Subscribe to our RSS Feed

ဘရာဇီးလ် ဂန္တ၀င်ကစားသမားများ မြန်မာတွင် ချစ်ကြည်ရေးပွဲ လာရောက်ကစားမည်

ဘရာဇီး ဂန္တ၀င်ကစားသမားများဖြစ်သော ကာဖူး၊ ဘီဘီတို နှင့် ရောဘတ် တိုကားလို့စ် တို့ပါဝင်မည့် ဘရာဇီး All-Star အသင်းသည် လာမည့်လတွင် မြန်မာနိုင်ငံသို့ လာရောက်၍ ချစ်ကြည်ရေးပွဲ ကစားမည်ဟုသိရသည်။
“၁၉၉၄ ကမ္ဘာ့ဖလားချန်ပီယံ ဘရာဇီးအသင်းကို အနီးကပ်တွေ့ရမယ့် အခွင့်အရေးပါ။ပရိသတ်တွေရော ၊ မြန်မာဘောလုံးလောကအတွက် ပါ အံ့သြဖွယ်အခွင့်အရေးလို့ ကျနော် ထင်ပါတယ်” ဟုမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFF မီဒီယာတာဝန်ခံ ဦးစိုးမိုးက ဆိုသည်။ရန်ကုန်မြို့ ဘရာဇီးလ်သံရုံးနှင့် MFF တို့ ဆွေးနွေးမှုပြုပြီးနောက် ဘရာဇီးလ် All Star အသင်းနှင့် မြန်မာအသင်းတို့ ချစ်ကြည်ရေး ခြေစမ်းပွဲကစားရန် သဘောတူညီမှု ရခဲ့ခြင်းဖြစ်သည်။မြန်မာအသင်းတွင် လက်ရှိကစားသမားများအပြင် လက်ရွေးစင်ဟောင်းများလည်း ပါရှိလာမည်ဟုသိရသည်။
ဘရာဇီး All-Star အသင်းသည် ရန်ကုန်မြို့သို့ ဇန်န၀ါရီလ ၂၀ရက်တွင် ရောက်ရှိမည်ဖြစ်ပြီး ၄င်းတို့ရောက်ရှိနေစဉ်အတွင်း မြန်မာလူငယ်ဘောလုံးသမားများနှင့် တွေ့ဆုံသွားမည်ဟုသိရသည်။


 
www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်