Subscribe to our RSS Feed

လိုင်ဇာ ကို တစ်နာရီ အတွင်း တက်သိမ်းနိုင်သော်လည်း သိမ်းမည်မဟုတ်သဖြင့် KIA နှင့် ABSDF ကျောင်းသားများ ကြောက်လန့်သွေးပျက် နေဖို့မလို ဟု ဆို


မြန်မာစစ်တပ်အနေဖြင့် လဂျားယန်တ၀ိုက် KIA နှင့် တိုက်ပွဲများဖြစ်ပွား
နေသော်လည်း လိုင်ဇာမြို့အား တိုက်ခိုက်ရန် အစီအစဉ်မရှိကြောင်း စစ်တပ်မှအရာရှိတစ်ဦးမှ ပြောဆိုသွားသည်။ ``ကျွန်တော်တို့အနေနဲ့ လူနေတဲ့ဒေသတွေကို တိုက်ခိုက်ဖို့ အစီအစဉ်မရှိသလို မူလဲမရှိပါဘူး ´´ ဟု ပြောဆိုသွားသည်။ လဂျားယန်တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများနှင့်
ပတ်သက်၍ ၎င်းမှ လဂျားယန်ဒေသမှာ စစ်တပ်မှအကြီးအကျယ် ထိုးစစ်ဆင်
နေတယ်ဆိုတာ မဟုတ်ပါဘူး။ လဂျားယန်မှာကျွန်တော်တို့တပ်က စခန်း
တစ်ခုရှိပါတယ်။

အဲဒီစခန်းကို လစဉ်ရိက္ခာပို့တာတွေ အုပ်ချုပ်မှုကိစ္စဆောင်ရွက်တာတွေ
အတွက် အနည်းဆုံးတစ်လတစ်ခါသွားရပါတယ်။ အဲဒီစခန်းကို ရိက္ခာ
သွားပို့တိုင်းပို့တိုင်း KIA အဖွဲ့က မိုင်းဆွဲတိုက်တာတွေ ခြုံခိုတိုက်တာတွေ အမြဲတမ်းလုပ်ပါတယ်။ ဒါကြောင့် ရိက္ခာပို့တိုင်း ကျွန်တော်တို့ဆီက ထိခိုက်
ကျဆုံးမှုတွေ ရှိနေပါတယ်။ ဒီလ ၁၄ ရက်နေ့ကလည်း လဂျားယန်စခန်းကို
ရိက္ခာသွားပို့တဲ့ အင်အား ၅၀ ရှိတဲ့ စစ်ကြောင်းတစ်ကြောင်းကို KIA ၅၀၀ လောက်က မိုင်းဆွဲခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် ၁၀ ဦးကျဆုံးပြီး ၅ ဦး အဖမ်းခံခဲ့ရပါတယ်။

အဲဒီ လဂျားယန်မှာရှိတဲ့ ကျွန်တော်တို့တပ်ဖွဲ့တွေကို အခုအချိန်ထိ ရိက္ခာ
မပို့ရသေးပါဘူး။ အခုတိုက်ပွဲဖြစ်နေတယ်ဆိုတာ မပခ တိုင်းမှူး ကြိုတင်
ကြေငြာခဲ့တဲ့အတိုင်း `` လဂျားယန်စခန်းအတွက် အုပ်ချုပ်မှုကိစ္စဆောင် ရွက်နေခြင်းဖြစ်ပါတယ်´´ဟု ပြောဆိုသွားသည်။

အစိုးရ၏ စစ်တပ်အုပ်ချုပ်မှုဆောင်ရွက်မည့် လဂျားယန်စခန်းသည် လိုင်ဇာမြို့အနောက်ဖက် ၈ မိုင်ခန့်အကွာတွင်ရှိပြီး ၎င်းစခန်းသည် လိုင်ဇာဌာနချုပ်အား စိုးမိုးထားသည့် အနေအထားတွင်ရှိသည်။ ၎င်းတောင်ကြောတွင် KIA တပ်ဖွဲ့နှင့် ABSDF ပူးပေါင်းအင်အား ၅၀၀ ခန့်ရှိကြောင်းနှင့် ၎င်းတို့အနီးတွင် မြန်မာအစိုးရ၏ တပ်စခန်းတစ်ခုရှိကြောင်း ABSDF မြောက်ပိုင်းမှ ဗိုလ်မှူး အေးမင်းမှ ပြောပါသည်။

