် ရတနာ နယ်မြေ အတွင်း မြန်မာ့ ကျောက်မျက် ရတနာ ဥပဒေ နဲ့အညီ ခွင့်ပြုမိန့်တွေ ရယူပြီး တူးဖော် ထုတ်လုပ်နေတဲ့ ကျောက်စိမ်း၊
ကျောက်မျက် လုပ်ကွက် အချို့အတွက် အဆိုပြုလွှာ များခေါ်ယူ ထားပြီး ဒီလို ခေါ်ယူထား ရာမှာတော့ လုပ်ကွက် တစ်ခု အတွက် စပေါ်ငွေကျပ် ၁၀ သိန်း ပေးသွင်းရ မယ်လို့ ကျောက်မျက်ရတနာ လုပ်ကွက်များ ခွင့်ပြုမိန့်ချ ထားပေးရေး စစ်ဆေးရေးနှင့် ကြီးကြပ်ရေး လုပ်ငန်း ကော်မတီမှ သိရပါတယ်။

အခုလို အဆိုပြုလွှာ ခေါ်ယူ ထားတဲ့ လုပ်ကွက် တွေမှာ ယခုနှစ်ကုန် အတွင်း သက်တမ်း ကုန်ဆုံးမယ့် သတ်မှတ် လုပ်ကွက်တွေနဲ့ လုံးခင်း၊ ဖားကန့်ရတနာ နယ်မြေများမှာ ထပ်မံပြီး အသစ် သတ်မှတ် ပေးထားတဲ့ လုပ်ကွက်တွေ ပါဝင်တာ ဖြစ်ပါတယ်။ အဲ့ဒီ လုပ်ကွက်တွေမှာ ၀င်ရောက် လုပ်ကိုင်လိုတဲ့ ကုမ္ပဏီတွေဟာ အဆိုပြုလွှာ တွေနဲ့အတူ ငွေရေး ကြေးရေး အထောက်အထားများ ခိုင်မာမှု ရှိကြောင်းကို မြန်မာ့ စီးပွားရေးဘဏ် ဒါမှမဟုတ် နိုင်ငံတော်က အသိအမှတ်ပြု ထားတဲ့ ပုဂ္ဂလိက ဘဏ်တစ်ခုမှ Bank Statement ကိုပူးတွဲပြဖို့ လိုအပ်တယ်လို့ သိရပါတယ်။

လုပ်ငန်း လုပ်ကိုင်လို သူတွေအတွက် လုပ်ငန်း မှတ်ပုံတင်ခြင်းနဲ့ အဆိုပြုလွှာများ ထုတ်ယူခြင်း တွေကိုတော့ ဒီဇင်ဘာလ ၃၁ ရက်နေ့မှ စတင်ကာ ဇန်န၀ါရီလ ၂၉ ရက်နေ့ အထိ မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း ရုံးချုပ် မြန်မာ့ ကျောက်မျက် ရတနာ ပြတိုက် နေပြည်တော်မှာ တင်သွင်းရမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်း လျှောက်ထားရာ မှာတော့ အမည်မည်း စရင်း တင်သွင်းခံရတဲ့ ကုမ္ပဏီတွေ လျှောက်ထားခွင့် မရှိဘူးလို့ သိရပါတယ်။
 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်