ယခုလဆန်းရက်နေ့ကလဲ ရိက္ခာပို့သည့် စစ်ကြောင်းအားKIA နှင့် ABSDF ပူးပေါင်း တပ်ဖွဲ့များမှ ခြုံခိုတိုက်ခိုက်ခဲ့ပြီး အစိုးရ၏ ဒဏ်ရာရစစ်သည်များကို ဖမ်းဆီးရမိသည့် Video File များဖြင့် Internet တွင် ၀ါဒဖြန့်ချိရေးအသွင်ဖြင့်တင်ထားကြောင်းသိရှိရသည်။


  www.MyanmarExpress.net
 

9 comments:

ကေအိုင်အေကို အမြစ်ပြတ် ချေမှုန်းပါဆိုတဲ့စကားကို တင်းပြည့်ကျပ်ပြည့် မထောက်ခံပါဘူး။ ကေအိုင်အေထဲမှာ ပြန်မပြောရဲလို့ ခေါင်းငုံ့နေရတဲ့ ကချင်တွေ၊ ရှမ်းတွေ အများကြီး ရှိနေပါတယ်။ တကယ့်ပြသနာကောင် အစစ်တွေက ဂမ်ရှောင်၊ဂွမ်မော်တို့လို တဇောက်ကန်းအုပ်စုပါ။

ဒီကောင်တွေကို ရှင်းပစ်လိုက်တာနဲ့တင် တော်တော်များများ ပြေလည်သွားပါလိမ့်မယ်။

ဂမ်ရှောင်၊ဂွမ်မော် တို့ကို ရှင်းပစ်ဖို့ပြောတာကို ထောက်ခံပါတယ်။

ကေအိုင်အေ ထဲမှာ ချောင်ပိတ်မိနေတဲ့ ကချင်နဲ့ ရှမ်းညီအစ်ကိုများ ခင်ဗျား...
ဂမ်ရှောင်၊ဂွမ်မော်တို့လို တဇောက်ကန်းတွေကြောင့် ဒီစစ်ကြီး ကြာနေတာပါ။ သူတို့တွေ အသက်ရှင်နေသရွေ့ ကချင်နဲ့ ရှမ်းတွေ၊ ဗမာနဲ့တခြားတိုင်းရင်းသားတွေ သေပေးကြရပါဦးမယ်။ ဒုက္ခခံကြရပါဦးမယ်။

အစိုးရအနေနဲ့ကတော့ ဒီလိုတဇောက်ကန်းတွေကို ရှင်းဖို့မဖြစ်နိုင်ပါဘူး။ နိုင်ငံတကာနဲ့ ဆက်ဆံနေရတာဆိုတော့ လုပ်လို့မရပါဘူး။ကေအိုင်အေထဲက ညီအစ်ကိုတွေ လုပ်မှပဲ ရမှာပါ။

သေသေချာချာ စဉ်းစားကြပါခင်ဗျား။ အများကြီးသေ၊ အများကြီးဒုက္ခရောက်နေတာကို အဖြစ်ခံမလား။ တဇောက်ကန်းတွေကို ရှင်းပြီး ဇာတ်လမ်းဖြတ်လိုက်မလား။

. . .

Kia Ssa O တိုင်း ရင်း သား တွေ ပါ ဒါ ပေ မဲ့ ကိုယ် ပိုင် ပြ ဒါန်း ခွင့် ကိုယ် ပိုင် တပ် မ တောင်း နဲ့ လေ

တိုင်း ပြည် ပြို ကွဲ မှာ ပေါ့ ပြည် သူ ပိုင် လမ်း တ တား တွေ မ ဖျက် နဲ့ လေ နိုင် ငံ တ န်ုင် ငံ မှာ တပ် မ တော် ဆို တာ တခု ဘဲ ရှိ နယ် ပြ ဒါန်း ဥ ပ ဒေ ဆို တာ လဲ တခု ဘဲ လေ
မုဖြစ် နိုင် တာ တော့ မ တောင်း နဲ့ လေ

အ ရည် ချင်း ရှိ ရင် သမ္မ တ တောင် လုပ် လို့ ရ တယ်

စာ ပေ သ မား ဘုန်း ကြိး နိုင် ငံ ရေး သ မား အ နုပညာ
သ မား ပြော ချင် ရာ ပြော ပါ ဒါ ပေ မဲ့ တိုင်း ပြည် ပျက် အောင် တော့ မ ပြော ကြ ပါ နဲ့ မိုး ချစ် စိတ် ပြောက် အောင် တော့ မ ပြော ကြ ပါ နဲ့
ငါ တို့ တိုင်း က ပါတ် ဝန်း ကျင် ကို ကြည့် လိုက် ပါ

အိမ် နီး ချင်း ကောင်း ဆို တာ ခပ် ရှား ရှား ပါ သူ ပုန် တွေ ကလဲ တိုင်း ပြည် ပြို ကွဲ မဲ့ ဟာ ဘဲ တောင်း နေ ကြ တယ် ငါ တို့ တပ် မ တော် အင် အား ရှိ မှ ဖြစ် မှာ

နား လည် သ ဘော ပေါက် ကြ ပါ

အဲ ဒီ လို တော့ မ လုပ် ကြ နဲ့ လေ ရန် သူ ကို အပြတ် ရှင်း ပါ
နောင် မှ ကိုယ့် ပြန် တွယ် နေ အုးံ မယ်

စောက်ရူးတွေပဲ ယုံမှာမင်းတို့သတင်းပို

ပြည်တွင်းစစ်တွေ ရှိနေရင် တိုင်းပြည်တိုးတက်ဖို့ မလွယ်ဘူး
တိုင်းရင်းသား လက်နက်ကိုင် တွေအားလုံး အလင်းဝင်ပြီး
ကိုယ့်နိုင်ငံ ဖွံဖြိုးတိုးတက်ရေး အတွက်ဝိုင်းဝန်းလုပ်ကိုင်ကြ
ရင် အကောင်းဆုံးဘဲဗျာ..တပ်မတော်အနေနဲ့လည်းမလွှဲသာ
လို့သာတိုက်နေရတယ်ထင်ပါတယ် ။ ဆွေးနွေးလို့ရရင်ရ
မရရင် အပြတ်တိုက် ။ဒါဘဲဖြစ်သင့်တယ် အမေရိကန် လို
ပေါ့ တကမ္ဘာလုံးက ကန့်ကွက်နေလဲ သူတို့တိုက်သင့်တယ်
ထင်ရင် တိုက်တာဘဲ ဆုံးဖြတ်ချက်ခိုင်တယ် ။နိုင်ငံတော်
ကာကွယ်ရေး တာဝန်ယူထားသူတွေ အနေနဲ့လည်း
ပြည်သူတွေဒုက္ခ ရောက်အောင် စစ်ကိုအချိန်စွဲ မတိုက်သင့်
ဘူး တိုက်စရာရှိရင် အမြန်ဆုံး အပြတ်တိုက် ပြီမှပြန်ရှင်း
အဲ့ဒါ အကောင်းဆုံးဘဲ။

စစ်ပြန်ရဲ့သား/.

လိုင်ဇာကိုသိမ်း။ဂွမ်မော်တို့အုပ်စုကိုဖမ်း။ခေါင်းဆောင်ပိုင်းအားလုံးကိုစစ်ရာဇဝတ်မှုနဲ့တရားစွဲ။

ရမယ်ထင်ရင်လုပ်ကြည့်လိုက်လေ

မောင်မှန်ပြောတာထောက်ခံတယ်
ခေါင်းဆောင်တွေကိုဖမ်းဝရမ်းအမိန့်ထုတ်လိုက်ပြီး
တရုပ်ကိုပြန်ဖမ်းခိုင်း။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်